အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ရေချိုးဆပ်ပြာ တိုင်းက အသားအရေကို စောင့်ရှောက်မှုပေးနိုင်ရဲ့လား

တစ်ကိုယ်ရေသန့်ရှင်း စေဖို့နဲ့ကျန်းမာစေဖို့ တစ်နေ့ကိုနှစ်ကြိမ်ရေချိုးပါ။ ရေချိုးတယ်ဆိုမှတော့ ခန္ဓာကိုယ်ပေါ်ကချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ အနံ့အသက်ဆိုးတွေကို ကင်းစေချင်မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီတော့ရေချိုးရင် ဆပ်ပြာသုံးကြတယ်ဟုတ်။ ဆပ်ပြာသုံးတဲ့အခါ အလွယ်တကူ ရှိတဲ့ဆပ်ပြာကိုပဲ သုံးလိုက်တာများမယ်ထင်ပါတယ်။ ဒီလိုသုံးလိုက်တာကလည်း ရေချိုးဆပ်ပြာ တိုင်းက အနံ့လေးမွှေးနေတာကြောင့် ပါပါမယ်။ ဒါပေမယ့် ဆပ်ပြာတိုင်းက အသားအရေကို ပြည့်ပြည့်ဝဝ အထောက်အကူမပြုနိုင်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်လား။ ဆပ်ပြာတိုင်းကအသားအရေကို မကာကွယ်ပေးနိုင်ဘူးလို့ပြောရတဲ့ အကြောင်းအရင်း လူတော်တော်များများဆပ်ပြာဝယ်တဲ့အခါ ဘာကိုကြည့်ပြီးရွေးမယ်ထင်လဲ။ အနံ့လေးမွှေးလားဆိုပြီး အရင်နမ်းကြည့်ကြတယ်ဟုတ်။ သူငယ်ချင်းကိုတောင် အဖော်ခေါ်ပြီးမွှေးတယ်နော်လို့ပြောတတ်ကြတာ ကိုယ်တွေ မိန်းကလေးတွေရဲ့အကျင့်နော်။ အနံ့မွှေးတဲ့ဆပ်ပြာလေးနဲ့ရေချိုးလိုက်ရင် စိတ်ထဲမှာ ကြည်လင်လန်းဆန်းတယ်ဆိုပေမယ့်ရေရှည်မှာ အမွှေးနံ့ပြင်းတာက အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ အသားအရေခြောက်သွေ့မှုကရေရှည်မှာ အပေါ်ယံအရေပြား ကွဲအက်တာကိုဖြစ်စေပြီး ဒီအရေပြားကွဲတဲ့နေရာတွေကနေတဆင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေရောက်သွားစေနိုင်ပါတယ်။ ဒီလိုကနေ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။နောက်တစ်ချက်က အချို့သောဆပ်ပြာတွေက ဓါတုပစ္စည်းပြင်းတွေပါတာကြောင့်ရေရှည်မှာ အသားအရေကိုထိခိုက်စေနိုင်ပါတယ်။ ဘက်တီးရီးယားအားလုံးကိုလည်း မဖယ်ရှားပေးနိုင်ပါဘူး။ ဒီတော့ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကပျော်ပျော်ကြီးလိုက်လာပြီပေါ့။ ဒီတော့ ဆပ်ပြာကို ဘယ်လိုရွေးမလဲ.......... ဆပ်ပြာရွေးတဲ့အခါ […]


အသားအရေ ထိန်းသိမ်းခြင်း

Toner သုံးသင့်တဲ့အကြောင်းအရင်းက ဘာများလဲ.......

အသားလေးက ကြည်နေတာပဲ။ ချွေးပေါက်တောင်မတွေ့ရဘူးနော်ဆိုပြီး အားကျနေရသူလေးတွေရှိလား။ ဒါဆိုရင်တော့ အသားအရေလေးကြည်ပြီး ချွေးပေါက်တောင်မမြင်ရလောက်အောင် ကြည်လင်ကျန်းမာတဲ့အသားအရေရစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်လေး တစ်ခုအကြောင်း ပြောပြပေးပါရစေလား.... ချွေးပေါက်ကင်းပြီး ကြည်လင်တဲ့အသားအရေပိုင်ဆိုင်နိုင်စေဖို့ လိုက်နာသင့်တဲ့အချက်တစ်ခု ချွေးပေါက်ကင်းပြီး ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် လိုက်နာသင့်တဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ မျက်နှာအသားအရေကျန်းမာရေးအတွက် Toner သုံးဖို့ပါ။ တော်တော်များများက မျက်နှာသစ်တယ်ပြီးရင် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းတယ်။ ပြီးရင် ကြိုက်နှစ်သက်ရာ မိတ်ကပ်၊ ဒါမှမဟုတ် သနပ်ခါး လူးလိုက်ကြတာများပါတယ်။ ဒါက အလုပ်နည်းတယ်ဆိုပေမယ့် ရေရှည်မှာ အသားအရေကို ထိခိုက်လာစေနိုင်ပါတယ်။ Toner ကအသားအရေအတွက် ဘာလုပ်ပေးလဲ.... တစ်နေ့တာမှာ အသားအရေကိုထိတွေ့မိနေတဲ့ ညစ်ညမ်းတဲ့အရာတွေက ဒု နဲ့ဒေးပါ။ ဒီညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေကို ထိခိုက်စေမယ်ဆိုတာကလည်း ပြောနေစရာမလိုအောင်ပါပဲ။ ဒီတော့ ကျန်းမာတဲ့အသားအရေရဖို့ ကိုယ်တိုင်ကသေချာလေးစောင့်ရှောက်ဖို့လိုပါမယ်။ ဒီတော့ မျက်နျာကို မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် Micellar water နဲ့သန့်စင်မယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ချွေးပေါက်ကျယ်နေရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်

အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်တွေဆိုတာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ကိုယ်ခန္ဓာထဲက မကောင်းတဲ့ချွေးပုပ်တွေနဲ့ အညစ်အကြေးတွေကို အပြင်ကို စွန့်ထုတ်ပေးဖို့အတွက် အဓိက ကူညီပေးနိုင်တာ သိထားကြမှာပါ။ ဒါပေမယ့် အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် လိုတာထက် ပိုပြီး ချွေးပေါက်ကျယ်လွန်းတဲ့အခါ လူတစ်ယောက်ရဲ့ မျက်နှာက အစက်အပျောက်တွေနဲ့ အရမ်းကို ကြည့်ရဆိုးစေပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်။ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ပိတ်ဆို့ဖို့လည်း လွယ်ကူတာကြောင့် ဝက်ခြံ၊ အဆီဖု၊ ဆားဝက်ခြံအစရှိတဲ့ အရေပြားပြဿနာတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အလှအပနဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက်တဲ့ ပျိုမေလေးတွေအတွက်ဆိုရင်တော့ ချွေးပေါက်ကျယ်တာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းတဲ့ပြဿနာတစ်ခုလိုပါပဲ။ ဒါဆို ဘာကြောင့် ချွေးပေါက်ကျယ်လာရတာလဲဆိုတာကို အရင်ဆုံးပြောပြပေးမယ်နော်။ • အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်နေတာ • အသက် ၃၀ နောက်ပိုင်း အရေပြားအိုမင်းရင့်ရော်လာခြင်း • […]


ဝက်ခြံ

အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

အမျိုးသားတွေရော အမျိုးသမီးတွေမှာရော ကလေးတွေပါ မကျန် ဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်မျိုးရှိပါတယ်။ ဒါကတော့ ဝက်ခြံပါ။  ဝက်ခြံက အသက်အရွယ် မရွေး ဖြစ်နိုင်သလို အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လေဒီလေးတွေမှာမဟုတ်ဘဲ ဘရိုတို့မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ အကြောင်း ပြောပြပေး ပါရစေနော်။ အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ ဒီလိုသက်သာအောင်လုပ်ပါ ဝက်ခြံပေါက်နေလို့ဖြစ်ဖြစ် ဝက်ခြံ မဖြစ်အောင် ကာကွယ်ချင်လို့ဖြစ်ဖြစ် ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ကဲ ဘယ်လိုများလဲ တူတူကြည့်လိုက်ရအောင်လား။ အရေပြားကို သန့်ရှင်းအောင်ထားပါ မျက်နှာကို ပုံမှန် သန့်စင်ပေးတာက ဝက်ခြံမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင် ပါတယ်။ အလုပ် အရမ်းများ နေရင်တောင် မျက်နှာကို တစ်နေ့ ၂ ကြိမ်တော့ သန့်စင်ပေးပါ။ ဆပ်ပြာ မသုံးချင်ရင်တောင် အနည်းဆုံး ရေအေးအေးလေးနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ပျိုမေတို့ ဒူးခေါင်းမည်းနေတဲ့ပြဿနာကို ဒီလိုကုစားကြမယ်

ကောင်မလေးတချို့ ကြည့်လိုက်ရင် အသားလေးက ဖြူဖွေးပြီးတော့ ချစ်စရာလေး၊ ပေါင်တို၊ ပေါင်ပြတ်ဘောင်းဘီတွေ စကပ်အတိုတွေ ဝတ်လိုက်တော့မှ ဒူးခေါင်းက ကွက်ပြီးမည်းနေရင် သိပ်ကြည့်ရဆိုးတာနော်။ ယောက်ျားလေးတွေအတွက်တော့ တံတောင်ဆစ်တွေ၊ ဒူးခေါင်းတွေ မည်းတာက သိပ်ဂရုစိုက်စရာမလိုတဲ့ ကိစ္စလို့ထင်ထားပေမယ့် အလှကြိုက်တဲ့မိန်းကလေးတွေအတွက်ကတော့ ကိုယ့်ရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး မလုံမလဲဖြစ်ရလောက်တဲ့အထိ အရှက်ရစေနိုင်ပါတယ်။ များသောအားဖြင့် ဒူးခေါင်းမည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ မဟုတ်ဘဲ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ ကိုယ့်ရဲ့ ငယ်စဉ်ကတည်းက နေထိုင်မှုပုံစံ မှားယွင်းတာကြောင့် ဒူးခေါင်းအရေပြားမှာ ဆဲလ်အသေတွေ စုပုံလာပြီး ကြာလာတော့ အမည်းကွက်လို ဖြစ်သွားတာပါ။ အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ • ဒူးခေါင်းကို အမြဲကွေးပြီး ပဆစ်တုပ်ထိုင်တတ်တဲ့ အကျင့်ရှိတာ • ပေါင်၊ ခြေသလုံးတွေပေါ်တဲ့ ဘောင်းဘီတို၊ စကပ်တွေ အမြဲဝတ်ပြီး အရေပြားကို နေလောင်ကာခရင်မ် Sunscreen မလိမ်းပေးတာ • အစိုဓာတ်ထိန်းခရင်မ် (Moisturizer) […]


အသားအရေ ထိန်းသိမ်းခြင်း

ညိုချောလေးနဲ့ပျိုမေတွေ ဆောင်းရာသီမှာ ခုလိုအသားအရေထိန်းသိမ်းကြမယ်

“ညိုသူချော၊ ဖြူသူလှ” ဆိုတဲ့စကား ကြားဖူးကြမှာပါ။ အာရှလူမျိုးတွေရဲ့ စံနှုန်းမှာက ဖြူတဲ့သူကိုမှ လှတယ်၊ ဒါကြောင့် လူတိုင်းအသားဖြူဖို့ လိုတယ်လို့ တရားသေ သတ်မှတ်ထားတတ်ကြပေမဲ့ လူတိုင်းမှာ ကိုယ့်အသားအရောင်ပေါ် မူတည်ပြီး မတူညီစွာ လှပတဲ့ အလှတရားကိုယ်စီ ရှိတတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်အသားအရောင်၊ အသားအရေအမျိုးအစား၊ အပြင်က ရာသီဥတုအခြေအနေပေါ် မူတည်ပြီး အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေကို သိထားဖို့ပဲ လိုပါတယ်။ ဒါဆို ခုဆောင်းပါးလေးမှာ အသားညိုညက်ညက်လေးနဲ့ လှချင်တဲ့ပျိုမေတွေအတွက် ဆောင်းရာသီမှာ ဘယ်လို အသားအရေထိန်းသိမ်းကြမလဲ၊ အသားအရေမပျက်စီးအောင် ဘယ်လိုဂရုစိုက်သင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အသားညိုခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ အသားညိုတဲ့သူတွေက ဖြူတဲ့သူတွေထက်စာရင် နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခံရတာ အဖြစ်နည်းပါတယ်။ အဓိကကတော့ အသားအရောင်ကို စွန်းထင်စေတဲ့ မယ်လနင်ဓာတ်တွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လုပ်ပေးနေတာကြောင့်ပါပဲ။ ဒီမယ်လနင်ဓာတ်က အသားအရောင်ကို အဖြူရောင်ကနေ […]


အခြားအရေပြားပြဿနာများ

ကိုယ့်အသားအရေက ထိခိုက်လွယ်၊ တုံ့ပြန်လွယ်အမျိုးအစားမှန်း ဘယ်လိုသိနိုင်မလဲ

မျက်နှာလေး လှဖို့၊ ကြည်လင်နေစေဖို့ အသားအရေထိန်းပစ္စည်းတွေ အမျိုးမျိုးသုံးကြတယ်နော်။ လူကြိုက်များတဲ့ အမှတ်တံဆိပ်တွေကို ရွေးချယ်ဝယ်ယူကြတယ်။ ဘယ်နှရက်အတွင်း အသားဘယ်လိုဖြူသွားမယ်၊ ဘယ်လိုချောမွတ်လှပသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရှိကြတာလည်း အများသားရယ်။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ အကိုက်ညီဆုံးကိုပဲ ရွေးသုံးနိုင်ဖို့က အဓိကသော့ချက်ဆိုတာလေး မမေ့စေချင်ပါဘူး။ တခြားသူတွေနဲ့ အာနိသင် ဘယ်လောက်ကောင်းနေပါစေ၊ ကိုယ့်အသားအရေနဲ့မကိုက်ညီရင် မကောင်းတဲ့အပြင် ပိုဆိုးသွားနိုင်ပါတယ်။ ထိခိုက်လွယ်၊တုံ့ပြန်လွယ်တဲ့ အသားအရေသာဆို ဓာတ်မတည့်တာတစ်ခုခုပါတာနဲ့ ချက်ချင်းပြဿနာပေါ်တတ်ပါတယ်။ ဒါပေမယ့် ပြဿနာက ကိုယ်က ထိခိုက်လွယ်အသားအရေဖြစ်နေတာကို မသိတာပါပဲ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ - (၁) အရေပြားမှာ နီမြန်းတာ ဖြစ်လွယ်တတ်တယ်။ အရေပြားမှာ ထိတွေ့လိုက်တဲ့ အသားအရေထိန်းပစ္စည်းတစ်ခုခုရဲ့ပါဝင်ပစ္စည်းနဲ့ဓာတ်မတည့်တာကြောင့် ချက်ချင်း နီမြန်းတာ ဖြစ်လာတတ်ပါတယ်။ တကယ်ဆို ဖုန်မှုန့်နဲ့ထိတွေ့မိရင်တောင် အသားအရေမှာ နီမြန်းလာတာမျိုး။ (၂) အနီကွက်လေးတွေ၊ အဖုလေးတွေ ဖြစ်လေ့ရှိတယ်။ မျက်နှာလေးက တကယ်တော့ ဘာမှအပြစ်အဆာမရှိပေမယ့် အနီကွက်ထတာ၊ အဖုသေးသေးလေးတွေထွက်တာ မကြာမကြာဖြစ်နေရတာ […]


အသားအရေ ထိန်းသိမ်းခြင်း

စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ

စမတ်ဖုန်း လှလှလေးတွေဟာ ဆွဲဆောင်မှုရှိလှပြီးတော့ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် ကုန်ပစ္စည်းတစ်ခုဖြစ်သလို တန်ဖိုးရှိတဲ့ အဆင်တန်ဆာတစ်ခုလို့လည်းဆိုလို့ရပါတယ်။ လူတိုင်းဟာ စမတ်ဖုန်း လှလှလေးတွေကို ကိုင်ဆောင် အသုံးပြုနေကြပေမယ့် ဒီဖုန်းတွေကနေပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သတိမူမိကြတာနည်းပါတယ်။ စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ သိကြလား။ တကယ်တမ်းအားဖြင့် စမတ်ဖုန်းတွေဟာ လေထုထဲက ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညှိနိုင်ချေက အလွန်မြင့်မားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ စမတ်ဖုန်း တစ်လုံးဟာ ပျမ်းမျှ တစ်လက်မ ပတ်လည်ကို ဘက်တီးရီးယား ၂၅၀၀၀ လောက်ကပ်ညိနေနိုင်ပါတယ်။ မီးဖိုချောင်၊ အိမ်သာ၊ တိရစ္ဆာန်တွေနဲ့ ဆက်စပ်နေရင် ဒီထက်ပိုများနိုင်ပါသေးတယ်။ ဒီပမာဏဟာ အိမ်သာကမုတ်ခွက်ထက် ပိုညစ်ပတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ စမတ်ဖုန်းတွေဟာ အလှအပကို ချစ်မြတ်နိုးသူတွေအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ အရာတစ်ခုလို့ဆိုလို့ရပါတယ်။ ဒါကြောင့် အရေပြားအလှအပကို မြတ်နိုးသူတွေအနေနဲ့ စမတ်ဖုန်းလှလှလေးတွေကြောင့် ဖြစ်လာနိုင်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေအတွက် ကောင်းမွန်တဲ့ skincare တွေထဲက ဗီတာမင် C

အသားအရေလေးကို အမဲစက်တွေ ကင်းပြီး ကြည်ကြည်လင်လင်လေး လှပစေချင်တာ လေဒီလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ မိတ်ကပ်ပြင်ရတာကို နှစ်ခြိုက်တဲ့ လေဒီလေးတွေရှိပေမယ့် အချို့ လေဒီလေးတွေကတော့ skincare ကောင်းကောင်းလုပ်ထးတဲ့ မူလ အသားအရေ ကြည်ကြည်လင်လင်လေးပေါ်မှာ sunscreen လေးလောက် လိမ်းပြီး နေ့စဉ်ဘဝမှာ သွားလာ လှုပ်ရှားနေရတာကို သဘောကျတတ်ကြပါတယ်။ စစ်တမ်းတွေအရလည်း အမျိုးသားတွေက မိတ်ကပ်ပြင်ဆင်ထားတဲ့ မိန်းကလေးတွေထက် အသားအရေကောင်းတဲ့ မိတ်ကပ်မလိမ်းခြယ်ထားတဲ့ လေဒီလေးတွေကို ပိုသဘောကျတတ်​ကြပါသတဲ့။ အသားလေးကို ကြည်လင်ဝင်းပနေစေမယ့် လျှို့ဝှက်ချက်တစ်ခု လေဒီလေးတွေရဲ့ အသားအရေကို အနာအဆာကင်းစွာနဲ့ ကြည်ကြည်လင်လင် လှပစေမယ့် အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ သိကြပေမယ့် အလှအပအတွက်လည်း တကယ်ကို ထောက်ကူပေးပါတယ်။ ဗီတာမင် C နဲ့ အသားအရေ ဗီတမင် C […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

ကုတ်လိုက်တိုင်း ဗောက်တွေကဖွေးဖွေးလှုပ်။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နဲ့ စိတ်ကိုညစ်နေတာပဲ။ ဘာလုပ်လို့လုပ်ရမလဲသိဘူးဆိုတဲ့သူတွေများရှိလား.... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဗောက်ဆိုတာ ဗောက်ပြဿနာကို ရင်ဆိုင်နေရတဲ့သူက ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က ဗောက်ပြဿနာကိုခံစားနေရပါတယ်။ ဒါကြောင့် ဗောက်ပြဿနာခံစားနေရတာ သင်တစ်ယောက်တည်းလို့ မထင်စေချင်ပါဘူး။ ဗောက်ကဦးရေပြား ပြဿနာတစ်ခုပါ။ ဦးရေပြားခြောက်သွေ့မှုကနေဖြစ်ပေးလာတဲ့ အရေပြားပြဿနာတစ်ခုပေါ့။ ဗောက်က ဘာတွေဖြစ်စေနိုင်လဲ..... ဗောက်ဖြစ်တဲ့အခါ ဦးရေပြားက ယားယံမယ် ခြောက်သွေ့မယ် နီမြန်းရောင်ရမ်းမယ်။ ဗောက်ဖြစ်စေတဲ့အကြောင်းအရင်း ဗောက်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ ဦးရေပြားက အဆီပြန်တာ ခေါင်းသေချာမလျှော်တာ မှိုပိုးကူးစက်ခံရတာ အသားအရေခြောက်သွေ့တာ ဆံသားသုံး ပစ္စည်းတွေနဲ့ မတည့်တာ အရေပြားပြဿနာတစ်ခုခု ခံစားနေရတာ အသက်အရွယ်ကြောင့်ဖြစ်တာ အမျိုးသားဖြစ်နေတာ ရောဂါအခံတစ်ခုခုရှိနေတာကြောင့် ဗောက်ထနိုင်ပါတယ်။ ဗောက်က ဆံပင်ကျွတ်စေနိုင်လား....... ဗောက်က ဆံပင်ကျွတ်စေနိုင်လားဆိုတော့ ကျွတ်စေနိုင်ပါတယ်။ အ​ကြောင်းကတော့ ဗောက်ဖြစ်တဲ့အခါ ဦးရေပြားကယားယံတယ်။ ယားယံတာကို သက်သာစေဖို့ လက်သည်းနဲ့ဖြစ်ဖြစ် ဘီးလိုမျိုးအရာတွေနဲ့ဖြစ်ဖြစ် ဦးရေပြားကို ကုတ်ခြစ်မိပါမယ်။ ဒီလိုကုတ်ခြစ်မိတာက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း