မိမိတို့ရဲ့ ဆံနွယ်တွေကို လှပပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးတွေဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဘယ်လို Hair Brush မျိုးတွေကို အသုံးပြုနေလဲဆိုတဲ့ အချက်က အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတတ်ပါတယ်။
မိမိတို့ရဲ့ ဆံနွယ်တွေကို လှပပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးတွေဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဘယ်လို Hair Brush မျိုးတွေကို အသုံးပြုနေလဲဆိုတဲ့ အချက်က အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတတ်ပါတယ်။

ကိုယ့်ဆံပင်အမျိုးအစားနဲ့ မလိုက်ဖက်တဲ့ Hair Brush မျိုးတွေကို အသုံးပြုနေမိမယ်ဆိုရင် ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာ၊ ဘီးဖြီးရာမှာ နာကျင်တာနဲ့ ဦးရေပြားထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။
“ခေါင်းဖြီးတာပဲ၊ ဘီးတစ်ချောင်းရှိရင် ပြီးတာပဲ” လို့ လှေနံဓားထစ် ဆိုလို့မရပါဘူး။ ဒီဘက်ခေတ် မိန်းကလေးတွေအတွက်တော့ ဆံပင်အတွက် သုံးရတဲ့ ဘီးတွေ၊ အလှကုန်တွေနဲ့ Hair Products တွေဟာ ဆံပင်အမျိုးအစားအလိုက် ဦးရေပြား အခြေအနေအလိုက် အမျိုးအစား အမျိုးမျိုးထွက်ရှိနေပြီး ကိုယ်နဲ့ အကိုက်ညီဆုံး အလိုက်ဖက်ဆုံး အမျိုးအစားကို ရှာဖွေရွေးချယ်နိုင်မှ အလိုရှိသလို လှပတဲ့ ဆံသားလေးကို ရရှနိုင်မှာပါနော်။
ဘီးတွေဆိုရင်လည်း ဘီးချင်းတူပေမယ့် အကုန်လုံးမှာ သူ့အားသာချက်နဲ့တူ မတူကွဲပြားမှုတွေရှိတယ်ဆိုတာ အမျိုးသမီးတွေ ပိုသိကြပါလိမ့်မယ်။ ဒါကြောင့် ဆံနွယ်လေးတွေ ကျန်းမာလှပအောင် ထိန်းသိမ်းဖို့အတွက် ဆံသားကိုလိုက်ပြီး ဘယ်လို Hair Brush မျိုးကို သုံးသင့်တယ်ဆိုတာကို လက်ဆင့်ကမ်းချင်ပါတယ်။
မှန်ကန်သင့်လျော်တဲ့ ဘီးကို အသုံးပြုပေးလို့ ရနိုင်တဲ့ အဓိက အကျိုးကျေးဇူးကတော့ ဆံပင်ပုံမှန်ကျွတ်တာကို ဖယ်ရှားပေးနိုင်တာနဲ့ ရှုပ်ထွေးမှုကို ရှင်းလင်းပေးနိုင်တာပါပဲ။
ဒီလိုအထောက်အကူတွေကြောင့် ဦးရေပြားနဲ့ ဆံချောင်းလေးတွေဆီ အောက်ဆီဂျင်နဲ့ micro-nutrients တွေ ပိုမိုထောက်ပံ့နိုင်မှာဖြစ်ပြီး ဗောက်ထခြင်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဦးရေပြားမှာ သွေးစီးဆင်းလည်ပတ်မှုကိုလည်းကောင်းမွန်စေမှာဖြစ်တာမို့ ဦးရေပြားရဲ့ pH လယ်ဗယ်ကို အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းပေးထားနိုင်မှာဖြစ်ပြီး အဆီဂလင်းတွေကနေ Sebum တွေ ထုတ်လုပ်နိုင်စေဖို့လည်း အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဦးရေပြားပေါ်က မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ရှားကာ ဆဲလ်စ်အသစ်တွေနဲ့ ပြန်လည်အစားထိုးနိုင်ဖို့ ထောက်ကူပါလိမ့်မယ်။
မှန်ကန်သင့်လျော်တဲ့ ဘီးအမျိုးအစားနဲ့ ကိုယ့်ရဲ့ဆံနွယ်တွေကိုဖြီးသင်ပြီး ဦးရေပြားနဲ့ ဆံပင်ကျန်းမာအောင် စောင့်ရှောက်နိုင်ပါစေနော်။