အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နဖူးပေါ်မှာ အရေးအကြောင်းတွေမထွက်အောင် ကာကွယ်ကြမယ်

လူသားတိုင်း ဇရာကို လွန်ဆန်လို့ မရတာတော့ သဘာဝပါပဲ။ အသက်ကြီးလာတာနဲ့အမျှ နဖူး၊ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်လာမယ်။ ခြေထောက်ကြွက်သား၊ လက်မောင်းသားတွေ လျော့တွဲလာမယ်။ ဒါဟာ ဖြစ်နေကျဖြစ်စဉ်မို့ ရှောင်လွယ်လို့ မရတာမှန်ပေမယ့် ဘယ်သူမှတော့ အသက်ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ထင်ပြီး အိုမင်းရင့်ရော်ေနသလို ပုံစံကြီးဖြစ်နေဖို့ လိုလားမှာ မဟုတ်ပါဘူး။ အသက်အရွယ်ကြောင့် မဟုတ်ပဲ ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ပေါ်လာတာဟာ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ စိတ်ကျန်းမာရေးအခြေအနေ၊ နေရောင်နဲ့ မကြာခဏ ထိတွေ့မှု၊ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှု အများကြီးရှိပါတယ်။ ဒါကြောင့် ဒီလို နဖူးပေါ်က အရေးအကြောင်းလေးတွေ ပြေလျော့သွားစေဖို့နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးမယ့် နေထိုင်မှုပုံစံလေးတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ နေရောင်ထဲ မထွက်ခင် မျက်နှာကို တစ်ခုခုလိမ်းထားပါ။ ခရမ်းလွန်ရောင်ခြည်မှာ ပါတဲ့ UVA နဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ဘောသီးနဲ့ မျက်နှာပေါင်းတင်တော့မယ်ဆိုရင်

သင်္ဘောသီးမှာ ကိုယ်ခန္ဓါနဲ့ အသားအရေအတွက် အကျိုးဖြစ်စေတဲ့ အာဟာရဓါတ် များစွာပါဝင်တဲ့အပြင် အပြင်ပန်းအလှအပ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာမှာ အသုံးများလာကြပါတယ်။ သင်္ဘောသီးမှာ အမျှင်ဓါတ်ပါဝင်မှုများလို့ အစာကြေ ရင်ချောင်စေတယ်။ ကိုယ်ခန္ဓါ သွယ်လျစေတယ်။ ကျန်းမာစေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ နွေရာသီမှာ မျက်နှာအသားအရေ ခြောက်နေတဲ့ သူတွေ၊ အဆီပြန်ပြီး ဝက်ခြံေတွပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် သင်္ဘောသီးကို အသုံးပြုပြီး အိမ်မှာ အလွယ်တကူ မျက်နှာပေါင်းတင်လို့ ရမယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ အသားအရေခြောက်သူတွေအတွက် သင်္ဘောသီး Mask ပါဝင်ပစ္စည်း - မှည့်နေသော သင်္ဘောသီး၊ မလိုင်ပြည့် နွားနို့၊ ပျားရည် ပြုလုပ်ပုံ - သင်္ဘောသီးအမှည့်ကို ဇွန်းဖြင့် ၄ဇွန်းလောက် ခြစ်ထုတ်ပါ။ ကြေအောင် ချေညက်ပြီးရင် နွားနို့ ၂ဇွန်း၊ ပျားရည် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆယ်ကျော်သက်ကောင်လေးတွေ ဆံပင်ကျွတ်ရခြင်း တရားခံ

အသက်ကြီးတဲ့ အမျိုးသားတွေမှာ ထိပ်ပြောင်တာ အတွေ့များပေမယ့် ဆယ်ကျော်သက်ေကာင်လေးတွေမှာ ဆံပင်မကြာခဏ ကျွတ်တဲ့ ပြဿနာတွေ ကြုံလာတတ်ပါတယ်။ အဓိကတရားခံကတော့ ဆံပင်ဆေးဆိုးတာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ ဆံပင်ပုံသွင်းတဲ့ ပစ္စည်းတွေ အသုံးများတာအပြင် တခြားသော နေထိုင်မှုပုံစံ၊ အလေ့အကျင့်တွေကြောင့် ဆံပင်မကြာခဏ ကျွတ်နိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ထိပ်ပြောင်ခြင်းမဟုတ်တဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာကို အလွယ်တကူကုသလို့ ရသလို ကိုယ့်ရဲ့ နေပုံထိုင်ပုံကို ပြုပြင်ပြောင်းလဲလိုက်ရင်လည်း ဆံပင်တွေ ပုံမှန်အတိုင်း ပြန်ပေါက်လာနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် မဟုတ်ပဲ တခြား ငုပ်နေတဲ့ ရောဂါအခံတွေ၊ သောက်နေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ပုံမှန်အတိုင်း ဆံပင်ကျွတ်ခြင်း ဆံပင်ကျွတ်တယ်ဆိုတာ ပုံမှန် ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မ ပြောင်းလဲမှု ဖြစ်စဉ်တွေထဲက တစ်ခုပါပဲ။ ပုံမှန်အားဖြင့် ဆံပင်ေတွဟာ တစ်လကို တစ်စင်တီမီတာခန့် ရှည်တတ်ပြီး ၂နှစ်မှ ၃နှစ်ထိ ရှည်လျားနိုင်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ အသားအရေလေး လှအောင် လုပ်မယ်လို့ စဉ်းစားလိုက်ရင် နေပူမခံရအောင် ကာကွယ်ဖို့ပြီးတာနဲ့ ခေါင်းထဲမှာ ပေါ်လာတာ တစ်ခုက ကော်လာဂျင်သောက်မယ်ပေါ့။ ကော်လာဂျင်သောက်ရင် အသားလေးလှလာမှာပဲလို့ တွေးမိတယ်ကြတယ်ဟုတ်။ ကော်လာဂျင်ဆိုတာက ဆေးတွေသောက်မှရမှာလား။ အစားအစာတွေကနေရော မရနိုင်ဘူးလား။ ဒီတစ်ခေါက်တော့ အသားအရေလှအောင် အထောက်အပံ့ပေးတဲ့ ကော်လာဂျင်ရရှိနိုင်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးမယ်နော်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။ ခန္ဓာကိုယ်မှာ ကော်လာဂျင်နည်းလာရင် ဘာဖြစ်မလဲ ကော်လာဂျင်ဆိုတာက ပရိုတင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ အလျှံအပယ်ရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ ကြွက်သားတွေ၊ အရိုး၊ အရွတ်၊ အကြော၊ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးကြော၊ အရေပြား၊ […]


အသားအရေ ထိန်းသိမ်းခြင်း

အိပ်ရာထတဲ့ အခါ နူးညံ့အိစက်နေတဲ့ မျက်နှာလေး ပိုင်ဆိုင်ရစေဖို့

ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ အလှအပရေးရာကို စိတ်ဝင်စားလာကြပါတယ်။ အသားအရေကို ဂရုစိုက်ပြီး ထိန်းသိမ်းကြတယ်။ အလှကုန်ပစ္စည်းတွေကို အသုံးပြုလာကြတယ်။ အလှအပဆိုင်ရာ နည်းလမ်းတွေ ရှာဖွေဖတ်ရှုလာကြတယ်။ လူတော်တော်များများ မေ့တတ်ကြတဲ့ အရာကတော့ အိပ်စက်ခြင်းပါပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာလည်း ကိုယ့်ရဲ့ အသားအရေပေါ်မှာ သက်ရောက်မှုတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ လန်းဆန်းတက်ကြွပြီး စိတ်ရွှင်လန်းမယ်။ တစ်နေ့တာလုံး အားအင်တွေ ပြည့်ဝနေစေမယ်။ ဒါ့အပြင် အသားအရေကိုပါ လန်းဆန်းစေပါတယ်။ အိပ်စက်ခြင်းဟာ အသားအရေကို ဘယ်လိုသက်ရောက်မှု ရှိစေလဲ။ ညဘက်မှာ အိပ်ရေးမဝတဲ့ သူတွေဟာ မနက်ခင်းထလာတဲ့အခါ မျက်ရစ်ပျော့တွဲနေတာ၊ မျက်လုံးတွေ မို့ဖောင်းအစ်နေတာ၊ ပန်ဒါမျက်ဝန်းလို့ လူသိများကြတဲ့ မျက်ကွင်းညိုတာ၊ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်နေတာ၊ အရေးအကြောင်းတွေ ထင်လာတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို […]


အခြားအရေပြားပြဿနာများ

အရေပြားလေးဖက်နာခံစားနေရသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

အရေပြားလေးဖက်နာ အရေပြားလေးဖက်နာဆိုတာက နာတာရှည် ကိုယ်ခံအားစနစ်ကမောက်ကမဖြစ်တဲ့ရောဂါတစ်ခုပါ။ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ရဲ့ ကျန်းမာတဲ့ တစ်ရှုးတွေကို မှားယွင်းတိုက်ခိုက်တဲ့ အခြေအနေတစ်ခုပါ။ ဒီရောဂါက များသောအားဖြင့် အသက် ၁၅ နှစ်ကနေ ၄၄ နှစ်ကြားအရွယ်တွေမှာ ပိုမိုခံစားရနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာဖြစ်နိုင်ပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေထက် အရေပြားလေးဖက်နာရောဂါကြောင့် သေဆုံးနိုင်ခြေက ပိုများပါတယ်။ အသက်ကြီးမှရောဂါခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီရောဂါက ကာကွယ်လို့မရပါဘူး။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရောင်ရမ်းတာ အဆစ်အမြစ်တွေရောင်တာ အဆစ်တွေထိခိုက်ပျက်စီးတာ အရေပြားထိခိုက်တာ ကျောက်ကပ်ထိခိုက်တာ သွေးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတာ နှလုံးထိခိုက်တာ အဆုတ်ထိခိုက်တာတွေခံစားရနိုင်ပါတယ်။ အရေပြားလေးဖက်နာခံစားနေရသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဆိုတာ အရေပြားလေးဖက်နာဖြစ်နေပြီဆိုတိုင်းရောဂါကို လက်မြှောက်အရှုံးပေးဖို့မလိုပါဘူး။ အစားအသောက်အနေအထိုင်ကို သတိထားဆင်ခြင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ အသက်ရှည်ရှည်နေနိုင်မှာပါ။ ကဲ ဒီတော့ ဘယ်လိုနေရမလဲဆိုတာကို သိချင်နေပြီလား။ ဆေးလိပ်ဖြတ်ပါ ဆေးလိပ်ငွေ့တွေကရောဂါအခြေအနေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ဆေးလိပ်သောက်တာက နှလုံးရောဂါဖြစ်နိုင်ခြေကို များစေနိုင်သလို အရေပြားလေးဖက်နာရှိသူတွေမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုပိုများသွားစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားလေးဖက်နာခံစားနေရသူတွေအနေနဲ့ တဆင့်မသောက်သင့်သလို တဆင့်ခံဆေးလိပ်ငွေ့ကိုလည်းရှောင်သင့်ပါတယ်။ နေရောင်ဒဏ်ကနေ […]


အသားအရေ ထိန်းသိမ်းခြင်း

ဘယ်အစားအသောက်တွေက သဘာဝအတိုင်း အသားအရေကို ဖြူဝင်းစေနိုင်လဲ ။ ။

ကိုရီးယား ယဉ်ကျေးမှုတွေ၊ ရုပ်ရှင်တွေ လွှမ်းမိုးလွန်းလာတဲ့အခါကျ လူတိုင်း ကိုရီးယားမှ ကိုရီးယားဖြစ်ကုန်ကြတဲ့အတွက် ဖက်ရှင်၊ အစားအသောက်၊ အလှအပ နေရာတော်တော်များများမှာ ကိုရီးယားရဲ့ လွှမ်းမိုးမှုတွေ အပြည့်ရှိပါတယ်။ နောက်တစ်ခုက plastic surgery တို့ အသားဖြူအောင် အသားဖြူဆေးထိုးတာတို့ပါ။ နဂိုတည်းက ညိုစိမ့်စိမ့် မြန်မာတို့ ကိုရီးယားတွေရဲ့ လွှမ်းမိုးမှုအောက်လည်း ရောက်သွားရော အသားတွေဖြူချင်ကြပါတော့တယ်။ အသားဖြူဆေးတွေက အနည်းနဲ့ အများတော့ ဆိုးကျိုးတွေရှိတာကြောင့် သဘာဝအတိုင်း ဖြူဝင်းတဲ့ အသားအရေတစ်ခု ရအောင်လုပ်နိုင်မယ့် နည်းတွေ ပြောပြချင်ပါတယ်။ တချို့ အစားအသောက်တွေ ဟာ သင့်ကို အသားဖြူအောင် လုပ်ပေးနိုင်တယ်ဆိုတာ သင်သိပါသလာ း။ အစားလည်းကြိုက် အသားလည်း ဖြူချင်တဲ့သူတွေ အတွက် အဆင်ပြေတာပေါ့ ။ ။ သင့်အသားကို ဖြူအောင် လုပ်ပေးနိုင်မယ့် အစားအသောက်များ […]


အသားအရေ ထိန်းသိမ်းခြင်း

ချစ်သူများနေ့မှာ ပျိုမေတွေ အလှဆုံးဖြစ်နေစေဖို့

ဘာလိုလိုနဲ့ ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ မမတွေ၊ ညီမတွေလည်း ကိုယ့်ချစ်သူနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ဖို့ အလှဆုံးဖြစ်နေချင်ကြမယ် ထင်ပါတယ်။ အသားအရေလး ပန်းသွေးကြွပြီး နူးညံ့လှပနေစေဖို့ ပျိုမေတို့အတွက် အလှအပရေးရာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဝေမျှပေးမယ်နော်။ ၁။ ရေများများသောက်ပေးပါ။ ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ ခန္ဓါကိုယ်က ရေဓါတ်ြပည့်ဝနေဖို့ အရေးကြီးပါတယ်။ ပုံမှန် တစ်နေ့ကို အနည်းဆုံး ဖန်ခွက် ၈ခွက်ခန့် ရေသောက်ပေးရပါမယ်။ အားကစားလုပ်နေတဲ့ ပျိုမေတွေဆိုရင် ရေဓါတ်ပိုပြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ၂။ နေလောင်ကာခရင်မ် လိမ်းပါ။ အပြင်ခဏလေးပဲ သွားလို့ဆိုပြီး ဘာမှမလိမ်းပဲ ထွက်တာမျိုး မလုပ်ပါနဲ့။ နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေကို ပျက်စီးကြမ်းတမ်းစေပြီး အရောင်မှိန်စေတယ်။ လူကို အိုမင်းရင့်ရော်စေပြီး အလှပျက်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ချစ်သူများနေ့မှာ အလှဆုံးဖြစ်နေဖို့ဆိုရင်တော့ အပြင်ထွက်တိုင်း […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေလည်း မျက်နှာအသားအရေကို ဂရုစိုက်ဖို့လိုပါတယ်

၂၁ ရာစုမှာ အလှအပရေးရာဆိုတာ မိန်းကလေးအတွက် သီးသန့်မဟုတ်တော့ပါဘူး။ ယောက်ျားလေးတွေအနေနဲ့လည်း ကိုယ့်အသားအရေ၊ ခန္ဓါကိုယ်အချိုးအစားကို ဂရုစိုက်ဖို့ လိုအပ်တဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း မေ့ထားလို့ မရတော့ပါဘူး။ ဆပ်ပြာတစ်တုံး ရှိရုံနဲ့ မျက်နှာ၊ ကိုယ်၊ လက်၊ ခြေထောက်၊ ခေါင်း အကုန်ဆေးလို့ရတဲ့ ခေတ်ကို ကျော်လွန်သွားခဲ့ပါပြီလေ။ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် သန့်စင်ရမယ်။ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ချေးချွတ်သန့်စင်ရမယ်။ အစိုဓါတ်ထိန်းပေးရမယ်။ ဖြူစင်နေဖို့ထက် ကိုယ့်အသားအရောင်နဲ့ကိုယ် ကြည့်ကောင်းနေရမယ်။ မျက်နှာမှာ အဆီတွေ ပြန်နေတာ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ ကွက်ပြီး မည်းနေတာ၊ နေလောင်ေနတဲ့ အသားအရေမျိုးဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ အသားအရေ ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ မိန်းကလေးတွေလို အသေးစိတ်ကျစရာမလို၊ အချိန်အများကြီးပေးစရာမလိုပဲ ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ရဖို့ နည်းလမ်းကောင်းတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

နေရောင်ကြောင့် ဘာလို့ ဖြူနေတဲ့အသားတွေ မဲသွားပြီး မဲနေတဲ့ဆံပင်တွေ အရောင်ဖျော့လာရတာလဲ ။ ။

နေရောင်ကြောင့် ဘာလို့ ဖြူနေတဲ့အသားတွေ မဲသွားပြီး မဲနေတဲ့ဆံပင်တွေ အရောင်ဖျော့လာရတာလဲ ။ ။ ? ဒီလိုမျိုး မေးခွန်းတွေ သင့်ခေါင်းထဲ ရောက်ဖူးပေမယ့် တိတိကျကျ အဖြေမျိုး သင်ရဖူးချင်မှ ရဖူးခဲ့မှာပါ။ တွေးကြည့်လိုက်ရင် ရယ်တော့ရယ်ချင်စရာပဲ။ နေရောင်ကြောင့် မဲနေတဲ့ ဆံပင် တွေက အရောင်ကျပြီး ဖြူနေတဲ့ အသားက မဲသွားတယ်ဆိုတော့။ ဘယ်လိုတွေကြောင့် ဖြစ်ရတာလဲဆိုတာ စိတ်ဝင်စားစရာပဲ မဟုတ်လား။ Melanin (အရေပြားရှိ ရောင်ခြယ်ပစ္စည်းတစ်မျိုး) စောစောက မေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင်တော့ Melanin (အရေပြားရှိ ရောင်ခြယ်ပစ္စည်းတစ်မျိုး) ရဲ့ အကြောင်း ကတော့ မပါမဖြစ် ပါရပါလိမ့်မယ်။ Melanin ဆိုတာ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး ဆံပင်နဲ့ အသားအရေအတွက် သူတို့ ရှိသင့်တဲ့ အရောင်ရှိအောင် ထိန်းထားပေးတဲ့အရာတစ်ခုပါ။ အရေပြားမှာ ရှိတဲ့ Melanocytes ဆဲလ် ကနေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း