အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံကို ဘယ်လိုကုသမလဲ

ဝက်ခြံဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ပေါက်လေ့ရှိပြီး ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေနိုင်တဲ့အတွက် ဝက်ခြံပေါက်လာပြီဆိုရင် အမြန်ဆုံးပျောက်ချင်ကြတာ သဘာဝပါပဲ။ ဝက်ခြံကို ဘယ်လိုထိထိရောက်ရောက် ကုသရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အခြေခံအကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကုသမှု၏ ရည်ရွယ်ချက်များ ဝက်ခြံကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အနာကျက်ဖို့၊ ဝက်ခြံဖု အသစ်ထပ်မထွက်ဖို့၊ အမာရွတ်မထင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ အတတ်နိုင်ဆုံး လျော့နည်းစေဖို့ပဲ ဖြစ်ပါတယ်။ အပျော့စား ဝက်ခြံပြဿနာကို ဘယ်လိုကုသရမလဲ အပျော့စား ဝက်ခြံပြဿနာဆိုတာ ဆားဝက်ခြံ၊ အမည်းစက်တွေနဲ့ အသေးစား ဝက်ခြံဖုများထွက်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ ဒီပြဿနာဖြစ်လာရင် အရေပြားကို ရေနွေး၊ အပျော့စား သန့်စင်ဆေးတွေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။ သင့်မှာဖြစ်နေတဲ့ အခြေအနေကိုလိုက်ပြီး ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ အသုံးပြုဖို့ လိုမှာဖြစ်ပါတယ်။ ၎င်းဆေးဝါးတွေကို […]


ဆိုရီရေးစစ်ရောဂါ

Psoriasis အရေပြားရောဂါအတွက် ရောင်ခြည်ပြကုသမှု

Psoriasis သည် အရေပြား ယားယံပြီး အင်ပြင်ထကာ အရေပြား တွင် အဖြူရောင် သို့မဟုတ် ငွေရောင် အနာဖေးများ ဖြစ်လာသည့် အရေပြား ရောဂါဖြစ်ပါသည်။ နာတာရှည်ရောဂါ ဖြစ်ပြီး ရောဂါ လက္ခဏာများမှာ ပျောက်လိုက်ပေါ်လိုက်နှင့် တသက်လုံး ဖြစ် သည့် ရောဂါဖြစ်ပါသည်။ ထို့ကြောင့် ရောဂါစဖြစ်သည်နှင့် နောက် တစ်ကြိမ်ဖြစ်လာမည်ကို တွေးထားရမည်ဖြစ်ပြီး သင့်အနေဖြင့် ရောင်ခြည်ပြ ကုသမှု့ကို စဉ်းစားနိုင်ပါသည်။ ဤဆောင်းပါး သည် သင့်ကို phototherapy ဟုခေါ်သော ရောင်ခြည်ပြ ကုသမှု့ အကြောင်းကို တင်ပြပါမည်။   Psoriasis အရေပြား ရောဂါအတွက် ဓါတ်ရောင်ခြည် ကုသမှု့ သည် မည်သို့ အသုံးဝင်သနည်း။ Psoriasis အရေပြား ရောဂါသည် သင်၏ ကိုယ်ခံအားစနစ်တွင် ပြ ဿနာဖြစ်သောကြောင့် ဖြစ်လာရခြင်း […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပြောင်းလဲမှုများအတွက် အိမ်တွင်းကုထုံးများ

သင့်အရေပြားဟာ အချိန်တိုင်း တသမတ်တည်း ရှိနေမှာ မဟုတ်ပါဘူး။ အသက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော် လူပျိုဖော်ဝင်ချိန်၊ ဝက်ခြံ၊ ဓါတ်မတည့်မှု စတဲ့ အခြေအနေ အချိန်အခါ အမျိုးမျိုးကြောင့် အရေပြားပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ကံကောင်းတဲ့အချက်ကတော့ အရေပြားပြောင်းလဲမှု အများစုက ကျန်းမာရေးကို မထိခိုက်စေနိုင်သလို သင့်ကို အနှောင့်အယှက်မဖြစ်စေသရွေ့ ကုသမှုခံယူဖို့ လိုမှာမဟုတ်ပါဘူး။ အကယ်၍ ကုသမှုနဲ့ပတ်သက်ပြီး သိချင်တာတွေရှိမယ်ဆိုရင်တော့ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ အသုံးဝင်သည့် အိမ်တွင်းကုထုံးများ ၁။ အရေပြားကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းပါ သင့်အရေပြားကို သန့်စင်စေဖို့ ရေနွေး၊ အပျော့စား ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် သန့်စင်ဆေးရည်များ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ မျက်နှာနဲ့ ခန္ဓါကိုယ်အတွက် မတူညီတဲ့ သန့်စင်ပစ္စည်းတွေ ခွဲခြားအသုံးပြုဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။ မျက်နှာသန့်စင်ရာမှ အတင်းပွတ်တိုက်ပစ်တာမျိုး မပြုလုပ်သင့်ပါဘူး။ အရေပြားကို သန့်စင်ပေးခြင်းအားဖြင့် […]


အရေပြားရောင်ရမ်းခြင်းများ

အရေပြား အဆီပြန်ရောင်ရမ်းခြင်း

အရေပြားအဆီပြန်ရောင်ရမ်းခြင်းဆိုတဲ့ ဝေါဟာရဟာ သင့်အတွက် အစိမ်းသက်သက် ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သင့်လိုပဲ လူအတော်များများသည်လည်း ဒီရောဂါအကြောင်း စုံစုံလင်လင် သိမထားကြပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှ အရေပြားအဆီပြန်ရောင်ရမ်းခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ လူသိနည်းသလောက် အလွန်အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဓါတ်မတည့်တုံ့ပြန်မှု၊ နှင်းခူရောဂါတို့နဲ့ ဆင်တူပေမယ့် သင့်ကျန်းမာရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါဟာ သင့်ကို စိတ်မသက်မသာဖြစ်စေပြီး နေရထိုင်ရခက်စေမယ့် အရေပြားပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေကြောင့် သင့်ကိုယ်သင် သန့်သန့်ရှင်းရှင်းမရှိသလို ခံစားရနိုင်ပါတယ်။ အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ သူ့အလိုလို သက်သာသွားနိုင်ပေမယ့် ရောဂါလက္ခဏာတွေ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ကာလရှည်ကြာ ဖြစ်လေ့ရှိတာများပါတယ်။ ဆောင်းရာသီလို ရာသီဥတုအေးပြီး ခြောက်သွေ့တဲ့အချိန်တွေမှာတော့ ရောဂါပြန်ထလာလေ့ရှိပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ အရေပြားအဆီပြန်ရောင်ရမ်းခြင်းကို cradle cap လို့ခေါ်ပါတယ်။ ကလေးငယ်ရဲ့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါ

မှိုကြောင့်ဖြစ်သော အရေပြားရောဂါသည် အရေပြားရောဂါများတွင် အတွေ့ရများသော ရောဂါဖြစ်ပါသည်။ အရေပြားရောဂါ ဖြစ်စေ သော မှိုအမျိုးအစား များစွာရှိပြီး အရေပြား ယားယံခြင်း၏ အဓိက လက်သည်လည်း ဖြစ်ပါသည်။ မှိုပိုးများသည် dead keratin ဟုခေါ်သော ပရိုတိန်းကို အမှီပြု နေထိုင်ကြပြီး ယင်းပရိုတိန်းမှာ အရေပြား၊ ဆံပင်နှင့် လက်သည်း များကို ဖြစ်ပေါ်စေပါသည်။ မှိုရောဂါကို ဖြစ်ပွားနေသော မှိုပိုးအမျိုး အစားပေါ် မူတည်ပြီး ခွဲခြားထားပါသည်။ မှိုပိုးများသည် အများ အားဖြင့် ခြေမ၊ လိင်အင်္ဂါတဝိုက်၊ ရင်သားအောက်ဘက် စသော စိုထိုင်းစ များသောနေရာများတွင် ပေါက်ပွားကြပါသည်။ အဓိက မှိုရောဂါ ဖြစ်စေသော အုပ်စု နှစ်စုရှိပြီး ပထမအုပ်စုကို တစေးမှို (yeasts)၊ နှင့် ဒုတိယအုပ်စုကို အရေပြား မှိုအုပ်စု […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားကို ထိခိုက်စေနိုင်သည့် အရာ ၁၂မျိုး

ဆပ်ပြာ၊ အလှကုန်နဲ့ အစွန်းချွတ်ဆေးတွေကြောင့် အရေပြားနီရဲယားယံတတ်သလို ဝက်ခြံတွေလည်း ထွက်လာနိုင်ပါတယ်။ သင့်အနေနဲ့ တစ်ကိုယ်ရည်အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေကို အာရုံစိုက်ဖို့ အချိန်မပေးနိုင်တာမျိုး ဖြစ်နေတတ်ပါတယ်။ လုံးဝအသုံးမပြုရသေးတဲ့ပစ္စည်းတွေ၊ ရက်လွန်ပစ္စည်းတွေတောင် သင့်ဆီမှာ ရှိနေနိုင်ပါတယ်။ ဘယ်အရာတွေက သင့်အရေပြားကို ထိခိုက်စေနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ၁။ ဆပ်ပြာ ဆပ်ပြာမှာ အရေပြား၊ မျက်စိ၊ အဆုတ်တို့ကို ထိခိုက်စေနိုင်တဲ့ ဖော်မဲလ်ဒီဟိုဒ် ဒြပ်ပေါင်းပါဝင်ပါတယ်။ ဆပ်ပြာဟာ အရေပြားမှာ နှင်းခူဖြစ်စေနိုင်သလို မကြာခဏ အသုံးပြုမယ်ဆိုရင် အရေပြား ခြောက်သွေ့ကွဲအက်တဲ့ဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို အချိန်မီမကုသဘူးဆိုရင် သွေးထွက်ခြင်းကဲ့သို့ ပိုမိုဆိုးရွားတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဆပ်ပြာအစား အမွှေးရနံ့နဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ သို့မဟုတ် အနည်းငယ်သာပါဝင်တဲ့ သန့်စင်ဆေးရည်များကို အသုံးပြုသင့်ပါတယ်။ ၂။ အစွန်းချွတ်ဆေး ဘက်စုံအသုံးပြုနိုင်တဲ့ သန့်စင်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်အထည် […]


အသားအရေ ထိန်းသိမ်းခြင်း

အသက်အရွယ်ကြီးလာတဲ့အခါ အသားအရေတွေ ဘယ်လိုပြောင်းလဲသွားသလဲ

အချိန်ကြာလာတာနဲ့အမျှ အသားအရေများဟာ အိုမင်းရင့်ရော်တဲ့ အသွင်အပြင်တွေကို တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ အသားအရေအကြောင်းကို နားလည်ထားရင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေဖို့ နည်းလမ်းရှာနိုင်ပါလိမ့်မယ်။ အသားအရေ၏ အဆင့်များ ကလေးအသားအရေ လူကြီးတွေရော ကလေးတွေမှာပါ အရေပြားအလွှာ အရေအတွက် တူညီကြပါတယ်။ ဒါပေမယ့် ကလေးများမှာ အရေပြားတလွှာချင်းစီဟာ ပါးလွှာပါတယ်။ အရေပြားဆဲလ်တွေမှာ ကြမ်းတမ်းမှုနည်းပြီး လူကြီးများရဲ့ အရေပြားနဲ့ယှဉ်ရင် ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကို ပိုမိုခံစားရပါတယ်။ အရေပြားယားယံခြင်း၊ အပိန့်ဖြစ်ခြင်း စတာတွေ ကြုံရပါတယ်။ အသက်၄နှစ်မှာ ဆံပင်၊ လက်သည်းခြေသည်း၊ အရေပြားနဲ့ ကိုယ်ခန္ဓါရဲ့ဂလင်းတချို့ဟာ ဖွံ့ဖြိုးလာပါတယ်။ ဒါပေမယ့် သူတို့ဖာသာ ကာကွယ်မှုပြုနိုင်အောင် မတတ်နိုင်သေးပါဘူး။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မခံနိုင်သေးပါဘူး။ အသက် ၁၂နှစ်မှာတော့ လူကြီးအသားအရေနဲ့ တူလာပါတယ်။ အရွယ်ရောက်ချိန်အသားအရေ လူငယ်အများအပြား အပြောင်းအလဲ ကြီးကြီးမားမား ကြုံရတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရေအပေါ် ခိခိုက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အရောင်ပိုနက်တဲ့ အာရှသားတို့ရဲ့ အရေပြား

ဥရောပမျိုးနွယ်စုနှင့်ဆန့်ကျင်စွာ အာဆီယမ်အရေပြားသည် ပိုအဆီများပြီး မယ်လနင်ပိုများများပါတတ်သည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုလိုက်လျောမှုရှိအောင်နေရခြင်းနှင့် အရေပြားအရောင်ဆိုးဆေးပါဝင်မှုနှုန်းမတူခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် အာဆီယမ်အရေပြားသည် ဖျားချိန် ထိခိုက်ချိန်တို့တွင် ပိုနက်တတ်သည်။ အရေပြားအခြေအနေကိုနားလည်မှ ထိုသို့နက်ခြင်းကိုထိရောက်စွာကုသနိုင်လိမ့်မည်။ အသားအရည်ပိုနက်ခြင်းဆိုတာဘာလဲ။ အသားအရည်နက်ခြင်းသည် အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ဖြစ်သောနေရာတွင် မယ်လနင်များစွာထုတ်ခြင်းကြောင့်ပုံမှန်ထက်ပိုနက်နေခြင်းဖြစ်သည်။ ဖြစ်သောနေရာအပေါ်မူတည်ပြီး အသားအရေနက်ခြင်းသည် မည်သည့်နေရာတွင်မဆို လက် လည်ပင်း နှင့်အဓိကအာဖြင့်မျက်နှာတွင်အထိဖြစ်တတ်သည်။ ထိုအခြေအနေကအဖြစ်များပြီး အန္ဓါရယ်မရှိသော်လည်း အာဆီယမ်ထုံးတမ်းအရ အပြစ်အနာမရှိ ကြွေထည်ကဲ့သို့အသားအရည်ကိုကြိုက်သောကြောင့်ဒီအခြေအနေကြောင့်စိတ်ရှုပ်ရတတ်သည်။ အသားအရောင်ပိုနက်ခြင်းကိုဖြစ်စေသောအကြောင်းကဘာလဲ။ လေ့လာချက်များအရ အဓိကသုံးချက်ကြောင့်ဖြစ်သည်။ မယ်လက်မာ။ ဒီအခြေအေနေကိုနေရောင်ထိပြီး အဓိကမျက်နှာတွင် အညှိရောင်အကွက်များဖြစ်ခြင်းမှစသတိထားမိတတ်သည်။ မယ်လက်မာကို ကိုယ်ဝန်ချိန်ပြရုပ်ဟုခေါတတ်သည် အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ရှိနေသောမိန်းမများ၊ မဟော်မှန်းဖြည့်စွက်ဆေးသောက်နေသူများ သို့မဟုတ် သန္ဓေတားဆေးသောက်နေသူများတွင်အဖြစ်များသည်။ မယ်လက်မာသည် ကိုယ်ဝန်ဆောင်ပြီးပါက သူ့အလိုလိုပျောက်သွားတတ်သည်။ သို့သော် ဒီအခြေအနေသည်မည်သူမဆိုတွင်ဖြစ်နိုင်သည်။ အသက်အလယ်အလတ် အရေပြားအရောင်နက်သူများတွင်ပိုဖြစ်နိုင်သည်။ အချို့သောညွန်ကြားချက်ပါသောလိမ်းဆေးများဖြင့်ကုသနိုင်သည်။ နေရောင်ကြောင့်ပျက်စီးခြင်း။ အရင်ထဲကနက်နေသောနေရာတွင်ပိုမဲလာခြင်းက နေရောင်ကြောင့်အဓိကဖြစ်နိုင်သည်။ အာဆီယမ်အရေပြားပေါ်တွင် အမဲစက်ဖြစ်စေသော အဓိကအကြောင်းအရင်းတစ်ရပ်လဲဖြစ်သည်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားအရောင်နက်ခြင်းအမျိုးအစားအမျိုးမျိုး

အရေပြားအရောင်ပိုမဲနေခြင်းက သင်အခြားသူများနှင့်တွေ့ချိန်တွင်သင့်အားအရှက်ရစေသည်။ ထိုသို့မဲနေခြင်းကသင့်အားမထိခိုက်စေသည်ကိုသိသော်လည်း ထိုအခြေအနေအတွက် ကုသမှုကိုရှာပြီး မိမိကိုယ်ကိုယုံကြည်မှုပြန်လိုချင်ြက်သည်။ ထိုအခါ အရေပြားအရောင်ပိုမဲသည့်ပုံစံများကိုသိဖို့လိုပြီး သင်တွင်ဖြစ်နေသောပြသာနာကမည်သို့ဖြစ်သည်ကိုသိသင့်သည်။ အရေပြားအရောင်ပိုမဲနေခြင်းဆိုတာဘာလဲ။ အရေပြားအရောင်ပိုမဲနေခြင်းသည် အရေပြားတွင်ဖြစ်သောပြသာနာတစ်မျိုးဖြစ်ပြီး သေးသော သို့မဟုတ် ကြီးသောအကွက်မဲများဖြစ်နေခြင်းအဓိကအားဖြင့်မျက်နှာအရေပြားတွင်ဖြစ်နေခြင်းဖြစ်သည်။ အရေပြားပေါ်ရှိဆိုးဆေးမယ်လနင်များခြင်းကြောင့်ဖြစ်နိုင်သည်။ ယူဆချက်အရထိုသို့ဖြစ်ခြင်းသည် သင်တွင်ပြင်းထန်သောကျန်းမာရေးပြသာနာရှိခြင်းမဟုတ်ဟုဆိုလိုသော်လည်းသင့်အားစိတ်ပူပန်မှုဖြစ်စေသည်။ သို့သော် အချို့သောကိစ္စများတွင် အခြားရောဂါအခြေအနေတစ်ခုကြောင့်ထိုသို့ပေါ်ခြင်းဖြစ်နိုင်သည်။   အရေပြားပေါ်တွင်အရောင်ပိုမဲနေခြင်းပုံစံဘာတွေရှိသလဲ။ မယ်လက်မာသို့မဟုတ် ခိုလက်စမာ မယ်လက်မာသည် ကြီးသောအနက်ကွက်များ မျက်နှာပေါ်တွင် အဓိကအားဖြင့်ပါးပေါ် နှာခေါင်းပေါ် နှဖူးပေါ် နှုတ်ခမ်းအပေါ် နှင့် အခြားခန္ဓါကိုယ်အစိတ်အပိုင်းများ ဥပမာ လက်ဖျံပေါ်တွင်ပေါ်နေခြင်းဖြစ်သည်။ ထိုမယ်လက်မာများသည် အရေပြားအပေါ် ၊အတွင်းလွာ သို့မဟုတ် အရောဖြစ်နိုင်သည်။ အမျိုးသမီးများတွင်ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင်ပိုဖြစ်နိုင်သည်။ အချက်အလက်အားဖြင့်ကိုယ်ဝန်ဆောင်သောမိန်းမများတွင် ၉၀ရာခိုင်နှုန်းထိဖြစ်တတ်သည်။ ထိုကြောင့်ထိုမက်လက်မာကို ကိုယ်ဝန်ဆောင်မျက်နှာဖုံးဟုပင်ညွန်းဆိုတတ်ကြသည်။ မယ်လက်မာဖြစ်စေသောအကြောင်းမှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေတားဆေးသောက်နေချိန်အတွင်း ဟော်မှန်းများပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ သို့သော်ကိုယ်ဝန်ဆောင်ချိန်အပြီး သန္ဓေတားဆေးဆက်မသောက်ချိန်တို့တွင်သူ့အလိုလိုပြန်ကောင်းသွားတတ်သည်။ အရောင်အစက်များ။ အရောင်အစက်များ- နေကြောင့်ဖြစ်သော အသက်ကြီး၍ဖြစ်သော အသဲကြောင့်ဖြစ်သောအမဲစက်များ တင်းတိပ်များပါဝင်သည်- သည်နေရောင်ကိုအချိန်အကြာကြီးထိတွေ့မှုများခြင်းကြောင်ဖြစ်သည်။ဥပမာ လက်နှင့်မျက်နှာ။ ထိုအရာများကို အရေပြားပေါ်တွင် […]


အခြားအရေပြားပြဿနာများ

ဟိုက်ဒရိုကွီနုန်းအရေပြားအရောင်တင်လိမ်းဆေးဆိုတာ

အရေပြားတောက်ပစေသောအရာတော်တော်များများတွင် ဟိုက်ဒရိုကွီနုန်းသည် အောင်မြင်မှုရနိုင်သည်သေချာသောအရာတစ်ခုဖြစ်သည်။ သို့သော် သူ့၏မကောင်းသောဆိုးကျိုးများလည်းရှိနိုင်သည်။ ဒိဆောင်းပါးသည် ဟိုက်ဒရိုကွီနိုလုံးပါသောထုတ်ကုန်များသုံးမည်ဆိုပါက ဟိုက်ဒရိုကွီနိုလုံးအကြောင်းသတင်းအချက်အလက်ကိုပေးနိုင်သည်။ ဟိုက်ဒရိုကွီနှုန်းလိမ်းဆေးသည် အရေပြားချွတ်သောအရာတစ်ခုဖြစ်ပြီး အရေပြားမဲနေသောနေရာများကိုပိုတောက်ပစေရန်သုံးနိုင်သည်။ ထိုသို့မဲနေခြင်းသည် ကိုယ်ဝန်ဆောင်ခြင်း သန္ဓေတားဆေးသုံးခြင်း ဟော်မှန်းဆေးများ သို့မဟုတ် ထိခိုက်မိခြင်းကြောင့်ဖြစ်နိုင်သည်။ အရေပြားပေါ်ရှိဆဲလ်များ၏အင်ဇိုင်းကိုတားခြင်းဖြင့်အလုပ်လုပ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဟိုက်ဒရိုကွီနှုန်းကို လိမ်းဆေးတွင်ပါဝင်သောအရာအဖြစ်သာသုံးခဲ့သည်။ စိတ်ရှုပ်စေသောအရာက ထိုဆေးသုံးပါက ဖြစ်လာနိုင်သောဆိုးကျိုးများရှိသည်။ ထိုကြောင့် ထိုထုတ်ကုန်များသုံးရန် စဉ်းစားလာကြသည်။ ထိုလိမ်းဆေးသည် လူတိုင်းအတွက်မဟုတ်ပါ အဓိကအားဖြင့် အချိုသောအခြေအနေရှိေနေသောလူများ ဥပမာ ပန်းနာရင်ကြပ် နှင်းခူ ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် အရေပြားဓါတ်မတည့်သူများခံစားလွယ်သောအသားအရည်ရှိသူများတွင်မသုံးသင့်ပါ။ ဟိုက်ဒရိုကွီနှုန်း၏မကောင်းသောနောက်တစ်ချက်ပါ တခါသုံးပြီးပါက ရပ်ရန်ခက်ခဲသည်။ မယ်လနင်ဖြစ်စေသော အင်ဇိုင်းတိုင်ရိုကိုင်းနေ့ကို တားခြင်းဖြင့် အလုပ်လုပ်သည်။ ဟိုက်ဒရိုကွီနှုန်းသည် တိုင်ရိုကိုင်းနေ့ကိုတားပြီး အရေပြားအရောင်ဖြစ်စေသောအရာကိုပါတားသည်။ ကံမကောင်းစွာ ဟိုင်ဒရိုကွီနိုလုံးကိုသုံးပြီး ရပ်လိုက်ပါက ပုံမှန်ထွက်နေသော တိုင်ရိုကိုင်းနေ့ကိုမတားနိုင်တော့ပဲ သင့်ပုံမှန် အသားအရေတဖြည်းဖြည်းချင်းပြန်ဖြစ်သွားလိမ့်မည်။ ထိုကြောင့်ဆရာဝန်မှ လေးလစီသုံးခြင်း၊ အခြားပျော့သော တိုင်ရိုကိုင်းနေ့တားဆေး -ဥပမာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း