အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

မှဲ့သူဌေးလား... ဒါတွေသိထားမှ ဖြစ်မယ်နော်

စပယ်တင်မှဲ့၊ မျက်ရည်ခံမှဲ့၊ မှဲ့စလွယ် စသည်ဖြင့် မှဲ့နဲ့ပတ်သက်တဲ့ အယူအဆ၊ အဓိပ္ပါယ်လေးတွေမြန်မာ့အယူအဆတွေမှာ အများကြီးရှိတတ်ကြပါတယ်။ ဘယ်နေရာမှာ မှဲ့ရှိရင် ဘုန်းကံမြင့်တယ်၊ ကြီးပွားမယ်၊ လူချစ်လူခင်ပေါမယ် ဆိုတာတွေပေါ့။ ဒါပေမယ့်ဆေးပညာဘက်ကကြည့်ရင်တော့ မှဲ့ဆိုတာ အရေပြား ဘယ်နေရာမှာမဆိုဖြစ်လာနိုင်တဲ့ အစက်အပြောက်လေးတွေ (ပြောရရင် ဆဲလ်အစုလေးတွေ) ပါပဲ။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးတဲ့လူတစ်ဦးရဲ့ခန္ဓါကိုယ်မှာ သေးသေးကြီးကြီး မှဲ့အရေအတွက် ၁၀ ခုကနေ ၄၅ ခုအထိ ရှိနေနိုင်ပါတယ်။ အများစုက အန္တရာယ်မရှိဘဲ နောက်ပိုင်းမှာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ မှဲ့က ဘေးကင်းမကင်း ဘယ်လိုခွဲခြားသိနိုင်မလဲ။ ကျောမှာ မှဲ့စလွယ်ရှိလို့ ဘုရင်ဖြစ်မဖြစ်တော့မသိဘူး၊ ကင်ဆာဖြစ်လာခဲ့ရင် သွားပြီနော်။ ဒါ့ကြောင့် ကိုယ့်ရဲ့မှဲ့က ရိုးရိုးပဲလား၊ အန္တရာယ်ရှိလာနိုင်သလား သိနိုင်မယ့် အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ မှဲ့အကြောင်း မှဲ့အများစုက မျိုးရိုးကြောင့်ပါ။ မိဘမှာ မှဲ့တွေများရင် ကိုယ့်မှာလည်းပါတတ်တယ်။ နေပူထဲသွားလေ့ရှိတဲ့သူတွေဟာ […]


အသားအရေ ထိန်းသိမ်းခြင်း

သခွားသီးနှင့် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးခြင်း

အလှကုန်ပစ္စည်းပဲ ဖြစ်ဖြစ်၊ အိမ်မှာ အလွယ်တကူ အသားအရေထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ဖြစ်၊ အလှအပ လိုက်စားတဲ့သူတွေကြားမှာ ရေပန်းစားတဲ့ ပစ္စည်းကတော့ သခွားသီးပါပဲ။ အရည်ရွှမ်းပြီး အာဟာရလည်း ရှိတယ်။ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ရေဓါတ်ကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စားလို့လည်းရတယ်။ အလှအပဆိုင်ရာအတွက်လည်း အသုံးပြုနိုင်တယ်။ သခွားသီးရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ ၁။ သခွားသီးမှာ ရေဓါတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ကိုယ်ခန္ဓါတွင်းကိုရော အပြင်ဘက် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်တယ်။ ၂။ ရေဓါတ်ခမ်းခြောက်ခြင်း၊ အသားအရေ မွဲခြောက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ အပူဒဏ်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်အစားထိုး ဖြည့်တင်းပေးနိုင်တယ်။ ၃။ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်အပြင် ကိုယ်ခန္ဓါကို ကျန်းမာစေပြီး ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းလေးတွေ ပန်းရောင်သွေးသန်းပြီး လှပနေစေဖို့

လက်သည်းလေးတွေ ပန်းရောင်သွေးသန်းပြီး ကြည်ကြည်လင်လင်လေးလှနေတာကလည်း စွဲဆောင်မှုတွေထဲကတစ်ခုပါ။ သင်ရော လက်လှလှ လက်သည်းသန့်သန့်လေးတွေကို သဘောကျတတ်သူလား။ ဒါဆိုရင်တော့ ကျန်းမာပြီး ပန်းသွေးရောင်သန်းတဲ့ လက်သည်းလှလှလေးတွေ ပိုင်ဆိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကိုဝေမျှပါရစေ။ လက်သည်းလေးတွေ ပန်းသွေးရောင်ကြွယ်ပြီးလှစေဖို့ လက်သည်းနီဆိုးတာကြောင့်ဖြစ်ဖြစ်၊ နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေကြောင့်ဖြစ်ဖြစ် လက်သည်းလေးတွေက အရောင်တွေပြောင်းတတ်ပါတယ်။ ဒီအခါမှာလက်ကကြည့်ရတာ မလှတော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အိမ်တွင်းကုထုံးလေးတွေရှိနေပါတယ်နော်။ လက်သည်းလှလှလေးတွေပိုင်ဆိုင်ဖို့အတွက်ဆိုရင် သံလွင်ဆီ အာဟာရဖြည့်ပေးတဲ့အဆီတစ်မျိုးပါ။ လက်သည်းတွေကိုတောက်ပစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓါတ်လည်းထိန်းပေးနိုင်ပါတယ်။ လက်သည်းလေးတွေကို သေချာလေး သန့်စင်လိုက်ပါ။ပြီးရင် အပူပေးထားတဲ့ သံလွင်ဆီ ခပ်နွေးနွေးလေးကို ဇလုံတစ်ခုထဲထည့်ပြီး လက်သည်းလေးတွေ မြုပ်တဲ့အထိစိမ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်စိမ်ပေးပါ။ ပြီးရင် တဘက်စလေးသုံးပြီး လက်သည်းတစ်ချောင်းချင်းစီကို သေချာလေးတိုက်ပေးပါ။ သံပုရာရည် အကောင်းဆုံးသော လက်သည်းသန့်ဆေးတစ်ခုပေါ့။ အရောင်ပြောင်းနေတဲ့ လက်သည်းတွေအတွက် အထူးသင့်တော်ပါတယ်။ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို မုန့်ဖုတ်ဆော်ဒါအနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ရောစပ်ပြီး ဇလုံတစ်ခုထဲမှာ မွှေလိုက်ပါ။ပြီးရင် လက်သည်းတွေပေါ်မှာ ၁၀ မိနစ်လောက်လူးထားပေးပါ။ပြီးရင် […]


အသားအရေ ထိန်းသိမ်းခြင်း

ရှားစောင်းလက်ပပ် (သို့) အသားအရေအတွက် နတ်ဆေးတစ်ပါး

အလှအပအတွက်သာမက အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အိမ်တွင်းဆေးဝါးလို့ ဆိုလိုက်ရင် ရှားစောင်းလက်ပပ်ဟာ မပါမဖြစ် ထိပ်ဆုံးနေရာက ပါဝင်တဲ့ နတ်ဆေးတစ်ပါးပါပဲ။ အလွယ်တကူ ဝယ်လို့ရတယ်။ ကိုယ်တိုင်ပြုလုပ်ဖို့လည်း လွယ်ကူတယ်။ ကျား၊ မ၊ အသက်အရွယ်မရွေး အသုံးပြုလို့ရတယ်။ ဆေးဖက်ဝင်တယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အသုံးပြုနိုင်တယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို ရှေးယခင်မှ ယခုအချိန်ထိ လူတွေ ယုံယုံကြည်ကြည်နဲ့ လက်ခံအသုံးပြုနေကြပါတယ်။ ရှားစောင်းလက်ပပ်ကို အသားအရေကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လိုအခြေအနေမှာ အသုံးပြုလို့ရလဲဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ၁။ နေလောင်ခံရတဲ့ အသားအရေကို ကုသတဲ့နေရာမှာလည်း အသုံးပြုနိုင်တယ်။ ကမ်းခြေသွားပြီး ပြန်လာတဲ့အချိန်၊ အချိန်အတော်ကြာ နေပူစာလှုံတာ၊ နေပူထဲ အကာအကွယ်မပါပဲ ထွက်တာကြောင့် ပျက်စီးကြမ်းတမ်းပြီး နေလောင်သွားတဲ့ အသားအရေအတွက် အကောင်းဆုံး ဖြေဆေးကတော့ ရှားစောင်းလက်ပပ်ပါပဲ။ ရှားစောင်းလက်ပပ်က ရတဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့

ညဘက် ခေါင်းမလျှော်နဲ့နော်။ ရေစိုကြီးနဲ့ အိပ်ရင် ဖျားမယ်လို့ မေမေတို့ ဖွားဖွားတို့ဆီက ဆူတာ ခံရဖူးတာ။ ဆံပင်စိုကြီးနဲ့ အိပ်လို့ ဖျားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင်ရေစိုနေရင် အိပ်ရာမဝင်သင့်တာကတော့အမှန်ပါပဲ။ခေါင်းလျှော်ပြီးရင် အိပ်ချင်တာကလည်း အမှန်ပဲနော်။ ဒါပေမယ့် ဆံပင်ခြောက်မှပဲ အိပ်ပါလို့ ပြောပါရစေနော်။ ဘာကြောင့် ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ လို့ပြောရတာလဲဆိုတာကိုပြောပြပေးပါရစေနော်။ ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ ဆံပင်ရေစိုနေရင် မအိပ်သင့်ပါဘူး။ အိပ်ချင်ရင်တောင်မှာ Dryer သုံးပြီးဆံပင်ကို အခြောက်ခံပြီးမှာ အိပ်ရာဝင်သင့်ပါတယ်။ ဆံပင်အခြောက်မခံဘဲ အိပ်ရာဝင်တဲ့အခါ ဒါလေးတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံတွေ ဖြစ်စေနိုင်တယ် ခေါင်းက စိုနေတဲ့ ခေါင်းအုံးစွပ်နဲ့ ထိတွေ့မိပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှု ကနေတဆင့် မျက်နှာမှာ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ဆံပင်ကို ရေခြောက်အောင် သုတ်တာအပြင် ခေါင်းအုံးစွပ်ကိုပါ လဲဖို့ မမေ့ပါနဲ့။ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တယ် ခေါင်းအုံးစွပ်မှာ ဘက်တီးရီးယားတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ နှုတ်ခမ်းတွေ ကွဲအက်လို့ စိတ်ညစ်နေပြီလား

ရာသီအကူးအပြောင်းကာလမှာ နှုတ်ခမ်းသားအတွင်းမှာ ရှိတဲ့ အစိုဓါတ်တော်တော်များများ ဆုံးရှုံးသွားပါတယ်။ ဒီအခါမှာ နှုတ်ခမ်းက ခြောက်သွေ့လာတယ်။ အရောင်မှိန်လာတယ်။ အသားပပ်ပြီး နူးညံ့မှုမရှိတော့ပဲ မာကြမ်းကြမ်းဖြစ်ပြီး ကွဲအက်လာပါတယ်။ မကြာခဏ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်တဲ့သူတွေ၊ နှုတ်ခမ်းကိုက်တတ်သူတွေ၊ နှုတ်ခမ်းအပေါ်ယံ အရေပြားကို အမြဲတမ်းဖဲ့နေတတ်သူတွေ၊ ရေသောက်နည်းသူတွေ၊ အစာအာဟာရမမျှတသူတွေမှာ နှုတ်ခမ်းကွဲတာ အဖြစ်များပါတယ်။ ဆောင်းရာသီမှာပဲ နှုတ်ခမ်းအသားပပ်တာ၊ခြောက်တာ၊ ကွဲတာဖြစ်နိုင်တယ်လို့ ထင်ကြပေမယ့် တကယ်ကတော့ ကိုယ့်အသားအရေကိုသေချာဂရုမစိုက်ဘူးဆိုရင် တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆိုဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းကွဲတာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြီးကြီးမားမား မရှိပေမယ့် အလှအပကို တန်ဖိုးထားသူတွေအတွက်တော့ အကြည့်ရဆိုးစေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိခိုက်စေနိုင်လောက်တဲ့အထိ စိတ်ညစ်စရာကိစ္စပါပဲ။ ဒီတော့ အလှပြင်ဖို့ အချိန်သိပ်မပေးလိုတဲ့ အမျိုးသားတွေ၊ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အလွယ်တကူ နှုတ်ခမ်းသားပြုပြင်လို့တဲ့ အမျိုးသမီးတွေအတွက် နည်းလမ်းကောင်းတွေနဲ့ အသုံးဝင်မယ့် ပစ္စည်းလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ၁။ […]


အသားအရေ ထိန်းသိမ်းခြင်း

ကမ်းခြေသွားပြီး အသားအရေနေလောင် လို့ စိတ်ညစ်နေပြီလား

ကမ်းခြေကို အပန်းဖြေခရီးသွားပြီး ပြန်လာတဲ့အခါ တော်တော်များများ ပြောကြတဲ့အရာကတော့ “ငါ့အသားတွေ မည်းသွားတယ်” ဆိုတာပါပဲ။ လူအများစုက ကမ်းခြေရာက်ပြီဆိုရင် အင်္ကျီ၊ ဘောင်းဘီအတိုနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်ကြတာပါပဲ။ ဒါပေမယ့် ကိုယ့် အသားအရေနေလောင် နိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေဟာ ရေဓာတ်ခမ်းခြောက်ပြီး မွဲခြောက်လာတယ်။ ညိုပြီး မည်းလာတယ်။ နေလောင်ခံရတာ ပြင်းထန်တဲ့အခါ အရည်ကြည်ဖုတွေ ထွက်လာပြီး တော်တော်လေးကို နာကျင်တဲ့ ဒုက္ခ ခံစားရနိုင်ပါတယ်။ အသားအရေနေလောင် ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ နေပူထဲ အကာအကွယ်မပါဘဲ၊ လုံခြုံတဲ့ အဝတ်အစားတွေ မဝတ်ဆင်ဘဲ အကြာကြီးထွက်လိုက်တဲ့အခါ နေလောင်ခံရပြီး အရေပြားကို ထိခိုက်စေပါတယ်။ ၁။ နေလောင်သွားတဲ့ အသားအရေဟာ အရင်ဆုံး နီရဲပြီး ရောင်ရမ်းလာမယ်။ ၂။ ပူစပ်ပူလောင်ဖြစ်ပြီး အရည်ကြည်ဖုတွေ ထွက်လာမယ်။ ၃။ ရေဓာတ်ခမ်းခြောက်မယ်။ ၄။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ဆံပင်ပေါက်စေမယ့် ကုထုံးတွေ

ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုလည်း မမှားပါဘူး။ တချို့တွေ ဆံပင်ပါးလို့၊ ဆံပင်တွေ အရမ်းကျွတ်လို့ စိတ်တွေ ညစ်ကြတယ်။ ကိုယ်က သူများတွေနဲ့ ယှဉ်လိုက်ရင် ဆံပင်ပေါက်တာနှေးတယ်၊ ဆံပင်မသန်ဘူး၊ ဆံပင်အုံမထူဘူး။ ဆံပင်ပါးတဲ့ ပြဿနာဟာ ကျား၊ မ မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့ သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ ဘာအကြောင်းရင်းကြောင့်ပဲ ဖြစ်စေ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆံပင်ပေါက်မြန်စေတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်အနှစ်ကို ဗောက်ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အသုံးပြုကြသလို ဆံပင်ကျွတ်လွန်းတဲ့သူတွေ ဆံပင်အမြန်ပြန်ပေါက်စေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အဆီအနှစ်ဟာ ဦးရေပြားကို အေးမြစေပြီး ဗောက်တွေကို ဖယ်ရှားပေးတယ်။ ယားယံတာကိုလည်း သက်သာစေပြီး ဦးရေပြားခြောက်တာကို သက်သာစေတယ်။ ဆံသားမွှေးညှင်းပေါက်ထဲမှာ ပိတ်မိနေတဲ့ အဆီတွေ၊ ဖုန်မှုန့်နဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။ ။

ဆံပင် တစ်ခါ ညှပ်ပြီးရင် နောင်တတွေ ဗရပွနဲ့ မညှပ်လိုက်မိရင်ကောင်းသား။ အရင်တုန်းက ဆံပင် အရှည်လေးကို ပြန်လိုချင်လိုက်တာဆိုပြီး ဆံပင်ညှပ်ပြီးနောက်ပိုင်း ၁ လလောက်အထိ နေ့တိုင်း အဲဒီ အကြောင်းတွေ ချည်းပဲ ခေါင်းထဲမှာရှိနေတတ်တာ တို့ မိန်းကလေးတိုင်းပါ ။ ခုဆောင်းပါးလေးထဲမှာ ညှပ်လိုက်လို့ တိုသွားတဲ့ ဆံပင်တွေကြောင့် သောက ရောက်နေတဲ့ ပျိုမေတို့အတွက် ဆံပင် အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် တွေ အကြောင်း ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။ ဆံပင်အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်များ ။ ။ ဗီတာမင် A - ကိုယ်ခန္ဓါက ဆဲလ်တွေအားလုံး ကြီးထွားဖို့အတွက် ဗီတာမင် A ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် A ရဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ။ ။

ခေါင်းယားတယ်၊ ခေါင်းယားတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး စိတ်ရှုပ်ရတဲ့ အရာတစ်ခုပါ။ ကုတ်လေ ယားလေနဲ့ ကုတ်လေ ယားလေနဲ့ သံသရာလည်နေတော့တာပါပဲ ။ လူတိုင်းက ခေါင်းယားတယ်ဆိုတာနဲ့ ဗောက်ထတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဗောက်ထတာ အပြင် ခေါင်းယားစေတဲ့ အခြား အကြောင်း အရင်းများစွာ ရှိပါတယ်။ ဘာတွေလဲ ။ ။ ဗောက်ထခြင်း ။ ။ ဗောက်ထခြင်းဟာ ဦးရေပြား ယားယံခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုပါ။ ကုတ်လိုက်ရင်ပဲဖြစ်ဖြစ် ဒီအတိုင်းနေရင် ပဲဖြစ်ဖြစ် ဆံပင် မဲမဲလေးတွေ ပေါ်မှာ ကပ်နေတဲ့ အဖြူဖပ်တွေကြောင့် သင့်ကို နှုတ်ခေါင်းရှုံ့ကြမယ့် သူတွေ အများကြီးပါ။   ဦးရေပြား ခြောက်သွေ့ခြင်း ။ ။ ခြောက်သွေ့နေတဲ့ အရေပြားတစ်ခုဟာ ယားယံခြင်းကို ဖြစ်စေတယ်ဆိုတာ အားလုံးအသိပါ။ ဦးရေပြားဟာလည်း အရေပြားတစ်မျိုးဖြစ်တဲ့အတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း