အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားကျန်းမာဖို့ ခေါင်းလျှော်ရည် အပျော့စားကို ရွေးချယ်တော့မယ်ဆိုရင်

ခေါင်းလျှော်ရည် အပျော့စားဆိုတာ ဘာလဲ။ သူ့ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ တခြားခေါင်းလျှော်ရည်တွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို ပျော့တယ်။ အဲ့တော့ ဆံသားနဲ့ ဦးရေပြားကိုလည်း အရမ်း မပျက်စီးစေနိုင်တော့ဘူးပေါ့။ ဦးရေပြား အမျိုးမျိုး၊ ဆံသားပြဿနာ ရှိသူတွေအတွက်ဆိုရင် တော်တော် အသုံးဝင်ပါတယ်။ တွေ့ကရာ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်တာထက် ဒီလို မပြင်းတဲ့ ဆပ်ပြာနဲ့ လျှော်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်ဆံသားနဲ့ ဦးရေပြားအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။ ဘယ်လိုလူတွေအတွက် အသင့်လျော်ဆုံးလဲ။ • နေ့တိုင်းလိုလို ခေါင်းလျှော်တတ်တဲ့သူတွေ • ဓာတ်ပစ္စည်း သို့မဟုတ် အပူဒဏ်ကြောင့် ပျက်စီးနေတဲ့ ဆံသားပိုင်ရှင်တွေ • ခြောက်ပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေတဲ့ ဆံပင်သားတွေ • အရမ်း ပျော့လွန်းပြီး အထိခိုက် မခံနိုင်တဲ့ ဆံနွယ်မျိုးတွေ • ဗောက်အရမ်း ထတဲ့သူတွေ • မကြာခဏ ဆံသား […]


အသားအရေ ထိန်းသိမ်းခြင်း

အိမ်မှာ အနားရတုန်း အသားအရေလေး ဂရုစိုက်စို့

ခုဆိုရင် ကုမ္ပဏီ တော်တော်များများက ခွင့်ရက်ရှည် အနေနဲ့ ပိတ်ပေးလိုက်ပြီ၊ တချို့ကျတော့လည်း Work from Home ဆိုပြီး ရုံးမလာဘဲ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ခွင့်ပြုမိန့်ကျလာပြီ၊ COVID-19 ရဲ့ အခြေအနေကလည်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အရေအတွက်က တဖြည်းဖြည်း များလာနေပြီဆိုတော့ အပြင်သွားလို့ကလည်း သိပ်အဆင်မပြေတော့ဘူးနော်။ ဒီတော့ အိမ်မှာနေရင်း အလွယ်တကူ လုပ်လို့ရမယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို ဒီဆောင်းပါးကနေ ဖတ်ကြည့်ကြတာပေါ့။ ၁။ အခြေခံ လုပ်ရမယ့် Basic Step တွေကို ဘယ်တော့မှ မမေ့ပါနဲ့။ အိမ်မှာပဲ နေနေ အပြင်ပဲ သွားသွား၊ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာလေးတော့ သစ်ပေးနော်။ ဘယ်မှ မသွားရဘူးဆိုပြီး တစ်ညလုံး အိပ်ထားတဲ့အတိုင်း နောက်နေ့ကျ နေဖင်ထိုးတဲ့အထိ အိပ်၊ ပြီးရင် […]


အခြားအရေပြားပြဿနာများ

မွေးကျွတ်နာဆိုတာ ဘာများလဲ………….

အရေပြားပေါ်မှာ ပေါက်နိုင်တဲ့အနာတွေ၊ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေ အမျိုးမျိုးရှိပါတယ်။ အကြောင်းကတော့ ပြင်ပက ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေနဲ့ အခြားသော ဓာတ်မတည့်တဲ့အရာတွေက ကိုယ်တွင်းကို မဝင်ရောက်ခင်မှာ ခန္ဓာကိုယ်ရဲ့ ခံတပ် အရေပြားကို အရင်တိုက်ခိုက်တာကိုး။ ဒီတော့ အရေပြားက ပြဿနာအမျိုးမျိုး ကြုံရပြီပေါ့။ မွေးကျွတ်နာ ဆိုတာ မွေးကျွတ်နာဆိုတာက အရေပြားမှာဖြစ်တဲ့ ပိုးဝင်တဲ့ ရောဂါတစ်မျိုးပါ။ အထူးသဖြင့် မွေးညှင်းပေါက်လေးတွေ အဆီဂလင်း လေးတွေ ပိတ်ဆို့မှုကနေ စတင်ဖြစ်တာပါ။ ပြီးတော့ ပိုးဝင်လာတာပေါ့။ ဖြစ်ကာစမှာ အရေပြားက အနီရောင်ပြောင်းလာမယ်။ ပြီးရင်ရောင်လာပြီး ပြည်တွေ စဖြစ်လာပါမယ်။ အနာဖြစ်ပြီး ၄ ရက် ကနေ ၇ ရက်လောက်မှာ ပြည်တွေက ဖောင်းတင်းနေပါလိမ့်မယ်။ ထိလိုက်ရင် တော်တော်လေးနာသလို ဖိမိရင်လည်း မျက်ရည်ကျတဲ့အထိ နာတာမျိုးခံစားရနိုင်ပါတယ်။ ဘယ်နားတွေမှာ ဖြစ်နိုင်လဲ…….. ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နိုင်ပါတယ်။ မျက်နှာ၊ […]


အသားအရေနှင့် အလှအပ

မွေးကျွတ်နာ သက်သာစေဖို့

အရေပြား ပြဿနာတွေထဲကမှ ခံစားရ တော်တော်လေး ခက်တဲ့ အရေပြားပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ မွေးကျွတ်နာပါ။ မွေးကျွတ်နာပေါက်တဲ့အခါ အထိမခံနိုင်လောက်အောင် နာတာမျိုးရှိနိုင်ပါတယ်။ ဒီပြဿနာကို ကင်းစေဖို့ ဆိုရင်တော့ အခုဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ မွေးကျွတ်နာ သက်သာစေဖို့ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ အရေပြားပေါ်က မွေးကျွတ်နာကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လုပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ကပ်ပေးပါ အပူက သွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းတာက သွေးဖြူဥဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို ရောဂါပိုးတွေကို တိုက်ထုတ်စေနိုင်ဖို့ ကူညီပေးရာရောက်ပါတယ်။ မွေးကျွတ်နာပေါ်ကို ရေနွေးအိတ်လေး ကပ်ပေးတာက အကောင်းဆုံး အိမ်တွင်းကုထုံးတွေထဲက တစ်ခုပါ။ တစ်ကြိမ်ကပ်ရင် မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။ Tea tree oil Tea tree oil က […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်းလျှော်ပေးခြင်းကနေ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

လူတော်တော်များများက နေ့တိုင်းနီးပါး ရေချိုးကြပေမယ့် ခေါင်းလျှော်ဖို့ကျ မေ့နေတတ်ပါတယ်။ ခေါင်းကနေ့တိုင်းလျှော်ဖို့ မလိုဘူးဆိုပေမယ့် အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်လောက်တော့ လျှော်ပေးသင့်ပါတယ်။ အကြောင်းကတော့ ဆံသားတွေ မှာလည်း ရောဂါပိုးတွေ ကပ်တွယ်နေနိုင်တာကြောင့်ပါ။ ခေါင်းလျှော်ပေးခြင်း နဲ့ ကျန်းမာရေး ခေါင်းကို တလျှော်၊ ကင်ပွန်းသီးနဲ့ပဲ ဖြစ်ဖြစ် အလွယ်တကူလျှော်လို့ရတဲ့ Shampoo နဲ့ပဲဖြစ်ဖြစ် ပုံမှန်လေးလျှော်ပေးသင့်ပါ တယ်။ ဒီလို လျှော်ပေးတာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေများ ရနိုင်သလဲ…. ဆံသားတွေ ကျန်းမာစေနိုင်တယ် ဆံပင်ကို ပုံမှန်လျှော်ပေးတာက ဆံသားတွေ ကျိုးတာပျက်တာနဲ့ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးရာ ရောက်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ ခပ်ကြမ်းကြမ်းပွတ်လျှော်တာမျိုး မလုပ်ဖို့တော့ လိုပါမယ်။ စိတ်ကြည်လင် လန်းဆန်းစေတယ် ခေါင်းလျှော်လိုက်တဲ့အခါ စိတ်လက်ပေါ့ပါးသွားတာမျိုး ခံစားဖူးကြမယ်ထင်ပါတယ်နော်။ ခေါင်းပေါ့သွားတာပဲလို့တောင် ပြောဖူးမှာပါ။ တွေးရကြပ်လာတဲ့အခါ၊ စိတ်ရှုပ်လာတဲ့အခါမျိုးမှာ ခေါင်းလျှော်လိုက်ပါ စိတ်သက်သာရာ ရပါလိမ့်မယ်။ ခေါင်းချွေးနံ့ ကင်းစေတယ် တစ်နေ့တာ […]


အခြားအရေပြားပြဿနာများ

နေရောင်ဒဏ်က ကာကွယ်ကြပါ………..

ခုတလော သိသိသာသာ တိုးလာတဲ့ အပူချိန်ကြောင့် အသားအရေတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေတဲ့ လေဒီလေးတွေ။ ကိုကိုတွေရှိလား…….. ဒါဆိုရင်တော့ နေရောင်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကင်းစေဖို့ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ နေရောင်ခြည်က ဆိုးကျိုးပဲရှိတာလား……… နေရောင်ခြည်က ဆိုးကျိုးပဲရှိတာလား ဆိုတော့ မဟုတ်ပါဘူး။ နေရောင်ခြည်က ကောင်းကျိုးပေးပါတယ်။ မနက်ခင်း နေခြည် နုနုနွေးနွေးလေးက စိတ်ခံစားမှု ကောင်းစေတယ် အရိုးတွေ သန်မာစေတယ် ရောင်ရမ်းမှုကို သက်သာစေတယ် သွေးပေါင်ကျ စေတယ် ကင်ဆာ ကာကွယ်ပေးနိုင်တယ် ဦးနှောက် စွမ်းဆောင်ရည်ကို ကောင်းမွန်စေတယ် စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်။ နေရောင်ကြောင့် အရေပြားမှာ ဘာတွေဖြစ်စေနိုင်လဲ………. နေရောင် ထိခိုက်နိုင်တာက တော်တော်လေးများပါတယ်။ အသားမဲ စေတယ် နေလောင် စေတယ် အရေးအကြောင်းတွေ ဖြစ်စေတယ် တင်းတိပ် ဖြစ်စေတယ် မှဲ့ခြောက် ဖြစ်စေတယ် ဝက်ခြံ […]


အခြားအရေပြားပြဿနာများ

ခြေသည်း လက်သည်း မှိုစွဲ ခြင်း

မှိုစွဲ တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေလိုပဲ သူတို့ကလည်း ခန္ဓာကိုယ်မှာ တိတ်တိတ်လေးရှိနေတတ်တယ်လေ။ များလာမှသာ လူကို ဒုက္ခပေးတာပါ။ ဒါကြောင့် ခြေသည်း လက်သည်းမှ မှိုစွဲတယ်ဆိုတာလည်း ရှိတာပေါ့။ ဒါကို ဆေးပညာအရ " Onychomycosis " လို့ ခေါ်ပါတယ်။ သူက တဖြည်းဖြည်းချင်းဖြစ်လာတဲ့အတွက် ရုတ်တရက် သိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့ မှိုစွဲ ရတာလဲ။ မှိုစွဲရတာက ခြေသည်း လက်သည်းရဲ့ အောက် ဒါမှမဟုတ် အပေါ်မှာ မှိုတွေ များလာလို့ပါ။ မှိုဆိုတာ သိတဲ့ အတိုင်း ပူနွေးစိုစွတ်တဲ့ နေရာကို ကြိုက်တယ်လေ။ ဒါကြောင့် ဒီလိုနေရာမှာဆိုရင် ပိုပွားလွယ်တာပေါ့။ ကိုယ့်မှာ ရှိပြီးသား မှိုတွေ ပွားလာရင် မှိုစွဲတာ ဖြစ်နိုင်သလို တခြားသူဆီက ကူးတာလည်း ဖြစ်နိုင်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ခဏခဏ လက်ဆေးနေရလို့ အရေပြားပျက်စီးမှာ စိတ်ပူနေပြီလား

အခုဆိုရင် ကိုရိုနာ အဆုတ်ရောင်ရောဂါကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် တစ်ကမ္ဘာလုံးက လူတွေ အကုန်လုံး လက်ကို အချိန်ပြည့် ဆေးနေရပြီနော်။ အဓိက လက်မှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်ပြီး အဲ့လက်ကနေ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ပွတ်သပ်ကိုင်တွယ်လိုက်ရာကနေ ကူးစက်နိုင်တာကြောင့်ပါပဲ။ ဒီအတွက်ကြောင့် ကိုရိုနာ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးဖို့ အထိရောက်ဆုံး နည်းလမ်းအနေနဲ့ လက်ကို ရေ၊ ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောဖို့ တိုက်တွန်းရတာပါပဲ။ အဲ့တော့ လက်ကို ခဏခဏ ရေ၊ ဆပ်ပြာနဲ့ ဆေးတယ်၊ ဒါမှမဟုတ် ရေမလို လက်သန့်စင် ဆေးရည်တွေ အသုံးပြုတာ များလာရင် ဘာဖြစ်နိုင်လဲဆိုတာ လက်အရေပြား ခြောက်ပြီး ပျက်စီးဖို့ ပိုလွယ်တာပါပဲ။ ရောဂါပိုးတွေကို သေစေတဲ့ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာတွေ ဖြစ်တဲ့အတွက် […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးမယ့် သဘာဝ အဆီ ၇ မျိုး

အသားအရေလှပဖို့အတွက် ပြုစု ထိန်းသိမ်းကြတဲ့အခါမှာ သဘာဝအဆီတွေ အသုံးပြုပြီး ထိန်းသိမ်းတာက အလွန် သင့်လျော် မှန်ကန်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ခေတ်ပေါ် အလှကုန်ပစ္စည်းတွေ စုံလင်များပြားစွာရှိနေပေမယ့် သဘာဝထုတ်ကုန် အဆီတွေဟာ အသားအရေ ကြည်လင်သန့်စင်မှုနဲ့ လှပစိုဝင်းမှုဖြစ်စေနိုင်တဲ့ အကောင်းဆုံး လက်ဆောင်မွန်တွေဖြစ်နေဆဲပါ။ ခုလို နွေရာသီမျိုးဟာ အသားအရေခြောက်သွေ့တတ်သူတွေအတွက် စိတ်ညစ်စရာ အချိန်ကာလမျိုးဖြစ်ပါတယ်။ သဘာဝအဆီတွေကို သုံးစွဲပေးမယ်ဆိုရင် အဆိုပါပြဿနာတွေကို ဖြေရှင်းနိုင်ပြီး အရေပြားခြောက်သွေ့မှုကို ကောင်းကောင်းကာကွယ်မှု ပေးနိုင်မှာဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ရာသီကို ရောက်လာရင် အရေပြားဆိုင်ရာ ပြဿနာတွေလည်း ဆက်တိုက်ဆိုသလို ကြုံလာရနိုင်ပါတယ်။ အရေပြားယားယံတာ၊ အက်ကွဲတာ၊ အဖတ်တွေ ကွာကျတာ စတာတွေဟာ အရေပြားခြောက်သွေ့မှုရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ များသောအားဖြင့်တော့ ခြေသလုံး၊ လက်မောင်းနဲ့ ဗိုက်လိုနေရာတွေမှာ အဖြစ်များတတ်ပါတယ်။ အရေပြားခြောက်သွေ့မှုကို သက်သာစေနိုင်သော သဘာဝအဆီများ ဒီလို အရေပြားခြောက်သွေ့မှု ဝေဒနာတွေကို တားဆီးကာကွယ်ဖို့နဲ့ ကိုယ့်မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

Rose Water ကပေးတဲ့ ကျန်းမာရေး

Rose Water လို့ပြောလိုက်ရင် လေဒီလေး တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ။ ဒီ Rose Water လေးက လေဒီလေးတွေ သိထားသလို အသားအရေအတွက်ပဲ အသုံးဝင်တာလား။ အခြားရော ဘာတွေများ အသုံးဝင်သေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ Rose water ဆိုတာ ဘာလဲ........ Rose Water ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် နှင်းဆီပွင့်ချပ်လေးတွေ စိမ်ထားတဲ့ အရည်တစ်မျိုးပါ။ အမွှေးနံ့သာ အနေနဲ့ အသုံးပြုကြသလို အရေပြား ကျန်းမာရေး နဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေအတွက် ဆေးဖက်ဝင်တဲ့ သဘာဝ ဖော်စပ်မှု တစ်ရပ်အနေနဲ့လည်း အသုံးပြုကြပါတယ်။ နှင်းဆီပန်းကို ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် ရှေးယခင်ကာလတွေကတည်းက အသုံးပြုလာခဲ့ကြတာပါ။ ၇ ရာစုလောက်ကတည်းက အီရန် နဲ့ အခြား အရှေ့အလယ်ပိုင်း ဒေသတွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း