အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာပေါင်းတင်ဖို့ Sheet Mask သုံးမယ်ဆိုရင် ဒါတွေသိထားပေးပါ

Sheet Mask ကို အလှအပဂရုစိုက်တဲ့ ပျိုမေတွေ တော်တော်များများကတော့ သိထားပြီးဖြစ်မယ်ထင်ပါတယ်။ အထုပ်သေးသေးလေးထဲမှာ ဆေးရည်တွေ၊ သစ်သီးအနှစ်တွေ၊ အသားအရေကို နူးညံ့စိုပြေစေတဲ့ အရည်တွေနဲ့ စိမ်ထားတဲ့ မျက်နှာကပ်ခွာလိုမျိုးပါပဲ။ အဓိက အားသာချက်တွေက ဘာတွေလဲ။ • အထုပ်သေးသေးလေးဖြစ်လို့ သယ်ယူထုတ်ပိုးရ လွယ်ကူတယ်။ • သွားလေရာဆောင်သွားလို့ရတယ်။ အိတ်ထဲမှာ နေရာမစားဘူး။ • ခရီးသွားတဲ့အချိန်ဆိုလည်း အသုံးပြုလို့ရတယ်။ • အချိန် ၁၀ မိနစ်လောက်ပေးရုံနဲ့ ကိုယ့်အသားအရေကို ကောင်းကောင်းထိန်းသိမ်းပေးနိုင်တယ်။ • နေ့တိုင်းလုပ်လို့ ရသလို ကိုယ်အားတဲ့အချိန်မှ လုပ်ရင်လည်း အဆင်ပြေတယ်။ • အလုပ်မရှုပ်ဘူး။ အိမ်မှာ အမှိုက်မပွဘူး။ • သုံးပြီးတာနဲ့ ကပ်ခွာကို ယူပြီး အမှိုက်ပုံးထဲ ပစ်လိုက်ရုံပဲ။ ဘယ်လိုအချိန်မှာ အသုံးပြုသင့်လဲ။ မနက်စောစော ဒါမှမဟုတ် ညအိပ်ခါနီးမှာ အသုံးပြုတာတော့ အကောင်းဆုံးပါပဲ။ ဘယ်အချိန်ပဲသုံးသုံး အဓိက မျက်နှာကို သေချာသန့်ရှင်းထားဖို့နဲ့ မိတ်ကပ်၊ နေလောင်ကာခရင်မ်၊ အစိုဓာတ်ထိန်းခရင်မ်တွေအပြင် […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုယ့်အသားအရေအမျိုးအစားအလိုက် အားဖြည့်ပေးမယ့် ကြက်ဥမျက်နှာပေါင်းတင်နည်း

အသားအရေကို အားဖြည့်ပေးမယ့် ပေါင်းတင်နည်းတွေမှာ ကြက်ဥက အမြဲလိုလိုပါတတ်ပါတယ်။ အသုံးများတာကတော့ ကြက်ဥအကာပါပဲ။ ကြက်ဥ အကာမှာပါတဲ့ ပရိုတင်းက အသားအရေကို တင်းရင်းစေပြီး အဆီပြန်တာတွေကို စုပ်ယူဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ကြက်ဥအကာ face mask ဘယ်လိုလုပ်မလဲ ကြက်ဥနဲ့ပတ်သက်တဲ့ ပေါင်းတင်နည်းတွေ အများကြီးရှိပေမယ့် ကိုယ့်အသားအရေနဲ့မလိုက်တဲ့နည်းကို လုပ်မိရင် ထိရောက်သင့်သလောက်မထိရောက်တော့ပါဘူး။ ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေတို့အတွက် ကြက်ဥပေါင်းတင်နည်းလေးတွေ ဘယ်လိုလုပ်မလဲဆိုတာလေး ပြောပြချင်တာပါ။ နည်းနည်းလေးပဲကွာခြားတာနဲ့တောင် ရလဒ်က သိသာမှာနော်။ အဆီပြန်တဲ့အသားအရေအတွက် ဒီနည်းက အဆီပြန်အသားအရေအတွက်မို့ ဘက်တီးရီးယားပိုးတွေသေစေနိုင်တဲ့ သံပရာရည် ပါဝင်ပါမယ်နော်။ ကြက်ဥတစ်လုံးရဲ့အကာနဲ့ သံပရာသီးတစ်ခြမ်းရဲ့အရည်ကို ပန်းကန်လုံးတစ်ခုထဲမှာ ရောပါ။ အမြှုပ်ထလာတဲ့အထိ ခေါက်ပါ။ မျက်နှာကို ရေနွေးနွေးနဲ့သစ်ပါ။ ရောခေါက်ထားတဲ့အနှစ်ကို မျက်နှာမှာ ခပ်ပါးပါးသုတ်လိမ်းပါ။ မျက်လုံးထဲမဝင်အောင်၊ သိပ်မပွတ်မိအောင် ဂရုစိုက်ပါ။ ၁၀ မိနစ်လောက်ထားပါ။ ရေနွေးနွေးနဲ့ မျက်နှာပြန်သစ်ပါ။ ဒီနည်းကို တစ်ပတ်သုံးကြိမ် […]


အသားအရေ ထိန်းသိမ်းခြင်း

အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား

ခုလို ဆောင်းရာသီအချိန်က နဂိုအသားအရေခြောက်တဲ့သူတွေအတွက်တော့ ဒုက္ခအရောက်ရဆုံးပါပဲ။ အသားခြောက်တဲ့သူတွေဆိုတာ နဂိုချွေးပေါက်ကနေ သဘာဝအဆီ (Sebum) ထုတ်လုပ်မှု နည်းလွန်းတာကြောင့် အသားက စိုစိုပြေပြေ မရှိဘဲ ခြောက်နေတာပါ။ အဲ့တော့ ခုလိုရာသီမှာ အပြင်က အေးလွန်းတဲ့လေကြောင့်ရော၊ ရေပူတွေနဲ့ ချိုးတာ၊ ရေစိမ်နေကြတာကြောင့်ရော၊ ရေသောက်နည်းပြီး အသားအရေက အစိုဓာတ်ဆုံးရှုံးမှုများလာတဲ့အခါ အရင်ကထက် ပိုပြီး အသားခြောက်တတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အခုချိန် ရာသီဥတုအေးလွန်းလို့ အသားအရမ်းခြောက်ပြီး ပက်ကြားအက်နေတဲ့သူတွေအတွက် အဆင်ပြေလွယ်ကူစွာ လုပ်လို့ရမယ့် အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ မှန်ကန်တဲ့ ဆပ်ပြာကို ရွေးပါ။ ခုတလော အရမ်းအေးနေတာဆိုတော့ အရေပြားခြောက်ပြီး ယားယံတာ၊ ဓာတ်မတည့်တာ ပိုဖြစ်နိုင်ပါတယ်။ ဒါတွေကို တတ်နိုင်သလောက် ကာကွယ်ပေးဖို့ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ ရွေးတဲ့အခါ ရောဂါပိုးမွှားသန့်စင်ပေးနိုင်တဲ့ (Antibacterial) ဆပ်ပြာတွေကို အဓိကရွေးပါ။ သစ်သီးဝလံအနံ့နဲ့ အရမ်းမပြင်းတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဆောင်းရာသီအအေးဒဏ်ဆိုတာ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ ဖွဲနဲ့ ဆန်ကွဲပါပဲ။ ဒါပေမယ့်လည်း တစ်နှစ်ပတ်လုံးကို ပူနွေးစိုစွတ်တဲ့ အပူချိန်နဲ့ နေလာခဲ့ရတဲ့အခါ ရုတ်တရက် လေထုအပူချိန် ကျဆင်းသွားရင် အရင်ဆုံးထိခိုက်တာက ကျွန်တော်တို့ရဲ့ အသားအရေပါပဲ။ အထူးသဖြင့် အအေးဒဏ်ဟာ အရေပြားထဲက အစိုဓာတ်ကို ခမ်းခြောက်သွားစေတယ်။ အရေပြားက ခြောက်ကပ်ကပ် ဖြစ်သွားတဲ့အခါမှာ အင်ပျဉ်ထတာ၊ ဓာတ်မတည့်တာ၊ အရေပြားယားယံတာ၊ အသားပပ်သလို ဖြစ်တာ၊ အရောင်မှိန်သွားတာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရေချိုးပြီးတဲ့အချိန်၊ အဝတ်အစားဝတ်လိုက်တဲ့အချိန်မျိုးမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ ဆောင်းရာသီမှာ ဘယ်လိုအရေပြားပြဿနာ ဖြစ်တတ်လဲ။ • အနီစက်များ ထခြင်း • အရေပြားဖောရောင်ခြင်း • ယားယံခြင်း • အကြေးခွံထခြင်း • ထိခိုက်ပွန်းပဲ့ရန် လွယ်ကူခြင်း • အဖုအပိမ့်များ ထခြင်း • အရည်ကြည်ဖုတွေ ပေါက်လာခြင်း • အရေပြားနှင်းခူ • ပွေး၊ ညှင်း စတဲ့ အရေပြားမှိုရောဂါတွေ အဖြစ်များပါတယ်။ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ။ • […]


အသားအရေ ထိန်းသိမ်းခြင်း

ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးက သင့်ရဲ့ စိတ်ကူးအိမ်မက်များလား……

မှန်ထဲကြည့်လိုက်တိုင်း နှုတ်ခမ်းလေးက မဲနေလို့စိတ်ညစ်နေပြီလား။ နှုတ်ခမ်းရဲရဲလေးနဲ့ စွဲဆောင်မှုရှိသူတစ်ဦးဖြစ်ချင်တဲ့ ဆန္ဒများရှိနေလား လေဒီ…… ဒါဆိုရင်တော့ ဒီဆောင်းပါးက လေဒီလေးအတွက်လို့သာမှတ်လိုက်တော့နော်။ ဘာတွေကများ နှုတ်ခမ်းသားလေးကို မဲစေတာလဲ……. သင့်နှုတ်ခမ်းသားကို မဲစေတဲ့အကြောင်းအရင်းက တစ်ခုမကရှိပါတယ်။ • နှုတ်ခမ်းသားခြောက်သွေ့တာ • နေရောင်နဲ့ထိတွေ့မှုများတာ • ဆေးလိပ်သောက်တာ • ဆဲလ်သေတွေဖယ်ရှားမှုမရှိတာ • သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့် နှုတ်ခမ်းသားတွေ မဲခြောက်နိုင်ပါတယ်။ ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးတစ်စုံပိုင်ဆိုင်နိုင်စေဖို့ ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးနဲ့ ပြုံးအလှပိုင်ရှင်လေးဖြစ်စေဖို့ဆိုရင်တော့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ နေလောင်ကာခရင်မ်က အသားအရေအတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး။ နှုတ်ခမ်းသားလေးအတွက်လည်း လိုအပ်ပါတယ်။ နှုတ်ခမ်းသားကလည်း နေရောင်ကိုတိုက်ရိုက်ထိတွေ့နေရတာဖြစ်ပြီး ခံနိုင်စွမ်းကျော်လွန်လာတဲ့အခါ နှုတ်ခမ်းသားမဲခြောက် တာဖြစ်လာနိုင်သလို နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားလေးကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါ။ သကြားသုံးလို့ ဆဲလ်သေတွေဖယ်ရှားပေးပါ နှုတ်ခမ်းသားမှာ ဆဲလ်သေတွေများနေတာကလည်း နှုတ်ခမ်းသားကို မဲခြောက်စေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ ဒါကြောင့် ပန်းရောင်သွေးကြွယ်တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သံလွင်ဆီနဲ့သကြားကိုရောလို့ နှုတ်ခမ်းလေးကို ပွတ်တိုက်ပေးပြီး ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးပါ။ သံလွင်ဆီနဲ့သကြားကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding

ဆံပင်ပုံစံပြောင်းကြမယ်ဟေ့ဆိုတာနဲ့ မတ်မတ်တို့ရဲ့ဆံပင်ကို အရင်က ဟိုခေတ်ကဆို ကောက်ကောက်ကွေးကွေးလေး၊ နောက်တော့ ဖြောင့်စင်းစင်းလေး၊ နောက်ပိုင်းမှာ အောက်နားကောက်တဲ့ အလိပ်လိပ်လေးနဲ့ စုံလို့ပါပဲ။ ဒါတွေအကုန်လုံးကို တစ်ချက်တည်း ရိုက်ချလိုက်နိုင်တဲ့ နည်းကတော့ hair rebonding ပါပဲ။ Hair Rebonding ဆိုတာ ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးစုံပြင်ဆင်ထားခဲ့ဖူးတဲ့ ဆံသားတွေဟာ တဖြည်းဖြည်းနဲ့ အဖျားတွေ နှစ်ခွကွဲလာမယ်၊ ခြောက်သွေ့လာမယ်၊ အရောင်အဆင်းပျက်လာမယ်၊ ဖြီးမရဖြည်မရ ရှုပ်ထွေးလာမယ်၊ ပြတ်ထွက်လာမယ်၊ ဆံပင်ကျွတ်မယ် စတဲ့ ပျက်စီးမှုပေါင်းစုံ ကြုံလာရနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဆံသားပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebondingလုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ

ဆံကေသာအလှဟာ ပျိုမေတိုင်းအတွက် အရေးပါလှပါတယ်။ ဆံပင်ပုံစံလေးပြောင်းလိုက်တာနဲ့ တအားဆွဲဆောင်မှုရှိသွားတာမျိုး၊ ဆံပင်တွေ ကပိုကရိုနဲ့လှတဲ့သူတွေရှိပေမယ့် တချို့မှာတော့ ဆံပင်မသပ်ရပ်လို့ အလှတွေမြုပ်သွားတာမျိုး။ ဒီလိုအရေးပါတဲ့ ဆံကေသာရဲ့ ကျန်းမာရေးအတွက် သေချာဂရုစိုက်သင့်တာ လက်ခံတယ်မလား။ ဆံသားပြဿနာအမျိုးမျိုးကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ အရေးကြီးတာက rebonding လုပ်ပြီးတဲ့အခါ - ၃ ရက်အတွင်း ခေါင်းမလျှော်ပါနဲ့။ ဒါ အရေးကြီးဆုံးအချက်ပါ။ rebonding လုပ်ထားတဲ့ ဆံပင်ကို ပုံသွင်းထားတာမပျက်စေဖို့  ၃ ရက်အတွင်း ရေမထိအောင် သတိထားရပါမယ်။ ဆံပင်မစည်းပါနဲ့။ ဆံပင်စည်းတာ၊ ကလစ်တွေနဲ့ညှပ်တာ၊ ထုံးတာတွေ မလုပ်ပါနဲ့။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင်

လက်ေတွခြောက်သွေ့ကွဲအက်တာကဆောင်းရာသီလိုမျိုးအေးမြခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေမှာဖြစ်နေကျပြဿနာတစ်ခုပါ။ မိုးရာသီမှာ လက်ကလေးတွေက စိုပြည်လှပပေမယ့်ဆောင်းရာသီမှာတော့ လက်ကလေးတွေခြောက်သွေ့ကြမ်းတမ်းလို့ပေါ့။ဆောင်းရာသီမှာ လက်ကလေးတွေခြောက်သွေ့ကွဲအက်တာကိုဖြစ်စေတဲ့ အဓိကလက်သည်က ပတ်ဝန်းကျင်မှာ အစိုဓါတ်နည်းသွားတာကြောင့်ပါ။ ဆောင်းရာသီမှာပြင်ပကလေထုတင်ခြောက်သွေ့နေတာမဟုတ်ပါဘူး။ အိမ်တွင်းလေထုလည်းခြောက်သွေ့လို့နေပါတယ်။ဆောင်းရာသီမှာ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေရှိနေတာကြောင့် ဖျားနာမှုမရှိစေဖို့အတွက် တစ်ခုခုကို ကိုင်တွယ်မိလိုက်တိုင်း လက်ကိုဆေးကြောနေတာကလည်း လက်အရေပြားကိုခြောက်သွေ့ကွဲအက်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ ဆောင်းရာသီမှာလည်း လက်ကလေးတွေအလှမပျက်ဘဲ ဆက်လက်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။ အအေးဒဏ်ေကြာင့် လက်အရေပြားတွေခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်စေဖို့အတွက် အခုပြောပြမယ့်နည်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။ လက်ကို အစိုဓါတ်ထိန်းခရင်မ်တစ်ခုခုလူးပေးပါ လက်အရေပြားကရေတွေ ဆပ်ပြာတွေနဲ့ အများဆုံးထိတွေ့ရတဲ့ အစိတ်အပိုင်းပါ။ အိမ်မှုကိစ္စကို ကိုယ်တိုင်လုပ်ကိုင်သူတွေမှာဆိုရင် တစ်နေ့တာမှာရေတွေ၊ဆပ်ပြာတွေနဲ့ အခြားအိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေကို ထိတွေ့နေရတာပါ။ ဒါကြောင့် လက်အရေပြားကိုလည်း မျက်နှာနဲ့အခြားသောခန္ဓါကိုယ်က အစိတ်အပိုင်းတွေရဲ့ အရေပြားတွေလိုမျိုး အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ လက်ကို အစိုဓါတ်ထိန်းခရင်မ်လူးတဲ့အခါ လက်သည်းလေးတွေကိုမေ့မထားပါနဲ့။ဆောင်းအအေးဒဏ်က လက်အသားအရေတင်မဟုတ်ဘဲ လက်သည်းလေးတွေကိုပါခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ လက်ဆေးပြီးတိုင်း လက်ကို ခရင်မ်တစ်ခုခုလူးပေးဖို့ မမေ့ပါနဲ့ ဆောင်းရာသီလိုမျိုး အအေးဒဏ်များတဲ့ ရာသီဥတုအခြေအနေမှာ လက်ကိုဆေးပြီးတိုင်း ခရင်မ်တစ်ခုခုလူးပေးပါ။ ဒါမှ ဆပ်ပြာမှာပါတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ခန္ဓါကိုယ်မှာ ရာသီဥတုဒဏ်ကို အများဆုံးခံရတာ အရေပြားပါ။ ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသောအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကျန်းမာဖို့ကလည်းမေ့ထားလို့မဖြစ်ပါဘူး။ဆောင်းရာသီလိုအခါမျိုးမှာဆိုရင် အရေပြားကနေရောင်ခြည်ဒဏ်အပြင် ရာသီဥတုအေးတဲ့ဒဏ်နဲ့ လေဒဏ်ကိုပါအပိုဆောင်းခံရပါတယ်။ ဒီလိုအချိန်မျိုးမှာ အရေပြားကို အစိုဓါတ်ရှိအောင် ထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဆောင်းရာသီမှာ ဘာလို့ အသားခြောက်တာလဲ ဆောင်းရာသီမှာအေးမြတဲ့ ရာသီဥတုအနေအထားကြောင့်ရေသိပ်မသောက်ဖြစ်တဲ့အတွက် အရေပြားမှာ လုံလောက်တဲ့ရေဓါတ်မရတာကြောင့် အသားအရေတွေခြောက်သွေ့လာရတာပါ။ အရေပြားကလိုအပ်တဲ့အာဟာရကို မရရှိတဲ့အခါ အလွယ်တကူခြောက်သွေ့ကွဲအက်လာပါတယ်။ အရမ်းပြင်းထန်တဲ့အခါမျိုးဆိုရင် အရေပြားကွဲအက်မှုတွေကသွေးစို့တာမျိုးလေးတွေတောင်ဖြစ်လာနိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာ ထိခိုက်တဲ့အခါ အရေပြားပြဿနာနဲ့ အခြားသောကျန်းမာရေးပြဿနာတွေ အလွယ်တကူဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် အရေပြားခြောက်သွေ့ရတာပါ အရေပြားခြောက်သွေ့တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။ အရေပြားခြောက်သွေ့တာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် အရေပြားခြောက်သွေ့မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုပါမယ်။ အရေပြားခြောက်သွေ့မှုကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေက - အေးတဲ့ရာသီဥတုအခြေအနေနဲ့ထိတွေ့မှု ရေနွေးနဲ့ရေချိုးတာ၊ မျက်နှာသစ်တာ အရေပြားပြဿနာ အခံရှိနေတာ မီးလှုံတာ၊ အခန်းထဲမှာ အနွေးပေးစက်ဖွင့်ထားတာမျိုး မကြာခဏ မျက်နှာသစ်တာ၊လက်တွေ၊ခြေတွေဆေးတာ ဆောင်းရာသီမှာ လှပစိုပြည်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ ရေများများသောက်ပါ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ

ဆောင်းရာသီကအေးမြပြီးနေရထိုင်ရအဆင်ပြေပေမယ့်ဆောင်းရာသီမှာ အရေပြား၊ဆံသားနဲ့ ဦးရေပြားတွေကိုတော့ ဂရုစိုက်ရပါမယ်။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာဖြစ်နိုင်သလို၊ ဆံသားခြောက်သွေ့ကြမ်းတမ်းတာနဲ့ ဦးရေပြားမှာဗောက်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဗောက်ဆိုတာ ဗောက်ဆိုတာက ဦးရေပြားမှာ အဖြူရောင် အဖတ်အဖတ်လေးတွေဖြစ်ပေါ်တာပါ။ဗောက်ဖြစ်တာက အလှပျက်စေသလို ဦးရေပြားမှာ ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။ဗောက်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ပြဿနာတစ်ခုဖြစ်ပြီး ကုသဖို့လည်း မလွယ်ကူပါဘူး။ဆောင်းရာသီလိုမျိုးအေးမြတဲ့ရာသီမှာ ပုံမှန်ထက်ဗောက်တွေပိုဖြစ်နိုင်ပါတယ်။ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းကိုသေသေချာချာမသိရပေမယ့်ဗောက်မဖြစ်အောင်ကာကွယ်လို့တော့ရပါတယ်။ ဒီအချက်တွေကြောင့်ဗောက်ထနိုင်ပါတယ် ဆံပင်ကိုဖြီးသင်မှုသိပ်မရှိတာ - ဆံပင်ကို မှန်မှန်လေးဖြီးပေးတာကဗောက်တွေကို သက်သာစေနိုင်ပါတယ်။ မှိုပိုးတွေကြောင့် - မှိုပိုးတွေကြောင့်ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာဗောက်ဖြစ်လွယ်ပါတယ်။ ဗောက်တွေက ဆောင်းရာသီမှာပိုဆိုးပြီး နွေရာသီလိုမျိုးရာသီမှာတော့ နည်းနည်းသက်သာပါတယ်။နေရောင်ခြည်မှာပါတဲ့ UVA က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားခြောက်သွေ့တာ - အရေပြားခြောက်သွေ့တာ ဦးရေပြားမှာ ဗောက်ပိုထစေတဲ့အကြောင်းအရာပါ။ဆောင်းရာသီရဲ့အေးမြတဲ့လေထုနဲ့ အခန်းတွင်းအပူချိန်တွေက ဦးရေပြားမှာဗောက်ပိုဖြစ်စေနိုင်သလို ယားယံမှုတွေကို ပါဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ရည်တွေကြောင့် -ခေါင်းလျှော်ရည်တွေကြောင့်လည်း ဦးရေပြားခြောက်သွေ့ပြီးဗောက်ထနိုင်ပါတယ်။ မကြာခဏခေါင်းလျှော်ရည်အမျိုးမျိုးသုံးပြီးခေါင်းလျှော်တာကလည်းဗောက်ထစေနိုင်ပါတယ်။ ရောဂါအခံတစ်ခုခုရှိတာကြောင့် - အာရုံကြောဆိုင်ရာရောဂါတစ်ခုခုခံစားနေရသူတွေမှာလည်းဗောက်ထနိုင်တဲ့ အခြေအနေက အခြားသူတွေထက်ပိုများပါတယ်။ ပါကင်ဆန်ဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေက အခြားသူတွေထက်ဗောက်ပိုထနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်သွားတာ၊ လေဖြတ်တာမျိုးခံစားရဖူးတဲ့သူတွေမှာဗောက်ထနိုင်ခြေကတော်တော်လေးများပါတယ်။ စားသောက်မှုပုံစံ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း