အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အလျင်အမြန်ဆုံး တင်းရင်းကြည်လင်ဖို့ mesotherapy

ကဲ.... မေလေးတို့ရေ။ နောက်ထပ် အသားအရေကုထုံး အဆန်းလေးတစ်မျိုးအကြောင်း နှင်းသိသလောက် sharing လုပ်ပါဦးမယ်နော်။ နှင်းက မေလေးတို့ကို လှစေချင်သူမဟုတ်လား။ ကိုရီးယား မင်းသမီးလေးတွေလို မိတ်ကပ်မပါဘဲမျက်နှာလေး ကြည်လင်ဝင်းမွတ်တင်းရင်း နေချင်တဲ့ မေလေးတွေ မရှိကြဘူးလား။ ဘယ်လောက်ပဲ skincare တွေလုပ်လုပ်၊ ပေါင်းတွေ တင်တင် အသားအရေ က ညစ်ထပ်ထပ် ဖြစ်နေကြတဲ့ မေလေးတွေ ရှိကြလား။ ပြီးတော့ ပွဲသွားစရာရှိလို့...မင်္ဂလာဆောင်မှာမို့... သင်္ကြန်လည်ပြီး၊ ကမ်းခြေသွားပြီး ပျက်စီးလာတဲ့ အသားအရေကို အချိန်တိုအတွင်း ကောင်းမွန်လာချင်လား။ အဲလိုမေလေးတွေအတွက် mesotherapy  လို့ခေါ်တဲ့ မျက်နှာ အသားအရေ ကုထုံးလေးရှိနေပါပြီနော်။ ဒီနည်းလေးရဲ့ အခြေခံကို၁၉၅၂ ခုနှစ် ပြင်သစ်နိုင်ငံမှာ Dr.Michel Piston ဆိုသူက စတင်တွေရှိခဲ့တာပါ။ကြာလှပြီနော်..အသိနောက်ကျလေခြင်း။ အခုခေတ်မှာတော့ popular ဖြစ်လာတာနဲ့ အမျှ ဆင့်ကဲပြောင်းလဲ တိုးတက် လာတာတွေလည်းရှိတာပေါ့။ သူက မျက်နှာ […]


အသားအရေ ထိန်းသိမ်းခြင်း

Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။

အရင်တုန်းကတော့ skincare ဆိုရင် Cream type ( ခရင်ပုံစံ) လိုမျိုးတွေသာ ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ gel type ( ဂျယ်လ်ပုံစံ) ၊ serum ( အဆီပုံစံ) Milk ( နို့ရည်) ဆိုပြီး အမျိုးအစားတွေ အများကြီးပေါ်လာပါတယ်။ နို့ရည် ဂျယ်လ်ပုံစံ နဲ့ ခရမ်တို့ကတော့ ရှင်းပါတယ်။ serum ကျတော့ အားလုံးနဲ့ မတူတစ်မျိုးလေးကွဲတယ်။ ရေဓာတ်ဖြည့်ပေးပေမယ့် အစိုဓာတ်ထိန်းခရင်မ်လည်း မဟုတ်ပြန်ဘူး။ အဆီတွေပါတယ်ဆိုပေမယ့် အဆီတွေချည်းစုထားတဲ့ skin care လည်းမဟုတ်ပြန်ဘူး။ ရေပါဝင်မှုများတဲ့ essence လည်းမဟုတ်ပြန်ဘူး။ ဒီတော့ serum ဆိုတာ ဘာများပါလိမ့်။ အသားအရေအတွက်ဘယ်လိုကောင်းကျိုးတွေ များရှိတာပါလိမ့်။ Serum ဆိုတာဘာလဲ။ Serum ဆိုတာအားလုံးသိကြတဲ့အတိုင်း skincare အမျိုးအစားတွေထဲ ကတစ်ခုပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

အမွေးအမျှင် ရာသက်ပန် ကင်းစင် စေကြဖို့

မေလေးတို့ရေ..... ဟိုတစ်ခေါက်က ခန္ဓာကိုယ်ပေါ်က ( အထူးသဖြင့် မျက်နှာပေါ်က ) မလိုအပ်တဲ့ အမွေးအမျှင်တွေ ဖယ်ရှားပစ်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ ပြောပြပေးခဲ့တယ်နော်။ ဒီနည်းလေးတွေက ခဏတာ အတွက်ပဲ ထိရောက်မှာမို့ ဒီတစ်ခေါက်တော့ ရာသက်ပန် အမွေးအမျှင်ကင်းစင်စေမယ့် laser hair removal ( လေဆာလှိုင်းဖြင့် အမွေးအမျှင်ဖယ်ရှားခြင်း) အကြောင်းလေးကို နှင်းသိသလောက်ဝေမျှ ပေးသွားမယ်နော်။ ဒီနည်းလေးဟာဆိုရင်ဖြင့် US မှာ အသုံးအများဆုံး hair removal method တစ်မျိုးဖြစ်ပါတယ်။အလင်းကထွက်တဲ့ အပူကို အသုံးပြု တဲ့ photothermolysis နည်းတွေထဲက တစ်နည်းပေါ့။ ဒီနည်းမှာ ဆိုရင် laser အလင်းဟာ မွေးညင်းပေါက်လေးတွေက တစ်ဆင့် မွေးညင်းအိတ်တွေဆီရောက်တဲ့ အခါ အဲဒီမှာရှိတဲ့ melanin (ခေါ်) အမည်းရောင်ခြယ်ပစ္စည်းက အလင်းကို စုပ်ယူလိုက်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

အိမ်မှာနေရင်း peeling လုပ်ကြစို့

မေလေးတို့ရေ….. ရှေ့တစ်ပတ်က chemical peeling အကြောင်း နှင်းရှင်းပြခဲ့သလို သဘာဝ ပစ္စည်းတွေကိုပဲ အသုံးပြုပြီး အိမ်မှာတင်လုပ်လို့ရမယ့်  natural peeling နည်းလေးတွေအကြောင်းပြောပြပါ့မယ်လို့ ကတိပေးထားတယ်နော်။ ကဲ..  အခု.. သဘာဝ အတိုင်းမျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မွေးညှင်းပေါက်လေးတွေ ပွင့်သွားစေမယ့် နည်းလေးတွေထဲက နှင်း အကြိုက်ဆုံးနည်းလေး ၃ မျိုး ကိုပြောပြပေးမယ်နော်။ တစ်ခုသတိထားစေချင်တာက ဒီနည်းလေးတွေဟာ ဘာ ဓာတုဆေးဝါးပစ္စည်းမှမပါတဲ့ သဘာဝနည်းလေးတွေ ဖြစ်တာကြောင့် chemical peeling လိုမျိုး အရေပြား အဟောင်းတွေကွာကြပြီး အရေပြားအသစ် ပြန်ဖြစ်လာစေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာလေးကို နဂိုထက် စင်ကြယ်ဝင်းမွတ်နေစေမှာတော့ အသေအချာပါပဲ။ ကြည့်လိုက်ရအောင်။ ၁။ ဒီနည်းလေးရဲ့ ဇာတ်လိုက်ကျော်ကတော့ ကြက်ဥ ပါ။ ကြက်ဥကို အကာပဲရွေးသုံးတာမျိုး နှင်းက မကြိုက်ပါဘူး။ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်သူတိုင်း သိထားသင့်တဲ့ အလှအပရေးရာအကြောင်း

ဒီဘက်ခေတ်မှာ ကျား၊ မ အသက်အရွယ်မရွေး ကိုယ့်ရဲ့ အသားအရေနဲ့ အလှအပကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အသားဖြူစေတဲ့၊ နုပျိုလှပစေဖို့ အလှကုန်ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ထွက်ရှိလာကြပါတယ်။ အသားဖြူဖို့၊ လှဖို့အတွက် ဓာတုဗေဒပစ္စည်းတွေ ပါနေတဲ့ အသားဖြူဆေးတွေ၊ အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ့်အစား နေ့စဉ် နေထိုင်စားသောက်ပုံနဲ့ ကိုယ့်ရဲ့ အပြုအမူလေးတွေကို ပြင်လိုက်ရင် အဆင်ပြေပါတယ်။ ဒါဆိုရင် အသားဖြူစင်လှပဖို့၊ နုပျိုကျန်းမာတဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးမယ်နော်။ ၁။ ရေများများသောက်ပါ။ လူတစ်ယောက်ဟာ နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် အနည်းဆုံး သောက်ပေးဖို့ လိုအပ်ပါတယ်။ အားကစားလိုက်စားသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ် ပိုဆုံးရှုံးနိုင်တဲ့အတွက် ပိုပြီး သောက်ပေးဖို့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရမ်းခြောက်တဲ့ ထိခိုက်လွယ်အသားအရေပြဿနာတွေအတွက် ဘာကိုရွေးချယ်ရမလဲ

အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ၊ အလှကုန်တွေ ဝယ်တော့မယ်ဆို သုံးဖူးတဲ့သူတွေပြောကြတဲ့ ရီဗျူးလေးတွေရှာကြတယ်ဟုတ်။ ကောင်းတယ်လို့ လူပြောများတဲ့ပစ္စည်းတွေ၊ အမှတ်တံဆိပ်တွေကို လိုက်သုံးချင်ကြတာချည်းပဲ။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ကိုက်ညီတာကိုရော ဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေး မမေ့သင့်ပါဘူး။ ဥပမာ- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်အတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းကို အဆီပြန်တဲ့အသားအရေပိုင်ရှင်က ဝယ်သုံးရင် စိတ်ကျေနပ်မှုရနိုင်ပါ့မလား၊ ပိုဆိုးမသွားနိုင်ဘူးလား။ အရမ်းခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေဆို ပိုသတိထားရပါလိမ့်မယ်။ အခန့်မသင့်ရင် ခြောက်သွေ့ယားယံတာတွေ၊ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပြီး အလှတွေပျက်ရမှာနော်။ အဲဒါကြောင့် အသားအရေခြောက်သွေ့လွန်းတဲ့သူတွေ အသားအရေထိန်းပစ္စည်းရွေးချယ်ရာမှာ ထည့်စဉ်းစားသင့်တဲ့အချက်လေးတွေ ပြောပြလိုက်မယ်နော်။ နူးညံ့တဲ့ မျက်နှာသစ်ဆေးကိုရွေးပါ အရေပြားရဲ့သဘာဝအဆီဓာတ်တွေကို မပါစေဘဲ ဖုန်မှုန့်၊ မိတ်ကပ်နဲ့တခြားအညစ်အကြေးတွေကို မျက်နှာအသားအရေပေါ်ကနေ ညင်သာစွာဖယ်ရှားသန့်စင်ပေးမယ့် မျက်နှာသစ်ဆေး ကို ရွေးချယ်ပါ။ နူးညံ့တဲ့မျက်နှာသစ်ဆေးဆိုတာ ခြောက်သွေ့တဲ့အသားအရေအတွက်ထိခိုက်စေနိုင်တဲ့ အယ်လ်ကိုဟောနဲ့ အမွှေးရနံ့တွေမပါဝင်တဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ BIODERMA ရဲ့ Atoderm Intensive Gel Moussant ဆိုရင် ခြောက်သွေ့လွန်းတဲ့ထိခိုက်လွယ်အသားအရေအတွက် နူးညံ့တဲ့ cleansing […]


အရေပြားရောင်ရမ်းခြင်းများ

ပြင်းထန်တဲ့အရေပြားပြဿနာအတွက် ဖြေရှင်းနည်း

အရေပြားကျန်းမာရေးက မွေးစကနေစလို့ အသက်ကြီးရင့်တဲ့အထိမဖြစ်မနေဂရုစိုက်သင့်တဲ့အချက်တစ်ခုပေါ့။ အရေပြားကျန်းမာမှ ခန္ဓာကိုယ်ကရောဂါကင်းမှာပါ။ ဒီလိုပြောရတဲ့အကြောင်းက အရေပြားက ခန္ဓာကိုယ်ရဲ့ခံတပ်ဖြစ်ပြီး ပြင်ပကရောဂါပိုးတွေ ဝင်မလာအောင် အကောင်းဆုံးကာကွယ်ပေးထားလို့ပါ။ ငယ်ရွယ်စဉ်မှာ အသားအရေထိခိုက်မှုက သိပ်မရှိလှပေမယ့် အသက်အရွယ်ရလာတဲ့အခါ အသားအရေထိခိုက်နိုင်ခြေက ပုံမှန်ထက်ပိုများလာတတ်ပါတယ်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာဖြစ်တတ်တဲ့ ပြင်းထန်အရေပြားပြဿနာတစ်ခုအကြောင်းကို ပြောပြပေးပါရစေလား…. Atopic dermatitis (ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှင်းခူ) ဆိုတာဘာလဲ………. ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှင်းခူဆိုတာက ပြင်းထန်တဲ့အရေပြားပြဿနာတစ်ခုပါ။ အရေပြားက နီရဲပြီး ယားယံတဲ့ အရေပြားပြဿနာတစ်ခုပါ။ ကလေးကစလို့ အသက်အရွယ်ကြီးရင့်သူတွေအထိ အရွယ်သုံးပါးစလုံးမှာ ခံစားရနိုင်ပါ။ ဒီအရေပြားပြဿနာက နာတာရှည်ပြဿနာတစ်ခုဖြစ်ပြီး အမြဲမဖြစ်နေတတ်ပေမယ့် ရာသီဥတုအခြေအနေကြောင့်ဖြစ်​ဖြစ်၊ ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့မိတာကြောင့်ဖြစ်ဖြစ်၊ အစားအသောက် ဓာတ်မတည့်မှုကြောင့်ပဲဖြစ်ဖြစ် အရေပြားမှာဖြစ်လာတတ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ၊ ချောင်းဆိုးတာ အအေးမိတာ၊ ဓာတ်မတည့်ရောဂါ အခြေအနေတွေကြောင့်လည်း ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့နှင်းခူကို ခံစားရနိုင်ပါတယ်။ ကုသဖို့နည်းလမ်းရောရှိလား……………. ဒီအရေပြားပြဿနာကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ နည်းလမ်းကတော့ မရှိသေးပါဘူး။ဒါပေမယ့် အရေပြားယားယံတာကို သက်သာစေဖို့နဲ့ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ

ဝက်ခြံဖြစ်ပြီဆိုတာနဲ့ မကုတ်မိ၊ မဖဲ့မိဖို့တော်တော်သတိထားရပါတယ်။ ဝက်ခြံဆို ညှစ်ဖို့အဆင်သင့်ဖြစ်နေတဲ့လက်တွေကိုလည်း ထိန်းရသေးတယ်။ ဘာလို့ဆို ဝက်ခြံကိုအထိန်းမတော်ရင် အမာရွတ်တွေဖြစ်ကျန်ခဲ့မှာ စိုးရလို့ပါပဲ။ ဒါပေမယ့် ဘယ်လောက်သတိထားထား အမာရွတ်နဲ့ ချိုင့်ခွက်ဆိုတာ ဝက်ခြံဖြစ်ပြီးတိုင်း ကျန်ရစ်ခဲ့နိုင်တဲ့အမှတ်အသားပါ။ မျက်နှာကို တစ်ခုခုလိမ်းလိုက်ရုံနဲ့ ဝက်ခြံကြောင့်ဖြစ်သမျှ အမာရွတ်တွေ ပျောက်သွားမယ်ဆို ဘယ်လောက်ကောင်းမလဲနော်။ အမာရွတ်ချိုင့်ခွက်ပျောက်ကင်းဖို့ဆိုတာ ဒီလောက်မလွယ်ပါဘူး။ အထူးသဖြင့် သက်သာဖို့တောင် ခက်ခဲခဲ့တဲ့ ဝက်ခြံအကြီးတွေဆိုရင်ပေါ့။ ဒီလိုဝက်ခြံအမာရွတ်တွေကို အရေပြားအလှပြုပြင်ရေးကုထုံးတွေနဲ့ ကုသမှ အသားအရေချောမွတ်ပြီး ပြန်လည်လှပနိုင်မှာပါ။ ဘယ်လိုနည်းတွေနဲ့ ကုသနိုင်မလဲ - (၁) Microdermabrasion (အရေပြားအလွှာသစ်ကုထုံး) သေးငယ်တဲ့ ခရစ္စတယ်ထိပ်ချွန်လေးတွေပါတဲ့ကိရိယာလေး သုံးပြီး အရေပြားအပေါ်ယံက ဆဲလ်သေအလွှာကို အသာအယာပွတ်တိုက်ဖယ်ရှားပေးတဲ့ ကုထုံးဖြစ်ပါတယ်။ ကုထုံးနောက်ပိုင်းမှာ အရေပြားအလွှာသစ်ဖြစ်ပေါ်လာစေပြီး ဝက်ခြံအမာရွတ်တွေကို ပါးစေ၊နူးညံ့စေတဲ့အတွက် ပိုမိုနူးညံ့စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ ပြန်ကောင်းချိန် (၁၀) ရက်ကနေ (၃) ပတ်အထိ ကြာနိုင်ပါတယ်။ (၂) Laser […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ အတွက် သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက

ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိ မလှနိုင်ဘဲ စိတ်ညစ်နေပြီလား။ ဒါဆိုရင် အလှပျက်စေတဲ့ အကြောပြတ်ရာ နဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးမယ်နော်။ ဘယ်လိုများ ဖြေရှင်းမှာလဲ ဆေးသောက်ရမှာလား၊ ဆေးလူးရမှာလားလို့များ တွေးနေလား။ မဟုတ်ပါဘူး။ ဖျော်ရည် အေးအေးလေးတွေကို သောက်ပေးရုံနဲ့ အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ အတွက် ဘာတွေသောက်ကြမလဲ........... အရေပြားပေါ်က အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့အတွက် ရေ အသားအရေ ကျန်းမာစေဖို့ ရေဓာတ်က မရှိမဖြစ် လိုအပ်တာပါ။ ဒီတော့ အရေပြားပေါ်မှာရှိနေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့အတွက် ရေများများ သောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေမှုက အသားအရေကို ကျန်းမာစေပြီး အနာကျက်မြန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ အစိုဓာတ်ထိန်းပေးပြီး အရေပြားတစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။ အမာရွတ်တွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

နှာခေါင်းတဝိုက် ယားယံနေတဲ့ ဆားဝက်ခြံတွေကို ၁၀ မိနစ်နဲ့ ဖယ်ရှားကြမယ်

ဆားဝက်ခြံစူးစူးလေးတွေက အရေပြားရဲ့ဘယ်နေရာမှာမဆို ဖြစ်လာတတ်တယ်ဆိုပေမယ့် နှာခေါင်းတစ်ဝိုက်မှာ အဖြစ်များဆုံးပါပဲ။ မျက်နှာကိုသေချာ cleansing မလုပ်တာကြာရင်၊ မျက်နှာအသားအရေစောင့်ရှောက်မှု နည်းလမ်းမမှန်ရင် ဆားဝက်ခြံတွေ ထကြွလာစေနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ၁၀ မိနစ်ပဲအချိန်ပေးပါ။ အမြန်သက်သာရှင်းလင်းသွားစေရမယ်။ (၁) ရေနွေးငွေ့ပေးခြင်း မျက်နှာကို ရေနွေးငွေ့ပေးတဲ့နည်းဟာ အသားအရေကို ကြည်လင်သန့်ရှင်းစေပြီးဆားဝက်ခြံကင်းစေမယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ အသားအရေကိုနူးညံ့စေပြီး ဆားဝက်ခြံတွေသူ့အလိုလိုထွက်သွားဖို့ လွယ်ကူစေပါတယ်။ အရင်ဆုံး သိပ်မပြင်းတဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ပြီးမှ ခြောက်အောင်တို့သုတ်ပြီး မျက်နှာကိုအပူမဟပ်အောင် တစ်ပေခွဲ လောက်အကွာကနေ ရေနွေးငွေ့ပေးပါ(ဆားဝက်ခြံကိုတော့ ရေနွေးငွေ့ ထိတွေ့ပါစေ)။ ၁၀ မိနစ်လောက်ထားပြီးမှ မျက်နှာသုတ်ပုဝါနုနုနဲ့ အသာအယာပွတ်သုတ်ပါ။ (၂) သစ်သီးအခွံနဲ့ပေါင်းတင်ခြင်း လိမ္မော်သီး ဒါမှမဟုတ် ငှက်ပျောသီးခွံကိုသုံးပြီး သဘာဝ scrub ဖန်တီးအသုံးပြုနိုင်ပါတယ်။ သိထားသင့်တာက scrub လုပ်သင့်တဲ့အကြိမ်ရေက သင့်အသားအရေအမျိုးအစားပေါ်  မူတည်နေတယ်ဆိုတာပါပဲ။ သင့်အသားအရေက ထူပြီးအဆီပြန်တဲ့ အသားအရေဖြစ်ရင် နေ့တိုင်း သဘာဝ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း