အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

တက်တူးထိုး ထားတဲ့နေရာက ယားနေရင် ဘာလုပ်သင့်လဲ

တက်တူးထိုး ဖူးတဲ့ သူတော်တော်များများက ဒီလိုယားယံမှုမျိုးကို ခံစားဖူးကြမှာပါ။ လတ်လတ်ဆတ်ဆတ် တက်တူးထိုးပြီးကာစမှာ အပ်နဲ့ မင်ရဲ့ ဒဏ်ကြောင့် အရေပြားအပေါ်ယံလွှာ ပျက်စီးပြီး တစ်ခါတစ်ရံ ယားယံခြင်း ဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲ ယားနေပါစေ တက်တူးထိုးထားတဲ့ အရေပြားကိုတော့ ကုတ်ဖဲ့တာတွေ မလုပ်သင့်ပါဘူး။ ပြန်ကောင်းဖို့ အရေပြားဆဲလ်တွေ အလုပ်လုပ်နေတဲ့အချိန်မှာ တက်တူးကိုလည်း ပျက်စီးစေနိုင်သလို အရေပြားပိုးဝင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ တက်တူးထိုး တဲ့နေရာက ဘာလို့ယားရတာလဲ။ ၁။ ထိုးပြီးကာစမှာ ယားယံမှု ပိုအဖြစ်များပြီး တက်တူးထိုး ထားတာ တော်တော်ကြာရင်လည်း ယားတတ်ပါတယ်။ ထိခိုက်ပျက်စီးသွားတဲ့ နေရာကို ပြန်လည်ကုစားဖို့ အရေပြားက အလုပ်လုပ်နေတာကြောင့်လည်း ဖြစ်နိုင်သလို ပိုးဝင်တာလည်း ဖြစ်နိုင်ပါတယ်။ ၂။ တက်တူးထိုးလိုက်တဲ့အခါ ကျန်ခဲ့တဲ့ ဒဏ်ရာကို အရေပြားက ဖြည်းဖြည်းချင်းကုစားပါတယ်။ ဒဏ်ရာကြောင့် နီရဲနေတဲ့ အရေပြားထဲ ပိုးမဝင်ဖို့၊ အပေါ်ယံတစ်သျှူးတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

မိန်းကလေးတွေ နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာကို ဘာလို့ကြိုက်ကြတာလဲ။

ရုပ်ရှင်တွေထဲမှာ ကောင်လေးက သူ့ချစ်သူအတွက် ရေထဲမှာ နှင်းဆီပန်းပွင့်ေလးတွေ စိမ်ထားပြီး ရိုမန်းတစ်ဆန်ဆန် စီစဉ်ပေးတာမျိုး မြင်ဖူးကြမှာပါ။ မိန်းကလေးတွေအကြိုက် နှင်းဆီပွင့်ဖတ်လေးတွေကို ခြွေပြီး စိမ်ထားတဲ့ ရေနဲ့ချိုးလိုက်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ၊ ဘာကြောင့် မိန်းကလေးတွေက ဒါကို သိပ်သဘောကျကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ နှင်းဆီပွင့်ဖတ်နှင့် ရေစိမ်ခြင်းအလေ့အထ နှင်းဆီပန်းပွင့်ကို ရှေးယခင် နှစ်ပေါင်းများစွာကတည်းက အလှကုန်ပစ္စည်းတွေ၊ အလှအပထိန်းသိမ်းမှုဆိုင်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဓါတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ရေမွှေးအစား သင်းပျံ့တဲ့မွှေးရနံ့နဲ့ နှင်းဆီပန်းဟာ မိန်းကလေးတွေ အကြိုက်ပါပဲ။ နောက်ပိုင်း အလှကုန်တွေမှာသာမက အစားအစာနဲ့ ဖျော်ရည်ေတွမှာပါ နှင်းဆီပွင့်ဖတ်ကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ နှင်းဆီပွင့်ဖတ်ကို သေချာလေးခြွေပြီး ရေစိမ်လိုက်တဲ့အခါ သူ့ထဲမှာ ပါနေတဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေက ရေထဲကိုစိမ့်ဝင်သွားပါတယ်။ အဲ့ရေနဲ့စိမ်လိုက်တဲ့အခါ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ ကိုယ်သင်းရနံ့ကို မွှေးပျံ့စေတယ်။ အသားအရေ ဖြူစင်ဝင်းပလာစေပါတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေက […]


အသားအရေ ထိန်းသိမ်းခြင်း

Waxing လုပ်ပြီး အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ

မလိုတဲ့အမွေးအမျှင်တွေကို waxing လုပ်ပြီးဖယ်ရှားလိုက်တယ်ဆို ရှင်းတော့ရှင်းသွားပါရဲ့။ အသားအရေကိုထိမှာလား စိုးရိမ်ကြသူတွေရှိတယ်။ ဒီနည်းလုပ်လို့ အသားအရေတွေ ပွန်းပဲ့ပျက်စီးမှာလား၊ အသားမာတွေဖြစ်ကုန်မှာလား၊ မည်းသွားမှာလား စိတ်ပူနေဖို့ မလိုပါဘူး။ ဒီအချက်တွေသာ ဂရုစိုက်ပေးရင်ရပါပြီ။ အရေပြားပေါ်ကအမွေးအမျှင်တွေကို နှုတ်တာပဲလေ၊ ခဏတော့ ဖျတ်ခနဲနာတာရှိမှာပေါ့။ အရေးကြီးတာက အဲဒီအရေပြားကို ဂရုစိုက်ထိန်းသိမ်းမှုဆက်လုပ်ပေးဖို့လိုပါတယ်။ ဘာလေးတွေဆောင်ရန်၊ရှောင်ရန်သိထားဖို့လိုလဲ ကြည့်ရအောင်။ အကျပ်မဝတ်နဲ့ ချိုင်းကြားအသားအရေနဲ့ ပေါင်ခြံ၊ ဆီးခုံတဝိုက်မှာ waxing လုပ်တာက ဘာမှမဖြစ်လောက်ဘူးလို့ထင်ရပေမယ့် သေချာဂရုမစိုက်ရင် ဂျင်းဘောင်းဘီတို့၊ အင်္ကျီကျပ်ကျပ်တို့နဲ့ဆို အရေပြားပွန်းကုန်နိုင်တယ်။waxing လုပ်ထားကာစမှာ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေရွေးဝတ်ပါ။ ကလိုရင်း ရေတွေ ရှောင်ပါ ကလိုရင်းနဲ့ ဆားငန်ရေတွေ မထိတွေ့ပါစေနဲ့။ waxing လုပ်ထားပြီးရေကူးတာ၊ ကမ်းခြေမှာ ကဲတာတွေ မလုပ်မိဖို့သတိထားပါ။ waxing လုပ်ထားတယ်ဆို အသားအရေက နုနေပြီး ထိခိုက်လွယ်တာကြောင့် အနည်းဆုံး ၁၂ နာရီအတွင်းတော့ ဒီရေတွေကိုရှောင်ပါ။နောက်တစ်ချက်က ရေနွေးနဲ့ချိုးတာလည်းရှောင်ပါ။ နေပူမခံပါနဲ့ (မျက်နှာ သို့မဟုတ် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ

မိုးလေးစ ရွာလာမှုနဲ့အတူ အပူတွေလျော့ပြီး ပတ်ဝန်းကျင်က စိမ်းစိုစပြုလာပြီ။ အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်းခြေထောက်လှလှလေးတွေကို ကြည့်ပြီး လမ်းလျှောက်ရတာကိုသဘောကျကြလား။ မိုးရာသီက ခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာ ခြေထောက် က လှနေရင် တစ်ပန်းသာတာပဲနော်။ ခြေထောက်ကို လှနေစေဖို့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။ မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။ မိုးရေက ခြေထောက်လေး တွေကို ထိခိုက်စေနိုင်လား မိုးရေက ခြေထောက်ကိုရော ခြေသည်းကိုပါ ထိခိုက်စေနိုင်တာပါ။ မိုးရာသီမှာ ဗွက်ထတဲ့အခါ၊ ရေတစိုစိုနဲ့ အကြာကြီးနေတဲ့အခါ ဘက်တီးရီးယားတွေနဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မှု များလာပါတယ်။ ဒီတော့ မုတ်သုံရာသီမှာ ခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့် ခြေထောက်မှာ ရေဝဲစားနိုင်တယ်၊ သဲဝဲစားနိုင်တယ်၊ ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်စေနိုင်တယ်။ မုတ်သုံရာသီမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

ကိုရီးယားကားတွေကြည့်တိုင်း ရုပ်ရှင်ထဲက ဖြူဖြူဖွေးဖွေး ချစ်စရာမင်းသမီးလေးတွေရဲ့ အသားအရေမျိုး လိုချင်တယ်ဟုတ်။ ခုခေတ်ကြီးကလည်း အရမ်းကိုတိုးတက်လာတော့ အရင်က မဖြစ်နိုင်တာတွေ ခုခေတ်မှာ အကုန်ရနိုင်ပြီလေ။ ဒီထဲမှာ ကိုယ့်ရဲ့ ညိုညစ်နေတဲ့အသားအရေကို ဖြူအောင် ဆေးသောက်မလား ၊ ဆေးထိုးမလား၊ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ပြုပြင်မလား။ အကုန်အကုန်လုပ်လို့ရနေပြီဆိုတော့ အဲဒီ သဘာဝကို ဆန့်ကျင်တဲ့ အလှအပ လုပ်ငန်းတွေနောက်က ဆိုးကျိုးတွေလည်း ကပ်လိုက်လာပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားနာမှာကြောက်လို့ အသားဖြူေအာင် ဆေးပဲ သောက်တော့မယ်လို ဆုံးဖြတ်ထားတဲ့ ချစ်လေးတို့ အတွက် အသားဖြူဆေးတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ပြောပြပေးတော့မှာပါ။ အသားဖြူဆေးတွေက ကိုယ်ခန္ဓါအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ ။ ။ ( ၁ ) နေထိုင်မကောင်းဖြစ်စေပါတယ်။ အသားဖြူဆေးတိုင်း ဖြစ်တယ်လို့တော့မဆိုလိုပါဘူး။ အရေပြားဆရာဝန် တော်တော်များများက မထောက်ခံထားတဲ့ ဒီအသားဖြူဆေးဈေးကွက်မှာ FDA […]


ဝက်ခြံ

ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေထွက်လာလို့ စိတ်ညစ်နေပြီလား

ဝက်ခြံဆိုတာ အလှအပနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေတဲ့ သူတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ အရေပြားပေါ်က နီနီရဲရဲအဖုတွေကြောင့် ငါအရမ်းများ ရုပ်ဆိုးနေပြီလားဆိုပြီး လူမြင်ကွင်းထဲသွားတဲ့အခါ ကိုယ့်စိတ်ထဲ မလုံသလို ဖြစ်နေရတယ်။ ဒါ့အပြင် လက်နဲ့မတော်တဆလေးများ ကုတ်မိလိုက်လို့ လက်သည်းထဲက ပိုးဝင်သွားရင် အနာက တော်ရုံနဲ့မကျက်တော့ဘဲ ပိုဆိုးသွားနိုင်သေးတယ်လေ။ ဝက်ခြံဆိုတာ ဘာလဲ။ ကျွန်တော်တို့ အရေပြားပေါ်က နီနီရဲရဲ အဖုလေးတွေကို ဝက်ခြံလို့ ခေါ်ပါတယ်။ ဝက်ခြံဘယ်လိုဖြစ်ရတာလဲဆိုတော့ အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်လေးတွေထဲကို ဖုန်၊ အညစ်အကြေးတွေ၊ အဆီတွေ စုမိရာကနေစပါတယ်။ ချွေးပေါက်ထဲမှာ ဒီအညစ်အကြေးတွေက ပိတ်မိနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ခိုအောင်းလာပြီး အခုလို နီရဲရဲ ဝက်ခြံအဖုလေးတွေ ဖြစ်လာရတာပါ။ အရေပြားမှန်ရင် ချွေးပေါက်ဆိုတာ ရှိတဲ့အတွက် မျက်နှာမှ မဟုတ်ပါဘူး။ ခန္ဓါကိုယ်ရဲ့ နေရာအနှံ့မှာ ဝက်ခြံေပါက်နိုင်ခြေရှိပါတယ်။ ဝက်ခြံပေါက်ရတဲ့ အကြောင်းရင်းတွေက ဘာလဲ။ အဓိကအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု […]


ဝက်ခြံ

ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

ဝက်ခြံ ပြောတော့သာ ဘာမှမဟုတ်သလို သူပေးတဲ့ ဒုက္ခက မသေးဘူးရယ်။ ဝက်ခြံက မျက်နှာမှာ အဓိကထွက်တာဆိုပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ထွက်နိုင်ပါသေးတယ်နော်။ အဓိကကတော့ မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတာတွေ၊ ကျဆင်းတာတွေဖြစ်ရတာပါ။ ဝက်ခြံထွက်နေရင် မိတ်ကပ်လူးရတာတောင်အဆင်မပြေဘူးနော်။ အလှကြိုက်တဲ့ လေဒီလေးတွေအတွက် ဝက်ခြံက ရန်သူတော်ကြီးပါပဲ။ ဒီရန်သူတော်ကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းမျိုးစုံကြိုးစားပေမယ့် အခုထိမအောင်မြင်သေးဘူးဆိုရင်တော့ အတူတူချေမှုန်းကြည့်မလား။ ဝက်ခြံ တွေကို ဒီလိုချေမှုန်းပါ မျက်နှာမှာ ဝက်ခြံတစ်လုံး ပျောက်သွားတိုင်းဖြစ်တဲ့ ပီတိကတော်တော်လေး သဘောကျစရာပါနော်။ ဒီပီတိလေးကိုများ မခံစားချင်ဘူးလား။ ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်နော်။ Micellar Water သုံးပါ မျက်နှာပေါ်က အညစ်အကြေးတွေကို အတွင်းပိုင်းထိ သန့်စင်စေဖို့ မျက်နှာ မသစ်ခင်မှာ အရင်ဆုံး Micellar Water ကို ဂွမ်းစလေးမှာ ဆွတ်ပြီး မျက်နှာပေါ်က […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ

ဆံပင်တွေပျက်စီးနေပြီလို့ စပြီးသိလာတာ ဘယ်တုန်းကလဲ။ ဘီးဖြီးရတာအဆင်မပြေတော့လို့လား။ ခြောက်သွေ့၊ ဖွာပြီး ဖြီးလိုက်တိုင်း ပြတ်ထွက်ကုန်တာလား၊ ဆံပင်အဖျား နှစ်ခွကွဲတာလား။ အလိုလိုနေရင်းကို အလယ်ကနေ ကျိုးပြတ်ကုန်တဲ့ ဆံပင်တွေဖြစ်လာရင်တော့ ဆံသားပျက်စီးတာသေချာနေပါပြီ။ အဖျားမှာလည်း ထက်ပိုင်းတွေကျိုးလို့။ ဘာကြောင့်လဲ ဆံသားတွေ ကျိုးပြတ်တာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ကိုယ့်မှာရှိနေလို့ပဲဖြစ်ရမယ်။ ဒီလိုဖြစ်နေတာကို ကုစားဖို့အတွက် အကြောင်းရင်းကို သိမှဖြစ်မယ်လေ။ ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုတော့ - (၁) ဆံသားအလှအပ ပစ္စည်းတွေအသုံးများတာ ဆံပင်ကိုဆေးဆိုး၊ ကောက်၊ ဖြောင့်တာတွေအတွက် ဆေးတွေအသုံးများရင် ဆံသားကျန်းမာရေးကို အားနည်းစေပြီး ကျိုးပြတ်တာတွေ၊ နှစ်ခွကွဲတာတွေဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ တချို့ခေါင်းလျှော်ရည်တွေ (ဓာတုပစ္စည်းများလွန်းတဲ့)ကတောင် ဆံသားကို ကျိုးပြတ်စေ၊ ကြွပ်ဆတ်စေ၊ ကောက်လိမ်ရှုပ်ထွေးလာစေနိုင်ပါတယ်။ ဓာတုပစ္စည်းသိပ်မများတဲ့ သဘာဝဆန်ဆန်ခေါင်းလျှော်ရည်တွေ၊ ပျော့ဆေးတွေသုံးသင့်ပါတယ်။ (၂) ခေါင်းခဏခဏဖြီးတာ ခေါင်းဖြီးတာက တော်ရုံလောက်ပဲကောင်းပါတယ်။ ခဏနေတိုင်းတစ်ကြိမ်ဖြီးနေရင် ဆံပင်ပိုပျက်စီးပါတယ်။ လိုအပ်မှဖြီးပါ။ (၃) အပူဒဏ်ထိတာနဲ့ အစိုဓာတ်မရှိတာ ဆံသားကို အပူဒဏ်မကြာခဏထိတွေ့စေတာက ဆံသားအပေါ်ယံလွှာကို ပျက်စီးစေပြီး သဘာဝအဆီဓာတ်ကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

မိန်းမတို့ဘုန်း ဆံထုံး တဲ့။ မြန်မာတွေရဲ့အမြင်မှာ ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်ရဲ့အလှတရားထဲ ၇၀ ရာခိုင်နှုန်းလောက်အရေးပါနေပါတယ်။ မယုံရင် ကိုယ့်ဆံပင်ကိုယ် ကတုံးတုံးကြည့်ပါ။ သီလပြည့်ဝလို့ ကြည်လင်နေတဲ့မယ်သီလရှင်တွေကလွဲလို့ အပြင်မှာဆံပင်မပါတဲ့ အမျိုးသမီးတွေ ပိုလှလာတာနည်းပါတယ်။ ဆံပင်ပုံစံနဲ့ မလိုက်တာနဲ့တင် ကိုယ့်ရုပ်ရည်အသွင်အပြင်ကပြောင်းကိုပြောင်းလဲသွားပါတယ်။ ဒီတော့ ဆံသားပျက်စီးလာလို့ အရင်လိုမလှနိုင်တော့မှာကို မစိုးရိမ်ကြဘူးလား။ ဆံပင်ကျိုးပြတ်တာတွေ၊ ဆံသားပျက်စီးတာတွေကို ကုသဖြေရှင်းဖို့ကဗြူးရှင်းဆလွန်းတွေမှာခေါင်းထိုးအပ်လိုက်ရုံနဲ့ အရာရာပြည့်စုံပြီထင်နေတာလား။ ကုထုံးဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ အရင်ဆုံး - ဆံပင်နဲ့ပတ်သက်တဲ့ လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ ဆံပင်အလှအပအတွက် ကိုယ်လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ။ ဥပမာ ဆံပင်ဖြောင့်စက် မကြာခဏဆွဲတာ၊ ဓါတုပြင်းတဲ့ဆေးတွေသုံးတာ၊ ဆံပင်ခြောက်ခံစက်သုံးတာတွေက ဆံသားကိုပျက်စီးစေတယ်။ ဒါ့ကြောင့် ဓါတုမပြင်းတဲ့ပေါင်းဆေး၊ခေါင်းလျှော်ရည်တွေသုံးပြီး ခေါင်းလျှော်တိုင်း ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။ ကိုယ်က ကုသရတဲ့အနေအထားဖြစ်နေတော့ သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာရှာမရရင် baby shampooလေးတွေသုံးတာလည်း အဆင်ပြေနိုင်ပါတယ်။ ဆံပင်ပျော့ဆေးသုံးပါ ဓါတုပါဝင်မှုမပြင်းတဲ့ ဆံပင်ပျော့ဆေးကိုရွေးချယ်ပြီးသုံးပေးရင် ဆံသားအစိုဓါတ်ကို ထိန်းညှိပေးတဲ့အတွက် လိမ်ကောက်ရှုပ်ထွေးမှုတွေမဖြစ်စေပါဘူး။ ဆံသားကိုချောမွေ့ပြီးပျော့ပျောင်းစေလို့ ဒီအချိန်မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း

လူဆီ ရမယ်၊ လူဆီ ဆိုတာကကြော်ငြာထဲမှာပဲ ရယ်ရတာပါ။ လက်တွေ့ဘဝမှာ အဆီပြန်တာကတော်တော်လေးခံခရခက်စေတယ်နော်။ ဒီတစ်ခေါက်တော့ အဆီပြန်တာကြောင့် အလှပျက်နေရတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေအတွက်အဆီပြန်တဲ့ အသားအရေထိန်းသိမ်းနည်းလေးကိုပြောပြမယ်နော်။ အလှအပမဟုတ်တဲ့ အသားအရေထိန်းသိမ်းနည်းကိုပြောပြမှာဆိုတော့လေဒီတွေတင်မဟုတ်ဘဲ ကိုကိုတွေပါဖတ်လို့ရပါတယ်နော်။ အဆီပြန်တာက အမွေရတာပါ တော်တော်များများသတိမထားမိတဲ့အချက်ကအသားအရေအမျိုးအစားတွေဆိုတာကလည်း အမွေဆက်ခံမှုတစ်ခုပါပဲနော်။ အထူးသဖြင့် အဆီပြန်တတ်တဲ့ အသားအရေ၊ခြောက်သွေ့တဲ့အသားအရေ၊ပေါင်းစပ်အသားအရေဆိုတာတွေကမေမေဖေဖေတို့ဆီကနေ ဆက်ခံထားတဲ့အမွေတစ်ခုပါပဲနော်။ အဆီပြန်ရတယ်ဆိုတာက Sebumတွေအရမ်းထွက်လို့ပါ။ ဒီလိုဆိုတာနဲ့ Sebum က မကောင်းဘူးလို့ မဆိုလိုပါဘူးနော်။ အသားအရေခြောက်သွေ့မှုကင်းစေပြီး စိုပြေနေစေဖို့က Sebumလေးရှိမှာဖြစ်မှာပါ။ ဒါပေမယ့် အရမ်းများလွန်းရင်တော့ချွေးပေါက်တေါကျယ်စေပြီး အဆီတွေပြန်စေတော့တာပေါ့။ ဒီလိုမျိုးမှာ အပြင်ကို အဆီတွေထွက်မလာဘူးဆိုရင်လည်းချွေးပေါက်တွေထဲမှာ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ပေါင်းလို့ ချွေးပေါက်ပိတ်ပြီး အရေပြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။ အဆီပြန်တတ်သူလား အသားအရေအမျိုးအစားတစ်ခုချင်းစီတိုင်းမှာ သူ့ပုံစံနဲ့သူရှိတတ်ကြပါတယ်။ အဆီပြန်တတ်သူတွေမှာဆိုရင်တော့ - အသားအရေက အဆီကြောင့် ပြောင်ပြောင်လေးဖြစ်နေမယ် ထိလိုက်ရင်စေးကပ်ကပ်ဖြစ်နေမယ် ချွေးပေါက်လေးတွေ ကျယ်နေမယ်( လိမ္မော်ခွံလိုမျိုး အပေါက်လေးတွမြင်နေရမယ်) ဘာလူးထားထားမျက်နှာမှာ ကြာကြာမခံဘူးဆိုရင်တော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း