အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အရေပြား အရောင်ရင့်လာခြင်းကို ဘယ်လို ကာကွယ် ကုသမလဲ

အရေပြား အရောင်ပြောင်းလဲခြင်းတွင် ပိုမိုရင့်လာခြင်း နှင့် ပိုနုလာခြင်း ဟူ၍ရှိပါသည်။ အရေပြား အရောင်ရင့်လာခြင်း ဆိုသည်မှာ အရေပြားတွင်းရှိ မယ်လနင်ဟုခေါ်သော ရောင်ခြယ်ပစ္စည်း များလာပြီး အသားအရေ မဲလာပါမည်။ သို့သော် တစ်ကိုယ်လုံး တစ်ပြေးညီ ဖြစ်မည် မဟုတ်ဘဲ ယင်းရောင်ခြယ်ပစ္စည်း များများရှိသော နေရာတွင် ပိုဖြစ်ပါမည်။ ဤသို့ ရောင်ခြယ်ပစ္စည်းများ များပြားလာ ခြင်းမှာ နေရောင်ခြည်နှင့် ထိတွေ့ခြင်း၊ မတည့် သော အလှ ကုန်များ သုံးစွဲမိခြင်းနှင့် မတည့်သော ဆေးများ သုံးစွဲမိခြင်း တို့ကြောင့် ဖြစ်နိုင်ပါသည်။ လူအများစုသည် အသားအရည် အရောင်ပြောင်းလဲခြင်းကို စိတ်ပူကြပါသည်။ တချို့မှာ အစက်အပြောက်လေး တစ်ခု ပင် မရှိစေလို ကြချေ။ ထိုသို့ ပြီးပြည့်စုံသော အရေပြားကို ရရှိနိုင်ရန်အတွက် အောက်ပါ အချက်များကို […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ ညီညာချောမွတ်စေမည့် ပစ္စည်း ငါးမျိုး

သဘာ၀ အတိုင်း အသားအရေ တောက်ပ၊ ညီညာ၊ ချောမွတ် နေရန် မှာ အမျိုးသမီးတိုင်း အတွက် အိပ်မက်ပင် ဖြစ်ပါသည်။ ယင်းအိပ်မက်ကို အကောင်အထည်ပေါ်စေနိုင်သည့် သဘာ၀ အတိုင်းရော၊ လူလုပ် ပစ္စည်းများရော များစွာရှိပါသည်။ ဒီပစ္စည်းများစွာ ထဲကမှ ငါးမျိုးကို လေ့လာကြည့် ကြပါစို့။ ၁။ Alpha Lipoic Acid (ALA) ALA သည် အိုမင်းခြင်းကို နှေးကွေးစေသည့် အဓိကဓါတ် အနေဖြင့် ယူဆထားကြပြီး ခန္ဓါကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ် ထုတ်လုပ်မှုကို မျှတစေပြီး အရေပြားသို့ သွားသော သွေးပမာဏကို ထိန်းချုပ်ပါသည်။ ယင်းသို့ ပြုလုပ်ပေးခြင်းသည် ဖြူဆုတ်ဆုတ် မှိုင်းတိုင်းတိုင်း အသား အရေကို ရွန်းလဲ့တောက်ပစေပါလိမ့်မည်။ ထိုအတူပင် နီရဲခြင်းနှင့် အမဲစက်များ ဖြစ်ပေါ်ခြင်းကို သက်သာစေ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေကို တောက်ပစေသည့် အစားအသောက်များ

အရေပြားသည် လူ၏ခန္ဓါကိုယ်အတွက် အရေကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။ ထို့ကြောင့် အရေပြား ကျန်းမာ ရေးသည်လည်း အရေးကြီးပါသည်။ ထို့ကြောင့် တောက်ပ ရွန်းလဲ့သော အရေပြားအတွက် စာသုံးသင့်သော အစားအသောက်များကို တင်ပြပါမည်။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးတွင် လိုင်ကိုပင် (lycopene) များစွာ ပါရှိသောကြောင့် နေရောင်ခြည်ကြောင့် အသားအ ရည် ပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်စေပါသည်။ သင်သာ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူ တစ်ဦးသာ ဖြစ်ပါလျင် ချောမွတ်သော အသားအရည်ပိုင်ရှင် ဖြစ်ရုံသာမကဘဲ ရှိရင်းစွဲ အသက်ထက်ပင် နုပျိုစေနိုင်ပါသည်။ လိုင်ကိုပင်သည် ခရမ်း ချဉ်သီးကို အနည်းငယ် ချက်ပြုတ်မှသာ ထွက်ပေါ်လာ ပါသည်။ ထို့ကြောင့် လိုင်ကိုပင် ထွက်ရှိလာရန် ခရမ်းချဉ်သီး အစိမ်းမစားဘဲ စွတ်ပြုတ်ထဲစိမ်ခြင်း၊ မီးဖုတ်ခြင်း၊ ကင်ခြင်း စသည်ဖြင့် ပြုလုပ်ခြင်းဖြင့် ပို၍ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်ရဲ့ နှုတ်ခမ်းနီကို စဉ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်

နှုတ်ခမ်းနီနဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေဖြစ်တာ အတော်ကြာပြီ ဖြစ်ပေမယ့် ဘာ့ကြောင့်ပါလဲ။ ခဲ။ နှုတ်ခမ်းနီမှာ ခဲ ပါပါတယ်။ လူအများစုကတော့ “ သြော်.. ခဲပါတာလား၊ အဲ့တော့ ဘာဖြစ်လို့လဲ၊ ကျွန်တော်တို့ နေ့တိုင်း စားနေတာတွေလည်း လုံးဝ သန့်ရှင်းတာ မဟုတ်ပါဘူး။ အဲ့တော့ ရေတွက်လို့ ရနိုင်မယ့် ပမာဏထက် နည်းမယ့် ဒီ ခဲ ပမာဏနည်းနည်းကို ဘာလို့ စိတ်ရှုပ်ခံမှာလဲ “ ဆိုတဲ့နေရာမှာ ရပ်သွားမှာပါ။ ဒါက ပိုကြီးတဲ့ ပြဿနာ ရှိပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက နှုတ်ခမ်းနီ အခု ၄၀၀ မှာ ပါဝင်တဲ့ ခဲပမာဏကို လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ တစ်ခုဆီမှာ ဝ.၉ ~ ၃.၀၆ […]


အခြားအရေပြားပြဿနာများ

Cellulite တွေကို ဘယ်လိုကုမလဲ

Cellulite ဆိုတာ သင့်အရေပြားအောက်က အဆီလွှာကို ဆိုလိုတာပါ။ Celluliteတွေက သင့်တွယ်ဆက်တစ်သျှူးတွေကို ဆန့်ကျင်ပြီး တွန်းထားတာကြောင့် ခွက်နေတတ်ပါတယ်။ Cellulite တွေကို သင့်ပေါင်ရင်းနဲ့ ဝမ်းဗိုက်တွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဒါက ပုံမှန်ဆိုပေမယ့် သင့်အတွက် အနှောက်အယှက်ဖြစ်မယ်ဆို ဒါကို ပိုပြီး မသိသာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ Cellulite တွေ မသိသာစေဖို့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း လေ့ကျင့်ခန်းလုပ်ခြင်းက Cellulite ကုသမှုတွေထဲက အကောင်းဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက Celluliteတွေကို ပျောက်သွားစေမှာ မဟုတ်ပေမယ့် ဖုထစ်နေတဲ့ နေရာအောက်က တောင့်တင်းတဲ့ ကြွက်သားတွေက သင့်အရေပြားကို ညီညာအောင် လုပ်ပေးနိုင်မှာပါ။ သင့်တင့်တဲ့ အစားအသောက်၊ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း၊ ကြွက်သားလေ့ကျင့်ခန်း ၃ မျိုးပါတဲ့ အစီအစဉ်တစ်ခုကို စမ်းကြည့်ပါ။ အစားအစာတွေကို ဆင်ခြင်စားပါ၊ ကယ်လိုရီနည်းပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ကပ်နဲ့ အကြာကြီးနေရင် ဘာဖြစ်နိုင်လဲ

အမျိုးသမီးတွေအတွက် သူတို့ မျက်နှာကို မိတ်ကပ်နဲ့ အလှပြင်ရတာ ပျော်စရာ တစ်ခုပါ။ နှုတ်ခမ်းနီ ဆိုးတာ၊ မျက်ခုံးမွှေး ခြယ်တာ၊ အရေးအကြောင်းတွေ၊ ဝက်ခြံတွေကို အောက်ခံအရည်နဲ့ ဖုံးရတာကို သဘောကျကြပါတယ်။ မိတ်ကပ်ဆိုတာ အမျိုးသမီးတွေ သူတို့ ပိုလှတာ၊ ပိုယုံကြည်ချက် ရှိတာကို ဖော်ပြဖို့ နည်းလမ်းတစ်ခုပါ။ ဂျကာတာက ရုံးတချို့မှာတောင်မှ သူတို့ဝန်ထမ်းတွေကို နေ့တိုင်း မိတ်ကပ်လိမ်းစေပါတယ်။ သူတို့ မိတ်ကပ်အိတ်မှာ နှုတ်ခမ်းနီ၊ eyeliner ၊ mascara ၊ foundation တွေက တပါတည်း ပါသင့်ပါတယ်။ မိတ်ကပ်အားလုံးမှာ သက်တမ်းကုန်ဆုံးရက် ပါတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်အချိန်မှာ လွှင့်ပစ်ပြီး အသစ်နဲ့ အစားထိုးသုံးမလဲဆိုတာ ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ပိုးကူးစက်တာတွေက သင်ဘယ်လို သိမ်းဆည်းလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ […]


အခြားအရေပြားပြဿနာများ

နေလောင်ကာခြင်း၏ အရေးပါပုံ

ကမ်းခြေမှာ အားလပ်ရက် အနားယူတာဖြစ်ဖြစ်၊ အကောင်းဆုံး ပျော်ပွဲရွှင်ပွဲတွေမှာ ကခုန်တာပဲဖြစ်ဖြစ်၊ ဒီနွေရာသီကို ဥယျာဉ်ထဲမှာ ရိုးရိုးရှင်းရှင်း အနားယူတာပဲ ဖြစ်ဖြစ်၊ သင့်အသားအရေကို နေရောင်ခြည်ကနေ ကာကွယ်တာက နုပျိုမှု ရရှိဖို့နဲ့ ထိန်းသိမ်းဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ သင့်အရေပြားကို ဘာလို့ ကာကွယ်သင့်တာလဲ အရင်တုန်းက နေရောင်ခြည်နဲ့ ထိတွေ့တာ ကျန်းမာစေတဲ့အရာလို့ သိထားခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာ နေရောင်ခြည်နဲ့ ထိတွေ့တာဟာ အချိန်မတိုင်ခင် အိုမင်းခြင်းနဲ့ အရေပြားကင်ဆာ တို့လိုမျိုး ကျန်းမာရေး ထိခိုက်စေတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ နေရောင်ခြည်မှာ UVA နဲ့ UVB တို့ ပါဝင်ပါတယ်။ ဒါတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဖြစ်ပြီး အချိန်မတိုင်ခင် အိုမင်းခြင်းနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ ဝင်းလက်တောက်ပစေမည့် နည်းလမ်းကောင်းများ

နေရောင်ခြည်နှင့် အချိန်ကြာကြာ ထိတွေ့ရမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးပြဿနာ၊ အရေပြားခြောက်သွေ့မှု၊ စိတ်ဖိစီးမှု၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ လူနေမှုပုံစံရွေးချယ်မှု၊ ဓါတုပစ္စည်းများ အဓိကပါဝင်တဲ့ အလှကုန်များကို ကြာရှည်စွာသုံးစွဲမှု စတဲ့ အကြောင်းရင်းအမျိုးမျိုးက အသားအရေကို ညိုမဲပြီးမွဲခြောက်စေပါတယ်။ လူအတော်များများဟာ ဖြူဝင်းပြီး အပြစ်ကင်းစင်တဲ့ အသားအရေမျိုး ရရှိပိုင်ဆိုင်နိုင်ဖို့ စိတ်ပါလက်ပါ ကြိုးစားအားထုတ်နေကြသလို ဈေးကွက်ထဲမှာလည်း အသားအရေကို ဖြူဝင်းစေတဲ့ ခရင်မ်နဲ့ လိုးရှင်းတွေ မှိုလိုပေါက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ ဈေးကြီးပေးဝယ်ရသလောက် သင့်အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သဘာဝကရရှိတဲ့ ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် အချိန်ကုန် ငွေကုန် သက်သာတဲ့အပြင် သင့်အသားအရည် အမှန်တကယ် ဖြူဝင်းလှပလာတာကို လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။   ဒိန်ချဉ် နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရေအတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်များစွာနဲ့ လက်တစ်အက်ဆစ်လို့ […]


အသားအရေနှင့် အလှအပ

ဆားဝက်ခြံတွေကို နှိမ်နင်းဖို့ နည်းလမ်းများ

ဆားဝက်ခြံဟာ ဆယ်ကျော်သက်တွေ အတွက်သာမက လူကြီးတွေအတွက်ပါ အရေပြား ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဆားဝက်ခြံ တွေကို ညှစ်ထုတ်လိုက်ခြင်းဟာ အရေပြားပေါ်မှာ အပေါက်တွေကို ချန်ထားခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေပါတယ်။ ဒါပေမယ့် ဒီ ဆားဝက်ခြံတွေကို လျော့ကျစေဖို့နဲ့ ကာကွယ်ဖို့ကို ကူညီပေးမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။   ဆားဝက်ခြံ ဆိုတာဘာလဲ။ ဆားဝက်ခြံ တွေဟာ ဝက်ခြံတစ်မျိုးဖြစ်ပြီး မျက်နှာရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ နှာခေါင်း၊ နှဖူး၊ ပါး အစရှိတဲ့နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ဟာ မွေးညင်းပေါက်တွေထဲမှာ ပိတ်နေတဲ့ အဆီဖြစ်ပြီး အောက်စီဂျင်နဲ့ ထိတွေ့မှုကြောင့် မည်းနေတာ ဖြစ်ပါတယ်။ ၁။ သင့်အရေပြား အမျိုးအစားကို သိအောင်လုပ်ပါ။ သင့်မှာ အဆီပြန်၊ ပုံမှန်၊ ခြောက်သွေ့ (သို့) ပေါင်းစပ် အသားအရေ ရှိတယ်ဆိုတာကို အလှကုန်ပစ္စည်းတွေ ရွေးချယ် ဝယ်ယူဖို့ […]


အသားအရေ ထိန်းသိမ်းခြင်း

နှုတ်ခမ်းခြောက်စေတဲ့ အလေ့အထ ငါးခု

နှုတ်ခမ်းဆိုတာ လှလှပပ စာလုံးလေးတွေနဲ့ အမြဲတမ်း တင်စားဖွဲ့ဆိုခံရတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ သူတို့ရဲ့ နှုတ်ခမ်းတွေကို ထိန်းသိမ်းဂရုစိုက်လေ့မရှိကြပါဖူး။ နှုတ်ခမ်းလေးတွေဟာ လိင်ဆွဲဆောင်မှုရဲ့ အမှတ်သင်္ကေတ တခုအဖြစ် ယူဆကြလေ့ရှိပြီး ဒီနှုတ်ခမ်းက ခြောက်ခြောက်ကြီး ဖြစ်နေရင်တော့ သိပ်အဆင်မပြေလှပါဘူး။ နှုတ်ခမ်းခြောက်စေတဲ့ အကြောင်းခြင်းရာတွေ အများကြီးရှိပြီး အဲ့ဒီအထဲက အချက်ငါးချက်အကြောင်းကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။     ရေဓါတ်ခမ်းခြောက်ခြင်း ခန္ဓါကိုယ်တစ်ခုလုံး ရေဓါတ်ခမ်းခြောက်ခြင်းကြောင့်လည်း နှုတ်ခမ်းခြောက်လာနိုင်ပါတယ်။ဥပမာ သင့်အနေနဲ့ တနေ့တာအတွက် လိုအပ်တဲ့ ရေပမာဏအတိုင်း လုံလုံလောက်လောက် မသောက်ဖူးဆိုရင် သင့်နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး အဖတ်တွေကွာလာမှာ ဖြစ်ကာ ဆွဲဆောင်မှုလည်း ရှိတော့မှာ မဟုတ်ပါဘူး။   နှုတ်ခမ်းကို လျှာနဲ့ သပ်ခြင်း လူအများစုဟာ ဒီပြစ်မှုကြီးကို အနည်းဆုံး တစ်သက်မှာ တစ်ခါတော့ မသိလိုက်မသိဖာသာ ကျူးလွန်ဖူးကြပါလိမ့်မယ်။ တချို့က အကျင့်ပါနေလို့ လုပ်တယ်။ တချို့က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း