အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် ဖြောင့်တဲ့အခါ

ဆံပင် ဖြောင့်တဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ ဆံကေသာ အလှ ဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင် ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။ ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့  ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။ အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာလေး အမွေးအမျှင် ကင်းစင်လှပဖို့ရာ နည်းအဖြာဖြာ

“နှုတ်ခမ်းမွေးလေးရေးတေးတေးနဲ့မှ လှတဲ့  ခေတ်ကုန်သွားပါပြီ” ဆိုတဲ့ မေလေးတို့ရေ…။ တချို့ မေလေး တွေဟာ အမျိုးသားဟော်မုန်းဓာတ်အားကောင်းတာကြောင့် မျက်နှာလေး မှာ အမွေးအမျှင်ပေါက်တာ များတတ်ပါတယ်။ မျက်ခုံးကောင်းတာလေး ကို သဘောကျပေမယ့် နှုတ်ခမ်းမွေးတွေ မုတ်ဆိတ်မွေးတွေပါထွက်နေရင်တော့ ဘယ်လိုပဲ ခပ်ပါးပါးလေး ထွက်တာပါဆိုဆို စိတ်ထဲမှာ ဘဝင်မကျတတ်ကျဘူးမဟုတ်လား။ ဒီတော့ သည် အမွေးအမျှင်တွေကို  ရရာနည်းတွေနဲ့ ဖယ်ရှားဖို့ ကြိုးစားကြတယ်ပေါ့နော်….။ အဲဒီမှာ မေလေးတို့ အများဆုံးလုပ်ကြတာက ရိတ်ပစ်တာပါ။ လွယ်တာကိုး …နော်။ ဒါပေမဲ့ ဒီနည်းဟာ မျက်နှာ အတွက်သာမက တခြားနေရာ အတွက်ပါ မရွေးချယ်သင့်ဆုံး နည်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရိတ်တယ်ဆိုတာ အောက်က hair sac လို့ခေါ်တဲ့ အမြစ်မပါပဲ အပေါ်ယံပဲ ဖြစ်တဲ့ အပြင် သွားဆွ လိုက်သလို ဖြစ်တာကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

Facial Toner သုံးသင့် မသုံးသင့်

မေလေးတို့ရေ.... အခုခေတ်မယ် များပြားလှတဲ့ skincare products တွေကြား ဘာကို ဘယ်လို သုံးရမှန်းမသိတဲ့ မေလေး တွေရှိကြလား။ အခု နှင်းပြောပြပေးမှာက မျက်နှာသစ်ပြီးတဲ့အခါ ဂွမ်းလေးနဲ့ မျက်နှာ အနှံ့ သုတ်လိမ်းပေးရတဲ့ facial toner လေး အကြောင်းပါပဲ။ ဒီ အဆင့်လေး ကို နှစ်ခြိုက်စွာသုံးစွဲနေကြတဲ့ မေလေးတွေရှိသလို မလိုဘူး ထင်ကြတဲ့ မေလေးတွေလည်း ရှိမှာပါ။ သုံးသင့် မသုံးသင့်ဆိုတာလည်း ကမ္ဘာ့အရေပြားဆိုင်ရာ ပညာရှင်တွေအကြား အငြင်းပွားနေကြဆဲပါ။ မေလေးတချို့က Toner ကို မသုံးလည်းရတယ်ဆိုပြီး မသုံးတတ်ကြပါဘူး။  Essence မှာ Toner effect ပါ ပါပြီးသားဆိုပြီး တစ်မျိုးတည်းပဲ သုံးတဲ့ မေလေးတွေလည်းတွေ့ဖူးပါတယ်။ တကယ်က Essence ဆိုတာဟာ ရေဓာတ်ဖြည့်ပေးတဲ့အဆင့်ပဲမို့ Toner သုံးပေးတာနဲ့တော့ တူမှာမဟုတ်ပါဘူး။ […]


အသားအရေ ထိန်းသိမ်းခြင်း

Peeling လုပ်ပြီး glow ကြမယ် (၁)

မေလေးတို့ရေ....... အခုတလော မိန်းကလေး အများစုကြားမှာ ရေပန်းစားလာတာတဲ့ စကားစုကတော့ glow skin ဆိုတာပါပဲ။ ဘာမိတ်ကပ်မှ မပါဘဲ မျက်နှာလေး ကြည်လင်ရှင်းသန့်နေတဲ့ ပြစ်မျိုးမှဲ့မထင်အလှမျိုးကို နှင်းတို့ မိန်းကလေးတိုင်း လိုချင်ကြတယ်နော်။ တချို့မေလေးတွေကတော့ ဘာမှ ထွေထွေထူးထူးလုပ်စရာ မလိုဘဲကို အသားအရေ ချောမွေ့ကြည်လင်နေကြပေမယ့် တချို့မေလေးတွေကျပြန်တော့ ဘာ skincare တွေ ဘယ်လိုသုံးသုံး ထင်သလောက်မထိရောက်ကြတာ တွေ့နေရပါရဲ့။ ဒါကြောင့်နှင်းက အသားအရေ ကောင်းချင် glow ချင်သူတွေ အတွက်ရော၊ လှပြီးသားမေလေးတွေ ပိုလှအောင် အတွက်ပါ ကျားမ မရွေး လုပ်နေကြပြီဖြစ်တဲ့ အသားအရေကုထုံးလေး အကြောင်း နှင်းသိသမျှ ဝေမျှပေးမယ်နော်။ ကုထုံးလေးက peeling လို့ခေါ်ပါတယ်။ "ခွာချတယ်" ဆိုတဲ့ သူ့နာမည်လေးအတိုင်းပဲ မျက်နှာပေါ်က death skin တွေ၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသား နဲ့ မာလကာရွက်

ဆံသား နဲ့ မာလကာရွက် မာလကာရွက်က ဆံသားအတွက် တော်တော်လေးသင့်တော်တဲ့ သဘာဝ ပစ္စည်းတစ်ခုပေါ့။ မာလကာရွက်ကို ရေနွေးထဲထည့်ပြီးသောက်သုံးပေးလို့ရသလို မာလကာရွက်ပြုတ်ရည်ကို ဆံသားနဲ့ ဦးရေပြားကျန်းမာစေဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကို ဆံသားနဲ့ဦးရေပြားအတွက်တင်မဟုတ်ဘဲ ဝမ်းလျှောတာ၊ ချောင်းဆိုးတာနဲ့ သွားဖုံးရောဂါ၊ နားဝေဒနာတွေအတွက် အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကို ဗောက်သက်သာစေဖို့ သုံးလို့ရသလို အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုး မဖြစ်စေဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။ (၁) မာလကာရွက်က ဆံပင်ကျွတ် သက်သာစေနိုင်တယ် ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာလို့ စိတ်ညစ်နေတာလား လေဒီ။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တဲ့ မာလကာရွက်က Oxidative stress တွေကြောင့် ဆံပင်ကျွတ်တာကို သက်သာစေပါလိမ့်မယ်။ သုတေသနတွေအရ မာလကာရွက်မှာ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် ပါဝင်ပြီး ဆံသားမွေးညှင်းအိတ်လေးတွေကို ကျန်းမာစေပြီး ဆံပင်တွေကို ပေါက်စေပါတယ်။ မာလကာရွက်ကို စားသုံးပေးမယ်ဆိုရင် ကင်ဆာကြောင့် ဓာတ်ရောင်ခြည်ကုထုံးခံယူနေရတာကြောင့် ဆံပင်ကျွတ် တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဘယ်လိုသုံးရမှာလဲ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်တဲ့ လေဒီလေးတွေအတွက်

အသားအရေမှာ ခြောက်သွေ့တဲ့ အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေဆိုပြီး ရှိကြပါတယ်။ ဒီအသားအရေ ၃ မျိုးထဲမှာ အဆီပြန်တဲ့ အသားအရေက ထိန်းသိမ်းဖို့ ပိုခက်ပါတယ်။ အရေပြားပေါ်က အဆီတွေအားလုံးကို ထိန်းသိမ်းဖို့ ဆိုတာက မလွယ်ကူတဲ့အရာတစ်ခုပါ။ အဆီပြန်တဲ့သူတွေက မိတ်ကပ်လိမ်းရတာလည်း သိပ်အဆင်မပြေသလို တစ်နေကုန်လှပနေဖို့ဆိုရင်လည်း တော်တော်လေးဂရုစိုက်ရပါတယ်။ အဆီပြန်တဲ့ အသားအရေကြောင့် စိတ်ညစ်နေတယ်ဆိုရင် အသားအရေထိန်းသိမ်းနည်းလေးရှိပါတယ်။ အဆီပြန်တဲ့အသားအရေကို ထိန်းသိမ်းတဲ့အခါ သေချာမထိန်းသိမ်းမိဘူးဆိုရင် ဝက်ခြံနဲ့အခြားအရေပြားပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေထိန်းသိမ်းနည်း အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းရာမှာ အသုံးဝင်တဲ့ သဘာဝပစ္စည်းလေးတွေက • ပျားရည်၊ • လက်ဖက်စိမ်း၊ • သင်္ဘောသီး၊ • အလှကုန်သုံး ရွှံ့စေးတို့ပါ။ အသားအရေ ထိန်းသိမ်းနည်းအဆင့်ဆင့် Cleansing Oil သုံးမယ် အသားအရေကျန်းမာစေဖို့အတွက် အဆီကလိုအပ်ပေမယ့် အရမ်းများရင်တော့ မကောင်းပါဘူး။ ဒီတော့ မျက်နှာပေါ်က မလိုအပ်တဲ့ အဆီတွေကို သန့်စင်ဖယ်ရှားရပါမယ်။ အဆီတွေက ဖုန်မှုန့်တွေ၊ မိတ်ကပ်အကြွင်းအကျန်တွေ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

နှုတ်ခမ်းမှာပေါက်တဲ့ ဝက်ခြံ

ဝက်ခြံ အသားရှိတဲ့နေရာတိုင်းမှာပေါက်တတ်တဲ့ဝက်ခြံက နှုတ်ခမ်းမှာရော ပေါက်တတ်လားဆိုတော့ ပေါက်တတ်ပါတယ်။ နှုတ်ခမ်းသား နဲ့ နှုတ်ခမ်းသားတဝိုက်မှာ ဝက်ခြံပေါက်တာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာတစ်ရပ်ပါ။ ဒါပေမယ့် နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာက မျက်နှာရဲ့ အခြားနေရာမှာပေါက်တဲ့ ဝက်ခြံတွေထက်ပိုနာသလို ကုသစောင့်ရှောက်မှုလုပ်ရတာကလည်း ခက်ပါတယ်။ နှုတ်ခမ်းမှာပေါက်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့ နှုတ်ခမ်းမှာပေါက်တဲ့ ဝက်ခြံပေါက်တဲ့အခါ ဆေးလူးဖို့ခက်သလို တစ်ခုခုသုံးမယ်ကြံလိုက်တိုင်း ပါးစပ်ထဲဝင်သွားရင် ဒုက္ခဆိုပြီး တွေးပူနေရတယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ သံပရာရည် ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်သလို ပါးစပ်ထဲဝင်သွားရင်လည်း ထိခိုက်မှုမရှိပါဘူး။ ဝက်ခြံကိုလည်း မြန်မြန်သက်သာစေမှာပါ။ ကြ်ခြံနောက်ထပ်မပွားစေဖို့လည်း အထိရောက်ဆုံး တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ သံပရာရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံပေါ်မှာ ဆွတ်ပေးပါ။ ခဏလောက်ထားပြီး ရေအေးလေးနဲ့ဆေးချပေးပါ။ ပြီးရင် တဘက်စနုနုလေးနဲ့ ခြောက်သွေ့အောင်သုတ်ပေးပါ။ ရေခဲ နှုတ်ခမ်းပေါ်က ဝက်ခြံနီမြန်းရောင်ရမ်းနေမယ်ဆိုရင် တဘက်စသန့်သန့်လေးနဲ့ ရေခဲတွေကိုထုတ်ပြီး ကပ်ပေးလို့ရပါတယ်။ နီမြန်းရောင်ရမ်းမှုကို သက်သာစေမှာဖြစ်သလို နာကျင်မှုကိုလည်း သက်သာစေမှာပါ။ ပင်စိမ်းရွက် ပင်စိမ်းရွက်က ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပြီး […]


အခြားအရေပြားပြဿနာများ

အရေပြားတွင် အလွယ်တကူ အညိုအမည်း စွဲရသည့် အကြောင်းရင်းများ

အရာဝတ္ထု တစ်ခုခုနဲ့ ထိခိုက်မိ ဆောင့်မိပြီးနောက်ပိုင်း အရေပြားပေါ်မှာ အညိုအမည်းစွဲလာတာမျိုး လူတိုင်း ဖြစ်ဖူးကြမှာပါ။  အဲ့ဒီလို ထိမိ ဆောင့်မိတဲ့အခါ အပြင်မှာသွေးမထွက်ပေမဲ့ အရေပြားအောက်မှာရှိတဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်သွားပြီး အရေပြားအောက်မှာပဲ သွေးစိမ့်ထွက်လာပါတယ်။ အဲ့လိုစိမ့်ထွက်လာတဲ့သွေးတွေဟာ အနီရောင်မှ အညိုရောင်သို့ တဖြည်းဖြည်းချင်း အရောင်ပြောင်းသွားပြီး ကျွန်မတို့ရဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်များအဖြစ် ပေါ်လာကြပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်ရှင်းပေးတဲ့စနစ်က စုပ်ယူ ရှင်းလင်း‌ပေးလိုက်တဲ့အခါ တဖြည်းဖြည်းမှိန်သွားပြီး ပျောက်ကွယ်သွားတာပါ။ တစ်ခါတစ်ရံမှာ အညိုအမည်းကွက်တွေဟာ ထူးထူးခြားခြားထိခိုက်မိတာမျိုးလည်းမရှိ ဘာကြောင့်မှန်းလည်းမသိဘဲ ပေါ်လာတတ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ တချို့အခြေအနေတွေက စိုးရိမ်စရာမလိုပေမဲ့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်တွေ့ဆုံပြီး ကုသမှုခံယူဖို့ လိုအပ်တဲ့အခြေအနေတွေလည်း ရှိပါတယ်။ ၁။ သင်ဟာ အားကစားလိုက်စားသူတစ်ယောက်ဖြစ်ခဲ့လျှင် ဘောလုံးကန်ခြင်း၊ လက်ဝှေ့ထိုးခြင်း တို့ ပြုလုပ်လေ့ရှိသူဆိုရင်တော့ ထိခိုက်ဒဏ်ရာတွေ အညိုအမည်းစွဲတာတွေနဲ့ […]


ဝက်ခြံ

ဝက်ခြံ သက်သာစေမယ့် နည်းလမ်းလေးတွေ

ဝက်ခြံ မျက်နှာပေါ်က အလှပျက်စေတဲ့ အရေပြားပြဿနာတစ်ခုပေါ့။ အရွယ်ရောက်လာလေ လှချင်လေလေပါဆိုမှ ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ ဆယ်ကျော်သက်တွေ အများကြီးနော်။ ဟော်မုန်းအပြောင်းအလဲကြောင့်ဆိုလို သည်းခံခဲ့ပေမယ့်။ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်သက်ရောက်တာတောင် သူတို့က မခွဲမခွာကိုယ့်အနားမှာရှိနေတာ ကစိတ်ပျက်စရာပါနော်။ တစ်ခါတလေများ မိုးလင်းအိပ်ရာနိုးနိုးချင်း မှန်ထဲကြည့်မိရင် သူတို့ကို အရင်မြင်မိတာ စိတ်ပျက် အားငယ်သလိုတောင်ဖြစ်မိတယ်ဟုတ်။ ကဲ ဝက်ခြံကြောင့် တစ်နေ့တာမှာ စိတ်ပျက်တာမျိုး မဖြစ်ရစေဖို့ အခုပြောပြတဲ့နည်းလေးတွေက ကူညီပေးနိုင်မှာပါ။ ဝက်ခြံ သက်သာစေမယ့်နည်းလမ်းအချို့ မျက်နှာပေါ်က ဝက်ခြံ တွေကို ဆေးတွေသုံးပြီး ပျောက်အောင်လုပ်ချင်ပေမယ့် ဘေးထွက်ဆိုးကျိုးရှိလာမှာကို စိုးရိမ်သူတွေအတွက် သာဝ ပစ္စည်းလေးတွေသုံးပြီး သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေပြောပြမယ်နော်။ သခွားသီး - မျက်နှာကို သန့်နေအောင်သစ်ပါ။ ပြီးရင် ခပ်ပါးပါးလွှာပြီး အအေးခံထားတဲ့ သခွားသီးကို မျက်နှာအနှံ့ကပ်ပေးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်နော်။ တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပေးပါ။ ရှားစောင်းလက်ပပ် - […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ ထိန်းသိမ်းမှုရဲ့ အဆင့်တစ်ခု

အသားအရေဆိုတာက ထိန်းသိမ်းနိုင်မှ အရွယ်တင်လှပမှုကို ခံစားရမှာပါ။ Helloဆရာဝန်ပရိသတ်ကြီးရော အသားလေးကို စိုအိအိလေးနဲ့လှချင်တယ်ဟုတ်။ ဒါဆိုဘာလုပ်မလဲ နည်းလမ်းကရှင်းရှင်းလေးပါ။ အစိုဓာတ်ထိန်းမှာပေါ့။ အစိုဓာတ်ထိန်းတယ်ဆိုတာက မဖြစ်မနေလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုပါ။ အစိုဓာတ်ထိန်းပါလို့ ပြောရတဲ့အကြောင်းအရင်း ဘာလို့ဒီလိုပြောရတာလဲဆိုတော့ အကြောင်းရှိပါတယ်နော်။ အရေပြားရဲ့ ၆၄ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ကျန်းမာစိုပြည်တဲ့ အသားအရေလေးပိုင်ဆိုင်ဖို့ ရေဓာတ်ကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပေါ့။ အသားအရေကခြောက်သွေ့နေမယ်၊ အရေပြားတွေအဖက်လန်နေမယ်၊ ယားယံနေမယ်ဆိုရင် ဘယ်လိုလုပ်လာပြီး ဆွဲဆောင်မှုရှိရှိလှနိုင်ပါတော့မလဲနော်။ ဒီတော့ ဆွဲဆောင်မှုရှိရှိနဲ့လှပဖို့က အသားအရေကို အစိုဓာတ်ထိန်းဖို့ မဖြစ်မနေလိုအပ်လာပြီပေါ့။ အသားအရေကိုခြောက်သွေ့စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ…………….. အသားအရေကိုခြောက်သွေ့စေတဲ့အကြောင်းအရာက တော်တော်လေးတော့များပါတယ်။ ရာသီဥတုအခြေအနေတွေ၊ နေ့စဉ်ထိတွေ့နေတဲ့အရာတွေ၊ နေ့စဉ်နေထိုင်မှု အလေ့အထတွေ သောက်သုံးနေရတဲ့ဆေးဝါးတွေ အသုံးပြုနေတဲ့ အလှကုန်တွေ စားသောက်မှုပုံစံတွေကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်နော်။ အရေပြားခြောက်သွေ့မှုအတွက် ဖြေရှင်းနည်းတစ်ရပ် ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ အစိုဓာတ်ထိန်းခရင်မ်လူးတာပါ။ ဒီနေရာမှာ အစိုဓာတ်ထိန်းခရင်မ်ဆိုတိုင်းလူးလိုက်လို့မဖြစ်ပါဘူး။ အသားအရေကို အမှန်တကယ်ထိန်းသိမ်းပေးနိုင်မယ့် ကောင်းမွန်တဲ့အစိုဓာတ်ထိန်းခရင်မ်တစ်ခုဖြစ်လိုပါမယ်။ အစိုဓာတ်ထိန်းပစ္စည်းအမျိုးမျိုး အစိုဓာတ်ထိန်းပစ္စည်းတွေမှာ • ခရင်မ်အမျိုးအစား • လိုရှင်းအမျိုးအစား • […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း