အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ကူးစက်နိုင်သော အရေပြားရောဂါများ

Candidiasis (ကန်ဒီဒီရေးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Candidiasis (ကန်ဒီဒီရေးစစ်) ကဘာလဲ။ ကန်ဒီဒီရေးစစ် ရောဂါ ဆိုသည်မှာ ကန်ဒီဒါ အယ်လ်ဘီကန် ဟုခေါ်သည့် မှိုကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်ပြီး လိင်အစိတ်အပိုင်းနေရာများ၊ပါးစပ်၊အရေပြားနှင့် သွေးတို့ကို ထိခိုက်စေတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ ပို၍ပြောရလျှင် အချို့သော ဆေးများနှင့် ရောဂါများသည် မှိုများကို အထူးသဖြင့် စိုစွတ်ပူနွေးသောနေရာများတွင် ပေါက်ပွားစေသည်။ မိန်းမကိုယ်တွင် ကန်ဒီဒါရောဂါပိုးဝင်ခြင်းကို မှိုရောဂါပိုးကြောင့်ဖြစ်စေသည့် မိန်းမကိုယ်ရောင်ရမ်းခြင်း yeast vaginitis ဟုခေါ်ပြီး ပါးစပ်ထဲတွင် ဖြစ်ပါက Thrush ဟုခေါ်သည်။ ဖြစ်ပွားသည့်နေရာအပေါ်မူတည်၍ကန်ဒီဒါရောဂါလက္ခဏာများမှာ ကွဲပြားသည်။ သင့်တွင် ယားရံ၍ရောင်ရမ်းစေသော အနီ(သို့)အဖြူကွက်များလည်း ဖြစ်ပေါ်လာတတ်သည်။ အခြားသော လက္ခဏာရပ်များမှာ အစာမျိုချရခက်ခြင်း (သို့)နာကျင်ခြင်း တို့ဖြစ်သည်။ ကန်ဒီဒီရေးစစ်ရောဂါသည် စိတ်ကသိကအောက်ဖြစ်စေသော်လည်း အသက်ဘေးရန်ကို ခြိမ်းခြောက်မှုရှိရန်ခဲယဉ်းတတ်သည်။ အချို့သောကန်ဒီဒီရေးစစ် ရောဂါအချို့သည် ပြင်းထန်ပြီး ဆေးကုသမှုခံယူရန်လိုအပ်တတ်သည်။ ထိုရောဂါများထဲတွင် သွေးကြောထဲထိဝင်ရောက်ထိခိုက်စေနိုင်သော ကန်ဒီဒီရေးစစ် ရောဂါများလည်း ပါဝင်သည်။Candidemia or invasive […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ကဘာလဲ။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည်အရေပြားရောဂါတမျိုးဖြစ်ပြီး ဆံပင်ရှိ အမွှေးအိတ်များရောင်ခြင်းကြောင့်ဖြစ်သည်။ အမျှင်ရှိသောနေရာ ဥပမာ မုတ်ဆိတ်မွှေး လက်မောင်း ကျော တင်ပါး ခြေထောက်အားလုံးတွင်ဖြစ်တတ်သည်။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အစတွင် အနီရောင်ဝက်ခြံပုံဖြင့်ပြတတ်သည်။ နောက်ပိုင်းတွင် ပိုဆိုးလာပြီးတစ်ကိုယ်လုံးပျံသွားတတ်သည်။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အန္ဓါရယ်မရှိတတ်သော်လည်း ယားခြင်းနေထိုင်မကေ ာင်းခြင်းမျိုးဖြစ်စေသည်။ ပြင်းထန်သောကိစ္စများတွင် ဆံပင်များကျွတ်ပြီး အမာရွတ်ထင်တတ်သည်။ Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ကလေးများ အရွယ်ရောက်သူများတွင်ဖြစ်တတ်ပြီး အသက် နှစ်နှစ်အောက်တွင်မဖြစ်တတ်ပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFolliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အနီဖု သို့မဟုတ် ဝက်ခြံသည် ဆံပင်အလယ်တွင်ပေါလာမည်။ ထိုအဖုပေါက်ပြီး သွေးသို့မဟုတ် ပြည်ကျန်ခဲ့လိမ့်မည်။ နီယောင်သောအရေပြားဖြစ်ခြင်း ယားခြင်းသို့မဟုတ် ပူခြင်း နာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ မပြင်းထန်သောကိစ္စများတွင် နှစ်ပါတ်အချိန်အတွင်း သူ့အလိုလိုကောင်းသွားနိုင်သည်။ အိမ်တွင်ဖြစ်သောအရေပြားပေါ်တွင် […]


အသားအရေနှင့် အလှအပ

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင် ဆံပင်ရှည်လေးတွေ ကျောမှာ ချထားရင် အကောက်ပဲဖြစ်ဖြစ်၊ အဖြောင့်ပဲ ဖြစ်ဖြစ် ဆံသားလေးတွေ ပျော့ပျောင်းနေတယ်ဆိုရင် လူတကာ ငေးရတဲ့ အလှပိုင်ရှင်လေး ဖြစ်နေမှာပါ။ ကောက်ထားတာပဲ ဖြစ်ဖြစ်၊ ဖြောင့်ထားတာပဲ ဖြစ်ဖြစ် သဘာဝအတိုင်းလေးပဲ ဖြစ်ဖြစ် ပျော့ပျောင်းအောင် လုပ်လို့ ရတယ်နော်။ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေမို့ ပျိုပျိုမေတို့ စရိတ်လည်း သက်သာ၊ လှလည်း လှမှာပါနော်။ ကြက်ဥ ပျိုပျိုမေလေးတို့ရေ ကြက်ဥကို အဓိကထားပြီး ပျော့ပျောင်းအောင် လုပ်မယ်နော်။ ပထမဆုံး ကြက်ဥတစ်လုံးကို ပန်းကန်တစ်လုံးထဲကို ဖောက်ထည့်လိုက်ပါ။ ပြီးရင် သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်း ဒါမှမဟုတ် အုန်းဆီ လက်ဖက်စားဇွန်း (၂) ဇွန်းကို ထည့်ပါ။ နောက်တော့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး […]


ဝက်ခြံ

အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ Vaseline လို့ဆိုလိုက်တာနဲ့ အဖုံးအပြာလေးနဲ့ ဗူးလေးကို မျက်စိထဲ မြင်ယောင်မိကြမှာပါ။ Vasline မှာ အလှအပအတွက် ကောင်းကျိုးတွေ အများကြီး ရှိနေတဲ့အပြင် တော်တော်လေးလည်း အသုံးဝင်ပါတယ်။ ပျိုပျိုမေလေးတို့ Skin care တွေ အများကြီး ဆောင်စရာမလိုဘဲ Vaseline လေး ရှိနေရင်ကို အဆင်ပြေနေပြီနော်။ ဘယ်နေရာမှာ ဘာတွေအသုံးဝင်သလဲဆိုတာ ပြောပြမယ်နော်။ Vaseline ဟာ mineral အဆီနဲ့ ဖယောင်းတွေ ပါဝင်တဲ့ တစ်ရာ ရာခိုင်နှုန်းသော petroleum jelly နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အသားအရေအတွက် ကောင်းဖို့အတွက် အဓိက ပစ္စည်းတစ်မျိုးပါ။ ဝက်ခြံ ဝက်ခြံအတွက်လည်း Vaseline ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါ် တိုက်ရိုက်တော့ မလိမ်းပါနဲ့။ တစ်ရှူးစလေး ခံပြီးလမ်းတာမျိုးတော့ လုပ်နိုင်ပါတယ်။ […]


ဆိုရီရေးစစ်ရောဂါ

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ကဘာလဲ။ အရေပြားတွင် အနီရောင်အကြေးခွံကဲ့သို့သော အကွက်များဖြစ်ပေါ်စေပြီး တစ်ကိုယ်လုံးအနှံ့ဖြစ်ပွားနိုင်သည်။ အများအားဖြင့် ဒူးနှင့် တထောင်ဆစ်များတွင် တွေ့ရတတ်သည်။ အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါသည် ကူးစက်ရောဂါမဟုတ်ပါ။ ပုံစံမျိုးစုံတွေ့ရပြီး တခုသော တွေ့ရှိရသည့် ပုံစံမှာ ပိုးဝင်မနေသော အဖြူရောင်ရေကြည်ဖုကဲ့သို့သော ပြည်တည်နာများနှင့်တွဲ၍ဖြစ်သည်။ ပြည်တည်နာများနှင့်တွဲဖက်၍တွေ့ရှိရသည့်အပြင် တခါတရံ အဖုများဖြင့်တွဲ၍လည်း တွေ့ရှိရနိုင်သည်။ လက်နှင့်ခြေထောက်များကဲ့သို့သောနေရာများတွင် ကွက်၍ဖြစ်ပွားနိုင်သလို တစ်ကိုယ်လုံးအနှံ့လည်းဖြစ်ပွားနိုင်သည်။ မျက်နှာပေါ်တွင်ဖြစ်ပွားရန်ခဲယဉ်းသည်။ ဖြစ်ပွားရန်ရှိသည့် အရေပြားမှာ နီရဲနေပြီး ထိမိလျှင်နာကျင်တတ်ပြီး နာရီအနည်းငယ်အတွင်း ရေကြည်ဖုကဲ့သို့သော ပြည်တည်နာကြီးများဖြစ်သွားနိုင်သည်။ ထိုအနာများသည် အညိုရောင်မာကျောသည့်အခွံများဖြင့်ဖုံးအုပ်ထားပြီး ထိုအခွံများ ကွာကျသွားပါက တောက်ပချောမွတ်သောအရေပြားကို မြင်တွေ့ရတတ်သည်။ ပြည်တည်နာများနှင့် တွဲ၍တွေ့ရှိရသည့် အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါမျိုးကွဲများမှာ Von Zumbusch pustular psoriasis Palmoplantar pustulosi Acropustulosis Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မည်သူတွင်မဆိုဖြစ်ပွားနိုင်ပြီး […]


အခြားအရေပြားပြဿနာများ

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ကဘာလဲ။ ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း ဆိုတာဘာလဲ ပန်းဂေါ်ဘီနှင့်တူသောနားအသားမာတက်ခြင်းကိုနားအရိုးနုဘေးတွင်ဖြစ်ပေါ်လာသော သွေးခဲ (သို့) နပန်းသမားနား ဟုလည်း ခေါ်ပြီး နားတွင် ထိခိုက်မှုတခုကြောင့်ဖြစ်ပေါ်လာသော အသားမာကိုဆိုလိုသည်။ နား၏အပြင်ပိုင်းသည်တစုံတခုနှင့်ရိုက်မိလျှင် (သို့)ညက်မိလျှင် ထိုနားအပြင်ပိုင်းတွင်သွေးခဲဖြစ်လာသည်။ ထိုသို့ဖြစ်လာပါက ချက်ချင်းကုသမှုခံယူရန်လိုအပ်သည်။ အကယ်၍ ထိခိုက်မှုဖြစ်ပြီးချက်ချင်းကုသမှုမယူရသေးသော်လည်းကြိုတင်ကာကွယ်နိုင်သည်။ ထို့ကြောင့် သတိထားသင့်သည့်အချက်များကိုသိရန်လိုအပ်ပြီး ချက်ချင်း ထိရောက်စွာဆောင်ရွက်ရန်လည်းလိုအပ်သည်။ Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အမင်းအဖြစ်နည်းသည်။ အထူးသဖြင့်အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေရှိသော အမူအကျင့်များကို ရှောင်ကြည်၍ ဖြစ်ပွားမှုအားလျှော့ချနိုင်သည်။ ကျန်ရှိသောအကြောင်းအရာများအား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများCauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကယ်၍နားတွင်ထိခိုက်မှုရှိလာပါကဖြစ်သည့်ဘက်တွင်သွေးခြေဥနေခြင်း ယောင်ရမ်းလာခြင်းများရှိမရှိကို မှန်ကြည့်၍စစ်ဆေးပါ။ နား၏ပုံစံပျက်နေသည်ကိုလည်းသတိထားမိနိုင်သည်။ ထိခိုက်နေရာတွင် သွေးများစုပုံလာသောအခါ ထိုနေရာသို့သွေးကြောထောက်ပံ့မှုလည်း ပြတ်တောက်သွားပြီး မကုသပဲထားပါက နားအူခြင်း နားကန်းသွားခြင်း ခေါင်းကိုက်ခြင်း နှင့် အမြင်ေဝဝါးခြင်းများဖြစ်ပွားနိုင်သည်။ အာရှဂျာနယ်ဆိုသောအားကစားဂျာနယ်တခုတွင် ရေးသားထားသည့် လေ့လာမှုတခုအရ ထိုကဲ့သို့နားအသားမာတက်နေသော နပန်းသမား၊လက်ဝှေ့သမားများသည် အခြားသော နပန်းသမားများထက်စာလျှင်ပို၍အကြားအာရုံဆုံးရှံူးရန် အခွင့်အရေးပိုများနေကြောင်းတွေ့ရသည်။ ထို့အပြင်နားအတွင်းပိုးဝင်ခြင်းများလည်းဖြစ်ရန် အလားအလာကောင်းသွားနိုင်သည်။ ထို့ကြောင့် အစပျိုးသော လက္ခဏာရပ်များကို သိရှိပါက နောက်ဆက်တွဲပြဿနာများနှင့် နားပုံပျက်ပန်းပျက်ခြင်းကို […]


အခြားအရေပြားပြဿနာများ

Pellagra (ပယ်လာဂရာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pellagra (ပယ်လာဂရာရောဂါ) ကဘာလဲ။ ပယ်လာဂရာရောဂါသည် ဝမ်းပျက်ခြင်း၊အရေအပြားများရောင်ရမ်းခြင်း၊နှင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း တို့ပေါင်းစုနေသော ရောဂါဖြစ်သည်။ မကုသပဲထားပါက အသက်သေဆုံးနိုင်ပါသည်။ နိုက်ယာစင် ဟုခေါ်သော ဗီတာမင် ဘီ3 ချို့တဲ့ နည်းပါးနေ၍ဖြစ်ပွားရခြင်းဖြစ်သည်။ ထိုဗီတာမင်သည် ဆဲလ်များ၏လုပ်ငန်းဆောင်တာအများစုဆောင်ရွက်ရန်အတွက်လိုအပ်သည်။ အမိုင်နိုအက်စက်တမျိုးဖြစ်သော ထရစ်တိုဖန်သည် အစားအစာများတွင်ပါလာပြီး ခန္ဓါကိုယ်တွင်းတွင် နိုက်ယာစင်အဖြစ်ပြောင်းလဲသည်။ ထို့ကြောင့်ထိုဓါတ်နှစ်မျိုးလုံးချို့တဲ့ပါက ပယ်လာဂရာဖြစ်ပေါ်လာသည်။ Pellagra (ပယ်လာဂရာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများPellagra (ပယ်လာဂရာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသောလက္ခဏာများမှာ နေရောင်ထိပြီးနောက် ထူထဲမာကြောသော အနီစက်များထွက်ခြင်း ခံတွင်းရောင်ရမ်းခြင်း၊လျှာ နီရဲရောင်ရမ်းနေခြင်း အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်း ခေါင်းထိုးကိုက်ခြင်း အစာစားချင်စိတ်မရှိခြင်း၊လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း မောပန်းနွမ်းနယ်နေခြင်း စိတ်ဓါတ်ကျခြင်း စိတ်ကစဉ့်ကလျားဖြစ်ခြင်း မှတ်ဉာဏ်အားနည်းလာခြင်း အထက်ပါလက္ခဏာများအပြင်ထပ်မံရှိနိုင်သေး၍ စိုးရိမ်ရပါက ဆရာဝန်နှင့် တွေ့ဆုံပြသပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများPellagra (ပယ်လာဂရာရောဂါ) ကိုဘာတွေကဖြစ်စေသလဲ ပယ်လာဂရာသည် နိုက်ယာစင် ချို့တဲ့နေမှုကြောင့်ဖြစ်ရပြီး ထိုချို့တဲ့မှုမှာ အောက်ပါအကြောင်းအရင်းများကြောင့်ဖြစ်သည်။ ပထမအကြောင်းအရင်း မှာ စားသောက်သောအစားအစာများတွင် ထရစ်တိုဖန်နှင့် နိုက်ယာစင်ဓါတ်တို့နည်းပါးချို့တဲ့နေခြင်းဖြစ်သည်။ ဒုတိယအကြောင်းအရင်းမှာ […]


ဝက်ခြံ

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ ပျိုပျိုမေတို့ သခွားသီးလေး ရှိရုံနဲ့ လှပနိုင်ပြီဆိုရင် အံ့သြသွားလောက်ပါတယ်။ သခွားသီးမှာ အလှအပအတွက် အံ့သြစရာကောင်းလောက်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ပါဝင်ပါတယ်။ ပျိုပျိုမေတို့ သုံးတဲ့ တချို့ အလှကုန်ပစ္စည်းတွေမှာလည်း သခွားသီးကို အခြေခံပြီး ထုတ်လုပ်ထားတာတွေ ရှိတယ်နော်။ သခွားသီးက အလှအပအတွက် ဘယ်လိုအကျိုးပြုတာလဲ၊ သခွားသီးကို အလှအပအတွက် ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။ သခွားသီးဟာ ရေဓာတ်အများဆုံး ပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်တာမို့ အရေပြား ကျိန်းစပ်ခြင်း၊ အသားမှာ နီစပ်စပ်ဖြစ်တာတွေကို သက်သာစေပါတယ်။ သခွားသီးမှာ မျက်လုံးဖောင်းအစ်ခြင်းတွေကို တားဆီးပေးနိုင်တဲ့ Caffeic အက်ဆစ်လည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သခွားသီးမှာ PH ပမာဏကို ထိန်းညှိပြီးသား ဖြစ်တာမို့ အသားအရေခြောက်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။ သခွားသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်သလို […]


အသားအရေ ထိန်းသိမ်းခြင်း

Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ

Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ အခုခေတ် မိန်းကလေးတွေဟာ ကိုရီးယားမလေးတွေလို သဘာဝဆန်ဆန်လေး ပင်ကိုယ်အလှနဲ့ လှချင်တဲ့သူ များပါတယ်။ ဒီတော့ မိတ်ကပ်ဆိုလည်း ခပ်ပါးပါးလေး လိမ်းတာမျိုး ရှိလာပါတယ်။ ပင်ကိုယ်အလှနဲ့ လှပဖို့ဆိုတာ အရေးအကြောင်း၊ ဝက်ခြံ၊ တင်းတိပ်၊ မျက်ကွင်းညိုတာတွေ၊ အသားအရေခြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ ဒီတော့ မိတ်ကပ်လိမ်းတာထက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ(Skin Care) တွေကို ပိုပြီး ဦးစားပေး သုံးလာကြပါတယ်။ Skin Careတွေထဲမှာ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်၊ တိုနာ၊ Eye Cream၊ Essence အများကြီးပါပဲ။ ဒီလို အများကြီးကို အချိန်မှန်အောင် သုံးတတ်ဖို့တော့ လိုပါတယ်။ Skin Care တွေ အများကြီး ဝယ်ထားပြီး ဘယ်ဟာအရင်စသုံးရမလဲမသိရင်တော့ ဖတ်ကြည့်ပါဦးနော်။ Skin […]


အခြားအရေပြားပြဿနာများ

Bullous Pemphigoid (ရှားပါးတဲ့ အရေပြားအရည်ကြည်ဖုထသော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bullous Pemphigoid (ရှားပါးတဲ့ အရေပြားအရည်ကြည်ဖုထသော ရောဂါ) ကဘာလဲ။ Bullous pemphigoid ဟာ ရှားပါးတဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အရေပြားမှာ အနီရောင် အကွက်တွေ အနေနဲ့ စတင်ပြီး ရက်သတ္တပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာ အကြာမှာ ကြီးမားတဲ့ အရည်ကြည်ဖုတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ ကြာရှည်ဖြစ်ခြင်း (သို့) ကုသပျောက်ကင်းအပြီး မှာ ပြန်ဖြစ်တယ်ဆိုရင် နာတာရှည်ရောဂါ ဖြစ်သွားနိုင်ပါတယ်။ Bullous Pemphigoid (ရှားပါးတဲ့ အရေပြားအရည်ကြည်ဖုထသော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက် ၆၀ အရွယ် အမျိုးသားတွေမှာ ပိုအဖြစ်များပြီး လူနာမှာ ကျန်းမာရေးမကောင်းရင် အန္တရာယ် ရှိတတ်ပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့အရာတွေကို လျှော့ချခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBullous Pemphigoid […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း