အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာကို filler ထိုးတယ်ဆိုတာ

ခုနောက်ပိုင်းဆယ်စုနှစ်အတွင်းမှာ အလှအပပိုင်းဆိုင်ရာ ဆေးပညာက အများကြီးတိုးတက်လာတဲ့အလျောက် လူတွေဟာ သဘာဝမျက်နှာထက် မိမိမျက်နှာကို အလှအပပြုပြင်ရတာကို အများကြီးပိုစိတ်ဝင်စားလာကြပါတယ်။ အလှအပပြုပြင်ခွဲစိတ်ပေးတဲ့ ဆေးရုံဆေးခန်းတွေလဲ မြန်မာနိုင်ငံမှာလည်း အများကြီးပေါ်ထွက်လာပါတယ်။ အဲဒီလိုအလှအပပိုင်းဆိုင်ရာ ပြုပြင်မှုတွေထဲက filler ထိုးတယ်ဆိုတာလဲ အင်မတန်နာမည်ကြီးတဲ့ ပြုပြင်မှုတစ်ခုပါ။ အရေးကြောင်းတွေ၊ အသားအရေ၊ ပါးရေတွန့်တာတွေ၊ မျက်နှာမညီညာတာတွေအပြင် တခြားသောအသက်အရွယ်အရဖြစ်တဲ့ လက္ခဏာတွေကိုပြုပြင်ဖို့ filler ကိုအဓိကသုံးကြတာပါ။ Dermal filler ဆိုတာဘာလဲ Filler ဆိုတာ ဟိုက်ရာလူရောနစ်အက်ဆစ်လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ အဓိကလုပ်ထားတဲ့ ဂျယ်လ်တစ်မျိုးဖြစ်ပြီး အရေးအကြောင်းတွေ အချိုင့်တွေနေရာမှာ ဖြည့်ပေးပါတယ်။ မျက်နှာရဲ့နေရာအမျိုးမျိုးမှာ filler ကိုသုံးနိုင်ပြီး နှုတ်ခမ်းထဲကိုလဲ တိုက်ရိုက်ထိုးပြီး နှုတ်ခမ်းပုံစံပြောင်းလို့ရပါတယ်။ Fillerတွေ ဘယ်လို အလုပ်လုပ်လဲ အခြေခံအားဖြင့် filler တွေဟာ မျက်နှာမှာရှိတဲ့ ဆုံးရှုံးသွားတဲ့ တစ်ရှူးနေရာကိုပြန်လည်ဖြည့်တင်းပေးပြီး အရေးအကြောင်းတွေ၊ လျော့ရဲမှုတွေကို သက်သာစေတာပါ။အသက်ကြီးလာတာနဲ့အမျှ ငယ်ရွယ်နုပျိူစေတဲ့ ဓာတ်တွေဖြစ်တဲ့ ကော်လဂျင်နဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာကြိုးထိုးတော့မယ်ဆိုရင်

အလှအပဆိုင်ရာဆေးပညာဟာ ဆယ်စုနှစ်အတွင်းမှာ အရှိန်အဟုန်နဲ့ သိသိသာသာကိုပြောင်းလဲတိုးတက်လာတာနဲ့ အမျှ မြန်မာနိုင်ငံမှာလဲ အလှအပဆိုင်ရာ ခွဲစိတ်မှုတွေ၊ ပြုပြင်မှုတွေ တော်တော်များများလုပ်လာကြပါတယ်။ အဲဒီအထဲမှာ မျက်နှာကြိုးထိုးခြင်း Face threading ဆိုတာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ပါးရေတွန့်ခြင်း၊ အသားအရေပျော့တွဲခြင်း၊ မေးနှစ်ထပ်ဖြစ်ခြင်း စတာတွေကိုချက်ချင်းသိသိသာသာပျောက်ချင်တယ်၊ ဒါပေမယ့် ခွဲစိတ်ရမှာလဲ ကြောက်တယ်ဆိုသူတွေအတွက်ကတော့ မျက်နှာကြိုးထိုးခြင်းဟာ အင်မတန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ မျက်နှာကြိုးထိုးတယ် ဆိုတာ မျက်နှာအသားအရေပြန်လည်နုပျိုတင်းရင်းအောင်နဲ့ တခြားသောကောင်းကျိူးတွေရဖို့အတွက် မျက်နှာမှာ အချိန်အတိုင်းအတာတစ်ခုအထိခံတဲ့ ချုပ်ကြိုးတွေကို အသုံးပြုပြီး သိသာထင်ရှားတဲ့ ရလာဒ်ကောင်းရအောင်လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ခွဲစိတ်ဓားကိုအသုံးပြုပြီး လျော့တွဲနေတဲ့အသားအရေကို ခက်ခက်ခဲခဲပြုပြင်မယ့်အစား အရေပြားရဲ့အစိတ်အပိုင်းတွေကို ချုပ်ကြိုးလေးတွေနဲ့ တွဲသီလိုက်တာဖြစ်ပါတယ်။ ဒါဟာ အရေပြားကို မတင်လိုက်သလိုဖြစ်စေပြီး တင်းရင်းသွားစေပါတယ်။ ဒါ့အပြင် ကြိုးထိုးထားတဲ့ နေရာတွေမှာ ကော်လဂျင်ထုတ်လုပ်ဓာတ်ပြုမှုကို အာပေးပါတယ်။ ကော်လဂျင်ဟာ အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေတဲ့အပြင် အသားအရေကို ကျန်းမာကြံ့ခိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ […]


ဝက်ခြံ

မျက်နှာပေါ်က ဆားဝက်ခြံတွေကို ဘယ်လိုအထိရောက်ဆုံးဖယ်ရှားကြမလဲ

ဆားဝက်ခြံဆိုတာ အဖြစ်အများဆုံးဝက်ခြံပုံစံတွေထဲက တစ်ခုပါ။ ဆားဝက်ခြံတွေရှိနေရင် အသားအရည်ရဲ့ လှပချောမွတ်မှုကို ထိခိုက်စေသလို မိတ်ကပ်လိမ်းလို့လဲ မကောင်းပါဘူး။ အဆီပြန်တဲ့အသားအရေရှိတဲ့သူတွေမှာ ဆားဝက်ခြံဖြစ်တာပိုများပေမယ့် ဘယ်လိုအသားအရေ အမျိုးအစားရှိသူမဆို ဆားဝက်ခြံဖြစ်နိုင်ပါတယ်။ ဆဲလ်အသေတွေနဲ့ အဆီဂလင်းက အဆီပိုတွေပေါင်းစုမိပြီး ဆားဝက်ခြံဆိုတာဖြစ်လာတာပါ။ ရိုးရိုးဝက်ခြံနဲ့မတူတာက ရိုးရိုးဝက်ခြံတွေဟာ ထိပ်ဖက်မှာအပိတ်ဖြစ်ပြီး ဆားဝက်ခြံရဲ့ မျက်နှာပြင်ကတော့အပွင့်ပါ။ ဒါကြောင့် ပြင်ပလေထုနဲ့ဓာတ်ပြုပြီး ဆားဝက်ခြံကအမည်းရောင်ဖြစ်နေတာပါ။ ဆားဝက်ခြံတွေကို လက်နဲ့ညှစ်ထုတ်တာက လွယ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာက အရေပြားကိုအမာရွတ်ထင်စေပြီး ပျက်စီးစေပါတယ်။ အကြည့်ရဆိုးပြီး အနှောင့်အယှက်ပေးလှတဲ့ ဆားဝက်ခြံတွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ ကြည့်ကြရအောင်။  (၁) ဆားဝက်ခြံကပ်ခွာတွေနဲ့ အိမ်သုံးဆားဝက်ခြံထုတ်နည်းတွေကို မေ့လိုက်ပါ။  စျေးကွက်ထဲမှာရှိတဲ့ တချို့သော ဆားဝက်ခြံကပ်ခွာတွေနဲ့ mask တွေဟာ ခဏတော့ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အသားအရည်ကို အကျိူးပြုတဲ့ ပစ္စည်းတွေကိုပါ သူကဖယ်ရှားပစ်တာပါ။ ဥပမာ သဘာဝအဆီတွေနဲ့ မျက်နှာပြင်ကမွေးညင်းတွေလိုမျိုး။ အညစ်အကြေးသာမက […]


ဝက်ခြံ

သံပရိုသီး နဲ့ အသားအရေ ကျန်းမာရေး

အဝါရောင် သန်းသန်း အခွံလေးနဲ့ ရနံ့ သင်းသင်းလေး မွှေးပြီး အရည်ရွှမ်းရွှမ်းနဲ့ စားရတာ အရသာရှိတဲ့ သံပရိုသီးက စားရတာတင် ကောင်းတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အထောက်အကူပြုပေးပါတယ်။ သံပရိုသီး နဲ့ အသားအရေ ကျန်းမာရေး ဗီတာမင် C ကြွယ်ဝတဲ့ သံပရိုသီးက ကျန်းမာရေးအတွက် အထောက်အကူပြုသလို အသားအရေ ကျန်းမာရေး နဲ့ အလှအပ အတွက်လည်း အထောက်အကူ ပြုပေးပါသေးတယ်။ ကော်လာဂျင် မြှင့်တင်ပေးနိုင်တယ် သံပရိုရည်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင် တစ်မျိုးဖြစ်တဲ့ ​ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တာကြောင့် ကော်လာဂျင် ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ကော်လာဂျင်ကို သူ့အလိုလို ထုတ်ပေးနိုင်တယ် ဆိုပေမယ့် အသက်အရွယ်ရလာတဲ့အခါ ထုတ်လုပ်နိုင်စွမ်း ကျလာသလို အရေးအကြောင်းတွေ ဖြစ်တာနဲ့ အသားအရေ လျော့ရဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အရေပြား ကျန်းမာစေဖို့အတွက် သံပရိုသီးကို […]


အခြားအရေပြားပြဿနာများ

ခြေဖနောင့် ကွဲခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

ခြေဖနောင့် ကွဲတာဟာ အတွေ့ရများတဲ့ ပြဿနာတစ်မျိုးပါ။ အရွယ်ရောက်ပြီးသားသူတွေရဲ့ ၂၀ရာခိုင်နှုန်းလောက်က ဖနောင့်ကွဲတတ်ကြပါတယ်။ ၅ယောက် ၁ယောက်နှုန်းပေါ့။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်တတ်ပါတယ်။ တော်တော်များများ အတွက်ကတော့ ဖနောင့်ကွဲတာက ရေးကြီးခွင်ကျယ်လုပ်ရလောက်တဲ့ ပြဿနာ မဟုတ်ပါဘူး။ တချို့တွေမှာတော့ ဖနောင့်ကွဲတာ နက်လွန်းရင် နာတာ၊ လမ်းလျှောက်ရ အဆင်မပြေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဖနောင့်ကွဲတာ သက်သာအောင် အိမ်မှာတင် လုပ်နိုင်တဲ့ နည်းလေးတွေ၊ မဖြစ်အောင် ကာကွယ်တဲ့ နည်းလေးတွေကို ပြောပြပေးပါ့မယ်။ ဘာကြောင့် ခြေဖနောင့် ကွဲရတာလဲ။ ခြေဖနောင့် မကွဲခင် ဖနောင့်သားက အရင်ဆုံး ခြောက်သွေ့လာပါတယ်။ ပြီးတော့ အသားမာတွေ တက်လာပါတယ်။ လမ်းလျှောက်တဲ့အခါ တစ်ကိုယ်လုံးက ဝိတ်က ဖနောင့်ပေါ်မှာ ရှိနေတာဆိုတော့ ဖနောင့်ကွဲလာတော့တာပေါ့။ ဖြစ်ရတဲ့ အကြောင်းတွေကတော့ မတ်တပ်အကြာကြီး ရပ်တာ ဖိနပ်မပါဘဲ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေအတွက် အရေးပါတဲ့ ကော်လာဂျင်ဓာတ်ကို သဘာဝအတိုင်းမြှင့်တင်ရအောင်

ကော်လာဂျင်ဆိုတာ ဘာလဲ ကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓာထဲမှာ အတွေ့ရများတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ကြွက်သားချောင်း၊ အဆီ၊ အရွတ် စတာတွေအပြင် အခြားနေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ တွဲဆက်နိုင်အောင်၊ အရိုးဖွဲ့စည်းပုံ ကြံ့ခိုင်မှုရှိအောင် အထောက်အကူပြုပါတယ်။ ကော်လာဂျင်ပမာဏများရင် ကိုယ်ခန္ဓာဟာ တောင့်တင်းကြံ့ခိုင်ပြီး နုပျိုပါတယ်။ ကော်လာဂျင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ သူ့ရဲ့ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်ရင် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု သံသရာဖြစ်စေတာပါပဲ။ ကော်လာဂျင်များလာရင် ကိုယ်ခန္ဓာကနေ နောက်ထပ် ကော်လာဂျင်များထွက်လာပြီး ထိန်းသိမ်းပေးထားဖို့ နှိုးဆွပေးပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်ခန္ဓာကနေ ကော်လာဂျင်ဓာတ်တွေ သဘာဝအလျောက် ပိုမိုထွက်ရှိလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ် Aloe Vera ခေါ် ရှားစောင်းလက်ပပ်အဆီကို ထိခိုက်ရှနာတွေဖြစ်ရင် အနာကျက်မြန်စေဖို့ သုံးကြပါတယ်။ အကြောင်းအရင်းကတော့ ရှားစောင်းလက်ပပ်လိမ်းလိုက်တဲ့အခါ ကော်လာဂျင်ဓာတ် ပိုမိုထွက်ရှိလာစေလို့ ဖြစ်ပါတယ်။ […]


အခြားအရေပြားပြဿနာများ

Keloid အမာရွတ်ကို ဘယ်လိုဖယ်ရှားကြမလဲ။

ဒဏ်ရာတစ်ခုခုဖြစ်ပြီးတိုင်း ရုပ်ဆိုးဆိုး ဖောင်းကြွနေတဲ့ အမာရွတ်ကြီး ကျန်ခဲ့ဖူးပါသလား။ ဒါကို ကီးလွိုက် (Keloid scar) လို့ ခေါ်ပါတယ်။ ဖြစ်တဲ့ ဒဏ်ရာနဲ့မှ မလိုက် ဖောင်းကြွပြီး နီရဲနေတဲ့ အမာရွတ်ကြီးပေါ့။ ဒီရုပ်ဆိုးဆိုး အမာရွတ်ကြီးက ဘယ်က ဘယ်လို ဖြစ်လာရတာလဲ။ ပျောက်အောင်လုပ်လို့ မရဘူးလားလို့ သိချင်သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်မှာပါ။ Keloidဆိုတာ ဘာလဲ။ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရလာရင် အနာကျက်ပြီး အမာရွတ်ဖြစ်တတ်တာ သဘာဝပါ။ တစ်ခါတစ်လေမှာတော့ အမာရွတ်တွေက အနာနဲ့ မလိုက်အောင် ဖောင်းကြွနေတဲ့ အမာရွတ်အကြီးကြီးတွေ ထွက်လာတာကို Keloidလို့ ခေါ်လိုက်တာပါ။ Keloidက တစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပေမယ့်  ရင်ဘတ်၊ ပုခုံး၊ နားနဲ့ ပါးတွေမှာ ပိုတွေ့ရပါတယ်။ Keloidက အသက်အန္တရာယ်မရှိပေမယ့် ကြည့်ရဆိုးတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ Keloid ရဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြား အဆီပြန်ခြင်းအတွက် ဖြေရှင်းဖို့ နည်းလမ်းကောင်းများ

အသားအရေနဲ့ ပတ်သက်လာရင် ပုံမှန်ဖြစ်နေတဲ့ အသားအရေပိုင်ရှင်တွေက လွဲလို့ ကျန်တဲ့ အမျိုးအစားတွေက တော်တော် ဒုက္ခရောက်ပါတယ်။ အသား ခြောက်လွန်းတော့လည်း ဆောင်းတွင်းလို အေးတဲ့အချိန်မှာ အသားက ကြမ်းပြီး ခြောက်၊ အဆီတွေ ရွှဲပြန်နေတော့လည်း ပူလွန်းတဲ့ အချိန်မှာ လူက ယားကျိကျိနဲ့ နေလို့ ထိုင်လို့ မကောင်းတော့ဘူးပေါ့။ ဦးရေပြားဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အရေပြားထဲက တစ်ခုဖြစ်တာကြောင့် အဆီပြန်လွန်းတာလည်း ရှိနိုင်သလို ခြောက်သွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ လိုတာထက် ပိုပြီး ဦးရေပြား အဆီပြန်လွန်းတာ၊ ဆံပင်တွေက ဆီတွေရွှဲပြီး ဦးရေပြား ယားယံတာ၊ ဗောက်ထတဲ့ သူတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ ခေါင်း မကြာခဏ လျှော်ပေးပါ။ ပုံမှန်အားဖြင့် တစ်ရက် သို့မဟုတ် နှစ်ရက်ခြား တစ်ကြိမ် […]


ဝက်ခြံ

နဖူးမှာမှ ရွေးပေါက်တဲ့ ဝက်ခြံလေးတွေ

ဝက်ခြံတဲ့၊ နာမည်လည်း မလှသလို အမြင်လည်း မလှဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု မဲ့စေတယ်။ မတော်တဆ သွားထိမိလို့ ပွန်းပဲ့သွားခဲ့ရင်လည်း နောက်ထပ် ဝင်လာမယ့် အရေပြား ပြဿနာတွေက နည်းတာမဟုတ်။ အဲ့သလို စိတ်ညစ်စရာ ကောင်းတဲ့ ဝက်ခြံတွေဆိုတာလည်း လူပျို၊ အပျို ဘဝကတည်းက ပေါက်လာလိုက်တာ အသက် ၂၀၊ ၃၀ ရောက်တာတောင် ပေါက်နေတုန်းပဲနော်။ ဝက်ခြံဆိုတိုင်း ညှစ်သင့်လား။ တချို့တွေက ပြောတယ်၊ ဝက်ခြံပေါက်နေရင် ရုပ်ပိုဆိုးတာပေါ့၊ ညှစ်လိုက်မှ မြန်မြန်ပျောက်သွားမှာလေ ဆိုပြီး ကိုယ်တိုင်ညှစ်ရင်ညှစ်၊ မညှစ်ရင်လည်း တခြားသူတွေကို ညှစ်ဖို့ အကြံပေးတတ်ကြသေးတယ်နော်။ တကယ်တော့ ပေါက်နေတဲ့ ဝက်ခြံကို ညှစ်တယ်ဆိုတာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ လုံးဝ မဟုတ်ပါဘူး။ ဒါ့အပြင် မသန့်ရှင်းတဲ့လက်နဲ့ ညှစ်မိလိုက်တဲ့အခါ လက်မှာရှိတဲ့ ရောဂါပိုးက အနာထဲကို […]


အသားအရေ ထိန်းသိမ်းခြင်း

သဘာဝအတိုင်း အမာရွတ် သက်သာစေမယ့် နည်းလမ်းများ

နည်းနည်းလေးများ အသားတက်ပြီ မကြံနဲ့။ ဆွမယ်၊ ကုတ်မယ်၊ ဖဲ့မယ်ဆိုတာ ဘယ်သူတွေလဲ။ အသားတက်တဲ့ အချိန် ယားတာမှန်ပေမယ့် ဒါကို သည်းမခံနိုင်ဘဲ သွားကုတ်မိရင် အမာရွတ် ကျန်ခဲ့မှာပါ။ ဒီ အမာရွတ် တွေများ ထင်သာ မြင်သာတဲ့ နေရာမှာ ရှိနေရင်တော့ ဒုက္ခပါပဲ။ ဒီတော့ အမာရွတ်တွေကို သဘာဝအတိုင်းပျောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြမေးမှာမို့လို့ လိုက်လုပ်ကြည့်ရအောင်နော်။ အမာရွတ် အကြောင်း တစေ့တစောင်း အမာရွတ်ကို မဖယ်ခင် အမာရွတ်ကို အကြောင်းကို အရင်လေ့လာကြည့်ရအောင်။ အမာရွတ်ဆိုတာ သဘာဝအတိုင်း အနာကျက်တဲ့ နည်းလမ်းပါ။ အရေပြားရဲ့ ဒုတိယအလွှာထိ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် အဲ့အလွှာမှာရှိတဲ့ ကော်လာဂျင်တွေက အနာကျက်ဖို့ လုပ်ပေးရပါတယ်။ ဒါကြောင့် အမာရွတ်ဆိုတာ ဖြစ်လာတာပါ။  သိစေချင်တဲ့ အချက်တချို့ကတော့ များသောအားဖြင့် အနာကျက်တာ မြန်လေလေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း