အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မြင်သူတိုင်းငေးတဲ့ ခြေထောက်လှလှလေးဖြစ်ဖို့

လူတစ်ယောက်ကိုစကြည့်ရင် မျက်နှာကနေစကြည့်တယ်နော်။ပြီးရင် ဘယ်အစိတ်အပိုင်းကိုဆက်ကြည့်မိမယ်ထင်လဲ။ လက်နဲ့ ခြေထောက်လေးတွေပါ့။ လူတစ်ယောက်ကို စွဲဆောင်မှုရှိစေတဲ့အချက်တွေထဲမှာ မျက်နှာသွင်ပြင်လှတာက အရေးပါသလိုခြေထောက်လေးတွေ လက်လေးတွေဖြူဖွေးသန့်စင်မှုကလည်းတော်တော်လေးအရေးပါတာပါ။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်ကြီးကို စွဲဆောင်မှုပြည့်ဝတဲ့သူတစ်ဦးဖြစ်စေဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ခြေချောင်းလေးတွေ ဖြူဖွေးသန့်စင်အောင်ဘယ်လိုလုပ်ရမလဲပြောပြပါရစေနော်။ ခြေထောက်ကိုနေ့တိုင်းသန့်စင်မိရဲ့လား ဒီအမေးကို အင်း....လုပ်တာပေါ့။နေ့တိုင်းပဲလေလို့ ဖြေလိုက်မိတယ်ဆိုရင်တော့ ပရိသတ်ကြီးက စမတ်ကျတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာသေချာနေပြီနော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လူတော်ေ်တာ်များများကရေသာချိုးလိုက်ကြတာ၊ခြေထောက်ကိုကြေးတွန်းဖို့ကျတော့မေ့နေတတ်တယ်လေ။ တကယ်တော့ရေချိုးတိုင်းမှာခြေထောက်ကြေးတွန်းတဲ့ အလေ့အကျင့်ကိုမွေးမြူသင့်ပါတယ်။ ဒါမှလည်း ကြည့်လိုက်တိုင်းခြေထောက်လေးတွေကဖြူဖွေးသန့်စင်နေတော့မှာပေါ့။ ခြေထောက်လေးကိုမြင်သူငေးစေချင်တယ်ဆိုရင် ကိုယ့်ရဲ့ခြေထောက်လေးကိုမြင်သူငေးရတဲ့ခြေထောက်လေးဖြစ်စေဖို့ဆိုရင် မဖြစ်မနေလုပ်ရမှာကကြေးချွတ်သန့်စင်ဖို့ပါ။ ခြေထောက်ကိုကြေးချွတ်သန့်စင်ဖို့ ဒါလေးတွေလိုပါမယ် ခြေထောက်ကြေးချွတ်သန့်စင်တော့မယ်ဆိုရင် ဇလုံတစ်လုံး (ခြေထောက်ထည့်စိမ်လို့အဆင်ပြေမယ့် အနေအထား) ချည်သားတဘက်တစ်ထည် ကြေးတွန်းကျောက်တုံး (ဆဲလ်သေတွေကိုဖယ်ရှားနိုင်ဖို့ပါ) ခြေထောက်လိမ်းလို့ရမယ့် ခရင်မ်တစ်မျိုးမျိုး ခြေထောက်ကြေးချွတ်ရအောင် ခြေထောက်ကို အခုပြောပြမယ့်နည်းလေးတွေထဲက ကိုယ်နှစ်သက်လွယ်ကူတဲ့နည်းနဲ့ကြေးချွတ်လို့ရပါတယ်။ သံပရိုသီးသုံးမယ် ခြေထောက်ကကြေးတွေကိုဖယ်ရှားပေးပြီးခြေထောက်ကွဲတာကို သက်သာစေနိုင်ပါတယ်။ ဇလုံထဲကိုရေနွေး တဝက်လောက်ထည့်လိုက်ပါ။ပြီးရင်ရေနွေးထဲကို သံပရိုသီး အရည်ညှစ်ထည့်လိုက်ပါ။ ဒီရောစပ်ထားတဲ့ရေခပ်နွေးနွေးလေးထဲကိုခြေထောက်တွေကို မိနစ် ၂၀လောက်စိမ်ထားပေးပါ။ပြီးရင်တော့ကြေးတွန်းကျောက်ကိုသုံးလို့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ပြီးရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီး အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခု လူးပေးလို့ရပါတယ်နော်။ ဗီနီကာသုံးမယ် ခြေဆီထွက်တာ၊ခြေထောက်အနံ့ဆိုးတာတွေကို ပါသက်သာစေနိုင်တာပါနော်။ရေနွေးထဲကို ဗီနီကာလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးရေအေးသွားတဲ့အထိစိမ်ပေးပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

ကျန်းမာရေးဂရုစိုက်ပါဆိုတဲ့ စကားထဲမှာခေါင်းအစခြေအဆုံး ကျန်းမာရေးအကုန်လုံး အကျုံးဝင်ပေမယ့် လူတွေကခြေထောက်ကျန်းမာရေးကို လျစ်လျူရှု့ထားတတ်ကြတယ်နော်။ တကယ်တော့နေ့တိုင်းစိတ်ရှိတိုင်းသွားလာလှုပ်ရှားတာတွေကိုမညည်းမညူလုပ်ပေးတဲ့ခြေထောက်လေးတွေကိုမေ့ထားတတ်ကြတယ်နော်။ တကယ်တော့ခြေထောက်လေးတွေလည်း ကျန်းမာဖို့လိုပါတယ်နော်။ ခြေထောက်က ဘယ်လိုဖွဲ့စည်းထားတာလဲ ခြေထောက်မှာ ခန္ဓါကိုယ်ရဲ့ အရိုး ၂၅ ရာခိုင်နှုန်းပါဝင်နေသလို အဆစ်က ၁၈ ရာခိုင်နှုန်း နဲ့ ကြွက်သား ၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ တကယ်လို့ခြေထောက်လေးမှာသာ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခုဖြစ်မယ်ဆိုရင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်သလို ခန္ဓါကိုယ်မှာထိခိုက်လာနိုင်တာတွေကလည်း အများကြီးပါ။ တစ်ကိုယ်လုံးကို ဟန်ချက်ညီအောင်ထိန်းထားပေးတဲ့အစိတ်အပိုင်းကိုသေချာလေးဂရုစိုက်ဖို့ လိုမယ်နော်။ ခြေထောက်ကိုသေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ လူတော်တော်များများကရေသာချိုးလိုက်ကြတာ၊ခြေထောက်ကိုသေချာတိုက်တယ်ဆိုသူကရှားပါတယ်နော်။ ခန္ဓါကိုယ်ရေစိုနေရင် သုတ်တတ်ပေမယ့်ခြေထောက်များရေစိုနေကြည့် သုတ်ခဲကြတယ်နော်။ခြေထောက်ကိုသေချာဂရုမစိုက်တဲ့အခါ အခုလိုပြဿနာတွေတက်လာနိုင်ပါတယ်နော်။ ခြေထောက်အသားတွေခြောက်မယ် ဆဲလ်သေတွေများလာပြီး အသားမာတက်မယ် ခြေဖနောင့်တွေကွဲမယ် ခြေထောက်မှိုပိုးဝင်မယ် သဲဝဲစားမယ် ရေဝဲစားမယ် ခြေထောက်မှာ အနာတွြေဖစ်မယ် စသဖြင့်ခြေထောက်ပြဿနာတွေကြုံရနိုင်ပါတယ်နော်။ ခြေထောက်ကျန်းမာအောင် ဒီအချက်တွေဂရုစိုက်ပါနော် ခြေထောက်ကျန်းမာဖို့က လူတိုင်းအတွက်အရေးကြီးတာပါ။ ဆီးချိုရောဂါရှိသူတွေမျာဆိုရင်ခြေထောက်ကျန်းမာရေးက အလေးထားလုပ်ဆောင်သင့်တဲ့ အချက်တစ်ခုပါနော်။ ဒီတော့နေ့စဉ်လှုပ်ရှားမှုမှာ အရေးကြီးတဲ့ခြေထောက်လေးတွေကိုနေ့စဉ် ဒီလိုလေးဂရုစိုက်ပေးပါနော်။ ခြေထောက်ကို သန့်စင်ပါ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်လည်ပြီးပြန်လာရင် အသားအရေကို ဒီလိုလေးထိန်းသိမ်းပါ

တစ်နှစ်မှာတစ်ခါပဲကျတဲ့ သင်္ကြန်မှာ ဘာလုပ်မယ်လို့ စဉ်းစားထားလဲ .....Hello ဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးရေ.... လူငယ်ပီပီ သင်္ကြန်လည်မှာလား။ ဒါမှမဟုတ် တည်ငြိမ်ရင့်ကျက်သူတစ်ယောက်လိုမျိုး တရားစခန်းပဲဝင်မှာလား။ ပထမအဖြေကိုရွေးခဲ့သူတွေ ဒီဆောင်းပါးကို ဆက်ဖတ်လို့ရပြီနော်။ တရားစခန်းဝင်မယ့်သူတွေကိုတော့ ချီးကျူးလေးစားပါတယ်နော်။ သာဓုလည်းလည်းခေါ်ရင်းပေါ့။ သင်္ကြန်လည်မှာလား သင်္ကြန်ကို အကြိုကနေစလို့ အတက်နေ့အထိလည်လို့မဝကြဘူးနော်။နွေပူပူမှာရေပက်ခံရင်ပဲဖြစ်ဖြစ်ရေပက်ရင်ပဲဖြစ်ဖြစ်သေချာတာကတော့ရေနဲ့ထိမယ်၊နေနဲ့ထိမယ်ပေါ့နော်။ တစ်ချက်တစ်ချက်တိုက်ခတ်တဲ့လေကတောင် အသားအရေကို အစစ်လာထိဦးမှာနော်။ ဒီလိုဆိုတော့ အသားအရေထိခိုက်မယ်ဆိုတာကလည်းပြောနေစရာတောင်မလိုအောင်ပါနော်။ ဒီတာ့ သင်္ကြန်လည်းပြီး အသားလည်း မဲကျန်ခဲ့တာမျိုးဖြစ်နိုင်တာပေါ့။ ဒီလိုဆိုတော့ သင်္ကြန်ကို လည်လို့ဖြစ်ပါမလားလို့တွေးနေလား။ လည်ပါ ဒါပေမယ့် ညအိမ်ပြန်ရောက်ရင် အသားအရေထိန်းသိမ်းမှုလေးလုပ်ပေါ့။ သင်္ကြန်ရေကြောင့် အသားအရေမထိခိုက်စေဖို့ သင်္ကြန်လည်တဲ့အခါ အသားအရေကို မထိခိုက်စေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို ဂရုစိုက်ပေးပါနော်။ ရေများများသောက်ပါ - သင်္ကြန်လည်ရင်းပျော်လွန်းလို့ မေ့တတ်တာတစ်ခုကရေသောက်ဖို့ပါ။ အချိုရည်ေလးသောက်လိုက်၊ မုန့်လေးစားလိုက်၊ပျော်လို့ သီချင်းလေးဆိုလိုက်ရေပက်လိုက်၊ရေပက်ခံလိုက်လုပ်နေရင်းနဲ့ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ရေသောက်နည်းတာက အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်ထွက်လည်ရင်ဖြစ်ဖြစ်၊ မဏ္ဍပ်ထိုင်ရင်ဖြစ်ဖြစ်ရေဗူးလေးယူသွားနော်။ရေသောက်ဖြစ်အောင်သောက်ပါ။ အင်္ကျီလက်ရှည်ဝတ်ပါ - လှချင်လို့ အတိုအပြတ်လေးတွေဝတ်ချင်မှာ သိပေမယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်လည်ရင် ရေစိုခံမိတ်ကပ်လူးမယ့်လေဒီလေးတို့ ဒါလေးတော့ သိထားဖို့လိုပါမယ်နော်

ရေတွေ စိုမယ့် သင်္ကြန်မှာ အလှမပျက်စေဖို့ရေစိုခံမိတ်ကပ်လူးပြီး သင်္ကြန်လည်ဖို့ စဉ်းစားနေတယ်ဟုတ်။ သင်္ကြန်မှာရေစိုခံမိတ်ကပ်လေးလူးပြီး အလှမပျက်ဘဲ သင်္ကြန်လည်ဖို့စဉ်းစားထားတယ်ဆိုရင်တော့ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ ရေစိုခံမိတ်ကပ်နဲ့အသားအရေ ရေတွေစိုမယ့် သင်္ကြန်မှာ မျက်တောင်ကော့်ဆေး၊ အိုင်းလိုင်နာကနေစလို့ ဖောင်ဒေးရှင်းအဆုံးရေစိုခံကို သုံးဖို့စဉ်းစားတာက မှန်ကန်တဲ့ရွေးချယ်မှုပါ။ ဒါပေမယ့် မှန်ကန်တဲ့ရွေးချယ်မှုနောက်မှာ လိုက်နာရမယ့် အချက်တွေကို မလိုက်နာရင်တော့ ထိခိုက်မှုကို ခံစားရမှာက ကိုယ်တိုင်ပါနော်။ရေစိုခံမိတ်ကပ်က ပုံမှန်လူးနေကျမိတ်ကပ်တွေထက် အသားမှာ ပိုစွဲစေမှာဖြစ်သလို ဖျက်ရတာလည်းခက်ခဲမှာပါ။နောက်တစ်ခုကချွေးပေါက်တွေမှာ ပိတ်ဆို့မှုပိုဖြစ်နိုင်တယ်။ အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်သလို ဝက်ခြံထွက်တာကိုလည်း ပိုဖြစ်စေနိုင်ပါတယ်နော်။ ဒါကြောင့် သင်္ကြန်လည်ပြီးပြန်လာရင် မိတ်ကပ်တွေကိုသေချာဖျက်သင့်ပါတယ်နော်။ သဘာဝပစ္စည်းလေးတွေသုံးပြီးရေစိုခံမိတ်ကပ်ကို ဒီလိုဖျက်ပါ ဆီ ဆီသုံးပြီးရေစိုခံမိတ်ကပ်တွေကို ဖျက်လို့ရပါတယ်နော်။ ဘာဆီတွေကိုသုံးရမလဲဆိုရင်တော့ အုန်းဆီ၊ သံလွင်ဆီ၊အယ်လ်မွန်ဆီ၊ ဂျိုဂျိုးဘားဆီတို့ပါ။ အသားအရေကိုခြောက်သွေ့စေခြင်းမရှိဘဲရေစိုခံမိတ်ကပ်တွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။ မိတ်ကပ်တွေကိုဖယ်ရှားပေးတဲ့အပြင် အသားအရေကို အစိုဓါတ်ပါထိန်းပေးမှာပါ။ ဂွမ်းစမှာ ဆီစွတ်ပြီး မျက်နှာကို အပေါ်ဘက်ကိုဆွြဲပီးဖျက်ပေးပါ။ ဒါမှချွေးပေါက်ထဲမှာ မိတ်ကပ်တွေ ကြွင်းကျန်မနေမှာပါ။ အသားအရေကခြောက်သွေ့မယ် ဒါမှမဟုတ် […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ် ဘာကြောင့် လိမ်းသင့်တာလဲ။

နွေရာက်လာလို့ တစ်နေ့တခြားအပူချိန်တွေက ပိုပူလာပါတယ်။ မနက်ခင်း ၇ နာရီ နည်းနည်းလောက်ကျော်လာတာနဲ့အမျှ အပူချိန်က တဖြည်းဖြည်းချင်းမြင့်တက်လာနေပါပြီ။ ဒီအပူချိန်က တစ်နေကုန် ညနေ ၄ နာရီအထိကို အငြိုးတကြီးနဲ့ ပူနေတော့တာပါ။ နေပူတာက အသားတွေ မည်းတယ်ဆိုတာကတော့ ကလေးပိစိလေးတွေတောင် သိတဲ့ကိစ္စပါနော်။ နေပူတာသိပေမယ့် တစ်ချိန်လုံးအိမ်ထဲမှာနေလို့မဖြစ်တော့ အပြင်က ထွက်ရဦးမယ်ပေါ့။ ဒီတော့ အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့ စဉ်းစားရပြီလေနော်။ ကိုယ့်အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ချင်တယ်ဆိုရင် နေလောင်ကာခရင်မ် အကြောင်းကို သိထားဖို့လိုပါမယ်။ နေရောင်ခြည်က ဆိုးကျိုးပေးတာလား နေရောင်ခြည်က သက်ရှိတွေ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့အရာတစ်ခုပါ။ ဗီတာမင်ဒီ (Vitamin D) ကိုရရှိစေတဲ့ အရင်းအမြစ်တစ်ခုပေါ့။ မနက်ခင်းနေရောင်ခြည်က အကျိုးပြုတယ်ဆိုပေမယ့် တစ်နေ့တာလုံးရဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်စေတာအမှန်ပါ။ တစ်နှစ်ပတ်လုံးမှာ နေရောင်ခြည်ကို အများအပြားရရှိတဲ့ မြန်မာနိုင်ငံမှာဆိုရင် နေရောင်ကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

အိုမင်းရင့်ရော်ခြင်းကို မြန်စေတဲ့ အစားအစာ (၇)မျိုး

ဇရာဆိုတာ လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့် လောကဓမ္မတာ ဖြစ်စဉ်ပါပဲ။ အသက်ကြီးလာလို့ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပြလာတာ ကိစ္စမရှိပေမဲ့ ငယ်ငယ်လေးနဲ့ လူက ကြည့်လိုက်တာ အိုနေသလိုဖြစ်နေရင်တော့ တော်တော်လေးကို ကြည့်ရဆိုးစေနိုင်တာပေါ့။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ စားသောက်တဲ့ အစာအာဟာရတွေကြောင့်လည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်သလို မြန်စေနိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒါဆို ဘယ်လိုအစားအစာတွေကို သင့်ကို အချိန်တိုအတွင်း အိုမင်းစေနိုင်သလဲဆိုတာ ပြောပြပေးမယ်နော်။ ၁။ အာလူးကြော် ကလေး၊ လူငယ်၊ လူကြီးမရွေး ကြိုက်ကြတဲ့ အစားအစာပါ။ ဆီများများနဲ့ ဟင်းခတ်မှုန့်၊ ဆားတွေနယ်ပြီး ကြော်လှော်ထားတာဆိုတော့ အရသာကလည်း ရှယ်ပဲပေါ့။ ကိုယ်ကတော့ အာလူးကြော်ကို ကြိုက်ပေမဲ့ ကိုယ့်ခန္ဓါကိုယ်ကတော့ မကြိုက်ပါဘူးနော်။ အထူးသဖြင့် အာလူးကြော်တွေက အချိန်အကြာကြီး မီးပြင်းပြင်း၊ ဆီများများနဲ့ ကြော်ထားတဲ့အတွက် အရေပြားဆဲလ်တွေကို […]


အခြားအရေပြားပြဿနာများ

အရေပြား ကျန်းမာရေးအတွက် ရန်သူတော် ခရမ်းလွန်ရောင်ခြည်

အသားအရေကို ပျက်စီးမှာ စိုးရိမ်တဲ့ သူတိုင်း ခရမ်းလွန်ရောင်ခြည် ကို ကြောက်လန့်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသားအရေကို မွဲခြောက်သွားစေဖို့၊ ထိခိုက်ပျက်စီးစေဖို့၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေဖို့ ကောင်းကောင်းဒုက္ခပေးနိုင်တာကိုး။ တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပအတွက်သာ မကပါဘူး။ အရေပြား ကျန်းမာရေး အတွက်ပါ အရေးကြီးပါတယ်၊၊ အရေပြားကင်ဆာတွေ ဖြစ်နိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ အပြင်ထွက်တဲ့အချိန်တိုင်း နေလောင်ကာလိမ်းဆေးတွေ မဖြစ်မနေ လိမ်းဖို့ လိုအပ်တာပါ။ ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မည်းပြာပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပနဲ့ ကျန်းမာရေးကို စိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည် အကြောင်းပဲ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ဆိုတာ ဘာလဲ။ နေကနေ ကမ္ဘာမြေပေါ်ကို […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားခြင်းရဲ့ ကောင်းကျိုး

ပြင်ပက နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်၊ အညစ်အကြေး၊ လေထုညစ်ညမ်းမှုတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အစရှိတာတွေကြောင့် အရေပြားပေါ်က ဆဲလ်တွေဟာ ပျက်စီးလာတတ်ပါတယ်။ အရေပြားက သဘာဝအတိုင်း ကြေးချွတ်ရာမှာ ရက် ၃၀ခန့် ကြာပြီးမှ ဆဲလ်အသေတွေကို ကောင်းကောင်းဖယ်ရှားနိုင်တာပါ။ နောက်ထပ်ဆဲလ်အသစ်တွေ ထွက်လာဖို့အတွက် အရေပြားပေါ်က ဒီလို ပျက်စီးသွားတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဆဲလ်အသေတွေက သူ့အလိုလို မကွာကျဘဲ စုပုံသွားတဲ့အခါ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ဖို့ နှောင့်နှေးသွားပါတယ်။ ဒီအခါ အသားအရေက မွဲခြောက်ခြောက်နဲ့ ကြမ်းတမ်းလာမယ်။ အသားအရောင်မှိန်လာပြီး အဖြူဖတ်တွေ ကွာကျလာမယ်။ ချွေးပေါက်ေတွ ကျယ်လာပြီး ဖုန်နဲ့ အညစ်အကြေးတွေ၊ အဆီတွေ ခိုအောင်းဖို့ ပိုလွယ်ကူသွားတဲ့အတွက် ဝက်ခြံ၊ အဆီဖု၊ အမည်းစက်တွေ ထွက်ဖို့ ပိုလွယ်ကူသွားနိုင်ပါတယ်။ အရေပြားဆဲလ်အသေတွေ တိုက်ချွတ်ပေးခြင်း (Exfoliation) ရဲ့ အားသာချက်တွေ ပုံမှန်ရေချိုးတဲ့အခါ […]


အခြားအရေပြားပြဿနာများ

ခြေဖနောင့်ကွဲတာကို ဖြေရှင်းပေးမယ့် နည်းလမ်းများ ။ ။

ခြေထောက်တွေ အသားမာတက်ပြီး ခြေဖနောင့်ကွဲတာမျိုးတွေကို စိတ်ညစ်ရတဲ့ အခိုက်အတန့် ရှိခဲ့ဖူးကြမှာပါ။ တော်တော်များများကလည်း ခြေထောက်ကို အချိန်ပေးပြီး သန့်ရှင်ရေး မလုပ်ကြဘူးဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ ခြေဖနောင့်မှာ ဆဲလ်သေတွေပုံထပ်ပြီး အထူကြီးဖြစ်လာတာကနေ ခြေဖနောင့်ကွဲတာတွေ စဖြစ်တော့တာပါပဲ ။ ခြေဖနောင့်ကွဲတာရဲ့ အကျည်းတန်ဆုံးအချိန်ကို ပြောပါဆိုရင် ကွဲနေတဲ့အကြောင်းလေးတွေကြားထဲမှာ ချေးတွေဝင်ပြီး အမည်းကြောင်းတွေဖြစ်နေတဲ့အချိန်ပါပဲ။ အဆိုးဝါးဆုံးအချိန်ဆို ကွဲနေတဲ့ အသားကြောင်းထဲမှာ ဖုန်တွေကပ်ပြီး ပိုးတွေဝင်ကာ လမ်းတောင်မလျှောက်နိုင်အောင်နာတဲ့ အချိန်ပါပဲ။ စိတ်အညစ်ရဆုံးကတော့ ဒေါက်ဖိနပ်လှလှလေးတွေ ကိုယ့်မှာစီးချင်ပေမယ့် ကွဲနေတဲ့ အကျည်းတန်ခြေဖနောင့်ကြောင့် နောက်ပိတ်ဖိနပ်တွေကိုပဲ ကျိတ်မှိတ်စီးခဲ့ရတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ ဒါဆို ဒီလို လူကိုလည်း ဒုက္ခပေး၊ စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေ၊ လူတိုင်းလည်း ကြုံဖူးနေကြဖြစ်တဲ့ ခြေဖနောင့်ကွဲတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ။ ခြေဖနောင့်ကွဲတာဟာ ပိုးဝင်ပြီး ရောင်ရမ်းတာမျိုးမဖြစ်ခဲ့ဘူးဆိုရင် ဆရာဝန်ဆီ သွားစရာမလိုဘဲ […]


ဝက်ခြံ

တင်ပါးပေါ်က ဝက်ခြံတွေကို သဘာဝအတိုင်းသက်သာစေဖို့ နည်းလမ်း(၉)ချက်

ဝက်ခြံပေါက်တဲ့အချိန်ဆိုရင် တော်တော်လေး စိတ်ညစ်ရတယ်နော်။ ဘက်တီးရီးယားပိုးတွေ၊ အဆီ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေက မွေးညှင်းပေါက်ထဲ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံေတွ ပေါက်လာနိုင်ပါတယ်။ တော်တော်များများက မျက်နှာမှာပဲ ဝက်ခြံပေါက်တတ်တယ်လို့ ထင်မှတ်ထားတတ်ကြပေမယ့် တကယ်တော့ ဝက်ခြံဆိုတာ ကိုယ်ခန္ဓါနေရာအနှံ့ ပေါက်နိုင်ပါတယ်။ အထူးသဖြင့် တင်ပါးလိုနေရာမှာ ဝက်ခြံပေါက်လာပြီဆိုရင်တော့ ယားတိုင်းလည်း ကုတ်ချင်သလို ကုတ်မရနဲ့ စိတ်ကသိကအောက် နိုင်လွန်းပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ တင်ပါးပေါ်က ဝက်ခြံလေးတွေကို အိမ်မှာ သဘာဝအတိုင်း ပျောက်ကင်းသက်သာစေနိုင်တဲ့ နည်းလမ်း (၉)ချက်ကို ဝေမျှပေးမယ်နော်။ ၁။ ပုံမှန်ဆေးကြောသန့်စင်ပါ။ လူတော်တော်များများက ရေချိုးပြီဆိုရင် လိင်အင်္ဂါနဲ့ တင်ပါးကို သေချာသန့်ရှင်းရေးလုပ်ဖို့ မေ့လျော့တတ်ပါတယ်။ အဲ့လိုနေရာတွေက အတွင်းခံကျပ်ကျပ်တွေနဲ့ မကြာခဏ ပွတ်မိတာ၊ ချွေးအရမ်းထွက်တတ်တဲ့အပြင် ခုလို သေချာမသန့်ရှင်းတဲ့အခါမှာ ဝက်ခြံပေါက်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ တင်ပါးကို မနက်တစ်ခါ၊ ညတစ်ခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း