အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာလှလှလေးပေါ် လုံးဝမတင်သင့်သည့် အရာများ

မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ ထင်သာမြင်သာ အရှိဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လှပတဲ့ မျက်နှာပြင်လေးဟာ တစ်ဖက်လူရဲ့ နှစ်လိုမှု ခင်မင်မှုကို ရရှိအောင် ဆွဲဆောင်နိုင်တယ်မဟုတ်လား။ ချစ်စရာမျက်နှာလေးနဲ့ နူးညံ့ဝင်းမွတ်တဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားသူတွေဆိုရင် လူအများကြားမှာ အလွန် မျက်နှာပန်းပွင့်သူတွေပါ။ သူတို့ရဲ့ မျက်နှာလှလှလေးကို တခြားသူတွေက တခုတ်တရချီးမွမ်းကြရင် ချီးမွမ်းကြဦးမှာလေ။ မျက်နှာဆိုတာ လူတစ်ယောက်အတွက် အရေးအပါအဆုံးအစိတ်အပိုင်းတစ်မျိုးပါပဲ။ ကမ္ဘာပေါ်က အမျိုးသမီးအများစုက ဒီမျက်နှာလေး လှပနေဖို့ နေ့စဉ်နဲ့အမျှ ခြယ်သပြင်ဆင်နေတတ်ကြပါတယ်။ ဒီမျက်နှာလေးသာ တစ်ခုခုချို့ယွင်းသွားခဲ့မယ်ဆိုရင် သူတို့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်လိုက်ကြမလဲနော်။ ဒါကြောင့် ခုဆောင်းပါးမှာတော့ ကိုယ့်ရဲ့ မျက်နှာလှလှလေးနဲ့ ခပ်ဝေးဝေးမှာ ရှိနေစေသင့်တဲ့အရာတွေအကြောင်းကို ပြောပြပေးသွားမှာပါ။ ခုဖော်ပြပေးမယ့်အရာတွေဟာ မျက်နှာလှလှလေးတွေကို ထိခိုက်မှုတွေ ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အရာတွေဖြစ်ပါတယ်။ မျက်နှာလှလှလေးပေါ် လုံးဝမတင်သင့်သည့် အရာများ မျက်နှာလှလှလေးပေါ် လုံးဝမတင်သင့်သည့် အရာများ က ဘာတွေ ဖြစ်မလဲ။ Hydrogen […]


အသားအရေ ထိန်းသိမ်းခြင်း

ရေများများသောက် တဲ့ လေဒီလေးတွေသာ ရနိုင်မယ့် အလှတရား

အလှတရားက လူတိုင်း မြတ်နိုးတဲ့ အရာပါ။ ဒီတစ်ခေါက်တော့ လူတိုင်း မြတ်နိုးတဲ့ အလှတရားကို ပံ့ပိုးပေးနိုင်မယ့် အချက်လေး တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကြီးကြီးမားမားမဟုတ်ပါဘူး နေ့စဉ် သောက်သုံးနေတဲ့ ရေကို လုံလောက်အောင် သောက်သုံးမှုကနေ ရလာနိုင်မယ့် အကျိုးကျေးဇူးလေးတွေ အကြောင်း ပြောပြပေးချင်တာပါ။ ရေများများသောက် တာက အလှအပကို ဘယ်လိုသက်ရောက်စေသလဲပေါ့။ တစ်နေ့သောက်သင့်တဲ့ ရေပမာဏ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်ကနေ အများဆုံး ၃ လီတာ (ရေသန့်ဗူး ၃ ဗူး) လောက်ထိသောက်လို့ရပါတယ်။ ရေဓာတ်ပြည့်ဝမှုက အသားအရေ ဆံသားကစလို့ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်တာကြောင့်ပါ။ ရေဓာတ်ပြည့်ဝတဲ့အခါ အသက်ရှူလမ်းကြောင်းကစလို့ အသည်း၊ ကျောက်ကပ်နဲ့ အစာခြေစနစ်က အဆိပ်အတောက်တွေအထိ အားလုံးကို သန့်စင်ပေးနိုင်ပါတယ်။ ရေများများသောက် […]


ဝက်ခြံ

စံပယ်ပန်း လှလှလေး ကပေးတဲ့ အသားအရေလှပမှု

စံပယ်ပန်း လို့ ပြောလိုက်ရင် ဖြူဖြူဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူး ရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။  စံပယ်ပန်း လှလှလေးတွေက အသားအရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။ စံပယ်ပန်း မွှေးမွှေးလေး ကပေးတဲ့ အသားအရေ ကျန်းမာရေး အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်တယ် စံပယ်ပန်းက အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာ​ကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကို သံပုရာရည်ထည့်လို့ ဝက်ခြံဖြစ်တဲ့ နေရာပေါ်ကို လိမ်းကျံပေးရုံပါ။ ပြီးရင် ခြောက်သွားအောင် ခဏထားလို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့် ဆံပင် ကိုယ် အနံ့မခံနိုင်လောက်အောင် ဖြစ်ရတဲ့ အကြောင်းရင်း

ချွေးထွက်ထွက် မထွက်ထွက်၊ ရာသီဥတု ပူပူ မပူပူ ခေါင်းချွေး ထွက်တတ်တဲ့သူတွေရှိပါတယ်။ ခေါင်းချွေးထွက်က ကိစ္စမရှိပေမယ့် ခေါင်းချွေးနံ့က ပြင်းနေရင် ပြဿနာရှိနေပါပြီ။ လှုပ်ရှားလိုက်တိုင်း ကိုယ့် ဆံပင် က ခေါင်းချွေးနံ့ထွက်နေတာ အတော်ဆိုးပါတယ်။ လူကြားထဲ သွားလာရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘူး၊ သူများတွေများ နံမလား၊ နှာခေါင်းရှုံ့ခံရမလား တထိတ်ထိတ်နဲ့ပေါ့။ ဘာကြောင့် ဒီလောက် အနံ့ပြင်းရတာလဲ ခေါင်းမှန်မှန် မလျှော်လို့ ခေါင်းမလျှော်ဘဲ နေလေ ဦးရေပြားမှာ အဆီတွေပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေ သေဆုံးပြီး အနံ့ဆိုးတွေ ဖြစ်လာစေပါတယ်။ ခေါင်း ခဏခဏ လျှော်လွန်းလို့ ခေါင်းလျှော်တယ် ဆိုလည်း ခဏခဏ လျှော်လွန်းတာက မကောင်းပါဘူး။ ဆံသားကို ပျက်စီးစေပြီး ဦးရေပြားကို ခြောက်သွေ့သွားစေပါတယ်။ ခေါင်းလျှော်လိုက်ရင် ဆံပင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆိုင်မသွားဘဲ အိမ်မှာပဲ ဆံပင် ပေါင်းတင်ကြမယ်

ဆံနွယ်လေးတွေ လှပနေဖို့ မိန်းကလေးတိုင်း မျှော်လင့်ကြတာပေါ့။ ငွေအကုန်ကျခံပြီးတောင် ဆိုင်သွားသွားပြီး ဆံပင် ပုံလှလှလေး ရအောင် အပ်ရတာလေ။ ဆံနွယ်လေးတွေ ထူဖို့၊ ပျော့ပျောင်းဖို့၊ ပုံကျလှပဖို့၊ အရောင် လှဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့။ ဆံပင် ပျော့ပျောင်းလှပဖို့တော့ ဆံပင်ပျော့ဆေးတွေ သုံးကြတာပေါ့။ ဆိုင်မှာ လျှော်ရင် ပိုသုံးပါသေးတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့ တွေ့ရတတ်တာကြောင့် အရည်အသွေး မကောင်းတဲ့ ဆံပင်ပျော့ဆေးတွေ ကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာ အဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ကြက်ဥ အနှစ် + ဗီနီဂါ ကြက်ဥက ဆံသားထဲမှာ အစိုဓာတ် ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် ပါးနေလား ဒါတွေ စားပါ

ဆံပင်တွေ သိပ်ကျွတ်တာပဲ ခုနောက်ပိုင်း။ အရင်ကထက် ပိုပိုပြီး ပါးလာတယ်၊ ဦးရေပြားတောင် မြင်နေရတယ်။ ကိုယ့်မှာ ဆံပင် အလှအပလည်း ဘာမှ မလုပ်ရဲဘူး။ တော်ကြာ ဆေးဆိုးလိုက်၊ ကောက်လိုက်မှ ရှိစုမဲ့စုလေး အထွေးလိုက် ကျွတ်ကုန်မှဖြင့်နော်… ဒီလိုမျိုး ကြုံတွေ့ရတဲ့ သူတွေထဲ မိန်းကလေးတွေတင်မကဘဲ ယောကျာ်းလေးတွေ လည်း ပါနေမှာပဲ။ ဘာလို့ဆို ဆံပင်ကျွတ်စေနိုင်တဲ့ အကြောင်းရင်းတွေက ယောကျာ်း၊ မိန်းမ အားလုံးနဲ့ ဆိုင်နေတာကိုး။ ဘာကြောင့် ဆံပင် ပိုကျွတ်လာရလဲ အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ် - အလုပ်ပင်ပန်းတဲ့ဒဏ် (စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာ အပါအဝင်) ကလေးမွေးဖွားခြင်း/ ကိုယ်ဝန်ဆောင်ခြင်း (ဟော်မုန်းမညီမျှမှုကြောင့်) ခွဲစိတ်ကုသမှု သန္ဓေတားဆေးသောက်သုံးခြင်း ဦးရေပြားမှာ ရောဂါပိုးဝင်ခြင်း အာဟာရညီညွတ်အောင် မစားတာ ( အထူးသဖြင့် ပရိုတင်းစားသုံးမှုနည်းတာ) ဆံပင်ပြုပြင်မှုများလွန်းတာ၊ အရောင်ဆိုးလွန်းတာ ဆေးလိပ်သောက်တာ မျိုးဗီဇကြောင့် […]


ဝက်ခြံ

ဦးရေပြားမှာပေါက်တဲ့ ဝက်ခြံလေးတွေ သက်သာစေဖို့

ဝက်ခြံက မျက်နှာမှာတင်ပေါက်တာမဟုတ်ပါဘူး။ ဆံစပ် နဲ့ ဦးရေပြားတွေမှာပါ ပေါက်ရောက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆံပင်တွေကြား ဦးရေပြားမှာ ပေါက်တဲ့ ဝက်ခြံတွေ စိတ်ညစ်နေရသူလေးတွေအတွက် ဒီ ဝက်ခြံတွေ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ ဘာကြောင့် ဦးရေပြားမှာ ဝက်ခြံပေါက်တာလဲ............. ဝက်ခြံ ဆိုတာက ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာထက်  ဦးရေပြားမှာ ပေါက်ခဲပါတယ်။ ဦးရေပြားမှာ ဝက်ခြံပေါက်တာက ဖြစ်ခဲတယ်ဆိုပေမယ့် တော်တော်လေးတော့ ခံရခက်တာပါ။ ဦးရေပြားက ချွေးပေါက်တွေ ပိတ်ဆို့တာကြောင့် ဦးရေပြားမှာ ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆံပင်ကို ပုံမှန်လျှော်မယ်။ ဆေးပါတဲ့ ခေါင်းလျှော်ရည်တွေနဲ့ လျှော်မယ်ဆိုရင် ဦးရေပြားက ဝက်ခြံတွေကို သက်သာစေမှာ အသေအချာပါ။ ဦးရေပြားက ဝက်ခြံတွေ သက်သာစေဖို့ အိမ်တွင်းကုထုံး အချို့ ဦးရေပြားက ဝက်ခြံတွေ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့ကျကျ အသုံးချသင့်ပါတယ်။ ခရမ်းချဉ်သီး အရည် ခရမ်းချဉ်သီးက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျန်းမာလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ မဖြစ်မနေစားပေးသင့်တဲ့ အစားအစာများ

သန်စွမ်းပြီး ကျန်းမာတဲ့ ဆံကေသာကိုပိုင်ဆိုင်တာဟာ မြင်ရသူ ရှုချင်စဖွယ် အလှတရားကို ပိုင်ဆိုင်ထားရုံသာမကပါဘူး၊ ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ အကျိုးကျေးဇူးကြီးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နူးညံတဲ့ လှပတဲ့ သန်စွမ်းတဲ့ ဆံသားရှိနေမယ်ဆိုရင် ဦးရေပြား၊ အရေပြားတွေနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကင်းရှင်းပြီး နှလုံးနဲ့ စိတ်ဖိစီးမှုတွေလည်း ကင်းဝေးနေတယ်ဆိုတဲ့ သဘောပါပဲ။ နောက်ပြီး အမျိုးသမီးတွေအတွက်ဆိုရင်လည်း လှပဖြောင့်စင်းပြီး သန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားမယ်ဆိုရင် လူအများလေးစားအားကျဖွယ် အလှတရားကို ပိုင်ဆိုင်ထားတာပါပဲ။ အမျိုးသမီးတွေရဲ့ အလှတရားတွေထဲမှာ ဆံကေသာက တစ်ပါးအပါအဝင်ဖြစ်သလို “မိန်းမတို့ဘုန်း ဆံထုံး”လို့လည်း အဆိုရှိတယ်မဟုတ်လား။ ဒီလို ကျန်းမာသန်စွမ်းတဲ့ ဆံကေသာမျိုးကို ပိုင်ဆိုင်ချင်တာတော့ ဟုတ်ပါပြီ။ ဘယ်လို နည်းလမ်းမျိုးနဲ့ ပိုင်ဆိုင်အောင် လုပ်ကြမလဲ။ ကိုယ်က ဆံပင်မသန်ဘူး၊ မရှည်ဘူး၊ ခဏခဏ ကျွတ်တယ်၊ အရောင်မတောက်ဘူး၊ စသဖြင့် အားနည်းချက်တွေရှိနေမယ်ဆိုရင် ဘယ်လို သန်စွမ်းကျန်းမာလာအောင် […]


ဝက်ခြံ

ကြက်သွန်ဖြူ ကပေးတဲ့ အသားအရေလှပမှု

ကြက်သွန်ဖြူဆိုတာက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် မီးဖိုချောင်ထဲက ပစ္စည်းလေးတစ်ခုပါ။ နေ့စဉ်စားသုံးမှုမှာပါသလို အသုပ်တွေနဲ့ တွဲစားတာ၊ ထမင်းစားရင်း အတို့အမြှုပ်အနေနဲ့ ထည့်စားတတ်ကြပါတယ်။ စားလိုက်ရင် ကြွပ်ဆတ်ဆတ်လေးနဲ့ ပူစပ်စပ်အရသာရှိတဲ့ ကြက်သွန်ဖြူက အညှီကို သက်သာစေနိုင်သလို အစားအစာကို အရသာ တိုးစေနိုင်တဲ့ ဟင်းချက်ပစ္စည်းတစ်မျိုးဆိုတာထက် ပိုပါတယ်။ ကြက်သွန်ဖြူက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ ဒီလို အကျိုးများတဲ့ ကြက်သွန်ဖြူလေးက အသားအရေ ကျန်းမာရေးကိုရော ဘယ်လိုများ အထောက်အကူပြုပေးသလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကြက်သွန်ဖြူ ကပေးတဲ့ အသားအရေ ကျန်းမာရေး အသားအရေ ကျန်းမာမှုက လူတိုင်းမှာမရှိနိုင်ပါဘူး။ မိတ်ကပ်တွေပြင်လို့ လှတာထက် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ လေဒီလေးတွေက အများကြားမှာ ထင်းခနဲ ကြည့်ကောင်းနေတတ် ကြပါတယ်။ ဒီလို လှပမှုကို ရဖို့ဆိုရင် ကြက်သွန်ဖြူလေးက တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနိုင်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

သောက်ရေ ကပေးတဲ့ အသားအရေလှပမှု

နေ့တိုင်း ရေ ၈ ခွက် သောက်ဖြစ်ရဲ့လား။ တစ်နေ့တာမှာ ရေ လုံလောက်အောင် သောက်သုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပါတယ်။ နေ့စဉ် ရေဓာတ်ပြည့်ဝလုံလောက်အောင် သောက်သုံးမှုက အသားအရေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်နော်။ ကဲ..... သောက်ရေက အလှအပအတွက် ဘယ်လိုများ အထောက်အပံ့ပေးနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား........... သောက်ရေ သောက်ရေလို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောဖို့လိုမယ် မထင်ပါဘူး။ အရောင်အဆင်း အနံ့အရသာ ကင်းရမယ်။ အမှုန်တွေ ကင်းမယ်ဆိုရင် သန့်စင်တဲ့ သောက်ရေလို့ ပြောလို့ရပါတယ်။ တစ်နေ့ကို ရေ ဘယ်နှခွက် သောက်ရမလဲ........... လူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ပါဝင်ဖွဲ့စည်းထားတဲ့ ရေဓာတ် ပြည့်ဝဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်ဖို့လိုပါမယ်။ ဒီလိုမှ မသောက်ဘူးဆိုရင် ရေဓာတ်မလုံလောက်မှု […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း