အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ကြည်လင်တဲ့ အသားအရေနဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့

အသားအရေကြည်ကြည်လင်လင်လေး၊ ခန္ဓာကိုယ်အချိုးအစားကလည်း သွယ်သွယ်လှလှလေးဖြစ်ချင်နေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိလား။ ဒါဆိုရင်တော့ နှစ်ခုစလုံးကို ထိရောက်မှုရှိစေမယ့်နည်းလမ်းလေးတွေကိုပြောပြပေးပါရစေလား။ ဒီတစ်ခေါက်တော့ အသားအရေရော ခန္ဓာကိုယ်အချိုးအစားကိုပါ လှပစေမယ့် သောက်စရာလေးတွေအကြောင်းပြောပြပေးမယ်နော်။ ကြည်လင်တဲ့ အသားအရေ၊ သွယ်လျတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ချင်သူတွေအတွက် ငယ်ရွယ်နုပျိုပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်လိုက်တာဆိုတဲ့ စိတ်ကူးလေးများရှိနေလား။ ဒါဆိုရင်တော့ ငွေကုန်ကြေးကျသက်သာစွာနဲ့ အသားအရေကို ကြည်လင်လှပစေဖို့ နဲ့ ကိုယ်တွင်းကအဆီပိုတွေကိုဖယ်ရှားဖို့အတွက် မဖြစ်မနေဂရုစိုက်ဖို့လိုအပ်တဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ အစာခြေစနစ်က အဆိပ်အတောက်တွေကိုဖယ်ရှားပြီး အူမကြီးကို သန့်စင်စေဖို့ပါ။ သခွားသီးအရည် သခွားသီးက အရေပြားကိုအေးမြစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကိုကြည်လင်စေနိုင်သလို အူမကြီးကိုလည်း သန့်စင်ပေးပါတယ်။ ကိုယ်တွင်းက ပိုနေတဲ့ ရေဝိတ်တွေကိုလည်း လျှော့ချပေးပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်စေနိုင်ပါတယ်။ ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေကိုတင်းရင်းစေနိုင်ပါတယ်။ သခွားသီးကို ခပ်ပါးပါးလေးတွေ လှီးပြီးရေထဲမှာစိမ်ပါ။ ၂ မိနစ်အအေးခံပေးပါ။ ပြီးရင် သံပရာရည် […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားအတွက် သလဲသီးက ဘယ်လိုအထောက်အကူပြုတာလဲ

လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီးသက်ရောက်နေတဲ့အရာတစ်ခုက အသားအရေကျန်းမာလှပမှုပါ။ အသားအရေကျန်းမာလှပမှုအပေါ်မှာ သက်ရောက်နေတဲ့အချက်က အသားအရေထိန်းသိမ်းမှုအပြင် အစားအသောက်ကလည်း တော်တော်လေးသက်ရောက်မှုအားကြီးပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေ အပေါ်မှာ သက်ရောက်မှုအားကြီးတဲ့ အစားအစာတစ်ခုအကြောင်း ပြောပြပေးပါရစေ။ အသားအရေကျန်းမာခြင်းအတွက်ဓာတ်စာ သလဲသီး သလဲသီးက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး free radicals တွေကြောင့် အသားအရေထိခိုက်ပျက်စီးတာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေနေလောင်ပျက်စီးမှုတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ အသားအရေကျန်းမာဖို့အတွက် တစ်နေ့ကို သလဲသီးဖျော်ရည် ၁ ခွက်သောက်ပေးရုံပါ။ ဒီလိုမှမဟုတ်လဲ အသားအရေနေလောင်ပျက်စီးသွားတဲ့အခါ သလဲသီးအခွံကို ကြိတ်ခြေပြီး အနှစ်လုပ်လို့ သံပရာရည် တစ်စက် နှစ်စက်လောက်နဲ့ရောမွှေပြီး နေလောင်သွားတဲ့နေရာမှာ လူးပေးပါ။ ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ အသားအရေကို တင်းရင်းစေနိုင်တယ် ဇရာက ရှောင်လွှဲလို့မရတာမှန်ပေမယ့် အရွယ်မတိုင်ခင်အိုမင်းမှုကိုတော့ မဖြစ်မနေကာကွယ်ပေးဖို့လိုပါမယ်။ နေရောင်ဒဏ် ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့် အသားအရေပျက်စီးတဲ့အခါ အရွယ်မတိုင်ခင်အိုမင်းတာကို […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူစေမယ့် နည်းလမ်းတစ်ခု

ဖြူစင်ဝင်းပတဲ့အသားအရေက သင့်ကိုယုံကြည်မှုတိုးစေမယ့် အချက်တွေထဲကတစ်ခုပေါ့။ ဘာလေးဝတ်ဝတ်လှနေဖို့၊ ဘယ်လိုနေနေချစ်ဖို့ကောင်းနေဖို့ဆိုတာ အသားအရေလေး ကြည်လင်ဝင်းပနေဖို့လည်း လိုပါတယ်။ တိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှုတွေပိုများလာသလို အသားအရေကို ထိခိုက်ညိုမည်းစေနိုင်ခြေကလည်း တော်တော်လေးများလာတာပါ။ ဒီပြဿနာတွေကို အကောင်ဆုံးဖြေရှင်းပြီး ကြည်လင်ဝင်းပတဲ့ အသားအရေပိုင်ဆိုင်ဖို့ဆိုရင် နည်းလမ်းကောင်းတစ်ရပ်ရှိပါတယ်။ဒါကတော့...... အရေပြားအရောင်ကို ဘာတွေက အဆုံးအဖြတ်ပေးလဲ..... အရေပြားအရောင်ကို မယ်လာလ်နင်(melanin) လို့ခေါ်တဲ့ ရောင်ခြယ်ဓာတ်တစ်မျိုးက အရေပြားပေါ်မှာ ဘယ်လောက်ရှိလဲဆိုတာက အဆုံးအဖြတ်ပေးပါတယ်။ မယ်လ်နင်ပိုများတဲ့သူက အသားပိုမည်းပါတယ်။ အရေပြားမှာ မယ်လ်လာနင်ဘယ်လောက်ရှိလဲဆိုတာက မျိုးရိုး၊ နေရောင်နဲ့ထိတွေ့မှု၊ ဟော်မုန်းအပြောင်းအလဲ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုတွေအပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အသားဖြူစေမယ့်နည်းလမ်းတစ်ရပ် အသားဖြူစေဖို့အတွက် အသုံးပြုလို့ရတဲ့ နည်းလမ်းတွေကတော့ တစ်ခုမကရှိနေပါတယ်။ ဘာတွေများဖြစ်မလဲဆိုတော့ အသားဖြူဆေးသောက်မယ် PRP (သွေးရည်ကြည်ကုထုံးခံယူမယ်) အပေါ်ယံအရေပြားလွှာဖယ်ရှားခြင်း (Chemical Peeling) လေဆာကုထုံး အလင်းကုထုံး အသားဖြူဆေးထိုးတာ စတဲ့နည်းလမ်းတွေကိုအသုံးပြုလို့ရပါတယ်။ ဒီထဲမှာမှ ကြိုက်တာကိုရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် ဆေးသောက်ဖို့ကျတော့လည်း မေ့တတ်လို့၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဖယောင်းသွင်း ထားသလို ဆံသားပျော့ပျောင်းသွားစေမယ့် သဘာဝပေါင်းဆေး(၃)မျိုး

ဆံသားကို သေချာဂရုမစိုက်တာ၊ နေရောင်ခြည်နဲ့ထိတွေ့မှုများတာနဲ့ ဓာတုပစ္စည်းတွေသုံးတာတွေ များလာရင် ဆံကေသာကို ထိခိုက်ပျက်စီးစေတာပေါ့။ ဆံသားကို ပြုပြင်ထိန်းသိမ်းပေးမှ ပြန်လည်ကျန်းမာစေပြီး ပုံကျလှပနိုင်မှာပါ။ အပူဒဏ်၊ ဆံပင်ပုံသွင်းခြင်း၊ ဂရုစိုက်ထိန်းသိမ်းမှုမရှိခြင်း၊ နေရောင်ခြည်နဲ့ထိတွေ့မှုလွန်ကဲခြင်းနဲ့ ဓာတုပစ္စည်း ထိတွေ့မှုတွေကြောင့် ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံပင်ပျော့ဆေးသုံးလိုက်တဲ့အခါ ဖြီးရလွယ်ကူပြီး ဆံသားခြောက်သွေ့ခြင်းကိုကာကွယ်ပေးတာကြောင့် ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပုံကျလှပစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့တွေ့ရတတ်တာကြောင့် အရည်အသွေးမကောင်းတဲ့ ဆံပင်ပျော့ဆေးတွေကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာအဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ငွေကုန်လည်းသက်သာ၊ ဆိုင်သွားဖို့ ပေးရတဲ့အချိန်ကုန်လည်း သက်သာစေပါလိမ့်မယ်။ (၁) ကြက်ဥအနှစ်နဲ့ ဗီနီဂါ ကြက်ဥက ဆံသားထဲမှာအစိုဓာတ်ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက သန်း၊ ဗောက်နဲ့ တခြားဦးရေပြားပြဿနာတွေကိုပျောက်ကင်းစေနိုင်တယ်။ ဒီပစ္စည်းနှစ်မျိုးပေါင်းစပ်တဲ့ ဆံပင်ပျော့ဆေး ပြုလုပ်နည်းကတော့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား...

အသားလေးဖြူရင် ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်။ အသားလေးဖြူတော့ ဘာဝတ်ဝတ် လှတယ်ဆိုတဲ့ စကားတွေက အသားဖြူ ချင်တဲ့ ဆန္ဒတွေကို တဖွားဖွား ဖြစ်ပေါ်စေနေတယ်နော်။ ဒါကြောင့် အသားဖြူဖြူလေးနဲ့ ဘာဝတ်ဝတ်လှပြီး ဘယ်လိုနေနေ ချစ်ဖို့ကောင်းချင်လို့ အသားဖြူကုထုံး ကို ခံယူဖို့ စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဘယ်ကုထုံးက အဆင်ပြေဆုံး ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်လိုက်တော့နော်…….. အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား... အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား... ဒါဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အသားဖြူကုထုံးက တစ်မျိုးထဲရှိတာလား…….. အသားဖြူ ကုထုံးဆိုတာက အရေပြားပေါ်က အမဲစက်တွေနဲ့ ညိုမဲနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးတဲ့ ကုထုံးပါ။ အမဲစက်တွေ၊ အမာရွတ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေခြင်းအားဖြင့် အရေပြားကို ဖြူစင်လှပစေတဲ့ ကုထုံးပေါ့။ အသားဖြူကုထုံးက တစ်မျိုးမက ရှိနိုင်ပါတယ်။ ဘာတွေများလဲ ကြည့်လိုက်ရအောင်……. အသားဖြူ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

မိန်းကလေးတွေထဲမှာ မလှချင်တဲ့သူဆိုတာ တော်တော်ကိုရှားမယ်ထင်ပါတယ်နော်။ မိန်းကလေးတွေရဲ့ လှချင်တဲ့ စိတ်ကို အခွင့်ကောင်းယူပြီး အသားအရေတင်းရင်းမယ်၊ ဖြူဖွေးမယ်၊ ချက်ချင်းကြီးကိုကြည်လင်လာမယ်၊ အရေးအကြောင်းတွေကိုသက်သာစေမယ် စသဖြင့် မဟုတ်မမှန်တဲ့ အကျိုးရလဒ်တွေကိုပြောပြီး အလှကုန်တွေ အသားအရေ လိမ်းဆေးတွေကို ရောင်းချလာကြတာကိုလည်း အများကြီးတွေ့နေရပါတယ်။ ဒါကြောင့် ပျိုမေတို့ အရွေးမမှားစေဖို့ အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းနေတဲ့ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ မိတ်ကပ်လိမ်းထားရင် နေရောင်ကာကွယ်ဆေးလိမ်းစရာမလိုပါ။ (မှား) အများအားဖြင့် ကြော်ငြာတွေဟာ ဒီမိတ်ကပ်ကိုလိမ်းပြီးရင် အောက်ကနေဘယ်လိုခရင်မ်မှ လိမ်းစရာမလိုတော့ဘူးလို့ ကြော်ငြာတတ်ကြပါတယ်။ တချို့မိတ်ကပ်တွေဟာ နေရောင်ကာပါတယ်လို့ပြောထားပေမယ့် တကယ်မှာတော့ နေရောင်ကာကွယ်ဆေးလောက် အကျိုးသက်ရောက်မှုမရှိနိုင်ပါတဲ့အတွက် နေအရမ်းပူပြင်းတဲ့နေရာတွေသွားမယ့်ချိန်မှာ မိတ်ကပ်ထက် နေရောင်ကာဆေးက သာ အသုံးပြုသင့်ပါတယ်။ ၂။ မျက်နှာအဆီပြန်ရင် အရေးအကြောင်းတွေ အလွယ်တကူမဖြစ်ဘူး။ (မှား) ဒါကလည်း အများထင်နေကြတဲ့ မှားယွင်းတဲ့အယူအဆပါ။ အရေးအကြောင်းတွေဖြစ်လာတာဟာ အသားအရေအမျိုးအစားနဲ့လုံးဝမသက်ဆိုင်ပါဘူး။ အိုမင်းခြင်းလက္ခဏာတွေကို နေရောင်ကာဆေးမလိမ်းဘဲ နေရောင်အထိများတာ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

Cosmetic လား - Skincare လား....

အလှကြိုက်တာ မိန်းကလေးတိုင်းရဲ့ သဘာဝပါ။ ဒါပေမယ့် ခဏတာလှပဖို့ထက် အမြဲလှပဖို့ကို ဂရုစိုက်သင့်ပါတယ်။ ဒီတော့ Hello ဆရာဝန်ရဲ့ လေဒီပရိတ်သတ်တွေကရော နေ့စဉ်တိုင်းမှာ လှပနေစေဖို့အတွက် ဘာကိုရွေးမယ် စဉ်းစားလဲ။ Cosmetic လား၊ Skincare လား........... Cosmetic ကပေးတဲ့အလှတရား အလှကုန်ဆိုရင် အားလုံးက လှအောင်လုပ်ပေးတာပဲ သုံးသင့်ပါတယ်လေလို့ အလွယ်တကူတွေးမိလိုက်နိုင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ အလှကုန်တွေကသင့်ကို လှစေတယ်ဆိုပေမယ့် ရေရှည်မှာ အသားအရေကို ထိခိုက်လာနိုင်ပါတယ်။ အပေါ်ယံအလှကိုပဲ ပေးစွမ်းနိုင်တယ်၊ လို့ပြောချင်ပါတယ်။ အလှကုန်တွေ ၊ မိတ်ကပ်တွေက အပေါ်ယံအရေပြားကို ထိခိုက်စေနိုင်သလို Liquid type မိတ်ကပ်တွေဆိုရင် ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံထွက်တာလိုမျိုး အရေပြားပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။ အရေပြားတစ်ထောက်စာအလှကိုပဲ ပေးစွမ်းနိုင်တယ်ပြောရမှာပေါ့။ အလှကုန်တွေက တာရှည်မခံတဲ့ အလှတရားကိုပဲပေးစွမ်းနိုင်တာပါ။ အသက်ကြီးတဲ့အထိ အများကငေးအောင်လှချင်ရင်တော့ အဆင်မပြေလှဘူးပေါ့။ ပွဲနေပွဲထိုင်အနေအထားမျိုးအတွက်ပဲ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး

ဘယ်နားသွားသွားထင်းခနဲလှပစေဖို့နဲ့ ဘာလေးဝတ်ဝတ်လှနေစေဖို့ အသားဖြူချင်လိုက်တာလို့ဆိုပြီး တွေးနေတဲ့သူလေးတွေများရှိလား။ အသားဖြူချင်ပေမယ့် ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝနည်းလေးတွေပဲသုံးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက လိုချင်နေတဲ့အဖြေကို ထုတ်ပေးနိုင်မှာပါ။ ကဲ..အသားဖြူဖို့ အသင့်ဖြစ်ပြီလား............ သဘာဝအတိုင်း အသားဖြူစေဖို့ အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ............. မြင်သူတိုင်းအားကျရလောက်အောင် အသားလေးဖြူဝင်းစေဖို့ဆိုရင် သင်္ဘောသီး နဲ့ ပျားရည် သင်္ဘောသီးက အရသာရှိရုံတင်မဟုတ်ပါဘူး။ အသားအရေအတွက်ပါ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ အကြောင်းကတော့ သင်္ဘောမှာပါတဲ့ papain ဆိုတဲ့ဒြပ်ပေါင်း နဲ့ alpha hydroxy acids တို့ကအရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားအတွင်းပိုင်းလွှာအထိသန့်စင်စေပြီး အသားအရေကိုကြည်လင်ဖြူဝင်းစေပါတယ်။ ပျားရည်ကတော့ အနာကျက်စေပြီး အမာရွတ်တွေကိုပါးစေနိုင်သလို ဘက်တီးရီးယားတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ လိုအပ်မှာက သင်္ဘောသီးတစ်စိတ်စာ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။ ရလာတဲ့အနှစ်ကို မျက်နှာအပါအဝင်ခန္ဓါကိုယ်အနှံ့မှာလူးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်ဆုံးအဆင့်ကတော့ ရေအေးနဲ့ရေချိုးချပြီး အရေပြားကိုခြောက်အောင်သုတ်ပေးပါ။ ၃ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်တယ် ဘာတွေစားရမလဲ....

အသားဖြူအောင်ဆိုရင် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးမှဖြစ်တာလား။ ဒါမှမဟုတ် အသားဖြူပါတယ်ဆိုတဲ့ ကုထုံးတွေကို ခံယူမှဖြစ်မှာလား။ ဆေးသောက်မှဖြစ်မှာလား။ မဟုတ်ပါဘူး။ အစားအသောက်တွေကို အာဟာရမျှတအောင်စားသုံးမှုကလည်း သင့်ကို အသားဖြူစေနိုင်ပါတယ်။ အစားအသောက်တွေလည်းစားရ အသားကလည်းဖြူသေးဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတော့ ဘယ်လောက်များ အဆင်ပြေလိုက်လဲ။ အသားဖြူအောင်ဘာတွေစားရမလဲ...... အသားဖြူစေဖို့ဆိုရင်တော့ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဒါတွေပါအောင်စားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီး ဖရဲသီး သံပရိုသီး လိမ္မော်သီး သလဲသီး သခွားသီးတို့ပါ။ ခရမ်းချဉ်သီး အသားအရေအတွက် အထောက်အကူပြုပေးနိုင်တယ်ဆိုတာကို တော်တော်များများသိထားပြီးဖြစ်မှာပါ။ သဘာဝနေလောင်ကာခရင်မ်တစ်မျိုးဖြစ်ပြီး အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးသလို ကြည်လင်လှပစေပါတယ်။ ဖရဲသီး နွေရာသီမှာပဲ ရေငတ်ပြေအောင်စားလို့ရတာမဟုတ်ပါဘူး။ အသားဖြူစေဖို့လည်းစားပေးလို့ရပါတယ်။ အသားအရေကို ကြည်လင်စေမှာပါ။ ရေဓါတ်ဖြည့်ပေးသလို အဆိပ်အတောက်တွေကိုပါဖယ်ရှားပေးနိုင်ပါသေးတယ်။ သံပရိုသီး ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေပြီး ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေ့ကို သံပရိုရည် တစ်ခွက်သောက်သုံးပေးတာက အသားအရေကိုကြည်လင်စေဖို့ အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ လိမ္မော်သီး လိမ္မော်သီးမှာ ဗီတာမင် A နဲ့ ဗီတာမင် […]


အသားအရေ ထိန်းသိမ်းခြင်း

စားပြီးသား ငှက်ပျောခွံက ဘယ်လိုအသုံးဝင်သလဲ

ကြားရတာထူးဆန်းသွားလား။ ငှက်ပျောသီးက အာဟာရဓာတ်ပေါင်းများစွာနဲ့ ကာဗိုဟိုက်ဒရိတ်တွေကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ သူ့မှာ ဗီတာမင် B6၊ B12 ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပါဝင်မှုများပါတယ်။ အဲဒီငှက်ပျောသီးကို စားပြီးရင်တော့ အခွံကိုလွှင့်ပစ်ကြတာပဲလေ။ အခုတော့ အမှိုက်အဖြစ်သတ်မှတ်ကြတဲ့ ငှက်ပျောခွံရဲ့ နည်းလမ်းအမျိုးမျိုးနဲ့အသုံးဝင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။ ငှက်ပျောခွံရဲ့အသုံးဝင်ပုံ ၁၀ မျိုး (၁) သွားကို ဖြူစင်တောက်ပစေတယ် ငှက်ပျောခွံနဲ့ နေ့တိုင်း တစ်မိနစ်လောက်သွားတိုက်ပေးပါ။ တစ်ပတ်လောက်ကြာရင် ပုလဲလုံးလေးတွေစီထားသလို သွားတွေဖြူစင်တောက်ပလာမှာပါ။ (၂) ကြွက်နို့သတ်နိုင်တယ် ငှက်ပျောခွံနဲ့ ကြွက်နို့သတ်လို့ရသလို နောက်ထပ်လည်းမဖြစ်လာအောင် အမြစ်ပြတ်စေတယ်လို့ သိရပါတယ်။ ကြွက်နို့ရှိတဲ့နေရာမှာ ငှက်ပျောခွံနဲ့ပွတ်ပေးတာ ဒါမှမဟုတ် တစ်ညလောက် ကပ်စည်းထားပေးတာမျိုး လုပ်ရုံပါပဲ။ (၃) စားလို့လည်းရတယ် ငှက်ပျောခွံကိုစားလို့ရပါတယ်။ ငှက်ပျောခွံနဲ့ချက်တဲ့ အိန္ဒိယဟင်းချက်နည်းတွေရှိပါတယ်။ ကြက်သားကို နူးအိစေဖို့လည်း သုံးကြတယ်လို့သိရပါတယ်။ (၄) ဝက်ခြံပျောက်တယ် ငှက်ပျောခွံနဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို တစ်နေ့ ၅ မိနစ်လောက် နှိပ်နယ်ပေးရင် ဝက်ခြံပျောက်ပါတယ်တဲ့။ တစ်ပတ်လောက်ဆို ရလဒ်သိသာနိုင်တယ်လို့ဆိုပါတယ်။ (၅) အရေးအကြောင်းတွေလျော့စေတယ် ငှက်ပျောခွံက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း