အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပိုးသားလို နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်ရစေဖို့ နည်းလမ်း (၃) ချက်

ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ကိုယ့်ရဲ့ ဆံနွယ်ေလးတွေ နူးညံ့ပျော့ပျောင်းနေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ လူဆိုတာကလည်း လှချင်တဲ့ စိတ်ကများနေတော့ ဆံပင်ကို ဟိုနားက ပြုပြင်၊ ဒီနားက ပုံသွင်းလိုက်နဲ့ သေချာ ထိန်းသိမ်းမှု မလုပ်တဲ့အခါမှာ ဆံသားနဲ့ ဦးရေပြားက တဖြည်းဖြည်းနဲ့ ခြောက်လာတော့တာပေါ့။ ဒီလိုမဖြစ်စေဖို့ ကာကွယ်လို့ ရမယ့် နည်းလမ်း (၃)ချက်ကို ပျိုမေတွေအတွက် ပြောပြပေးမယ်နော်။ ၁။ ဆံသားမပျက်စီးစေဖို့ ဂရုစိုက်ပါ။ နေ့တိုင်းခေါင်းလျှော်တာထက် တစ်ရက်ခြား တစ်ခါဖြစ်စေ၊ တစ်ပတ်ကို ၂ကြိမ်လောက်ဖြစ်စေ ခေါင်းလျှော်ေပးရင် ရပါတယ်။ ခေါင်းမကြာခဏ လျှော်တဲ့အခါ ဦးရေပြားက ဆံသားချောမွေ့စေဖို့ ထုတ်ပေးလိုက်တဲ့ သဘာဝအဆီဓါတ်တွေကို ဖယ်ရှားပစ်လိုက်လို့ပါ။ ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးပါ။ ရေပူရေနွေးနဲ့ ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြားကို ခြောက်သွေ့သွားစေပြီး အဆီဓါတ်ကို ပိုမိုခမ်းခြောက်ဖို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

ဆံပင်ပါး၊ ဆံပင်ကျွတ်နေတဲ့သူတွေ၊ ထိပ်ပြောင်တဲ့သူတွေအတွက်က ဆံပင်ပြန်ပေါက်စေမယ့်၊ ဆံပင်သန်စေမယ့်ဆေးတွေ၊ နည်းလမ်းတွေကိုလိုက်ရှာနေကြမှာပါပဲ။ တချို့ကတော့ သဘာဝဆေးနည်းလေးတွေ၊ ဆံပင်သန်ဆေး ဒါမှမဟုတ် ပေါင်းတင်တာတွေနဲ့ ပြန်အဆင်ပြေလာကြပေမယ့် နည်းအမျိုးမျိုး၊ဆေးအမျိုးမျိုးသုံးကြည့်ပြီး အဆင်မပြေသူတွေလည်းရှိပါတယ်။ အခုတော့ နီးလျက်နဲ့ဝေးနေတဲ့ ကုသဆေးတစ်ခုကို သုတေသနကဖော်ထုတ်ပေးခဲ့ပါတယ်။ မျိုးဗီဇအရကို ဆံပင်ပါးတဲ့သူတွေအတွက်က အသုံးများတဲ့ကုထုံးတွေရှိပေမယ့် ခုတစ်ခါတွေ့ရှိတဲ့ ကုထုံးအသစ်ကတော့ ကာယကံရှင်ရဲ့သွေးကို ပြန်အသုံးပြုမယ့် သွေးရည်ကြည် ကုထုံးပဲ ဖြစ်ပါတယ်။ Platelet-rich plasma (PRP) လို့ခေါ်တဲ့သွေးရည်ကြည်ကုထုံးကို သွားကနေ အရိုးအထိ ကုသမှုအမျိုးစုံမှာ သက်သာပျောက်ကင်းမှုမြန်ဆန်အောင် အသုံးပြုနေတာဖြစ်ပါတယ်။ အစက လူသိများတာက မျက်နှာအလှအပအတွက် အသုံးပြုတာဖြစ်ပြီး ဆံပင်အတွက်ဆို ပိုခေတ်စားလာတော့မှာပါ။ ဒီကုထုံးအတွက်သုတေသနက အစောပိုင်းအဆင့်မှာပဲရှိနေသေးတဲ့အတွက် ဆံကေသာကုထုံးအဖြစ်တရားဝင် အသုံးပြုခွင့်မရသေးပါဘူး။ သွေးရည်ကြည် ကုထုံးက ဘယ်လိုမျိုးလဲ PRP ကုထုံးမှာ ကာယကံရှင်ရဲ့သွေးကိုယူပြီး သွေးရည်ကြည် ထဲက သွေးနီဥဆဲလ်တွေကို ခွဲထုတ်ပါတယ်။ ဆံပင်ပေါက်စေမယ့် growth […]


အခြားအရေပြားပြဿနာများ

နေပူပူထဲလည်း မထွက် အိမ်မှာပဲနေနေတာတောင် ဘာကြောင့် အသားမည်းမည်းလာရတာလဲ ။ ။

နေရောင်နဲ့လည်း မထိ၊ အိမ်မှာဘဲ နေနေရင်းနဲ့ အသားမည်းမည်းလာရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြပါသလား။ နေကသာ အသားကိုမဲည်းစေနိုင်တယ်ဆိုတာပဲ သိထားတော့ နေပူထဲလည်း မသွားဘဲနဲ့ အသားမည်းလာတဲ့အခါ တွေးစရာလေးတွေ ဖြစ်လာပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ အသားမည်းတဲ့ ဖြစ်စဉ်က ဘယ်လိုဖြစ်ရတာလဲ ။ ။ ကိုယ်ပေါ်က အရေပြားတွေ အရောင်ရင့်လာခြင်းရဲ့ အဓိက တရားခံကတော့ အရေပြားပေါ်မှာရှိတဲ့ Melanocyte ကထုတ်တဲ့ melanin ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် melanin ပိုထွက်စေတဲ့ အကြောင်းအရာတွေ သင့်မှာရှိနေရင်တော့ အိမ်ထဲမှာနေရင်းနဲ့လည်း သင့်အသားအရေတွေ မည်းသွားနိုင်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေက melanin ပိုထွက်ခြင်းကို ဖြစ်စေတာလဲ ။ ။ နေရောင်ခြည် ။ ။ အသားမည်းလာခြင်းကိုဖြစ်စေတဲ့ melanin ပိုထွက်စေတဲ့အကြောင်းအရင်းတွေထဲမှာ နေရောင်ခြည်ကို […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုယ့်မျက်နှာအသားအရေက ဘယ်အမျိုးအစားထဲမှာ ပါလဲ

ကျား၊ မ၊ အသက်အရွယ်မရွေး ကိုယ့်ရဲ့ မျက်နှာလေး ဖြူစင်ဝင်းပပြီး အပြစ်အနာအဆာတွေ ကင်းနေတာကိုပဲ မြင်ချင်ကြမှာပါ။ ဒါဆို အလှအပအတွက် အသားအရေပြုပြင်ထိန်းသိမ်းတာပဲဖြစ်စေ၊ အလှကုန်ပစ္စည်းရွေးဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ မျက်နှာက ဘယ်လိုအမျိုးအစားထဲမှာ ပါနေလဲဆိုတာ သိထားဖို့ လိုပါတယ်။ အဓိကအားဖြင့် ၁။ ပုံမှန် အသားအရေ (Normal Skin) ၂။ ခြောက်သွေ့ အသားအရေ (Dry Skin) ၃။ အဆီပြန် အသားအရေ (Oily Skin) ၄။ ပေါင်းစပ် အသားအရေ (Combination Skin) ၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin) ဆိုပြီး အသားအရေအမျိုးအစား ၅ မျိုး ရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့် ဆောင်းပါးလေးကတော့ မတူညီတဲ့ အသားအရေအမျိုးအစား ခွဲခြားပုံနဲ့ ဘယ်လိုအရေပြားပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လို ဂရုစိုက်သင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးမယ်နော်။ ၁။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အဆီပြန်တဲ့ ဦးရေပြားကြောင့် စိတ်ညစ်နေပြီလား ။ ။

မနေ့ကပဲ ခေါင်းလျှော်ထားတယ်။ ဒီနေ့ကျတော့ ဆံပင်တွေ အဆီပြန်နေပြီး ပုံမကျဖြစ်နေလို့ စိတ်ညစ်ရတဲ့ အခိုက်အတန့် ကျွန်မတို့ မိန်းကလေးတိုင်းမှာ ရှိပါတယ်။ ဆံပင်အရင်းမှာတော့ အဆီတွေပြန် စိုရွဲနေပြီး ဆံပင် အဖျားမှာ ခြောက်သွေ့နေတော့ ဘယ်လိုလုပ် လှတော့မှာလဲနော် ။ ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေကိုလည်း မသုံးချင်ဘူး၊ အဆီပြန်နေတဲ့ ဆံပင်တွေကိုလည်း မလိုချင်ဘူး ဆိုရင်အဆီပြန်နေတဲ့ ဆံပင်အတွက် သဘာအတိုင်း သက်သာအောင်လုပ်လို့ရတဲ့ နည်းတွေရှိပါတယ် ။ ။ အဆီပြန်တတ်တဲ့ ဆံကေသာ ပိုင်ရှင်တွေ အတွက် သဘာဝ နည်းလမ်းများ ။ ။ ပန်းသီးရှာလကာရည် - ပန်းသီးရှာလကာရည်မှာပါတဲ့ အက်ဆစ်ဓာတ်က ဦးရေပြား ပေါ်က pH ပမာဏကို ထိန်းညှိပေးလို့ အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် ၁ဇွန်းကို ရေတစ်ဖန်ခွက်ထဲရောမွှေပြီး ဦးရေပြားနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဖြူသွယ်လှပတဲ့ ခြေသလုံးလေးတွေပိုင်ဆိုင်ချင်လား

လေဒီလေးတွေတာ်တော်များများက အသားအရေထိန်းသိမ်းမယ်လို့တွေးလိုက်ရင် အရင်ဆုံးစဉ်းစားမိတာက မျက်နှာအသားအရေနဲ့ လက်အသားအရေပါ၊ ဂရုမစိုက်တာကတော့ခြေထောက်ေပါ့။ခြေထောက်ဆိုတာတောင်ခြေသလုံးကို ပိုဂရုမစိုက်မိတာပါ။ခြေသလုံးကို ဂရုစိုက်ဖို့ သတိထားမိတဲ့အချိန်က တစ်ချိန်ပဲရှိပါတယ်။ ဒါကတော့ စကတ်တိုလေးတွေ၊ ဂါဝန်လှလှလေးတွေဝတ်ချင်တဲ့အချိန်မှပါ။ တကယ်တော့ပြီးပြည့်စုံတဲ့ အလှတရားပိုင်ဆိုင်ဖို့ဆိုရင်ခေါင်းအစ၊ခြေအဆုံးလှဖို့လိုတာပါနော်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ရဲ့လေဒီပရိသတ်လေးတွေကိုခြေသလုံးလှပစေမယ့်နည်းလမ်းလေးဝေမျှပေးပါရစေနော်။ ခြေသလုံးလေးတွေဖြူသွယ်လှပစေဖို့ဆိုရင် ခြေသလုံးအရေပြားကလည်း ဂရိုစ်ုက်ဖို့လိုအပ်ပါတယ်နော်။ စကတ်လေးတွေ၊ ဂါဝန်လေးတွေဝတ်မှမဟုတ်ပါဘူး။ ဖိထမိန်ဝတ်တယ်ဆိုရင်တောင်ခြေလျမ်းလိုက်တိုင်းခြေသလုံးကိုမြင်ရတာပါနော်။ ဒီလိုမြင်ရတဲ့အခါခြေသလုံးကလှလှလေးဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုပိုလို့ယုံကြည်မှုရှိတာပေါ့နော်။ခြေသလုံးလေးတွေသွယ်လျဖို့ကတော့ တစ်နေ့ကို ၁၅ မိနစ်လောက်အချိန်ပေးပြီးခြေသလုံးလှပစေတဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးရုံပါ။ အိပ်ရာမဝင်ခင်မှာ လုပ်ပေးလို့လည်းရပါတယ်။ ခြေသလုံးသားလေးတွေဖြူဝင်းစေဖို့ကတော့ အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။ငွေကုန်ကြေးကျလည်းမများဘဲ။ အိမ်မှာဘဲ အလွယ်တကူလုပ်လို့ရတယ်ဆိုတော့လေဒီလေးတွေအတွက် အဆင်ပြေမှာပါ။ ဘာတွေလိုအပ်မလဲ လိုအပ်မှာတွေကတော့ အရမ်းမများပါဘူး။ ရေနွေး၊ မုန့်ဖုတ်ဆော်ဒါ၊ သကြားညို၊ သံလွင်ဆီ နဲ့ အုန်းဆီတို့ပဲဖြစ်ပါတယ်နော်။ ခြေသလုံးအသားအရေထိန်းသိမ်းနည်းအဆင့်ဆင့် ခြေသလုံးအသားအရေထိန်းသိမ်းတော့မယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့လိုအပ်ပါမယ်။ ခြေသလုံးကဆဲလ်သေတွေကို ဖယ်ရှားရပါမယ်။ ခြေသလုံးမွှေးတွေကို ဖယ်ရှားရပါမယ်။ အစိုဓါတ်ထိန်းပေးရပါမယ်။ မုန့်ဖုတ်ဆော်ဒါသုံးမယ် ဒီနည်းက ကမ္ဘာပေါ်ကလေဒီတော်တော်များများအသုံးပြုနေကြပြီး တကယ်လည်း အသုံးတည့်ပါတယ်။ခြေသလုံးမွှေးတွေကို မဖယ်ရှားခင်မှာ မုန့်ဖုတ်ဆော်ဒါနဲ့ ခြေသလုံးတစ်ခုလုံးကိုနှံ့အောင်ပွတ်ပေးရပါမယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

နွေရာသီမှာ ကြက်ဥအကာ နဲ့ မျက်နှာပေါင်းတင်ကြမယ်

မျက်နှာပေါင်းတင်တဲ့ အလှကုန်ပစ္စည်းတွေ၊ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ မျက်နှာပေါင်းတင်ပစ္စည်းတွေမှာ ကြက်ဥအကာ ကို တော်တော်လေး အသုံးများလာကြပါတယ်။ မတူညီတဲ့ အသားအရေတိုင်းအတွက် သုံးပေးလို့ ရတဲ့အပြင် အရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးလို့ သုံးပြီးတာနဲ့ မျက်နှာအသားလေး နူးအိပြီး စိုပြေသွားတဲ့အရသာကို ခံစားရမှာပါ။ ကြက်ဥမှာ အသားအရေကို တင်းရင်းစေတဲ့ အာနိသင်ပါဝင်လို့ အသက်အရွယ်ကြီးသူတွေ၊ အရွယ်မတိုင်ခင် မျက်နှာပေါ်မှာ အရေးအကြောင်း ထင်နေတဲ့သူတွေအတွက် သုံးလို့ အဆင်ပြေစေပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီ မရွေး အသုံးပြုနိုင်တဲ့အပြင် အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး ဖြူစင်ဝင်းမွတ်လာစေနိုင်ပါတယ်။ ဒါဆိုရင် နွေရာသီမှာ ချွေးတွေ ထွက်ပြီး မျက်နှာအဆီအမြဲပြန်နေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေနဲ့ အလှအပကို စိတ်ဝင်စားတဲ့ သူတွေအတွက် ကြက်ဥအကာကို အသုံးပြုပြီး အလွယ်တကူ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေလေးတင်းရင်းစေဖို့ ကြိုးထိုးကြမယ်

အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ အလှအပြပုပြင်နည်းတစ်ခုပေါ့။ အချိန်တိုလေးအတွင်းမှာ လှပသွားစေမယ့် နည်းလမ်းလေးတစ်ခုပါ။ နာကျင်မှုနည်းပြီး အချိန်လည်းသိပ်မပေးရတဲ့ အလှအပပြုပြင်မှုတစ်ခုပါ။ Botox ထိုးတာထက် တာရှည်ခံသလို Filler ထိုးတာထက်လည်း အချိန်ကြာကြာလှပနေစေမှာပါ။ ငယ်ရွယ်တဲ့ရုပ်သွင်ပြင်ကို ပိုင်ဆိုင်ချင်သူတွေ စဉ်းစားသင့်တဲ့အလှအပပြုပြင်မှုတစ်ရပ်ပါ။ ဒီနည်းလမ်းက နဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းက လျော့ရဲနေတဲ့ အရေပြားတွေကို တင်းရင်းလှပစေနိုင်ပါတယ်။ မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်က အရေပြားအတွန့်အခေါက်လေးတွေ၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ ဒီကုထုံးမှာ ကြိုးစကို ဆံစပ် ဒါမှမဟုတ် နားရွက်ေနာက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကို အရာပေးထားတဲ့အတိုင်း သေသေသပ်သပ်လေးလုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးက အရေပြားတစ်ရှုးတွေကို တွယ်ဆက်ပေးပြီး အသားအရေကို သဘာဝအတိုင်း ချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။ ဘာတွေထူးသွားနိုင်လဲ ဒီကုထုံးရဲ့ အားသာချက်တွေကတော့- ရုပ်သွင်ကိုနုပျိုစေပြီး အသားအရေကိုတင်းရင်းလှပစေတယ် မျက်နှာကောက်ကြောင်းကိုပိုပြီးပေါ်လွင်စေတယ် အမာရွတ်မထင်ဘဲ နုပျိုတဲ့ရုပ်သွင်ကိုရရှိစေတယ် […]


အသားအရေ ထိန်းသိမ်းခြင်း

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

နွေရာက်ပြီလေ...ဆိုတာက သီချင်းစာသားအနေနဲ့ပဲ နားထောင်လို့ ကောင်းတာပါနော်။ နဖူးတွေ့ဒူးတွေ့ ခံစားရတဲ့နွေရဲ့ အပူချိန်က ပူပြင်းလွန်းပါတယ်။ နေရထိုင်ရ ပူတဲ့အပြင် အသားတွေပါ မည်းတာနော်။ နွေရာသီ မှာ ဖြေရှင်းရတဲ့ အသားအရေပြဿနာကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ နွေရာသီရဲ့ အပူဒဏ်ကြာင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်နည်းလေးတွေ ပြောပြမယ်နော်။ နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် နေအပူကြောင့် အသားအရေထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့်အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပြောပါရစေနော်။ ဗီတာမင် စီ (Vitamin C) များများစားပါ ကော်လာဂျင် ကောင်းကောင်းထုတ်နိုင်ဖို့အတွက် ဗီတာမင် စီ ပြည့်ပြည့်ဝဝရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် စီ ပြည့်ဝမှလည်း အသားအရေက စိုစိုပြည်ပြည်နဲ့ တင်းရင်းလှပနေမှာပါ။ အစိုဓာတ်လည်း ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီ အပူဒဏ်ကို အံတုနိုင်ဖို့ လိမ္မော်သီး၊ သံပရိုသီး၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျားဟော်မုန်း နှင့် အမျိုးသားများ ထိပ်ပြောင်ခြင်း ဆက်စပ်မှုရှိလား

ကျားဟော်မုန်း (testosterone) ဆိုတာ အမျိုးသားတွေရဲ့ ဝှေးစေ့ကနေ အဓိက ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး အမျိုးသမီးတွေမှာလည်း တွေ့ရတတ်ပါတယ်။ လိင်ပိုင်းစွမ်းဆောင်ရည်ကိုသာမက ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် တာဝန်ကို ယူထားပါတယ်။ ကျားဟော်မုန်း နည်းခြင်း၊ များခြင်းဟာ မျိုးရိုးဗီဇနဲ့ သာမက ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ အစားအစာ အာဟာရနဲ့လည်း သက်ဆိုင်မှု ရှိပါတယ်။ ဒါဆိုရင် ထိပ်ပြောင်ခြင်းနဲ့ ကျားဟော်မုန်း ဘယ်လိုသက်ဆိုင်မှု ရှိသလဲ။ ဘာလို့ ကျားဟော်မုန်းများတဲ့ အမျိုးသားတွေမှာ မြန်မြန်ထိပ်ပြောင်နိုင်လဲဆိုပြီး လူတွေ ထင်နေကြတာလဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးချင်ပါတယ်။ ထိပ်ပြောင်ခြင်း ဆိုသည်မှာ အမျိုးသားတွေရဲ့ နဖူး ဘေး နှစ်ဖက်မှာ စတင်နောက်ပြန်ကျပြီး ဆံပင်ပေါက်နှေးတာ၊ ဆံသားပါးလာတာ၊ ဆံပင်ကျွတ်မြန်တာ စတင်ဖြစ်လာပါတယ်။ ဆံပင်ပါးလာတဲ့ ဘေးနှစ်ဖက်ကနေ တဖြည်းဖြည်း သွားစုမိတဲ့အခါ "U" […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း