အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဒါတွေလုပ်မိနေပြီလား

ကျန်းမာကြည်လင်ပြီး အစက်အပြောက်တွေကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့ စိတ်ကူးပါ။ စာဖတ်သူအနေနဲ့ ခန္ဓါကိုယ်ရဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ မျိုးရိုးကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကိုရှောင်လွှဲဖို့ မဖြစ်နိုင်ပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ နေ့စဉ်လုပ်မိနေတဲ့ အချို့အလေ့အထတွေကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ အသားအရေမှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်လာမှာ အသေအချာပါ။ ဒီတော့ ကျန်းမာလှပပြီး ဝက်ခြံကင်းစင်တဲ့ အသားအရေလေးဖြစ်အောင် ဘာတွေသတိထားဖို့လိုမလဲ။ ဝက်ခြံဆိုတာက အရေပြားပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့အရာဆိုလည်းဟုတ်သလို ယုံကြည်မှုကျဆင်းစေတဲ့အရာဆိုလည်းမမှားပါဘူး။ ဝက်ခြံပေါက်ရတဲ့ အဓိကအကြောင်းအရင်းကဟော်မုန်းကြောင့်ပါ။ ဒီအချက်ကြောင့်ပဲ လူတော်တော်များများက သူတို့ဝက်ခြံပေါက်တာကို ဟော်မုန်းကြောင့်လို့ အပြစ်ပြေးတင်တော့တာပါပဲ။ ဝက်ခြံပေါက်တာကဟော်မုန်းကြောင့်ဆိုတာထက် ကိုယ်လုပ်မိနေတဲ့ အပြုအမူတွေကြာင့်ဆိုတာရော သတိထားမိရဲ့လား။ ဒါတွေလုပ်မိနေပြီလား ဝက်ခြံတွေက အဆက်မပြတ်ထွက်နေပြီဆိုရင် အရင်ဆုံးလုပ်သင့်တာက သင့်အနေနနဲ့ ဒါတွေလုပ်မိနေပြီလားဆိုတာကိုဆန်းစစ်ကြည့်ပါလို့ ပြောပါရစေ။ ဓါတုပစ္စည်းတွေပါတဲ့ အလှကုန်တွေသုံးမိနေပြီလား - အလှကုန်ဆိုတိုင်း အလှတိုးစေနိုင်တာမဟုတ်သလို အသားအရေကို ထိခိုက်မှုမရှိဘူး၊ လို့ဆိုလို့မရပါဘူး။ ဒါကြောင့် အလှကုန်ပစ္စည်းရွေးချယ်တဲ့အခါ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေပါနေလား၊ အနံ့အရမ်းပြင်းလွန်းလားဆိုတာတွေကို သတိထားပေးပါ။ အစိုဓါတ်ထိန်းခရင်မ်မသုံးမိဘူးလား - […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားခြောက်တဲ့ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ဆံသားခြောက် တယ်ဆိုတာ မိန်းကလေးတွေအတွက်တော့ စိတ်ညစ်စရာ ကိစ္စ တစ်ခုပါပဲ။ နေပူထဲ မကြာခဏထွက်တာ၊ ဆေးလိပ်သောက်တာ၊ ခေါင်းမကြာခဏ လျှော်တာကြောင့်ရော၊ ဆံပင်ဖြောင့်၊ ကောက် ခဏခဏ လုပ်နေတဲ့အခါမှာ ဆံသားဟာ ကြမ်းပြီး ခြောက်လာတယ်။ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိပေမဲ့ မိန်းကလေးတွေအတွက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာစေတဲ့ ကိစ္စပါပဲ။ ဒါကြောင့် ဆံသားခြောက်လို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက် အိမ်မှာ အလွယ်တကူ လုပ်ယူပြင်ဆင်လို့ ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ပျက်စီးနေတဲ့ ဆံသားအစလေးတွေကို ညှပ်ပစ်ပါ။ ဆံသားခြောက် ပြီးပျက်စီးနေပြီဆိုရင် အသစ်ပြန်ပြင်ဆင်ဖို့အတွက် ညှပ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်လိုက်တဲ့အခါမှာ နဂိုကောင်းမွန်တဲ့ ဆံသားတွေ ပြန်ပေါက်လာစေနိုင်ပါတယ်။ ၂။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးပါ။ တချို့သော အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို အားဖြစ်စေပြီး ပျက်စီးနေတဲ့ ဆံသားကို အကောင်းအတိုင်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ကျန်းမာတဲ့ လက်သည်းတစ်စုံ ပိုင်ဆိုင်ဖို့ ဘာတွေ သိထားရမလဲ ။ ။

လက်သည်း ခြေသည်း ကြည်ကြည်လှလှ လေး တစ်စုံဟာ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ သူ့ရဲ့အလှအပကို ဖော်ပြတယ်တဲ့။ ဒီလို လှပတဲ့ လက်လေးတစ်စုံ ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေ ဆောင်ရမလဲ၊ ဘာတွေ ရှောင်ရမလဲ ။ ။ ပုံမှန် ကျန်းမာတဲ့ လက်သည်းတစ်ခုဟာ ဘယ်လို ပုံစံရှိနေရမလဲ ။ ။ ပုံမှန် ကျန်းမာနေတဲ့ လက်သည်းလေးဟာ ပန်းရောင်ကြည်ကြည်လေးဖြစ်နေသင့်ပြီး ချောမွေ့နေတဲ့ မျက်နှာပြင် တစ်ခုရှိနေရပါမယ်။ ဒါ့အပြင် လက်သန်းပန်းကုံးလေးတွေ နဲ့ လက်အသားကြားထဲမှာလည်း ဘာအသားစမှ ထွက်မနေသင့်ပါဘူး။ ကျန်းမာတဲ့ လက်သည်းတစ်ခုရဖို့အတွက် ဘာတွေ ရှောင်ရမလဲ၊ ဆောင်ရမလဲ ။ ။ ဆောင်ရန် အချက်များ ။ ။ လက်သည်းကို ပုံမှန် ညှပ်ပါ။ - ချေးညှော်တွေ ကင်းစင်နေတဲ့ လက်သည်းတစ်ခုဖြစ်ဖို့ လက်သည်းပုံမှန်ညှပ်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့

ခြင်ကိုက် မခံရဖူးတဲ့သူ ဆိုတာ မရှိသလောက် ပါပဲ။ ခြင်ကိုက်တဲ့အခါ အရေပြားမှာ ယားယံမှုတွေ ဖြစ်လာပြီး အနီရောင် အဖုလေးတွေ ကျန်နေတတ်ပါတယ်။ များသောအားဖြင့်ကတော့ အဝတ်တွေ လွတ်နေတတ်တဲ့ ခြေထောက် နဲ့ လက်တို့မှာ အဖြစ်များပါတယ်။ ဒီလို အရေပြားပေါ်က ခြင်ကိုက်ဖုတွေ များနေလို့ စိတ်ညစ်နေပြီလား ............. ခြင်ကိုက်ဖုက အချိန်ကြာလာတာနဲ့အမျှ အညိုရောင် အစက်လေးတွေ အဖြစ် ကျန်ရှိနေတတ်ပါတယ်။ အသားအရေက ထိခိုက်လွယ်သူတွေမှာဆိုရင်တော့ ခြင်ကိုက်ဖုတွေက အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲ ရှိနေတတ်ပါတယ်။ ဒီလိုအရေပြားမှာ ကျန်နေတဲ့ ခြင်ကိုက်ဖုတွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲ မသိဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။ အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို ဒီလိုသက်သာအောင်လုပ်ပါ အရေပြားပေါ်က ခြင်ကိုက်ဖုတွေ ကြောင့် စိတ်ညစ်ခံမနေပါနဲ့ ဒီနည်းလေးတွေ သုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။ ဗီတာမင် E အရေပြားကို အနာကျက်စေနိုင်ပါတယ်။ ခြင်ကိုက်ဖုတွေ ကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ […]


ဝက်ခြံ

ဝက်ခြံပေါက်တတ်ပါသလား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။

ဝက်ခြံ ပေါက်လို့ ပျော်ကြတဲ့သူတွေ ဘယ်သူမှ မရှိပါဘူး။ မျက်နှာမှာ ဝက်ခြံတွေပေါက်နေရင် အလှပျက်မယ်၊ အပြင်သွားရမှာလည်း ရှက်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။ ဒီလို ကိုယ့်ကို ရုပ်ဆိုးစေတဲ့ ၊ စိတ်ညစ်ညူးစေတဲ့ ဝက်ခြံနဲ့ ပက်သက်တဲ့ လူတိုင်းသိချင်နေကြတဲ့ အကြောင်းတွေက ဘာတွေလဲ ။ ။ Q - ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ ။ ။ မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းလေးကနေ အဆီတွေ ထုတ်များပြီး ဖုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောသွားလို့ ချွေးပေါက်ပိတ်ရာကနေ ရောင်လာပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ Q - ဝက်ခြံ ဘယ်နှစ်မျိုးှရှိလဲ ။ ။ ဆားဝက်ခြံ ( blackhead) - အဆီတွေနဲ့ဖုန်တွေရောပြီး ချွေးပေါက်ထဲပိတ်နေတာ အဆီဖု (whiteheads) - […]


ဝက်ခြံ

သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ

ဆေးမြီးတိုတော့ မဟုတ်ပေမဲ့ လူတွေကြားမှာ ရေပန်းစားနေတဲ့ အလွဲလေးတစ်ခုဖြစ်တဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး မျက်နှာပေါ်က ဝက်ခြံကို ပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ လူပျို၊ အပျိုဖြစ်လာတဲ့အချိန်ကစပြီး မျက်နှာနဲ့ ကိုယ်ခန္ဓါ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။ ဝက်ခြံကို အလွယ်ပျောက်ချင်တဲ့သူတွေက သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာ သုတ်လိမ်းပြီး ထားထားလိုက်တယ်။ မနက်ရောက်တော့ နီရဲနေတဲ့ ဝက်ခြံက ခြောက်ပြီး ပြားချပ်သွားတယ်။ ဒီလိုနဲ့ပဲ သွားတိုက်ဆေးက ဝက်ခြံပျောက်စေတဲ့ အိမ်တွင်းဆေးဆိုပြီး လူသိများလာကြပါတယ်။ သွားတိုက်ဆေးဟာ အမှန်တကယ်ပဲ ဝက်ခြံပျောက်စေနိုင်သလား။ သွားတိုက်ဆေးမှာ ပါဝင်တဲ့ triclosan - ထရိုင်ကလိုစန် ဒြပ်ပေါင်းဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ မျက်နှာပေါ်က အဆီတွေကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်လာပြီး ဝက်ခြံဖြစ်လာပါတယ်။ ထရိုင်ကလိုစန်အပြင် သွားတိုက်ဆေးမှာ ပါဝင်တဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပျက်စီးခြင်း ၇ မျိုးနဲ့ ကာကွယ်ရန် နည်းလမ်းများ ။

ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာပါ။ ဘယ်လောက်ပဲ အလှပြင်ထားပါစေ ဆံပင်ပုံကျပါမှ ဆွဲဆောင်မှု ရှိတဲ့သူတစ်ယောက်ဖြစ်မှာပါ ။ ဒီလို ဆံပင်လှလှလေးတစ်ခုရဖို့အတွက် ကောက်ကြ၊ဖြောင့်ကြ၊ ဆေးဆိုးကြနဲ့ ဆံပင်ကို ဖျက်စီးနေတဲ့ နည်းလမ်းများစွာရှိပါတယ်။ ဆံပင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ဒီလိုပျက်စီးနေတာတွေကို ဘယ်လိုပြန်ပြုပြင်မှာလဲ ။ ။ ၁။ ဆံပင်ပါးခြင်း ။ ။ ဆံပင်ပါးတယ်ဆိုတာကလည်း လူတိုင်း စိတ်ညစ်ကြတဲ့ အရာတွေထဲက တစ်ခုပါ။ ဆံပင်ပါးစေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေမျှတအောင် မစားတာတွေကြောင့် ဆံပင်ပါးနိုင်ပါတယ်။ ဆံပင်ပါးတာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဆံပင်ထူလာစေတဲ့ အစားအသောက်တွေဖြစ်တဲ့ သံဓါတ်ြကွယ်ဝတဲ့ အစားအသောက်တွေ၊ နဲ့ ဥ အမျိုးမျိုးကို စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် […]


ဝက်ခြံ

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

ဝက်ခြံပေါက်တယ်ဆို ပါးနဲ့ နှာခေါင်းမှာပဲ အဖြစ်များကြပါတယ်။ မျက်နှာကို အသားအရေထိန်းသိမ်းရေးဆိုလည်း လုပ်လိုက်ကြတာပဲ။ ဂရုစိုက်ဖို့ကျန်နေတဲ့ တစ်နေရာက ရှိနေပါတယ်။ အလှပြင်တဲ့အခါ ခဲတံလေးတွေနဲ့ ဆွဲလေ့ရှိကြတဲ့ မျက်ခုံးပါပဲ။ မျက်ခုံးလှရင်၊ ပုံစံကျရင် မျက်နှာအလှမှာပြည့်စုံထင်ရှားစေတယ်ဆိုပေမယ့် အဲဒီမျက်ခုံးထဲမှာ ပုန်းနေတတ်တဲ့ဆားဝက်ခြံလေးတွေကြောင့် ပြဿနာရှိနိုင်ပါတယ်။ မျက်ခုံးမွေးရဲ့ အမြစ်အိတ်ထဲမှာ အဆီနဲ့ ဆဲလ်သေတွေပိတ်ဆို့လာတဲ့အခါ ဝက်ခြံဆိုတာဖြစ်လာပါတော့တယ်။ ဆားဝက်ခြံတွေလည်း ရှိနေနိုင်တယ်၊ တစ်ခါတစ်ခါ ရောင်ရမ်းတဲ့ ဝက်ခြံဖုတွေလည်းဖြစ်လာနိုင်တယ်။ ဘာကြောင့်ဖြစ်လာရသလဲ မျက်ခုံးမွေးရဲ့အမြစ်အိတ်တွေက ပိတ်ဆို့လွယ်ပါတယ်။ အမြစ်အိတ်တစ်ခုစီမှာ အဆီဂလင်းရှိပါတယ်။ အဲဒီဂလင်းမှာ အရေပြားဆဲလ်သေတွေ ကပ်ငြိပြီး ပိတ်ဆို့သွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ဝက်ခြံအမျိုးမျိုးမှာ- အရေပြားအောက်မှာ ပိတ်ဆို့နေတဲ့ ဆားဝက်ခြံ အဖြူဆံလေးတွေ မီလာနင်ကြောင့် အမည်းရောင်ဖြစ်နေတဲ့ ဆားဝက်ခြံအမည်းတွေ( ဖုန်မဟုတ်) နီမြန်း၊ နာကျင်ရတဲ့ ဝက်ခြံဖု ပြည်တည်နေတဲ့ (အလယ်မှာအဖြူရောင်အဆံရှိနေ) ဝက်ခြံဖု အရေပြားအတွင်းထဲထိ နက်တဲ့ နာကျင်ရတဲ့ဝက်ခြံဖု(နည်းနည်းကြီးတယ်) […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား

ဆံပင်ကျွတ်တယ်ဆိုတာဟာ လူ့ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုတွေထဲက တစ်ခုပါပဲ။ အမျိုးသားေရာ၊ အမျိုးသမီးပါမကျန် တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားထိ ပုံမှန်ကျွတ်နိုင်ပါတယ်။ ကျွတ်သွားတဲ့နေရာမှာလည်း ဆံပင်အသစ်တွေက ပြန်လည်အစားထိုးပြီး ပေါက်ပါတယ်။ ရေချိုးတဲ့အချိန်ဖြစ်စေ၊ မနက်အိပ်ရာထတဲ့အချိန်ဖြစ်စေ၊ ကိုယ်က ခေါင်းဖြီးလိုက်တဲ့အချိန်ဖြစ်စေ ဆံပင်တွေ အရမ်းကျွတ်နေတယ်လို့ သံသယရှိလာပြီဆိုရင်တော့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ဆံပင်ကျွတ်တာဟာ ရံဖန်ရံခါဖြစ်နိုင်သလို ကိုယ့်ရဲ့ ကိုယ်ခန္ဓါထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှုရှိလာတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေပြီလို့ သံသယရှိနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြန်စစ်ဆေးပြီး အရေပြားဆရာဝန်နဲ့ သေချာကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။ ဆံပင်ကျွတ်လာရခြင်း အကြောင်းရင်းတွေက ဘာတွေလဲ။ ၁။ ပုံမှန်အားဖြင့် မျိုးရိုးဗီဇကြောင့် ဆံပင်ကွက်ပြီး ပါးလာတာ၊ ထိပ်ပြောင်တဲ့ လက္ခဏာတွေ အတွေ့များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလက္ခဏာတွေကို တွေ့ရမှာဖြစ်ပြီး လူငယ်တွေမှာလည်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

စပျစ်စေ့ကရတဲ့အဆီ ဆံသားအတွက် ဘယ်လိုအသုံးဝင်သလဲ

စပျစ်စေ့အဆီဟာ သံလွင်ဆီ၊ အုန်းဆီတို့လိုပဲ ဆံကေသာကို  အားဖြည့်ပေးနိုင်ပါတယ်။ ၎င်းကို ဦးရေပြားက စုပ်ယူနိုင်စွမ်းပိုကောင်းပြီး ဗောက်ပျောက်စေပါတယ်။ စပျစ်စေ့အဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကြွယ်ဝပါတယ်။ စပျစ်အစေ့နဲ့အခွံမှာ ဆံသားမခြောက်သွေ့အောင်ထိန်းသိမ်းပေးမယ့် fatty acids နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဆံသားအတွက် သူ့ရဲ့အကျိုးကျေးဇူးတွေက - ၁။ ဆံသားပျော့ပျောင်းစေတယ် အုန်းဆီနဲ့မတူတာက စပျစ်စေ့အဆီဟာ အေးစိမ့်တဲ့ရာသီမှာ ခဲသွားမှာမဟုတ်ဘဲ ၎င်းကို လိမ်းပေးခြင်းအားဖြင့် စေးကပ်မှုမရှိဘဲ ဆံသားကိုအားဖြည့်ပေးမှာဖြစ်ပါတယ်။ ခပ်ကျဲကျဲအဆီဖြစ်တာကြောင့် jojoba oil လို၊ သံလွင်ဆီတို့ထက် ပိုအဆင်ပြေမှာပါ။ ၂။ ဆံပင်ကို သန်စွမ်းစေတယ် စပျစ်စေ့အဆီကို အိန္ဒိယ တိုင်းရင်းဆေးလောကမှာ ဆံပင် ပြန်လည်သန်စွမ်းစေနိုင်တဲ့ဆေးအဖြစ် သိကြပါတယ်။ သူ့မှာဆံသားကို အားဖြည့်ပေးတဲ့ oleic acid, linoleic acid နဲ့ fatty acids တို့ ကြွယ်ဝစွာ ပါဝင်ပါ တယ်။Linoleic […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း