အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မျက်လုံးအလှခြယ်ပစ္စည်းအမျိုးမျိုး

ယခုအခါမျက်လုံးကိုအလှဖော်သည့်နည်းလမ်းအများအပြားရှိလာပြီးဖြစ်ပြီး ဖြည့်ပေးသော ဖေလာကနည်းလမ်းတစ်မျိုးဖြစ်သည်။ ဒီဆောင်းပါးသည် မျက်လုံးဖေလာပုံစံမျိုးစုံအကြောင်း သတင်းအချက်အလက်ပေးသည်။ ၁။ ဟိုင်ယာလူရိုနစ်အက်စစ် အရေးအကြောင်းဖြည့်ဖေလာများ။ အရေးအကြောင်းများကိုဖြည့်ပေးသော အသုံးများဆုံးအရာက ဟိုင်ယာလူရိုနစ်အက်စစ်ဖြစ်သည်။ ပုံစံတစ်ခုခြင်းဆီက တစ်မျိုးစီအလုပ်လုပ်ပြီး မတူညီသောရလဒ်များကိုပေးသည်။ ဆိုးကျိုးများကရှားသော်လည်းဆေးထိုးသောနေရာတွင် နီခြင်းယောင်ခြင်း များဖြစ်နိုင်သည်။ ဖြည့်စွက်ပေးသောထိုအရာများက အရေပြားပေါ်တွင် သေးငယ်သောအမာရွက်များအဖြစ်ကျန်နိုင်သည်။ အချိန်နှင့်အမျှတိုးတက်လာသော်လည်း ပြသာနာတစ်ခုအဖြစ်ရှိနေသေးသည်။ ထိုရလဒ်သည် လပေါင်းများစွာမှ တစ်နှစ်နှစ်နှစ်ထိခံနိုင်သည်။ အချို့သောလေ့လာချက်များအရ ခဏခဏထိုးခြင်းကြောင့် ခန္ဓါကိုယ်မှ သဘာဝအတိုင်း ကောလန်းဂျင်းကိုထွက်လာစေသည်ဟုဆိုသည်။ ထိုအရာက သကြားဓါတ်နှင့် အရေးအကြောင်းများကိုနည်းအောင်ကီူပေးသည်။ အချို့သောသက်သေပြချက်က တဖြည်းဖြည်းချင်း တူညီသောပုံရအောင်လိုအပ်သော ဖြည့်စွက်အာဟာရနည်းလာလိမ့်မည်ဟုဆိုသည်။ ဟိုင်ယာလူရိုးနစ်အက်စစ် အရေးအကြောင်းဖြည့်စွက်ခြင်းတွင် ဘဲလန့် ဟိုင်လာဖောင် ဂျူဗီဒန် ဘိုလူမာ အိပ်စီ ဂျူဗီဒန် အိပ်စီ ဂျူဗီဒန် အထရာအိပ်စီ ဂျူဗီဒန် ဘိုဘဲလာအိပ်စီ ပရီဘဲလာစစ် ရက်စတာလိမ်း ရက်စတာလိမ်းအယ် ရက်စတာလိမ်းလိစ် ရက်စစ် ရက်စတာလိမ်း ရီဖိုင် ရက်စတာလိမ်း ဒီဖိုင် […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်သောအသားအရေအကြောင်းသိကောင်းစရာ

မျက်နှာအဆီပြန်သောကြောင့်သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကိုဖြေရှင်းမည်ဆိုလျှင် အဆီပြန်သောအသား အရေဆိုတာဘာလဲ၊ ဘယ်အရာတွေကအဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာသင့်ပုံစံကိုဘယ်လိုပြောင်းလဲစေသလဲ စသည်ကိုနားလည်ရန်လိုအပ်ပါလိမ့်မယ်။ အဆီပြန်သောအသားအရေဆိုတာဘာလဲ။ အဆီပြန်သောအသားအရေဆိုသည်မှာ နဖူး၊ ပါး၊ နှာခေါင်း နှင့်မေးစေ့တွင် အဆီပြန်ခြင်းကိုဆိုလိုပါတယ်။ မျက်နှာသစ် ပြီးမကြာမီအဆီပြန်ကာ လက်ဖြင့်ကိုင်လိုက်သောအခါတွင် စေးကပ်ကပ်ခံစားမှုမျိုးခံစားရမှာပါ။ အဆီပြန်သောအသားအရေသည်အထူးသဖြင့်အမျိုးသမီး ငယ်များတွင်အဖြစ်များပြီး အရေပြားထိန်းသိမ်းရာတွင်အ ခက်အခဲဖြစ်နိုင်ပါတယ်။ ဘာကြောင့်အဆီပြန်ပါသလဲ။ အဆီကိုအရေပြားထဲရှိအဆီဂလန်းမှထုတ်လုပ်ပေးပါတယ်။ အရေပြားကိုမခြောက်သွေ့အောင်နှင့် ပျော့ပျောင်းစေရန် ခန္ဓါကိုယ်မှပြုလုပ်ပေးသောပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ သို့သော်လည်းအဆီဂလန်းကလိုအပ်တာထက်ပိုအဆီပို ထုတ်လုပ်မိပါကအဆီပြန်ခြင်းကိုဖြစ်စေပါတယ်။ လေ့လာမှုများအရအဆီဘယ်လောက်ထုတ်မည်ကိုမျိုးရိုးက အဓိကဆုံးဖြတ်ပါတယ်။ ကျွန်ုပ်တို၏့အသားအရေအမျိုးအ စားသည်မိဘမျိုးရိုးနှင့်တူနေတတ်ပါတယ်။ ထို့ပြင်အဆီထုတ်လုပ်မှုကိုပြောင်းလဲစေနိုင်သောအကြောင်း အရာများစွာရှိပါတယ်။ ၎င်းတို့မှာ- ဟော်မုန်း လူပျို၊ အပျိုဖော်ဝင်ချိန်တွင် အသားအရေသိသိသာသာ ပြောင်းလဲသွားသည်ကိုသင်သိပါသလား။ ယင်းအချိန်တွင် ဟော်မုန်းအပြောင်းအလဲကြောင့်အဆီထုတ်လုပ်မှု ကိုမထိန်းချုပ်နိုင်ဘဲအဆီပြန်စေပါတယ်။ ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန် နှင့် ရာသီလာချိန်တွင်လည်းဖြစ်ပေါ်နိုင်ပါ တယ်။ အစားအစာ အစားအစာများကလည်းသင့်အသားအရေကိုကောင်းကျိုး ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ junk food၊ သကြား စသည်တို့စားသုံးမည့်အစား အဆီထုတ်လုပ်မှုနည်းစေသော ဗီတာမင် B2နှင့် B5လုံလောက်စွာပါဝင်သောအစားအစာကို စားသုံးသင့်ပါတယ်။ စိတ်ဖိစီးမှုများခြင်း စိတ်ဖိစီးမှုများပါက androgen ဟော်မုန်းကိုအများအပြား […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပြန်လည်ပြုပြင်ရာတွင် စဉ်းစားသင့်သော အချက်များ

အရေပြားပြုပြင်ခြင်းဟာ အသားအရေကို တောက်ပြောင်ပြီး နူးညံ့စေဖို့ အထောက်အကူပြုစေတဲ့ ကုသမှုပဲ ဖြစ်ပါတယ်။ အရေပြားကုသမှုမပြုခင် သင့်ရဲ့ အသားအရေ အမျိုးအစားနဲ့ ပတ်သက်ပြီး ဆရာဝန်၊ ဒါမှမဟုတ် အသားအရေကျွမ်းကျင်သူတဦးဦးနဲ့ တိုင်ပင်သင့်ပါတယ်။ သင့်အရေပြားကို ပြန်လည်နုပျိုအောင်ဖန်တီးဖို့ သင့်တော်သလားဆိုတာ သိနိုင်ဖို့ အောက်ပါအချက်အလက်များကို လေ့လာကြည့်ပါ။ မျက်နှာအသားအရေပြန်လည်ပြုပြင်ခြင်းဟာ ဘယ်လိုအထောက်အကူပြုသလဲ အသားအရေကို ပြန်လည်ပြုပြင်ခြင်းမပြုခင် အရေပြားအထူးကုဆရာဝန်ဟာ အရေပြားကို သေချာစစ်ဆေးပါလိမ့်မယ်။ ဒီနည်းလမ်းနဲ့ သင့်တော်မယ်လို့ အတည်ပြုပြီးရင် စတင်နိုင်ပါတယ်။ ဒါပေမယ့် ပိုကြီးတဲ့ အရေးအကြောင်းတွေ၊ ဝက်ခြံအမာရွတ်တွေအတွက် တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ သင့်အရေပြားပြန်လည်နုပျိုဖို့အတွက် အကောင်းဆုံး နည်းလမ်းတခုကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ ပိုးဝင်ခြင်း၊ အရေပြားယားယံခြင်း၊ အမာရွတ်ဖြစ်ခြင်း စတဲ့မလိုလားတဲ့အရာတွေကို လျှော့ချနိုင်စေပါတယ်။ အောက်ပါအရေပြားပြသနာတွေကို သေချာလေ့လာပြီး ဒီနည်းလမ်းတွေ သင့်မသင့် ဆုံးဖြတ်ရပါမယ်။ အရေးအကြောင်းများ ပုံသေဖြစ်ပေါ်ခြင်း မျက်နှာပေါ်မှာ အရေးအကြောင်းတွေမြင်ရပြီး မျက်နှာလှည့်ပြောင်းတဲ့အခါ အပြောင်းအလဲ မရှိပါဘူး။ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေပြန်လည်ပြုပြင်သော နည်းလမ်းများအကြောင်း

အရေပြားဟာ ကိုယ်ခန္ဓါရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဒိုင်းသဖွယ် ကာကွယ်ထားပါတယ်။ အိုမင်းလာတဲ့ အရေပြားဟာ အိုမင်းလာတဲ့ ဆဲလ်အလွှာများနဲ့အတူ ထူထဲကာ အရေးအကြောင်းများ၊ ချိုင့်ခွက်များ ဖြစ်ပေါ်လာပါတယ်။ ဒီပြသနာအတွက် ဖြေရှင်းနည်းကတော့ အရေပြားကို အသစ်ပြန်လည်ဖြစ်စေဖို့ပါပဲ။ အရေပြားကို အသစ်ပြန်လည်ပြုပြင်ခြင်းအကြောင်း တီးခေါက်မိနိုင်ဖို့ ဒီဆောင်းပါးကို ဆက်လက်ဖတ်ကြည့်ပါ။ အရေပြားအသစ်ပြန်လည်ဖြစ်စေခြင်းဆိုတာ ဟောင်းသွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေနဲ့ အစားထိုးစေပြီး အသားအရေကို နုပျိုပြီး ချောမွေ့စေခြင်းပါပဲ။ ဒီနည်းလမ်းမှာ ကော်လဂျင်အမျှင်တွေကို ပြန်လည်ထုတ်လုပ်ခြင်းလည်း ပါဝင်ပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး အပေါက်ကလေးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ အရေပြားမှာ အပေါ်ယံအလွှာ၊ ဒုတိယအလွှာ၊ အောက်ဆုံး တစ်သျှူးအလွှာဆိုပြီး ၃ပိုင်းရှိပါတယ်။ အပေါ်ယံအလွှာဟာ နေ့စဉ် ဆဲလ်အသစ်တွေ မွေးထုတ်ပေးပါတယ်။ ဒါပေမယ့် ဆဲလ်အဟောင်းတွေကို မဖယ်ထုတ်နိုင်ရင် အသစ်ဖြစ်တာ နည်းပါတယ်။ တချို့ကုန်ပစ္စည်းတွေဟာ ဆဲလ်အသေတွေ ဖယ်ရှားပေးဖို့၊ ဆဲလ်အသစ်တွေဖြစ်လာစေဖို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင်္ကြန်ရေပက်ခံပြီးနောက် ပျက်စီးသွားတဲ့ဆံသားကို ဘယ်လိုထိန်းသိမ်းမလဲ

သင်္ကြန်ချိန်ခါ ရေဆော့ကစားကြတဲ့ လေးရက်တာ ကာလလေးမှာတော့ လူတိုင်းက ခေါင်းကနေ ရေလောင်းချင်ကြတာချည်းပါပဲ။ ဒါက ဆံပင်တိုတဲ့ ကောင်လေးတွေအတွက်တော့ ပြဿနာ အေးပေမယ့် ဆံပင်ကို တယုတယလုပ်ထားတဲ့ မိန်းကလေးတွေအတွက်တော့ ရေစိုစိုမှာ ဆံသားတွေ ပျက်စီးတာက ပြဿနာ တစ်ရပ်သဖွယ်ပါပဲ။ သင်္ကြန်မှာ ပက်တဲ့ရေတွေက မသန့်တာလည်း ဖြစ်နိုင်တာမို့ ဆံသားပျက်စီးဖို့က ပိုလွယ်ကူပါတယ်။ သင်္ကြန်ရေတွေစိုလိုက်၊ ခြောက်သွားလိုက်နဲ့ ဖြစ်မှာမို့ ဆံသားလေးတွေ ကြမ်းသွားတာမျိုး၊ ခြောက်သွေ့ပြီး ကပ်စီးစီးဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအတွက် နည်းလမ်းကောင်းလေးကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ကာကွယ်နည်း မိန်းကလေးတို့ရေ သင်္ကြန်မှာ ရေအများကြီး ဆော့ချင်တယ်၊ ဆံပင်တော့ အရမ်းပျက်စီးသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ရေပက်ခံထွက်တဲ့အခါ ခေါင်းစွပ်ပါတဲ့ အပေါ်ထပ်အင်္ကျီ၊ ဦးထုပ်လေးတွေ ဝတ်ဆင်ပါ။ ဖက်ရှင်လေးကျချင်တယ်ဆိုရင်တော့ ပဝါလေးတွေကို ခေါင်းမှာ စည်းတာမျိုး လုပ်ပါ။ ဒါက […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်မှာ ရေကြောင့်ဖြစ်နိုင်တဲ့ အရေပြားရောဂါပြဿနာများနှင့် ကာကွယ်ပုံနည်းလမ်းများ

သိပ်မကြာခင်မှာမြန်လူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကရောက်လာတော့မယ်နော်။ လူငယ်တွေကတော့ လူငယ်ပီပီ သင်္ကြန်မျာပျော်ကြကဲကြမှာပေါ့။ ရိပ်သာဝင်တာ သာသနာ့ဘောင်ဝင်တာတွေလည်းရှိနိုင်ပါတယ်။အခုဒီဆောင်းပါးကို ဖတ်နေတဲ့ ပရိသတ်ရော သင်္ကြန်မှာဘာတွေလုပ်မယ်လို့ စဉ်းစားထားလဲ။ သင်္ကြန်ကို ကားနဲ့လည်မှာလား၊ မဏ္ဍပ်ထိုင်မှာလား။ ဒီနှစ်ခုထဲက ဘယ်တစ်ခုခုရွေးရွေး သင်္ကြန်ရေကတော့ စိုမှာအသေအချာပါပဲ။ သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်လို့ သီချင်းလေးတောင်ရှိသေးတယ်နော်။ အခုခေတ်မှာရော သင်္ကြန်ရေက အန္တရာယ်ကင်းလား၊ သင်္ကြန်ရေတိုင်းကရော သန့်ရဲ့လား။ သင်္ကြန်အတွင်းမှာရေပက်ခံရင်ပဲဖြစ်ဖစ်၊ရေပက်ရင်ပဲဖြစ်ဖြစ်ရေအမျိုးစုံနဲ့ထိတွေ့တာနဲ့နေဒဏ်၊လေဒဏ်တွေကြောင့် အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။ သင်္ကြန်ရေက အန္တရာယ်ကင်းလား သင်္ကြန်မှာရေတိုင်းက အန္တရာယ်မကင်းပါဘူး။ရေတွေမသန့်တဲ့အခါ အရင်ဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားပါ။ သင်္ကြန်မှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေအများကြီးရှိနိုင်ပါတယ်။ အရေပြားနေလောင်ပျက်စီးခြင်း တစ်နှစ်မှာ တစ်ခါပဲကြုံရတာဆိုပြီး သင်္ကြန်ကို မနက်ကစလို့ ညနေအထိတစ်နေကုန်အောင်လည်ကြပျော်ကြတာများမယ်ထင်ပါတယ်။ ဒီလိုလည်တဲ့အခါ သင်္ကြန်လည်တာပဲရေစိုရင် အရေပြားပေါ်မှာလူးထားတာတွေမထူးဘူး ပျက်သွားမှာပဲလို့တွေးပြီး ဘာမှမလူးဘဲ လည်မလို့စဉ်းစားနေလား။ သင်္ကြန်မှာနေလောင်ဒဏ်ခံရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။သေချာတာက သင်္ကြန်လည်ပါတယ်ဆိုမှ ဘယ်သူမှ ကားကိုအလုံပိတ်ပြီး မလည်ဘူးလေ။ ဒီလိုပဲ […]


ဝက်ခြံ

အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ်

အာလူးလေးကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပပ်၊ သခွားသီးတွေနဲ့ ပေါင်းတင်ကြတာများပါတယ်။ ခု အာလူးလေးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။ အာလူးမှာ Catecholase အင်ဇိုင်းဓါတ်တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေလည်း ပျောက်ကင်းစေပါတယ်။ အာလူးမှာ ပိုတက်စီယမ်တွေလည်း ပါဝင်တာကြောင့် ရေဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။ ဗီတာမင် B 6 ကတော့ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုကတော့ အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့အပြင် အပေါ်ယံ အရေပြား ထိခိုက်မှုလည်း လျှော့နည်းစေပါတယ်။ မဂ္ဂနီဆီယမ်ကတော့ မျက်ကွင်းညိုတာတွေကို လျှော့နည်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အသားအရေကို ကြည်လင်တောက်ပစေပြီး မျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ များစွာ […]


ဝက်ခြံ

မိတ်ကပ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင်

မိန်းကလေးတိုင်းလိုလို လှလှပပလေး နေချင်ကြပါတယ်။ မိန်းကလေးတိုင်း လှအောင်လည်း အလှပြင်ကြတာချည်းပါပဲ။ အလှအပအတွက် skin care လည်း လုပ်တယ်၊ မိတ်ကပ်နဲ့ အစားအသောက်လည်း ဂရုစိုက်ပါလျက်နဲ့ မျက်နှာမှာ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေ ရှိနေတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။ တကယ်တော့ မျက်နှာလေး လှချင်တယ်ဆိုရင် Skin care တွေအပြင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကိုပါ သန့်ရှင်းအောင် ထားဖို့လိုပါတယ်။ မိတ်ကပ်ပေါင်ဒါမှုန့်ဗူးတွေ ဝယ်တဲ့အခါမှာ လိမ်းတဲ့ တို့ဖတ်လေးတွေ တပါတည်း ပါလာပြီးသားပါ။ မိန်းကလေးတော်တော်များက မိတ်ကပ်ကုန်မှ တို့ဖတ်ကိုပါ လွှင့်ပစ်လေ့ ရှိပါတယ်။ တကယ်တော့ မိတ်ကပ်မကုန်ခင်မှာ တို့ဖတ်ကို လဲလှယ်ပေးတာမျိုး လိုပါတယ်။ အနည်းဆုံးတော့ အရောင်လေး နည်းနည်း ညစ်ထေးလာတာနဲ့ လျှော်တာမျိုး သန့်ရှင်းရေး လုပ်ပေးပါ။ တို့ဖတ်နည်းတူပါပဲ မျက်နှာပေါ်ကို ထိတွေ့တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်မှာကဲတဲ့အခါ

သင်္ကြန်မှာကဲတဲ့အခါ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေသာမက မြန်မာနိုင်ငံရောက် နိုင်ငံခြားသားတွေပါ ပျော်ပျော်ပါးပါးကြီး ပါဝင်ဆင်နွှဲကြတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲကြီးကတော့ တစထက်တစ နီးကပ်လို့ လာပါပြီ။ သင်္ကြန်ရေဆိုတာ "အန္တရာယ်ကင်းတယ် ပက်စမ်းခင်ရယ်" ဆိုပေမယ့်လည်း ရာတီဥတုကလည်း တနေ့တခြား ပိုပိုပြင်းလာတာမို့ အသက်ဉာဏ်စောင့်ဆိုသလို သင်္ကြန်ရေကစားတဲ့အခါ အသိသတိလေးနဲ့ယှဉ်ပြီး ချင့်ချိန်နေထိုင် သွားလာဆော့ကစားဖို့ အထူးပဲ အရေးကြီးပါတယ်။ လူကြီး၊လူငယ် အရွယ်သုံးပါးမရွေး ပျော်ကြတဲ့ ဒီပွဲတော်ကြီးမှာ အပျော်ကနေ အပျက်မဖြစ်စေဖို့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် အောက်ဖော်ပြပါ အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။ ၁။ အဝတ်အစား သင်္ကြန်မှာ အပြင်ထွက်ပြီဟေ့ဆိုတာနဲ့ နေဒါဏ်၊ရေဒါဏ်တွေကို ခံရတော့မှာမို့ အပူစုပ်တဲ့ အနက်ရောင်လို အဝတ်အစားမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ပြီး အရောင်လွင်လွင် အဝတ်အစားလေးတွေကို ဝတ်ပေးဖို့ လိုပါလိမ့်မယ်။ သင်္ကြန်ဆိုတော့ အရောင်ပြူးပြူးပြဲပြဲ လွင်လွင်ကြီးတွေ ဝတ်လို့လည်း ကြောင်တောင်တောင်ဖြစ်နေစရာမလိုဘူးဆိုတော့ အိုကေပဲပေါ့။ […]


ဝက်ခြံ

ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ်

ရေခဲကို တော်တော်များများကတော့ ဒဏ်ရာအနာတရ ဖြစ်တဲ့အခါ ယောင်ရမ်းတာတွေ မရှိစေဖို့ ကပ်ကြသလို အအေးထဲ ထည့်ဖျော်ကြတာလည်း ရှိပါတယ်။ တကယ်တော့ ရေခဲကို အလှအပအတွက် သုံးပေးလို့ ရပါသေးတယ်။ ရေခဲမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေဟာ မျက်နှာလေး လှပဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါဆိုရင်တော့ ရေခဲက မျက်နှာလေးလှဖို့ ဘာတွေ အသုံးဝင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။ မျက်ကွင်းညိုခြင်း မျက်ကွင်းညိုခြင်း ဖြစ်ရခြင်းဟာ သွေးလည်ပတ်စီးဆင်းမှုမှာ ပြဿနာရှိတာကြောင့် ဖြစ်ပါတယ်။ ဒီလို မျက်ကွင်းညိုတာတွေအတွက်လည်း ကောင်းမွန်တဲ့ skin careတွေ သုံးလို့ ရသလို ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။ ရေခဲအတုံးသေးလေးတွေ ပြုလုပ်တဲ့အခါမှာ ရေခဲပြုလုပ်မယ့် ရေထဲကို နွားနို့လေး နည်းနည်းလောက်ထည့်ပေးပါ။ နွားနို့နည်းနည်းပါဝင်တဲ့ ရေခဲတုံးလေး ရပြီဆိုရင်တော့ ရေခဲတုံးကို ပလတ်စတစ် ဒါမှမဟုတ် အဝတ်စတစ်မျိုးမျိုးလေးနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း