အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မျက်ခုံးတက်တူးထိုးခြင်းအကြောင်း သိထားသင့်သမျှ

အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက်မဖြစ်မနေခွဲစိတ်ပြုပြင်တာမျိုးတွေတင်မဟုတ်ဘဲ အလှအပအတွက် ခွဲစိတ်ပြုပြင်တာတွေတောင်ရှိလာနေပါတယ်။ အလှအပအတွက်ပြုပြင်ဖန်တီးမှုတွေကလည်း တိုးတက်လာတဲ့ခေတ်နဲ့အညီ အမှီတိုးတက်လာတယ်လို့ပဲပြောရမလားပါ။ မျက်လုံး မျက်ရစ်ဖော်တာ၊ မျက်ခုံးတက်တူးထိုးတာ၊ နှာတံဖော်တာ၊မေးရိုးကို V shape လုပ်တာ၊ အမာရွတ်ဖျောက်တာတွေအပြင် အမျိုးမျိုးသောခွဲစိတ်ပြုပြင်မှုတွေကိုပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။ အခုတစ်ခေါက်တော့ မျက်ခုံးကမလှလို့ ပါးလို့ဆိုပြီး စိတ်ညစ်နေတာကြောင့် မျက်ခုံးပြုပြင်ချင်သူတွေအတွက် မျက်ခုံးတက်တူးထိုးတာနဲ့ ပတ်သက်ပြီး သိသင့်သမျှတွေကိုပြောပြပေးချင်ပါတယ်။ မျက်ခုံးတက်တူးထိုးတယ်ဆိုတာက မျက်ခုံးတက်တူးထိုးတယ်ဆိုတာက ကြာရှည်ခံတာမျိုးတော့မဟုတ်ပမယ့် အချိန်အခိုက်အတန့်ခံတဲ့ အလှအပဆိုင်ရာပြုပြင်မှုတစ်ရပ်ပါ။ အရေပြားအပေါ်ယံအလွှာထဲကို ထိုးဖောက်ပြီး အရောင်ထည့်သွင်းတဲ့ အသေးစားအလှပြုပြင်မှုတစ်ရပ်ပါ။ ဒီထည့်သွင်းလိုက်တြ့ အရောင်က လူတစ်ယောက်ချင်းစီရဲ့ အရေပြားအမျိုးအစားပေါ်မူတည်ပြီး တစ်နှစ်ကနေ ၂ နှစ်လောက်အထိခံပါတယ်။ တစ်နှစ်ကျော် ၂ နှစ်လောက်ဖြစ်လာတဲ့အခါ အချိန်ကြာလာတာကြောင့်ကတစ်ကြောင်း နေရောင်နဲ့ထိတွေ့တာကြောင့်တစ်ကြောင်း မျက်ခုံးအရောင်က အစိမ်းရောင် ဒါမှမဟုတ် လိမ္မော်ရောင်ပြောင်းသွားတာမျိုးရှိနိုင်ပါတယ်။ မျက်ခုံးတက်တူးထိုးထားရင် အားသာချက်တစ်ခုကနေ့စဉ် မျက်ခုံးမွှေးဆွဲတာလိုမျိုးပြင်ဆင်မှုမလုပ်ရတာပါပဲ။ မျက်ခုံးတက်တူးထိုးတော့မယ်ဆိုရင် မျက်ခုံးတက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီလား လေဒီ။ ဒါလေးအရင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။ မျက်ခုံးတက်တူးက […]


ဝက်ခြံ

အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ

လူတိုင်း တစ်နေကုန်လန်းဆန်းတက်ကြွပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းကလီစာတွေ လည်ပတ်မှုကောင်းမွန်နေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ လိုပါတယ်။ ဒီလို အားပြည့်နေစေဖို့ ဖြည့်ဆည်းပေးနိုင်တာဟာ အစားအစာတွေပါပဲ။ ဒါကြောင့် ဘယ်လိုအစားအစာမဆို စားပေးဖို့ လိုပါတယ်။ အစားအစာတိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာနိသင်တွေရှိပြီးသားပါ။ ဒီထဲမှာ မန်ကျည်းသီးလည်း ပါဝင်ပါတယ်။ မန်ကျည်းသီးကို ဟင်းထဲ ထည့်ချက်ကြသလို ဖျော်ရည်ချဉ်ချဉ်လေးအဖြစ်လဲ စားသုံးကြပါတယ်။ မန်ကျည်းသီးက အလှအပအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးသလဲဆိုတာ မျှဝေလိုက်ပါတယ်။ ဝက်ခြံသက်သာစေခြင်း မန်ကျည်းသီးဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အသီးတွေ၊ အစားအစာတွေထဲမှာ နာမည်ကြီးတဲ့ အသီးတစ်မျိုးပါပဲ။ ဘာလို့လဲဆိုတော့ မန်ကျည်းသီးမှာ အမျှင်ဓာတ်တွေ များများ ပါဝင်တာကြောင့်ပါ။ မန်ကျည်းသီး နည်းနည်းလောက် စားသုံးပေးမယ်ဆိုရင်တောင် အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတက်စေပါတယ်။ အစာမြန်မြန်ကြေလွယ်အောင်လည်း […]


အသားအရေ ထိန်းသိမ်းခြင်း

အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ

အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ မျက်နှာမှာ ဆားဝက်ခြံ၊ တင်းတိပ်၊ အရေးအကြောင်း၊ အသားအရေမညီညာခြင်းနဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ သဘာဝနည်းလမ်းလေးတွေကို သတိရလိုက်ပါ။ သဘာဝ သရက်သီး ကို အသုံးပြုပြီး မျက်နှာရဲ့ အလှအပကို အနှောင့်အယှက်ပေးနေတဲ့ အပြစ်အနာအဆာတွေကို ဖယ်ရှားပစ်လိုက်လို့ ရပါတယ်။ သရက်သီး ကို ဘယ်လိုသုံးမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။ ဆားဝက်ခြံ သရက်သီးမှည့်ကို ဇွန်းတစ်ဇွန်းလောက် ယူပြီး ကျေညက်နေအောင် ချေထားပါ။ ပြီးရင် ပန်းကန်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နွားနို့အစိမ်း လက်ဖက်စားဇွန်း (၂) လောက်ကို ထည့်ပြီး ခုနက သရက်သီးမှည့်နဲ့ ရောမွှေလိုက်ပါ။ နှံ့သွားပြီဆိုတော့မှ ဆားဝက်ခြံတွေပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေအေးလေးနဲ့ ဆေးကြောပါ။ ဆားဝက်ခြံလေးတွေ သက်သာသွားမှာပါ။ အရေးအကြောင်း သရက်သီး မှာ ပါဝင်တဲ့ Collagen […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအဖို့ နေရောင်ခြည်နဲ့ မထိတွေ့ဘဲနေဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အိမ်ထဲမှာပဲနေတယ်ဆိုရင်တောင် ပြတင်းပေါက်တွေ၊ မှန်တွေကနေတဆင့် ဝင်လာတဲ့ နေရောင်ခြည်တွေကို ရှောင်လွဲလို့မရဘဲ ထိတွေ့မိမှာသေချာပါတယ်။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အများကြီးထိတွေ့မိရင်တော့ နေလောင် တာနဲ့ အရေပြားပြဿနာအမျိုးမျိုးကို ခံစားရမှာ မလွဲပါဘူး။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေပါတယ်။ နေလောင်တဲ့အခါ အသားအရေက အရောင်ပြောင်းသွားတာမျိုးရှိနိုင်သလို အရေပြားမှာ အဖုအပိမ့်ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိုးရွာတဲ့နေ့၊ တိမ်ထူတဲ့နေ့တွေမှာတောင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မိနိုင်တယ်ဆိုတာကိုတော့မေ့လို့မဖြစ်ပါဘူး။ နေလောင်ဒဏ်ကြောင့် အရေပြားထိခိုက်ပျက်စီးတဲ့အခါ အသားအရောင်မညီမညာနဲ့ ကြည့်ရတာ အဆင်မပြေပါဘူး။ ခရီးသွားပြီးလို့ပဲဖြစ်ဖြစ်၊ နေရောင်ထဲမှာ အကြာကြီးနေမိတာနဲ့ နေဒဏ်လေဒဏ်တွေကြောင့် အသားအရေတွေ ခြောက်သွေ့ပျက်စီးသွားတဲ့အခါ သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေရှိမယ်ဆိုရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ နည်းလမ်းလေးတွေ ပြောပြမယ်နော်။ နေလောင် တာကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုထိန်းသိမ်းမယ် နေလောင်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

Spa မှာပြုလုပ်သလို ခြေချောင်းလေးတွေ ဖြူပြီး ကြည်လင်စေဖို့ နည်းလမ်းကောင်းများ

ခြေဖဝါးတစ်ခုလုံးတင် မဟုတ်ဘဲ ခြေချောင်းလေးတွေပါ ဖြူပြီး ခြေသည်းလေးတွေကအစ ကြည်ကြည်လင်လင်လေးတွေဆိုရင် စီးထားတဲ့ ဖိနပ်လေးနဲ့ တော်တော်လေး လိုက်ဖက်လှပနေမှာပါ။ ကိုယ့်ရဲ့ခြေထောက်မှာ ခြေသည်းနီဆိုးထားတယ်ဆိုရင်တောင် ခြေချောင်းလေးတွေက ဖြူနေတာမို့ အရမ်းလှပတဲ့ ခြေတစ်စုံ ဖြစ်နေမှာပါ။ ဘယ်အချိန်ဘယ်သူကပဲ ကြည့်လိုက် ကြည့်လိုက် ခြေချောင်းလေးတွေမှာ ချေးညှော်ကင်းပြီး ဖြူစင်လှပနေဖို့ဆိုတာ နည်းနည်းလေးတော့ ဂရုစိုက်ဖို့ လိုပါတယ်နော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်လို့ ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ ပထမဆုံး အနေနဲ့တော့ ဇလုံထဲမှာ ရေနွေးလေးနဲ့ ရေအေး နည်းနည်းလောက် ရောစပ်လိုက်ပါ။ နောက်တော့ ဆားအနည်းငယ်ထည့်ပြီး အအေးခံထားပါ။ ခြေချောင်းလေးတွေ စိမ်ထားနိုင်တဲ့ အပူအနေအထားကို ရောက်လာပြီဆိုရင်တော့ စိမ်ထားပါ။ (၁၀) မိနစ်ဆိုရင် ရပါတယ်။   ဒီလို စိမ်ထားပေးခြင်းက ခြေထောက်မှာ ရှိတဲ့ အဆီပြန်ခြင်း၊ ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ပြီးရင်တော့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Male pattern baldness (ထိပ်ပြောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။ထိပ်ပြောင်ခြင်းဆိုတာဘာလဲ။ ထိပ်ပြောင်ခြင်းဆိုတာကိုဆံပင်ပါးခြင်းတစ် မျိုးလို့ခေါ်ပြီးအမျိုးသားတွေမှာအတွေ့ရအများဆုံးဆံပင် ကျွတ်မှုတစ်ခုဖြစ်ပါတယ်။ ထိပ်ပြောင်ခြင်းကိုအတွေ့ရများသလား။ အရမ်းကိုအတွေ့ရများပါတယ်။ များသောအားဖြင့် အမျိုးသားတွေကအမျိုးသမီးတွေထက်ပိုဖြစ်တတ်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများ။ထိပ်ပြောင်ခြင်းရဲ့ လက္ခဏာတွေ ကဘာတွေလဲ။ ထိပ်ပြောင်ခြင်းရဲ့ပုံစံကတော့ ဆံစပ်ကနေစတတ်ပါတယ်။ ဆံ ပင်ရဲဆံစပ်ကနေပြီး ခေါင်းနောက်ဘက်ကို ဆုတ်သွားတတ် ပါတယ်။ ပြီးတော့ Mပုံစံဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းကျ ရင် ဆံပင်က ပါးလာမယ် တိုလာမယ် ပြီးတော့ မြင်းခွာပုံလို မျိ ုးဖြစ်ပြီးဆံပင်တွေက ဘေးနှစ်ဘက်မှာပဲကျန်နေတဲ့ပုံဖြစ် လာပါလိမ့်မယ်။ (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။ ဖြစ်ပွားမှုအကြောင်းရင်းများ။ထိပ်ပြောင်ခြင်းကို ဘယ်အကြောင်းအရင်းတွေကဖြစ်စေတာလဲ။ ထိပ်ပြောင်ခြင်းဆိုတာဟာ မျိ ုးရိုးလိုက်လို့ သို့မဟုတ် မိသား စုဝင်တွေထဲက ရှိလို့ဆိုပြီး ဖြစ်တာကတော့အကြောင်းတစ် ရပ်အနေနဲ့ရှိပါတယ်။ လေ့လာသူတွေတွေ့ရှိချက်အရကတော့ ထိပ်ပြောင်ခြင်းဟာ ယောင်္ကျားဟော်မုန်းတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ဆိုပါတယ်။ အန်ဒရိုဂျင်လို့ခေါ်တဲ့ ယောင်္ကျားဟော် မုန်းဟာ လုပ်ငန်းတွေအများကြီးကို လုပ်ဆောင်ပါတယ် ဆံပင်ကြီးထွားမှုနေရာမှာပါဝင်နေပါတယ်။ သင့်ခေါင်းပေါ်က ဆံပင်တစ်မျှင်ချင်းစီဟာကြီးထွားမှု စက်ဝန်းတစ်ခုစီရှိကြပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ

မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ ပျားရည်ချိုချိုလေးတွေကို စားပဲစားကြတာလား၊ ပျားရည်ချိုချိုလေးက ပျိုမဒီလေးရဲ့ မျက်နှာကိုပါ လှပစေနိုင်ပါတယ်။ ဝက်ခြံ၊ အရေးအကြောင်း၊ အမဲစက်တွေကို ပျောက်ကင်းစေတဲ့အပြင် ကြည်လင်တောက်ပပြီး အသားအရေညီညာတဲ့ မျက်နှာပိုင်ရှင်းလေး ဖြစ်ဖို့ ပျားရည်က စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ ပျားရည်က အလှအပကို ဘယ်လိုအကျိုးပြုတာလဲ၊ လှပဖို့ ပျားရည်ကို ဘယ်လိုသုံးရမလဲဆိုတာ ပြောပြပေးမယ်နော်။ အစိုဓါတ်ရရှိစေခြင်း မျက်နှာနဲ့လေထိတွေ့တာတွေ များခြင်းကြောင့် မျက်နှာပြင် အလွှာတွေ ပျက်စီးပြီး အစိုဓါတ် ခမ်းခြောက်စေပါတယ်။ ဒီလိုပျက်စီးခြင်းကို ပျားရည်က ပြန်လည် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပထမဆုံး မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ ပျားရည်ကို မျက်နှာအနှံ့လိမ်းထားပါ။ (၁၅) မိနစ်လောက်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ ဒီလို တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် မျက်နှာမှာ အစိုဓါတ်လေးတွေ ရရှိလာမှာပါ။   ချွေးပေါက်ကျယ်ခြင်း ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းဓါတ်တွေက […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ရွေးမယ်ဆိုရင်

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ရွေးမယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့နေရာမှာ အောက်ခံမိတ်ကပ်က အခြေခံကျတဲ့ အဓိက အရာပါနော်။ အောက်ခံမိတ်ကပ်ကောင်းမှ အပေါ်က တခြားအလှပြင်ပစ္စည်းတွေရဲ့ အလှအပလည်း ပေါ်လွင်မှာပါ။ အောက်ခံမိတ်ကပ် မကွက်အောင်၊ ပြာနှမ်းနေတာမျိုး မဖြစ်အောင်၊ အောက်ခံမိတ်ကပ်ကြောင့် အသားအရေ ပျက်စီးထိခိုက်တာတွေ မဖြစ်စေဖို့အတွက် အောက်ခံမိတ်ကပ် ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ အောက်ခံမိတ်ကပ်ရွေးချယ်လို့ရမယ့် နည်းလမ်းလေးတွေကို Hello ဆရာဝန်ကနေ မျှဝေလိုက်ပါတယ်။ ဝက်ခြံထွက်တဲ့ အသားအရေ ဝက်ခြံထွက်တဲ့ အသားအရေဆိုရင်တော့ အစိုဓာတ်များများ ပါတဲ့ အောက်ခံမိတ်ကပ်တွေအစား ခြောက်သွေ့မှုကို ပေးစွမ်းနိုင်တဲ့ မိတ်ကပ်ကို ရွေးရမှာပါ။ salicylic acid နည်းနည်းပါဝင်တဲ့ အောက်ခံမိတ်ကပ်ဆိုရင် ဝက်ခြံထွက်ခြင်းတွေကို လျှော့ချပေးပါတယ်။   အရေးအကြောင်းရှိတဲ့ အသားအရေ အရေးအကြောင်းရှိတဲ့ အသားအရေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အစိုဓာတ်ပါတဲ့ အောက်ခံမိတ်ကပ်လေး ရွေးပေးပါ။ ရေဓာတ်ရရှိခြင်းက အရေးအကြောင်းတွေကို သက်သာစေပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ ရာသီဥတုတွေကြောင့် အသားအရေ ပျက်စီးမှုက အနည်းနဲ့အများတော့ ရှိကြပါတယ်။ အေးလွန်းတဲ့ ဆောင်းရာသီမှာဆိုရင်တော့ အသားခြောက်တာ၊ အသားပတ်တာနဲ့ အသားအရေ အက်ကွဲတာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေ ထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အရေပြားအပေါ်ကို နေရောင်ခြည်ထိတွေ့တာကြောင့်ပါ။ ခုဆိုရင်နွေရာသီက တော်တော်လေး ပူလာပြီဆိုတော့ အသားအရေ မပျက်စီးဖို့အတွက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ ဘယ်လိုတွေ ထိန်းသိမ်းရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။ (၁) ရေအဝသောက်ပါ နွေရာသီမှာ အသားအရေခြောက်သွေ့တာတွေကို ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းတဲ့ရေ များများ သောက်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်။ ရေက အစိုဓါတ်ပေးစွမ်းနိုင်တာမို့ အသားအရေ ကြည်လင်နေစေမှာပါ။ ရေဓါတ်များများ ပါဝင်တဲ့ အသီးအနှံစားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာ- ဖရဲသီး။ (၂) သန့်စင်ပါ နွေရာသီဟာ တခြားရာသီတွေထက် ဖုန်၊ သဲ […]


အခြားအရေပြားပြဿနာများ

နွေရာသီမှာ ကြုံတွေ့ရမယ့် မိတ်ရောဂါ

နွေရာသီမှာ ကြုံတွေ့ရမယ့် မိတ်ရောဂါ မိတ်ဆိုတာ ပူပြင်းတဲ့ရာသီရောက်ရင် ခန္ဒါ ကိုယ် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အဖုလေးတွေပါ။ ပူတဲ့အခါ ချွေးထွက်တယ်… တချို့ချွေးတွေက အပြင်ကို အကုန်အစင် မထွက်နိုင်ဘဲ အရေပြားအောက်မှာ စုပုံပိတ်မိရာကနေ မိတ်ရောဂါ စဖြစ်တော့တာပါပဲ။ ယားတတ်တဲ့သဘောရှိပြီး ကလေးရော လူကြီးမှာပါ ဖြစ်တတ်ပေမယ့် ကလေးတွေမှာတော့ပိုအဖြစ်များပါတယ်။ အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး လည်ပင်း၊ ပုခုံးနဲ့ ရင်ပတ်၊ ကျောကုန်းတွေမှာ ပိုအဖြစ်များတာပါ။ ချိုင်းလိုနေရာတွေနဲ့ ခန္ဒါကိုယ် ပွတ်တိုက်မှူများတဲ့နေရာတွေမှာလဲ ဖြစ်တတ်ပါတယ်။ တခါတလေမှာတော့ အနီရောင်အဖုသေးတင်မက အရည်ကြည်ဖုသေးသေးလေးတွေစုနေတဲ့ ပုံစံမျိုးလဲ ဖြစ်တတ်ပါတယ်။   ဘယ်လိုအရာတွေက မိတ်ထွက်ဖို့ လှူံ့ဆော်သလဲ ပူအိုက်စိုစွတ်တဲ့ရာသီဥတုက အဓိက ပါပဲ။ ပူတဲ့ဒဏ်ကို အံတုဖို့အတွက် ခန္ဒါကိုယ်ကနေ ချွေးထွက်ရပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်တာ များတဲ့အခါ ချွေးဂလင်းတွေလည်း ပိုများလာပါတယ်။ အဲဒီအခါ ချွေးထွက်တဲ့ပြွန်လေးတွေ ပိတ်ဆို့ပြီး ချွေးဟာ အရေပြားအောက်မှာ ပိတ်မိပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း