အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အရေပြားရောင်ရမ်းခြင်းများ

Dermatitis (အရေပြားယောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dermatitis (အရေပြားယောင်ခြင်း) ကဘာလဲ။ ဖြစ်စေသောအကြောင်းအရာများစွာရှိပြီး ပုံစံမျိုးစုံလဲရှိသည်။ အနီကွက်များတွင် ယောင်ပြီးရဲနေလိမ့်မည်။ အရေပြားယောင်ခြင်းဖြစ်ပါက ရေကြည်ဖုထွက်ခြင်း စိမ်ထွက်မှုများဖြစ်ပြီး အမာရွတ်တတ်ခြင်းများဖြစ်နေတတ်သည်။ဥပမာ နှင်းခူ၊ ဖောက်ထခြင်း နှင့် အနီစက်ထခြင်း တို့သည် အရာဝတ္ထုများဖြစ်သည့်(ဥပမာ အဆိပ် ဆပ်ပြာ နစ်ကယ်ပါသောလက်ဝတ်လက်စားများကြောင့်ဖြစ်တတ်သည်။ အရေပြားယောင်ခြင်းသည်ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါကူးစက်ခြင်းမဖြေစေတတ်သော်လည်း သင့်အား သက်တောင့်သက်သာမရှိစေခြင်းဖြစ်တတ်သည်။ ကိုယ်ကိုကိုဂရုစိုက်ခြင်းနှင့် ဆေးဝါးအကူအညီများဖြင့် ကုသနိုင်သည်။ Dermatitis (အရေပြားယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရေပြားယောင်ခြင်း သည် အဖြစ်များသော နှာတာရှည် သို့မဟုတ် ပြန်ဖြစ်တတ်သည် အရေပြားယောင်ယမ်းခြင်းရောဂါတစ်မျိုးဖြစ်သည်။ ကလေးများတွင် ၁၅ မှ၂၀ရာခိုင်နှုန်းထိဖြစ်တတ်ပြီး လူကြီးတွင် ၁ မှ ၃ ရာခိုင်နှုန်းထိဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDermatitis (အရေပြားယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရေပြားယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရောဂါလက္ခဏာပေါ်မူတည်၍ရောဂါလက္ခဏာပြောင်းလဲနိုင်သည်။ နှင်းခူ ကလေးဘဝတွင်စဖြစ်တတ်ပြီး နီယားသော်အကွက်များပေါ်တတ်သည်။ အဓိက တတောင်အကွေး နှင့် ဒူးနောက်ပိုင်း […]


အခြားအရေပြားပြဿနာများ

Erythema multiforme (အရေပြားဓါတ်မတည့်မှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Erythema multiforme (အရေပြားဓါတ်မတည့်မှု) ကဘာလဲ။ အရေပြားဓါတ်မတည့်မှု ဆိုတာ ကူးစက်မှု တစ်ခုခုကြောင့် ဒါမှမဟုတ် ဆေးဝါးတစ်ခုခုကြောင့် ဖြစ်ပေါ်လာရတဲ့ အရေပြား တုံ့ ပြန်မှု တစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မပြင်းထန်ပါဘူး။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ရှားပါးပြီး ပြင်းထန်တဲ့ အရေပြားဓါတ်မတည့်မှုပုံစံ တစ်မျိုးလည်း ရှိပါတယ်။ ပါးစပ်၊ လိင်အင်္ဂါများ သာမက မျက်လုံးများ အထိပါ ထိခိုက်စေပြီး အသက်အန္တရာယ်ဆုံးပါး တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါကို ပြင်းထန် အရေပြားဓါတ်မတည့်မှု လို့ ခေါ်ပါတယ်။ Erythema multiforme (အရေပြားဓါတ်မတည့်မှု) က ဘယ်လောက်အဖြစ်များသလဲ အရေပြားဓါတ်မတည့်မှုဟာ အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ အောက်လူကြီးတွေကို အဓိက ထိခိုက်စေပါတယ်။ ထပ်သိချင်တာ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ လက္ခဏာများErythema […]


အခြားအရေပြားပြဿနာများ

Bruises (သွေးခြည်ဥခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bruises (သွေးခြည်ဥခြင်း) ကဘာလဲ။ သွေးခြည်ဥခြင်းဆိုတာအဖြစ်များတဲ့အရေပြားမှာအရောင်ပြောင်းခြင်းတစ်မျိုးဖြစ်ပြီး ၎င်းက ဒဏ်ရာတစ်ခုခုရပြီးတဲ့နောက် အရေပြားအောက်ကသွေးကြောသေးသေးလေးတွေပေါက်ခြင်းကြောင့်ဖြစ်ရတဲ့ ရလာဒ်ဖြစ်ပါတယ်။ အရေပြားအောက်ကပျက်စီးသွားတဲ့သွေးကြောတွေကနေသွေးတွေစုပြီးအရေပြားပေါ်မှာအမဲကွက် အပြာကွက်တွေမြင်လာရတာကိုဆိုလိုပါတယ်။ ဒီလိုအမှတ်တွေဟာသွေးနီဥတွေနဲ့သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေ အရောင်ပြောင်းခြင်းကြောင့်ရခြင်းဖြစ်ပါတယ်။ Bruises (သွေးခြည်ဥခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရမ်းကိုတွေ့ရများပါတယ်။ မည်သည့်အသက်အရွယ်မဆိုလူနာတိုင်းခံစားရနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်အချက်တွေကိုလျှော့ချခြင်းနဲ့ စီမံဆောင်ရွက်နိုင်ပါတယ်။ (အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။) လက္ခဏာများBruises (သွေးခြည်ဥခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ စစချင်းမှာတော့ လတ်လတ်ဆတ်ဆတ် သွေးခြည်ဥခြင်းမျိုးဟာအနီရောင်ကစဖြစ်ပါတယ်။ နောက်ပြီးတော့ နာရီအနည်းငယ်ကြာမှ အပြာရောင်နဲ့ ခရမ်းရောင်ရင့်ရင့်ကိုပြောင်းပါတယ်ပြီးရင် ရက်အနည်းငယ်ကြာလို့ အနာကျက်ခံနီးရင် အဝါရောင်ဒါမှမဟုတ် အစိမ်းရောင်အဖြစ်ပြောင်းပါတယ်။ -သွေးခြည်ဥခြင်းကများသောအားဖြင့် ထိရင်နာပါတယ် ပြီးတော့တစ်ခါတစ်လေအစောပိုင်းရက်တွေမှာတအားနာတတ်ပါတယ်။ ဒါပေမယ့် အရောင်ဖျော့လာတာနဲ့အမျှ နာကျင်တာကလည်း သက်သာသွားတတ်ပါတယ်။ -သွေးခြည်ဥခြင်းမှာအရေပြားပေါက်ပြဲခြင်းမရှိတဲ့အတွက် ပိုးဝင်နိုင်တဲ့အခြေအနေတော့မရှိတော့ပါဘူး။ (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်မှာပြောပြမယ့်အချက်တွေသင့်မှာရှိနေရင် သင့်ဆရာဝန်ကိုဆက်သွယ်သင့်ပါတယ်။ -အက်စ်ပရင်သောက်နေချိန် ဒါမှမဟုတ် အခြားသွေးကြဲဆေးတွေသောက်နေချိန် သွေးခြည်ဥခြင်းများဖြစ်ခဲ့လျှင် -သွေးခြည်ဥတဲ့နေရာမှာ ယောင်ခြင်းနာကျင်ခြင်းများဖြစ်ခဲ့လျှင် -ပြင်းပြင်းထန်ထန်ခိုက်မိခြင်း ဒါမှမဟုတ် […]


အသားအရေ ထိန်းသိမ်းခြင်း

ချော့မွေ့လှပသော အသားအရေ ရရှိပိုင်ဆိုင်စေမယ့် အစားအစာများ

အချို့အစားအစာတွေမှာပါတဲ့ ပစ္စည်းအချို့က အရေပြားအတွက် အကျိုးရှိကြပါတယ်။ ဒါအပြင် ပျော့ပြောင်းနူညံ့စေနိုင်သလို အသက်ကြီးရင့်မှုဖြစ်စဉ်တွေကိုလည်း ကာကွယ်ပေးပါတယ်။ အစားအသောက်ကလည်း သင်သုံးတဲ့ အလှကုန်ပစ္စည်းတွေလောက်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။ လှပကောင်းမွန်တဲ့ အသားအရေရရှိဖို့ အောက်ပါအစားအစာများကို စားသုံးသင့်ပါတယ်။ ဗီတာမင်စီကြွယ်ဝသော အစားအစာများ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေထဲမှာ စတော်ဘယ်ရီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတို့ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဖိစီးမှုဆန့်ကျင်ပစ္စည်းတို့ ပြည့်ဝနေပါတယ်။ ဗီတာမင်စီပါဝင်မှုကလည်း လိမ္မော်သီး၊ စပျစ်သီးတို့ထက် မြင့်မားပါတယ်။ မကြာသေးခင်က လေ့လာတွေ့ရှိချက်များအရ ဗီတာမင်စီပြည့်ဝအစားအစာတွေစားတဲ့လူတွေက မစားတဲ့လူတွေထက် ပါးရေတွန့်ခြင်းနှင့် အသက်ကြီးခြင်းနဲ့ ဆက်စပ်တဲ့ အရေပြားပြဿနာဖြစ်နိုင်ခြေနည်းနေတာကို တွေ့ရပါတယ်။ ဓာတ်တိုးပစ္စည်းတွေက ဆဲလ်တွေနဲ့ ကော်လဂျင်တွေကို ဖျက်စီးပြစ်ပါတယ်။ ဒါကြောင့် ပါးရေတွန့်ပြီး အရေပြားရေပြားပြဿနာအများအပြား ဖြစ်လာရတာပါ။ ၁ပတ်၂ကြိမ်လောက် ဘယ်ရီသီးနဲ့လုပ်ထားတဲ့ မျက်နှာဖုံးဖြင့် ပေါင်းတင်ပေးပါ။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အရေပြားပိုမို ချောမွေ့လာကာ ရေဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်။ ဗီတာမင်အေကြွယ်ဝသော […]


ဝက်ခြံ

ဝက်ခြံနှင့်ပတ်သတ်ပြီး သိထားသင့်သော အချက်၄ချက်

ဘဝမှာတစ်ခါတော့ ဝက်ခြံပေါက်ဖူးပါလိမ့်မယ်။ သူတို့ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ သတိပြုမိပါလိမ့်မယ်။ ဒါပေမယ့်လည်း ထိုဝက်ခြံတွေကို ဘယ်လိုကုသရမလဲ၊ ဘယ်လိုကာကွယ်ရမလဲနဲ့ ဘာတွေကဖြစ်စေတယ်ဆိုတာကိုတော့ သိချင်လောက်မှာပါ။ အောက်ဖော်ပြပါ ဆောင်းပါးကတော့ ဝက်ခြံနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးမှာပါ။ အရေပြားမှာ ဝက်ခြံဘယ်လို ဖြစ်လာတာလဲ။ တစ်ခါတစ်ရံ လူပျိုဖော်၊အပျိုဖော်ဝင်တဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပေါက်တတ်ပါတယ်။ အမွေးအမျှင်ဆဲလ်တွေ၊ အရေပြားဆဲလ်တွေနဲ့ အဆီပိုတွေစုပေါင်းပြီး အမွေးပေါက်တွေကို ပိတ်လိုက်ပါတယ်။ အစိုင်အခဲကြီးဖြစ်လာပါတယ်။ ထိုအစိုင်အခဲထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အရေပြားအောက်တွင် ရောင်ရမ်းလာပါတယ်။ ထိုအစိုင်အခဲပြိုကွဲပျက်စီးပြီးတဲ့နောက်မှာ ဝက်ခြံတွေပေါ်ပေါက်လာပါတယ်။ များသောအားဖြင့် အမွေးပေါက်တွေပိတ်လို့ဖြစ်ရတာပါ။ ဘာတွေကဝက်ခြံဖြစ်စေတာလဲ။ ဘာတွေကြောင့်ဖြစ်ရတယ်ဆိုတာကတော့ တိတိပပ မသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံဖြစ်စေတဲ့ အခြားအကြောင်းအရင်းအချို့တော့ ရှိပါတယ်။ · ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပေါက်နိုင်ခြေအများဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အဆီဂလင်းတွေဟာ အဆီတွေကို လိုတာထက်ပိုထုတ်လာလို့ပဲ ဖြစ်ပါတယ်။ အဆီတွေများလေ ဝက်ခြံပေါက်နိုင်လေပါပဲ။ · ကိုယ်ဝန်ရှိခြင်း၊ တားဆေးအသုံးပြုခြင်းတို့ကြောင့်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်နိုင်ပါတယ်။ · မိဘတွေမှာ […]


ဝက်ခြံ

ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ ဘယ်လိုသက်ရောက်နေသလဲ

ဝက်ခြံတွေအပေါ်မှာ သက်ရောက်နေတဲ့ အချက်ပေါင်းများစွာ ရှိပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ မိသားစုအခြေအနေနဲ့ စိတ်ဖိစီးမှုတို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုကလည်း ဝက်ခြံတွေအပေါ်မှာ အပြောင်းအလဲတွေဖြစ်စေတယ်ဆိုတာကော သင်သိပါသလား။ သင့်အရမ်းသိချင်နေမယ်ဆိုရင်တော့ အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါ။ စိုထိုင်းသော ရာသီဥတု မိုးရာသီအတွင်း ဒါမှမဟုတ် အပူပိုင်းဒေသတွေမှာ စိုထိုင်းမှုများနေပြီဆိုရင် ဝက်ခြံပေါက်နိုင်ခြေများသလို ပေါက်တဲ့ဝက်ခြံလည်း ပိုဆိုးသွားနိုင်ပါတယ်။ စိုထိုင်းမှုက သင့်အရေပြားအတွက် ရေဓါတ်ထောက်ပံ့ပေးတယ်လို့ သင်ထင်နိုင်တယ်။ ရေဓါတ်ပြည့်ဝနေခြင်းက အရေပြားအတွက် ကောင်းပါတယ်။ ဒါပေမယ့်လည်း စိုးထိုင်းစများခြင်းက ချွေးထွက်စေပါတယ်။ ချွေးတွေက အရေပြားဆဲလ်အသေတွေ၊ ဖုန်မှုန့်တွေနဲ့ ပေါင်းပြီး အပေါက်တွေ ပိတ်သွားစေပါတယ်။ စိုထိုင်းမှုက အဆီလည်းပိုပြန်စေပါတယ်။ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ဖုန်မှုန့်တွေပေါင်းပြီး အပေါက်ပိတ်နိုင်ပါတယ်။ ထိုအချက်၂ချက်က ဝက်ခြံတွေ ပိုဆိုးစေနိုင်သလို၊ ပျောက်ဖို့လည်း နှေးကွေးစေပါတယ်။ ဒါကြောင့် ချွေးထွက်ပြီးပြီဆိုရင် အရေပြားကို သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။ သန့်စင်ဆေးအပျော့နှင့် ကြက်သီးနွေးရေကို အသုံးပြုနိုင်ပါတယ်။ […]


ဝက်ခြံ

အသက် ၂၀ကျော် အရွယ်အတွက် အလှအပရေးရာများ

သင် အသက် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ အသားအရည်ဟာ ဆယ်ကျော်သက်အရွယ်ကလို မစိုပြည်တော့ဘဲ ခြောက်သွေ့တာတွေ၊ ဝက်ခြံထွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ အသက် ၂၀ကျော်တဲ့အရွယ်မှာ အလှအပကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။ အရေးအကြီးဆုံးကတော့ ဝက်ခြံကို ကာကွယ်ဖို့ပါပဲ။ ဒီအတွက် အသုံးဝင်မယ့် အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။ မျက်နှာကို သန့်ရှင်းစွာထားပါ ဝက်ခြံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်နေ့ကို ၂ကြိမ်ခန့် မျက်နှာသစ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေ၊ ဆဲလ်အသေတွေ၊ အဆီတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သိပ်မပူတဲ့ ရေနွေးနွေးနဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့ကို သုံးပါ။ အာနိသင်ပြင်းတဲ့ ဆပ်ပြာတွေကို အသားအရည်ကို ပိုပြီး ပျက်စီးစေပါတယ်။ ရေချိုးအဝတ်၊ ရေမြှုပ်စတာတွေနဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ခြင်းကနေ ရှောင်ကြဉ်ပါ။ တစ်နေ့ကို ၂ကြိမ်ထက်ပိုပြီး မျက်နှာသစ်ဖို့ သိပ်မလိုအပ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ အစိုဓာတ်ထိန်းသိမ်းခြင်း ဝက်ခြံပျောက်စေတဲ့ ပါဝင်ပစ္စည်းများဟာ […]


အခြားအရေပြားပြဿနာများ

မီလတ်စ်မာ ကို ကုသနိုင်တဲ့ နည်းလမ်းများ

Melasma ဆိုတာ အမျိုးသမီးအများစု ခံစားရလေ့ရှိတဲ့ အခြေအနေတခု ဖြစ်ပြီး ကိုယ်ဝန်ဆောင်နေစဉ်နဲ့ မီးဖွားပြီးကာလတွေမှာ အထူးသဖြင့် ခံစားရလေ့ရှိပါတယ်။ ဒီတော့ Melasma ဖြစ်ပွားမှုကို ဘယ်လိုလျှော့ချမလဲ၊ဖြစ်လာရင်ရော ဘယ်လိုကုသမလဲ။ ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်လိုက်ရအောင်။   ၁။ Tri-luma ကို အသုံးပြုခြင်း ဒီကုသမှုနည်းလမ်းဟာ melasma အတွက် အကောင်းဆုံးသော ကုသမှုပုံစံဖြစ်တယ်လို့ လက်ခံထားခဲ့ကြတာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။Tri-luma ဆိုတာဟာ အဓိကပါဝင်ပစ္စည်းသုံးမျိုးပါဝင်တဲ့ အသားအရေထိန်းသိမ်းရေး လိမ်းဆေးတမျိုး ဖြစ်ပါတယ်။ · အသားအရေကို ဖြူလာစေတဲ့ Hydroquinone ။ · အရေပြားအသစ် ပြန်လည်ဖြစ်ပေါ်မှုကို လျင်မြန်စေတဲ့ Retinoid ။ · ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတဲ့ ကော်တီကိုစတီးရွိက် စတာတွေ ပါဝင်ပါတယ်။ အဓိကအချက်ကတော့ melanin ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်မှာ အရေးကြီးအခန်းကဏ္ဍကနေပါဝင်တဲ့ tyrosinase အင်ဇိုင်းမ်ကို hydroquinone က တားဆီးပိတ်ဆို့ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နယူးယော့ခ်မှာရှိတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားထိန်းသိမ်းမှုဆိုင်ရာဗဟုသုတများ

နုပျိုလတ်ဆတ်သောအသားအရေကိုနေ့တိုင်းပိုင်ဆိုင်လိုပါ ကအရေပြားကိုအနည်းငယ်ဂရုစိုက်သင့်ပါတယ်။ မနက်ခင်း အသားအရေအခြေအနေသည်ညရှိအသားအရေထိန်းသိမ်း ထားမှုပေါ်တွင်မူတည်ပါတယ်။ ထို့ကြောင့်မနက်ဖြစ်စေည ဖြစ်စေအရေပြားကိုဂရုစိုက်သင့်ပါတယ်။ Cleansing လုပ်ပါ။ သင့်အရေပြားနှင့်ကိုက်ညီသော facial cleanser နှင့်သန့် စင်ပါ။ သင့်မျက်နှာကိုစက်ဝိုင်းပုံစံနှိပ်နယ်ရန်မမေ့ပါနှင့်။ မျက်နှာကိုသာမန်ဆပ်ပြာနှင့်သစ်ပါကအသားခြောက် စေသောကြောင့်မသစ်သင့်ပါဘူး။ အသားခြောက်ပါကသင့် တော်သော cleanser သို့ cleansing မလုပ်ဘဲရေနွေးနွေး နှင့်သစ်သင့်ပါတယ်။ ညဘက်တွင်မျက်နှာသစ်ပါကအရေပြားဆဲလ်အသေများ၊ မိတ်ကပ်နှင့် ဖုန်အညစ်အကြေးများကိုသန့်စင်ပေးနိုင် သဖြင့်အရေးပါသောအဆင့်ဖြစ်ပါတယ်။ cleansing လုပ် ခြင်းဖြင့်အရေပြားပြဿနာများကိုကာကွယ်နိုင်ပြီးskincare လိမ်းလျှင်အရေပြားအတွင်းသို့စိမ့်ဝင်လွယ်စေပါတယ်။ cleansingလုပ်ပါကသန့်ရှင်းနူးညံ့သောအဝတ်နှင့်လုပ်ရန်မ မေ့ပါနှင့်။ Serums Water-based serum များသည်အသားခြောက်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ပတ်ဝန်းကျင်အညစ်အကြေးများမှ ကာကွယ်ပေးပါတယ်။ ထို့ပြင်အရေပြားထဲသို့စိမ့်ဝင်လွယ် စေပါတယ်။ သင့်အရေပြားသည်ဓါတ်မတည့်ဖြစ်တတ်ပါက အရေပြားခြောက်မှ serum လိမ်းသင့်ပါတယ်။ ညနေခင်းအချိန်သည်serumလိမ်းရန်အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ retinol ပါသော serum များသည်အလင်း ရောင်ရှိပါကပျက်စီးနိုင်သောကြောင့်အပြင်သွားမည်ဆိုပါက မလိမ်းသင့်ပါဘူး။ retinol ပါသော serum များကိုကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်ချိန်နှင့် […]


ဝက်ခြံ

ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ

ဝက်ခြံဆိုတာဘာလဲ? ဝက်ခြံဟာဆယ်ကျော်သက်လူငယ်နှင့်သက်လတ်ပိုင်းအများစုမှာတွေ့ရလေ့စှိတဲ့အရေပြားပြသနာတစ်ခုပင်ဖြစ်သည်။ ချွေးပေါက်ထဲတွင်ဆဲလ်သေနှင့်အဆီများစုဝေးလာသောအခါ ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံဖြစ်ပေါ်လာသည်။   ဘာကြောင့်ဝက်ခြံပေါက်လာသလဲ? ဝက်ခြံဖြစ်ပေါ်စေသော အဓိကအကြောင်းရင်း နှစ်ခုမှာ ဟိုမုန်းအပြောင်းအလဲနှင့် ဘက်တီးရီးယားကြောင့်ပင်ဖြစ်သည်။ လူငယ်များ အပျို/လူပျိုဝင်စအချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင့်အဆီဂလင်းမှ အဆီထုတ်မှုပိုများလာသည်။ ထိုအဆီနှင့်ဆဲလ်သေပိတ်ဆို့မှုဟာ ဘက်တီးရီးယားပေါက်ပွားမှုကိုအားပေးပြီး ရောင်ရမ်းဝက်ခြံများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အခြားဝက်ခြံကိုပိုဆိုးစေသောအရာများကတော့ အရေပြားညစ်ပတ်ခြင်း၊ ဝက်ခြံညစ်ခြင်း၊ အစားအစာမျှတမှုမရှိခြင်း၊ ပင်ပန်းခြင်းတို့ပါဝင်သည်။ ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ? ● ဆားဝက်ခြံခေါင်းဖြူ ချွေးပေါက်ရှိဆဲလ်သေ၊အဆီပိုများနှင့် ဘတ်တီးရီးယားများစုပေါင်းပြီး အရေပြားပေါ်သို့ အဖြူရောင်အစေ့သေးသေးများအဖြစ်ထွက်ပေါ်လာတတ်ပြီး အရေပြားကြမ်းတမ်းလာတတ်သည်။ ● ဆားဝက်ခြံခေါင်းမဲ ဆားဝက်ခြံခေါင်းဖြူကဲ့သို့ပင် ဖြစ်ပုံခြင်းတူညီပြီး ချွေးပေါက်ပွင့်၍အောက်ဆီဂျင်နှင့်ထိတွေ့ကာ မဲလာခြင်းဖြစ်သည်။ နှစ်ခုစလုံးမှာ သေချာကုသမှုမခံယူပါက ဝက်ခြံအကြီးစားထိဖြစ်သွားနိုင်သည်။ အနာဖတ် ဝက်ခြံပေါက်သွားသောအခါအထဲမှ ဘက်တီးရီးယားများအနားရှိအရေပြားကိုရောင်ရမ်းနီရဲစေသည်။ အနာဖု အတွင်းထဲထိလှိုက်စားရောင်ရဲနေသော အနာဖုများသည် ထိလိုက်သည့်အခါတိုင်းတွင် နာနေတတ်သည်။ ပြည်ဖု ဝက်ခြံတွင် ပြည်စုလာသောအခါ ပြည်ဖုဖြစ်လာသည်။ အရည်ကြည်ဖု ဝက်ခြံရောင်ရမ်းမှုအရမ်းဆိုးဝါးလာသောအခါ သားငန်ရည်၊ ပြည်များစုသွားပြီး အရည်ကြည်ဖုအဖြစ်ပြောင်းလဲသွားသည်။ ဝက်ခြံပျောက်အောင်ဘယ်လိုလုပ်ကြမလဲ? ပုံမှန်အရမ်းမဆိုးသော ဝက်ခြံများကို ဝက်ခြံပျောက်ဆေးလိမ်းပေးရင်ပျောက်တတ်ပါသည်။ သို့သော် အရမ်းရောင်ရမ်းနေသောဝက်ခြံများ၊ ဝက်ခြံပျောက်ဆေးနှင့်မသက်သာသောဝက်ခြံများကို အရေပြားဆရာဝန်နှင့်တိုင်ပင်ကုသဆွေးနွေးသင့်သည်။ ဝက်ခြံကိုကုသနိုင်သောတခြားနည်းလမ်းကုထုံးများမှာ ● အရေပြားအားဖြည့်ဆေးများထိုးခြင်း ● အရေပြားပြုပြင်ခြင်း ● လေဆာပစ်ခြင်း တို့ဖြစ်ကြသည်။ Hello Health Group […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း