အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

လည်ပင်း အသားအရေ အရောင်မညစ်စေဖို့ နည်းလမ်းကောင်း (၈) ခု

မိန်းကလေးတွေရဲ့ အလှတရားထဲမှာ လည်တိုင်လှလှလေးတွေလည်း ပါဝင်ပါတယ်။ မျက်နှာအသားအရေလေး လှပါလျက်နဲ့ လည်ပင်း မှာတော့ မဖြူတဲ့အပြင် အသားမညီ၊ အရောင်ညစ်နေတာမျိုး စိတ်ညစ်ရတတ်ပါတယ်။ နေလောင်ထားလို့၊ အသားအရေထိန်းသိမ်းတဲ့အခါ ဒီနေရာကို မေ့လျော့ခဲ့လို့၊ ချွေးပေါက်ပိတ်ဆို့နေလို့ စတဲ့ အကြောင်းရင်းတွေကြောင့် လည်ပင်း အသားအရေ အရောင်ညစ် နေတတ်ပါတယ်။ ဒီလိုမဖြစ်ဘဲ ဖြူဝင်းပြီး နူးညံ့တဲ့ အသားအရေလေး ရစေဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြပါမယ်နော် - (၁) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ် အတွင်းသားအနှစ်ကိုယူပါ။ လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ် ထားပြီး ရေချိုးလိုက်ပါ။ (၂) ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည် (Apple cider vinegar) နှစ်ဇွန်းကို ရေ ၄ ဇွန်း နဲ့ ရောပါ။ ဂွမ်းလုံးလေးနဲ့ လည်ပင်းမှာ သုတ်လိမ်းပေးပါ။ ၁၀ […]


ဝက်ခြံ

ဝက်ခြံကင်းဖို့ လေ့ကျင့်ခန်းလုပ်စို့

ဝက်ခြံတွေကြောင့် အလှပျက်ပြီး စိတ်ညစ်နေရပြီလား။ ဝက်ခြံကြောင့် ကိုယ့်ကိုယ့်ကို ယုံကြည်မှု အားနည်းနေပြီလား။ ဒါဆိုရင်တော့ ဒီဝက်ခြံတွေကို မောင်းထုတ်ဖို့ လေ့ကျင့်ခန်းလုပ်ရအောင်လား…… ဝက်ခြံတွေ ဘာကြောင့်ဖြစ်…………… ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုမကရှိပါတယ်။ စိတ်ဖိစီးတာ ဟော်မုန်း အပြောင်းအလဲ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ နေ့စဉ် စားသောက်မှုပုံစံ အိပ်ရေးမဝတာ တွေကြောင့် ဝက်ခြံဖြစ်နိုင်ပါတယ်။ ဝက်ခြံ သက်သာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါ ဝက်ခြံသက်သာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါလို့ ပြောရတဲ့ အကြောင်းအရင်းကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးစီးဆင်းမှု ကောင်းစေတယ် သွေးစီးဆင်းမှုကောင်းတဲ့အခါ အရေပြားဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေ စီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဒီလို စီးဆင်းရောက်ရှိမှု ကောင်းမွန်တာက အရေပြားအတွက် အကျိုးရှိတဲ့ ကော်လာဂျင်တွေ ထွက်ရှိမှုကို ကောင်းစေပြီး  အရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်မှု နည်းစေပါတယ်။ ဝက်ခြံအပြင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ […]


အသားအရေနှင့် အလှအပ

သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ

မိမိတို့ရဲ့ ဆံနွယ်တွေကို လှပပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးတွေဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဘယ်လို Hair Brush မျိုးတွေကို အသုံးပြုနေလဲဆိုတဲ့ အချက်က အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတတ်ပါတယ်။ ကိုယ့်ဆံပင်အမျိုးအစားနဲ့ မလိုက်ဖက်တဲ့ Hair Brush မျိုးတွေကို အသုံးပြုနေမိမယ်ဆိုရင် ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာ၊ ဘီးဖြီးရာမှာ နာကျင်တာနဲ့ ဦးရေပြားထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ “ခေါင်းဖြီးတာပဲ၊ ဘီးတစ်ချောင်းရှိရင် ပြီးတာပဲ” လို့ လှေနံဓားထစ် ဆိုလို့မရပါဘူး။ ဒီဘက်ခေတ် မိန်းကလေးတွေအတွက်တော့ ဆံပင်အတွက် သုံးရတဲ့ ဘီးတွေ၊ အလှကုန်တွေနဲ့ Hair Products တွေဟာ ဆံပင်အမျိုးအစားအလိုက် ဦးရေပြား အခြေအနေအလိုက် အမျိုးအစား အမျိုးမျိုးထွက်ရှိနေပြီး ကိုယ်နဲ့ အကိုက်ညီဆုံး အလိုက်ဖက်ဆုံး အမျိုးအစားကို ရှာဖွေရွေးချယ်နိုင်မှ အလိုရှိသလို လှပတဲ့ ဆံသားလေးကို ရရှနိုင်မှာပါနော်။ ဘီးတွေဆိုရင်လည်း ဘီးချင်းတူပေမယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

နွားနို့ကပေးတဲ့ အသားအရေ ကျန်းမာရေး

အသားအရေ လှပမှုက အများကြားမှာ ထင်းခနဲ လှနေစေတဲ့ အချက်တစ်ခုပါ။ အသားအရေလှပမှုက မွေးရာပါဆိုတာထက် ကိုယ်တိုင် ထိန်းသိမ်းယူလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေ လှပစေဖို့ နွားနို့လေးက ဘယ်လို ထောက်ပံ့ပေးသလဲဆိုတာကိုပြောပြပေးမယ်နော်။ နွားနို့က အသားအရေကို ဘယ်လို ထောက်ပံ့ပေးသလဲ ဒီအတိုင်းပဲသောက်သောက်၊ ကော်ဖီတွေ လက်ဖက်ရည်တွေထဲပဲ ထည့်ဖျော်ဖျော်၊ သစ်သီးတွေနဲ့ပဲ တွဲဖျော်ဖျော် သောက်ရ အရသာရှိတဲ့ နွားနို့လေးက ကျန်းမာရေး အာနိသင်များသလို အသားအရေ အတွက်လည်း များစွာ အထောက်အကူပြုပေးပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားပေးတယ် နွားနို့နဲ့ ရေချိုးတာက အရေပြားကို အကောင်းဆုံးအားဖြည့်ပေးနိုင်တယ်လို့ အီဂျစ်ဘုရင်မ တစ်ဦးဖြစ်တဲ့ ကလီယို ပတ်ထရာက လက်ခံ ယုံကြည်ခဲ့ပါတယ်။ တကယ်လည်း ဒီယူဆချက်က မှန်ကန်နေတာပါ။ နွားနို့ အစိမ်းနဲ့ ရေချိုးတာက အရေပြားကို နူးညံ့စေပြီး အရေပြားပေါ်က ဆဲလ်သေတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

ပျားရည် ကပေးတဲ့ အသားအရေ ကျန်းမာရေး

ပျားရည်က ဆေးဖက်ဝင်တယ်ဆိုတာကို ထွေထွေထူးထူးမပြောလည်း အများက လက်ခံထားပြီးသားပါ။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိတဲ့ ပျားရည်လေးက ကျန်းမာရေး အာနိသင်​ကြွယ်သလို အသားအရေကိုလည်း အများကြီး အထောက်အပံ့ပေးပါတယ်။ ခုတစ်ခေါက်တော့ ပျားရည်က အသားအရေ ကျန်းမာရေးကို ဘယ်လိုမျိုး ထောက်ပံ့ပေးသလဲဆိုတာ ​ကြည့်လိုက်ရအောင်လား။ ပျားရည် ကပေးတဲ့ အသားအရေ လှပမှု ချိုချိုလေးနဲ့ အရသာရှိတဲ့ ပျားရည်က အရေပြားပေါ်မှာ လိမ်းပေးမယ်ဆိုရင် ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တယ် ပျားရည်ကို အဓိက အသုံးပြုခဲ့ကြတာက အရေပြားပေါ်က ပိုးမွှားတွေကို တိုက်ဖျက်ဖို့ပါ။ အရေပြားပေါ်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားများစွာ ရှိနေပြီး ဒီဘက်တီးရီးယားတွေက အရေပြားရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ ပိုးဝင်ကူးစက်တာမျိုး သက်သာစေဖို့ဆိုရင် ပျားရည်ကို သုံးပေးလို့ရပါတယ်။ အနာကျက် စေနိုင်တယ် ထိခိုက်မှုတစ်ခုခုဖြစ်တယ် လိမ်းစရာဆေးတစ်ခုခု မရှိဘူးဆိုရင် အနာကို သေချာ […]


အသားအရေ ထိန်းသိမ်းခြင်း

နနွင်း ကပေးတဲ့ အသားအရေ လှပမှု

ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြတဲ့ နနွင်းမှုန့်က ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုတာပါ။ အရောင် လှလှလေးနဲ့ အနံ့မွှေးမွှေးလေးရှိတဲ့ နနွင်းမှုန့်က ကျန်းမာရေးအပြင် အသားအရေကိုလည်း အထောက်အကူပြု ပေးပါသတဲ့။ ဒီ ဟင်းချက်ရာမှာ သုံးတဲ့ နနွင်းမှုန့်လေးက အသားအရေကို ဘယ်လိုများ အထောက်အပံ့ပေးသလဲ………. နနွင်း ကပေးတဲ့ အသားအရေ လှပမှု အရောင်လှလှ နနွင်းလေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် နနွင်းက အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိသလို ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းက အရေပြားမှာဖြစ်တဲ့ နီမြန်းရောင်ရမ်းတာတွေကို သိသိသာသာ သက်သာစေနိုင်ပြီး နှင်းခူ၊ နှင်းခူအစိုလိုမျိုး အရေပြား ပြဿနာကြောင့် အသားအရေ ထိခိုက်မှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ဝက်ခြံ သက်သာစေနိုင်တယ် လူတော်တော်များများ ကြုံရတဲ့ အရေပြား ပြဿနာဖြစ်တဲ့ ဝက်ခြံ သက်သာစေဖို့အတွက်လည်း နနွင်းကို သုံးလို့ရပါတယ်။ နနွင်းက […]


အသားအရေ ထိန်းသိမ်းခြင်း

ခရမ်းချဉ်သီး နဲ့ အသားအရေ ကျန်းမာရေး

ဟင်းပဲချက်ချက်၊ သုပ်ပဲစားစား၊ ဆော့စ်ပဲ ဖျော်ဖျော် အရသာရှိသလို ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်းစားရင်လည်း အရသာရှိတဲ့ ခရမ်းချဉ်သီးက ကျန်းမာရေးအတွက် အာနိသင်များသလို အသားအရေကိုလည်း ကျန်းမာစေပါတယ်။ ဒီတော့ အရောင်နီနီရဲရဲလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ခရမ်းချဉ်သီးလေးက အသားအရေကို ဘယ်လို ထောက်ပံ့ပေးသလဲဆိုတာကို ​ကြည့်လိုက်ရအောင်နော်။ ခရမ်းချဉ်သီးမှာ ဘာဓာတ်တွေပါလဲ ............ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အများက သိထားတဲ့ ခရမ်းချဉ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် C ပိုတက်ဆီယမ် ​ဗီတာမင် A ဗီတာမင် B မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။ အသားအရေအတွက် ခရမ်းချဉ်သီးက ဘယ်လို ထောက်ကူပေးသလဲ......... အရောင်အသွေး လှပြီး အရသာရှိတဲ့ ခရမ်းချဉ်သီးလေးက အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ် နေရောင်နဲ့ ထိတွေ့မှုများတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေပါတယ်။ အကြောင်းကတော့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ ခရမ်းချဉ်သီးမှာပါတဲ့ lycopene လို့ခေါ်တဲ့ […]


ဝက်ခြံ

ဝက်ခြံရှိသူလေးတွေအတွက် သင့်တော်တဲ့ Evening Primrose Oil

ဝက်ခြံ အကြောင်းကြားလိုက်ရရင် ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး ထင်ရပေမယ့် ဝက်ခြံက တော်ရုံနဲ့ မပျောက်တာတော့ အသေအချာပါ။ ဝက်ခြံပျောက်သွားခဲ့ရင်တောင်ကျန်နေခဲ့တဲ့ အမာရွတ်တွေက မှန်ကြည့်လိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်နော်။ ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားရတာက ကံကောင်းခြင်းတစ်ခုဆိုတာကို ဝက်ခြံပေါက်ဖူးသူတိုင်း နားလည်မယ်ထင်ပါတယ်။ အစား မှားလိုက်လို့ ဒါမှမဟုတ် စိတ်ဖိစီးလို့၊ အိပ်ရေးပျက်လို့ ဆိုတဲ့ အကြောင်းအရင်း အမျိုးမျိုးရဲ့ နောက်မှာ ဝက်ခြံက ပေါက်လာတတ်စမြဲပါ။ လေဒီလေးတွေမှာဆိုရင် လစဉ်ကြုံရတဲ့ ပြဿနာ​ကြောင့် ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ဝက်ခြံ ထွက်တတ်ပါသေးတယ်။ ဒီလို အကြောင်းအရင်းအမျိုးမျိုးနဲ့ ပေါက်နေတဲ့ ဝက်ခြံလေးတွေကို Evening primrose oil လေး သုံးပြီး တိုက်ထုတ်ကြည့်ရအောင်လား.......... Evening primrose oil ဆိုတာ ဘာလဲ.......... Evening primrose oil (EPO) […]


ဝက်ခြံ

ဂုတ်မှာပေါက်တဲ့ ဝက်ခြံ

ဝက်ခြံဆိုတာက ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ပေါက်နိုင်ပါတယ်။ နေရာ ကွာခြားမှုအလိုက် ဂရုစိုက်ပေးရတာလည်း ကွာခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တေ့ မျက်နှာမှာ မဟုတ်ဘဲ ဂုတ်မှာပေါက်နေတဲ့ ဝက်ခြံတွေ အကြောင်းလေးကို ဆွေးနွေးကြည့်ရအောင်လား.............. ဂုတ်မှာ ပေါက်တဲ့ ဝက်ခြံ လူတော်တော်များများက ဂုတ်မှာ ဝက်ခြံပေါက်တတ် ကြပါတယ်။ ပေါက်ရတဲ့ အကြောင်းအရင်းကလည်း အမျိုးမျိုးပါ။ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေရှိနိုင်သလို၊ ခပ်မာမာဝက်ခြံတွေလည်း ရှိနိုင်ပါတယ်။ အရေပြားအောက်မှာဖြစ်နေတာဖြစ်ပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဂုတ်မှာပေါက်တဲ့ ဝက်ခြံက သိပ်မပြင်းထန်ဘူးဆိုရင် နေအိမ်မှာတင် ကုသတဲ့နည်းတွေနဲ့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ရက်အနည်းငယ်တော့ အချိန်ပေးရနိုင်ပါတယ်။ တကယ်လို့ ဝက်ခြံက အရမ်းနာမယ်။ ရက်သတ္တပတ်အနည်းငယ် ကြာတဲ့အထိ မပျောက်ကင်းဘဲ ဖြစ်နေမယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြ​ကြည့်ဖို့ ပြောပါရစေ။ ဘာတွေကများ ဂုတ်ပေါ်က ဝက်ခြံတွေကို ဖြစ်စေတာလဲ...... ဂုတ်ပေါ်မှာ ဝက်ခြံတွေ ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသား ကျန်းမာရေးအတွက် အမျိုးမျိုး အသုံးဝင်တဲ့ Probiotic လေး

Probiotic ဆိုတာ ဘာလဲ သိကြရဲ့လား။ Probiotic ဆိုတာ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ် ကျန်းမာအောင် အထောက်အကူပြုပေးတာပါ။ ဒိန်ချဉ်၊ ကင်မ်ချီ တို့လိုမျိုး အစားအစာတွေမှာ ပါဝင်နေတတ်ကြပါတယ်။ အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင်လုပ်ဆောင်ပေးတယ်၊ ဝမ်းမှန်စေတယ်၊ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို သက်သာစေတယ်။ အခုပြောပြမယ့် ဒိန်ချဉ်က အစာခြေစနစ်အတွက် ကောင်းတယ်၊ အာဟာရဓာတ်တွေ ပါလို့ အသားအရေ အတွက်ပါ ကောင်းတယ်၊ အခုဆံပင်အတွက် ဆိုလည်း အားဖြည့်ပေးမယ့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်နေပြန်ပါတယ်။ ဆံပင် အတွက် ဘာတွေ ကောင်းလဲဆိုတော့ ဦးရေပြားမှာ မှိုပိုး သန့်စင်စေတဲ့ အာနိသင်ကြောင့် ဗောက်ပျောက်စေတယ် ဆံသားကို အစိုဓာတ် ကြာကြာထိန်းပေးနိုင်တယ် ဦးရေပြား ကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကို သက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်) အဆီထွက်ရှိမှုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း