အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအသားအရေအတွက် နွားနို့နဲ့ ပျားရည်

နေလောင်ထားလို့ မျက်နှာအသားအရေတွေညစ်နေလား။ ဝက်ခြံနဲ့ အမာရွတ်၊ချိုင့်ခွက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းနေလား။ ဒါတွေအဆင်ပြေဖို့ အလှပြုပြင်ရေးစင်တာတွေဆီ သွားစရာမလိုပါဘူး။ သဘာဝအတိုင်းလေး ဖြူဝင်းလှပချင်တယ်ဆိုရင် ပျားရည်နဲ့နွားနို့ကိုသုံးပြီး အိမ်မှာပဲအလှပြုပြင်လို့ရပါတယ်။ ပျားရည်ဆိုတာ အရေပြားနဲ့ပတ်သက်လာရင် ဟိုးရှေးကတည်းက ဆေးစွမ်းကောင်းတစ်လက်ဖြစ်သလို ဝက်ခြံနဲ့အမာရွတ်တွေကုသရာမှာ အကျိုးကျေးဇူးများလှပါတယ်။ ခြောက်သွေ့ပျက်စီးနေတဲ့အသားအရေကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့ အစွမ်းထက်အာနိသင်အပြင် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ နွားနို့ကတော့ အသားအရေကို သန့်စင်ပေးပြီး အစိုဓါတ်ထိန်းတဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။ အသားအရေကို ထိခိုက်စေတဲ့ radicals တွေကို ခုခံတိုက်ဖျက်ပေးပြီး အသားအရေကို ချောမွတ်နူးညံ့သွားစေနိုင်ပါတယ်။ ပျားရည်နဲ့နွားနို့ ပေါင်းစပ်လိုက်တဲ့အခါ အသားအရေကို အတွင်းပိုင်းအထိ သန့်စင်နိုင်လောက်အောင် ဘက်တီးရီးယားသေစေတဲ့အစွမ်းသတ္တိတွေရှိလာ စေပါတယ်။ ပေါင်းတင်ဆေး ဘယ်လိုလုပ်မလဲ အရသာမထည့်ထားတဲ့ နွားနို့ ခွက်တစ်ဝက်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း ၃/၄ ဇွန်းထည့်ပြီး အနှစ်ရတဲ့အထိ မွှေပါ။ မျက်နှာတစ်ခုလုံးကို သေချာလိမ်းပါ။ ပါးရိုးနေရာတွေနဲ့ ဝက်ခြံအဖြစ်များတဲ့နေရာတွေကို ဦးစားပေးလိမ်းပါ။ မျက်နှာနဲ့လည်ပင်းကို မထူမပါး ညီညာစွာလိမ်းပြီး […]


အခြားအရေပြားပြဿနာများ

ယားစပ်စပ်နဲ့ မိတ်တွေ အမြန်သက်သာစေမယ့် နည်းလမ်း (၈) ခု

နွေရာသီရောက်ပြီဆို မိတ်ထွက်မှာ စိတ်ပူနေတဲ့ လူတချို့ရှိတယ်နော်။ နေများပူပြီဆို နှစ်တိုင်းလာနေကျ ဖောက်သည်လေးတွေ ကျောမှာ၊ ခါးမှာ၊ ဗိုက်မှာ၊ လည်ပင်းမှာ၊ ချိုင်းနဲ့ လက်မောင်းမှာ၊ ပခုံးမှာ နေရာယူကြတာ အလုအယက်ပဲ။ မိတ်တွေ က သေးသေးလေးဆိုပေမယ့် တစ်ဖုချင်းမဟုတ်ဘဲ သူတို့က အင်အားအစုလိုက်နဲ့ဆိုတော့ ယားစပ်စပ်နဲ့ အတော်ခံရခက်ပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များတယ်ဆိုပေမယ့် လူကြီးဖြစ်တောင် မိတ်အမြဲထွက်တဲ့သူတွေမှာ အတော်ဒုက္ခရောက်ရပါတယ်။ လူကြားထဲ ကုတ်နေလို့လည်းမရ၊ မိတ်တွေ လူမြင်မှာစိုးလို့ အဝတ်အစားလည်းရွေးရ၊ ချွေးထွက်ရင် စပ်တာလည်းခံရနဲ့။ အခုတော့ မိတ်အမြန်သက်သာမယ့် နည်းတွေ မျှပေးလိုက်မယ်နော်။ ယားစပ်စပ်နဲ့ မိတ်တွေ အမြန်သက်သာစေမယ့် နည်းလမ်း (၈) ခု (၁) ရေအေးနဲ့ ချိုးပါ။ အရေပြားမှာ အအေးဓာတ်ရရင် မိတ်တွေ ပျောက်လေ့ရှိပါတယ်။ ရိုးရိုးရေအေးလေးနဲ့ တစ်နေ့နှစ်ကြိမ်ချိုးပါ။ အရေးကြီးတာက ဆပ်ပြာအပြင်းတွေ သိပ်မသုံးဖို့ရယ်၊ ချိုးပြီးရင် […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

နွေရာသီမှာ မိတ်ပေါက်တာမဆန်းပေမယ့် မိတ်ပျောက် သွားရင်တော့ဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သူများမြင်ရင်တော့ ဆန်းနေမှာနော်။ မိတ်ဖုလေးတွေပျောက်သွားရင် ကျန်ခဲ့တဲ့အကွက်လေးတွေက ညှင်းတွေလိုလို၊ ပွေးတွေလိုလို အထင်ခံရတာတော်တော်ဆိုးပါတယ်။ သူကတော့ အန္တရာယ်မပေးနိုင်ပေမယ့်နေရခက်စေတာရယ်၊ အမာရွတ်ကျန်တာရယ် ကြောင့် မိတ်ပေါက်လာတာနဲ့ ကိုယ်သက်သာမယ့်နည်းလမ်းကို ရှာရပါတော့တယ်။ မိတ်ဖုတွေဟာ အပူချိန်ပြင်းလွန်းလို့ အရေပြားက တုံ့ပြန်လာတဲ့အရာပါ။ ချွေးထွက်ပြွန်တွေ ပိတ်ဆို့ပြီး အရေပြားထဲမှာ ချွေးတွေငုပ်သွားတဲ့အခါ မိတ်ထွက်လာပါတယ်။ နီနီဖုအသေးလေးတွေ ခပ်ကျဲကျဲ သို့မဟုတ် အပြင်လိုက်ထွက်တတ်တဲ့ မိတ်ဖုလေးတွေက အများအားဖြင့် အဝတ်အစားနဲ့ ဖုံးအုပ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ ဖြစ်လာတတ်တယ်။ ဥပမာ ကျော၊ လည်ပင်း၊ ရင်ဘတ်၊ ချိုင်းကြား၊ ဗိုက် တို့မှာပေါ့။ ဒါပေမယ့် အမာရွတ်ကျန်ရင်ကျ လူမြင်လောက်တဲ့ လက်မောင်းနဲ့ချိုင်း ဒါမှမဟုတ် လည်ပင်းမှာဆို လက်ပြတ်လေးလည်း မဝတ်ရဲ၊ လည်ပင်းပေါ်မှာစိုးလို့ ဆံပင်လည်း လှန်မတင်ရဲဖြစ်ရတာတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားမဲတာ ပတ္တမြားခဲပါ

အသားမဲလို့ဆိုပြီး စိတ်ညစ်နေလား။ သမီးကိုဘာလို့ အသားဖြူဖြူလေးမွေးမထားရတာလဲ မေရယ်ဆိုပြီး အပြစ်တင်နေမိလား။ အပြစ်မဆိုပါနဲ့နော်။ အရာရာတိုင်း၊ ကိစ္စရပ်တိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲနေတာပါ။ တစ်ခါတလေကျ ငါ့ကျမှဒါမျိုးဖြစ်ရလားဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ အချို့သောကိစ္စတွေက ဆိုးတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာတော့ကောင်းကျိုးလေးတွေရှိနေပါတယ်နော်။ အသားမဲတာက မကောင်းဘူးလို့ ဘယ်သူပြောလဲ အသားအရောင်တွေက အမျိုးမျိုးနော်။ အာရှအသားအရေကပိုတောင် စုံသေးတယ်။ ရာသီဥတုအခြေအနေစုံလင်သလို အသားအရောင်ကလည်း အသားဖြူဖြူလေးတွေရှိသလို ဝါညက်ညက်လေးတွေ၊ ညိုပြာညက်လေးတွေ၊ အသားရောင် အညိုရင့်ရင့်လေးတွေရယ်ဆိုပြီး အမျိုးအစားကိုစုံနေတာပါပဲ။ လူတိုင်း အထူးသဖြင့်လေဒီလေးတွေက အသားဖြူတာကို သဘောကျကြတယ်နော်။ သတိထားမိကြမလားမသိဘူး။ အသားညိုတာက အရေပြားပြဿနာတွေကို အသားဖြူသူတွေလောက်မခံစားရဘူးဆိုတာကိုလေ။ အသားအရောင်ကွာခြားရတာက ခန္ဓါကိုယ်က ထုတ်လုပ်တဲ့ မယ်လ်လာနင် ပမာဏကွာခြားတာကြောင့်ပါ။ အသားအရောင်ဖြူလေလေနေပူအောက်မှာ အသားအရေထိခိုက်နိုင်ခြေ များလေလေပါနော်။ အသားညိုတဲ့သူ အသားမဲတဲ့သူတွေရဲက အရေပြားက မယ်လ်လာနင်ကြွယ်ဝတာကြောင့် ပူပြင်းတဲ့နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကို အသားဖြူသူတွေ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

သကြား scrub လေးတွေနဲ့ အသားအရေအလှကိုထိန်းကြမယ်

နေတအားပူတော့ အပြင်သွားလိုက်တဲ့အခါ အသားအရေလည်းပျက်စီးရပြီပေါ့။ အသားမမည်းချင်လို့နေလောင်ကာခရင်မ်တွေ လိမ်းလည်း အသားကညစ်နေတယ်ဆို တစ်ပတ်တစ်ကြိမ်တော့ ဆဲလ်သေဖယ်ရှားတဲ့ scrub လုပ်ပေးပေါ့။ ဒါလည်း အသားအရေထိန်းချင်တဲ့ သူတွေအတွက် မလုပ်မဖြစ်တဲ့အဆင့်တစ်ခုပဲလေ။ ဒါပေမယ့်မကြာခဏမလုပ်ချင်ဘူး၊ တစ်ခါတလေပဲသုံးမှာမို့ဈေးကြီးပေးမဝယ်ချင်ဘူးဆိုတဲ့သူတွေအတွက် အလွယ်ဖန်တီးလို့ရပြီးဘေးကင်းတဲ့ ကိုယ်တိုင်လုပ် srcubလေးတွေအကြောင်းပြောပြချင်လို့။ သကြားဆိုတာ အစားအသောက်ထဲ ပါဝင်ပစ္စည်းအဖြစ်နဲ့အသုံးများပေမယ့် အသားအရေ အတွက်လည်း အရမ်းအကျိုးပြုတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။ သကြား scrub သာဆို အရေပြားဆဲလ်သေတွေကိုဖယ်ရှားတဲ့နေရာမှာ သိပ်အစွမ်းထက်တယ်နော်။ နောက်ပြီးရင်တော့ အစိုဓါတ်ပြန်ထိန်းဖို့ moisturizer သုံးဖို့ လိုအပ်တယ်နော်။ ပျားရည်သံပရာသကြား Scrub ပျားရည်နဲ့သံပရာက အသားအရေကို လင်းလက်စေတယ်၊အစိုဓါတ်ထိန်းတယ်၊ အသားအရေကျန်းမာစေတယ်။ ပျားရည် ၃ ဇွန်း၊သံပရာရည် ၂ ဇွန်း၊ သကြား ၂ ဇွန်းပဲ လိုပါတယ်။ သည်သုံးမျိုးကို မျက်နှာနဲ့ခန္ဓါကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် အသာအယာပွတ်လိမ်းပါ။ ၁၀ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ဒဏ်ခံထားရတဲ့ နှုတ်ခမ်း လေးတွေကို ဘယ်လိုကုစားမလဲ

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ ပြဿနာက မကြာခဏဆိုသလို တွေ့ရမြင်ရ၊ ကြားနေရပါတယ်။ ကမ်းခြေသွားပြီး ပြန်လာလို့ အသားတွေ မည်းလာတယ်၊ သင်္ကြန်မှာ ရေကစားပြီးလို့ အသားတွေ ပပ်ပြီး ပျက်စီးသွားတယ်၊ နေပူထဲ အကာအကွယ်မပါဘဲ ထွက်ပြီး ပြန်လာတော့ အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ် အစရှိသဖြင့် ပြဿနာကတော့ အစုံပါပဲ။ ဒီလိုနေလောင်တဲ့ အထဲမှာ နှုတ်ခမ်း ကတော့ ဘေးကင်းမယ်ထင်ရင် မှားသွားပါလိမ့်မယ်။ မျက်နှာအရေပြားလိုပဲ တော်တော်လေး နူးညံ့ပြီး ထိခိုက်ပျက်စီးလွယ်တာကြောင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကို အလွယ်တကူ ခံရနိုင်တဲ့အထဲမှာ နှုတ်ခမ်းလည်း ပါပါတယ်။ နှုတ်ခမ်း က နေလောင်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။ အသားအရေမှာ နေလောင်ရင် တွေ့ရတဲ့ လက္ခဏာတွေလိုပါပဲ။ နှုတ်ခမ်းက ပုံမှန်ထက်ပိုပြီး နီရဲနေတာ၊ ဖူးရောင်နေသလို၊ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား ။ ။

အားလုံးချစ်တဲ့ တာသင်္ကြန်ပွဲတော်ကြီး ပြီးသွားလို့ လွမ်းနေတဲ့သူတွေရှိလား။ သင်္ကြန်ဆိုတာ ပြီးသွားတိုင်း အမှတ်တရတွေ ကျန်ခဲ့တယ်မဟုတ်လား။ အထူးသဖြင့် သင်္ကြန်ရဲ့ ကဲခဲ့ခြင်းအမှတ်တရ ဖြစ်တဲ့ အသားအရေ နေလောင်တာလေးတွေ ကျန်ခဲ့တယ်ဟုတ်။   သင်္ကြန်ပွဲတော်ရှိတဲ့ အချိန်က မြန်မာနိုင်ငံ ေနွရာသီ ရဲ့ အပူဆုံးလဖြစ်တဲ့ ဧပရယ်ဆိုတော့ နေကလည်းပြင်း၊ ခရမ်းလွန်းရောင်ခြည်ေတွကလည်း များ၊ ရေကလည်းစို လေကတိုက်နဲ့ တစ်နှစ်လုံး ဥထားတဲ့ အသားအရေ ေတွ သင်္ကြန် ၄ ရက်တွင်းမှာ တစ်ခါတည်း ပျက်စီးသွားပါလေရောလား။   လက်ရှည်တော့ဝတ်ခဲ့ပါရဲ့။ ဒါပေမယ့် နေကပိုပြင်းလို့ အကျီၤချွတ်လိုက်တဲ့အခါ လက်က အသားက အဖြူတစ်ပိုင်း အမဲတစ်ပိုင်းဖြစ်၊ မျက်နှာကြီးကလည်း နီပြီးရဲ၊ အသားတွေက စပ်ဖျင်းဖျင်းဖြစ်နေလို့ စိတ်ညစ်နေတဲ့ ချိဖတို့ ချိမတို့ရှိလား။ ပျော်တုန်းကတော့ ပျော်ခဲ့ပါရဲ့။ ဒါပေမယ့် သင်္ကြန်လည်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံကေသာလေး ကျော့ရှင်းလှပနေစေဖို့ သံလွင်ဆီလိမ်းပေးစို့

အရေပြားနဲ့ ဆံကေသာလေး အတွက် သံလွင်ဆီရဲ့ ကောင်းကျိုးတွေကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ သံလွင်ဆီဟာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးဒုက္ခ မဖြစ်စေတဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ သံလွင်ဆီရဲ့ ဦးရေပြားဆိုင်ရာကောင်းကျိုးတွေ သံလွင်ဆီမှာ ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အာဟာရဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် ဆံသားပျော့ဆေးအဖြစ်နဲ့လည်း သံလွင်ဆီကို အသုံးပြုလို့ ရပါတယ်။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး အေးမြစေတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းလို့ ဆံသားကို ကျန်းမာသန်စွမ်းပြီး နက်မှောင်စေတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေ ခြောက်ပြီး ပျက်စီးတာ၊ ဆံသားကျိုးကြေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကယ်လို့ ဆံသားနဲ့ ဦးရေပြားအတွက် သံလွင်ဆီကို တစ်ခါမှ မသုံးဖူးဘူးဆိုရင် ဒီဆောင်းပါးလေးကနေ ဘယ်လိုအကျိုးရှိစွာ အသုံးပြုလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ သံလွင်ဆီကို အရင်ဆုံး လက်ပေါ်မှာ အနည်းငယ် လိမ်းကြည့်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ်က သွေးကြောတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်နော်

တစ်နေ့တခြားပိုပူလာတဲ့ရာသီဥတုေကြာင့်နွေရာသီက ပိုပီပြင်လာခဲ့သလို အသားတွေ နေလောင်တာလည်း အသားကုန်ပဲနော်။နေပူထဲကို ထီးဆောင်းထွက်တာတောင်တော်တော်လေးပူတဲ့အနေအထားမှာ အပူဒဏ်ကြောင့် အသားအရေကို မထိခိုက်စေဖို့ ဘာလုပ်ရင်ကောင်မလြဲတွးနေလာ။နေပူလည်း ထွက်စရာရှိတဲ့အပြင်ကထွက်ရမှာပဲလေ။ ဒီလိုဖြစ်တဲ့အခါ အသားအရေကို အပူဒဏ်ကြောင့်ထိခိုက်မှုနည်းအောင်လုပ်ရမှာက ကိုယ်တိုင်ပါနော်။ အသားအရေကိုနေလောင်ဒဏ်ကနေကာကွယ်ပေးမယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခု အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကနေလောင်ကာခရင်မ်လူးတာပါနော်။ အပြင်သွားခါနီးတိုင်း နာရီဝက်အလိုလောက်မှာ သတိထားပြီး အသားအရေကိုနေလောင်ကာခရင်မ်လူးပြီးမှထွက်ပေးပါနော်။ ဒီလိုလုပ်တာက ရုံးခန်းထဲမှာထိုင်ပြီး အလုပ်လုပ်နေသူတွေအတွက်လည်း အကျုံးဝင်တာပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့နေရောင်ဝင်နိုင်တဲ့နေရာမှာရှိနေသမျှနေလောင်ခံရနိုင်တာကြောင့်ပါ။ ဒါကြောင့်နေ့တိုင်းလိုလို အသားအရေကိုနေလောင်ဒဏ်က ကာကွယ်ဖို့ဆိုရင်နေလောင်ကာခရင်မ်လူးရမှာကမေးနေစရာတောင်မလိုအောင်ပါနော်။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုက ဘာတွေဖြစ်စေနိုင်လဲ ခန္ဓါကိုယ်အရေပြားကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့စေမှုက အသားအရေနေလောင်တာ အသားအရေခြောက်သွေ့တာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာနဲ့ အရေပြားကင်ဆာတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေကင်းစေဖို့ကနေရောင်ထဲထွက်တဲ့အခါပြည့်စုံတဲ့ ကာကွယ်မှုတွေလုပ်သွားပေးဖို့ပါ။ ဒီလိုလုပ်ဖို့ကလည်းနေလောင်ကာခရင်မ်လူးမယ်၊ ချည်သားလက်ရှည်ပွပွလေးတွေဝတ်မယ်။ ထီးဆောင်းမယ်၊ ဦးထုပ်ဆောင်းမယ်စသဖြင့် ကာကွယ်မှုတွေလုပ်ဖို့လိုပါမယ်နော်။ နေလောင်ကာခရင်မ်က အသားအရေအတွက်တင်မကဘဲသွေးကြောတွေကိုပါကျန်းမာစေနိုင်ပါတယ် နေလောင်ကာခရင်မ်က အသားအရေကိုနေလောင်တာကနေကာကွယ်ပေးတယ်၊ အရေပြားကင်ဆြာဖစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ ဆိုတာက သိထားပြီးသား အယူအဆတစ်ခုပါ။ ဒီအယူအဆအပြင်ထပ်တိုးသိလာရတာတစ်ခုကနေလောင်ကာခရင်မ်ကသွေးကြောလေးတွေကိုပါ ကျန်းမာစေတယ်ဆိုတဲ့အချက်ပါ။ သိပ္ပံပညာရှင်တွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကတွေ့ရှိခဲ့တဲ့အချက်တစ်ခုကနေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုဖြစ်စေနိုင်တယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား

ဆံပင်တွေ တနေ့တခြားပါးလာတာ သတိထားမိကြမှာပေါ့။ စဉ်းစားရတာ၊ ဦးနှောက်ခြောက်ရတာများလို့ ဆံပင်တွေကျွတ်ရတယ်လို့ပြောကြတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားကျွတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ဆံပင်ကျွတ်တာ အဲဒီထက်ပိုတယ်လို့ထင်တယ်၊ မှန်ထဲကြည့်လိုက်ရင်လည်း အရင်နဲ့မတူတော့တာ သိလာတယ်၊ခေါင်းဖြီးလိုက်တိုင်း စိတ်ညစ်ရတာ တကယ်ပါပဲ။ လူတစ်ယောက်ရဲ့အသွင်အပြင်မှာ ဆံပင်ပုံစံက သိပ်ကိုအဓိကကျပါတယ်။ ဆံပင်ညှပ်ဆိုင်တွေ၊ စင်တာတွေ နဲ့ ဆံသားအလှပညာရှင်တွေ ဘာလို့ ဝင်ငွေတွေကောင်းနေတယ်ထင်ပါသလဲ။ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမရှိရင်၊ ဆံပင်ပျက်စီးနေရင်၊ ဆံပင်နည်းလွန်းရင် (ထိပ်ပြောင်လုလု) ဘယ်လောက်ချောနေပါစေ ကြည့်မကောင်းပါဘူး။ ဆံသားအလှအတွက် ညှပ်တယ်၊ ပုံသွင်းတယ်၊ အရောင်ဆိုးတယ် ဆိုတာ မလုပ်ဖူးတဲ့သူမရှိသလောက်ပါပဲ။ လူကြီးတွေတောင် ဆံပင်အနက်ဆိုးကြတာပဲ။လုပ်ငန်းခွင်မှာအောင်မြင်မှုအတွက်ဆိုလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကရှိနေမှဖြစ်မှာ၊ အသွင်အပြင် ကြည့်ကောင်းနေဖို့ကလည်း အရေးပါတယ်လေ။ ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား ဆံပင်ကျွတ်တယ်ဆိုတာ သဘာဝပဲဆိုပေမယ့် ဆံပင်ပါးလာတာက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း