ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

15 လအရွယ်ကလေးငယ်

၁၅လသားကလေးငယ်လေးကို စောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူ ကလေးကြီးထွားဖွံ့ဖြိုးလာဖို့ ဘယ်လိုလုပ်သင့်လဲ။ သင့်ကလေးဟာခုတော့၁၅လပြည့်ခဲ့ပါပြီ။ ခုချိန်မှာသူဟာလမ်းလျှောက်နေနိုင်ပြီဖြစ်သလိုလမ်းလျှောက်စပြုနေတာလည်းဖြစ်နိုင်ပါတယ်။ သူလမ်းလျှောက်ဖို့ အခန်းလေးလုပ်ထားပေးပါ။ သူလဲကျရင်လည်းလဲကျပါစေ။ ဒီလိုနဲ့ပဲသူ့ပတ်ဝန်းကျင်ကို သူလေ့လာနိုင်ပြီးတဖြည်းဖြည်းနဲ့ အံဝင်ခွင်ကျဖြစ်လာမှာပါ။ သေတ္တာလေးတွန်းပြီးတော့ပဲဖြစ်ဖြစ် တွန်းလှည်းလေးနဲ့ပဲဖြစ်ဖြစ်သင်သူ့ကိုကူညီနိုင်ပါတယ်။ ဒါကသူအလျင်အမြန်တိုးတက်လာဖို့ အကူအညီဖြစ်မှာပါ။ သင့်ကလေးဟာခုဆိုအရင်ကထက်ပိုပြီးကိုယ့်ဖာသာရပ်တည်နိုင်နေတာကိုတွေ့ရမှာပါ။ သူဟာထမင်းစားပွဲမှာသူ့ကလေးထိုင်ခုံမှာထိုင်ရတာနဲ့စာရင် သင်နဲ့တူတူထိုင်ချင်နေပါလိမ့်မယ်။ ဒီအချိန်မှာသင်ဟာသူနဲ့အပြိုင် ပါဝါလုရတော့မှာပါ။ ဒီလိုအခြေအနေမျိုးဟာကလေးကိုကားခုံပေါ်မှာထိုင်ခိုင်းတာဒိုင်ပါလဲပေးရာသွားတိုက်ပေးဖို့ကြိုးစားတာစတဲ့အချိန်မျိုးတွေမှာအများဆုံးကြုံတွေ့ရပါတယ်။ အရမ်းကြီးလည်းစိတ်မပျက်ပါနဲ့။ သင့်ကလေးကသူဟာအကူအညီမပါဘဲနေနိုင်တယ်ဆိုတာကို ပြနေတာပါ။ ဒီအချိန်မှာသင်ကပျာယာမခတ်သွားဖို့အရေးကြီးပါတယ်။ အေးအေးဆေးဆေးနဲ့ သင့်ရဲ့အမိန့်သံပါနေတဲ့စကားကိုမေးခွန်းပုံစံလေးပြောင်းပြီးပြောကြည့်ပါ။ ဥပမာ “သွားတိုက်စမ်း”လို့ပြောမဲ့အစား “ပျော်ဖို့ကောင်းတာလေး တစ်ခုခုလုပ်ကြရအောင်လေ မေမေတို့သွားအတူတူတိုက်ကြမလား” စသဖြင့် ပြောင်းပြောကြည့်ပါ။ အနည်းဆုံးတော့ Mood ပြောင်းသွားတာကိုတွေ့ရမှာပါ။ သင့်ရဲ့ ၁၅နှစ်အရွယ်ကလေးငယ်လေးဟာ အောက်ပါအချက်တွေကိုလည်းလုပ်နေနိုင်ပါတယ်။ အနည်းဆုံး စကား၃လုံးပြောနိုင်ပါတယ်။ ရိုးရှင်းတဲ့ စကားလုံးလေးတွေကိုနားလည်ပါတယ်။ (မဟုတ်ဘူး ။ ပေး။ ) ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပြတတ်ပါတယ်။ ရောင်စုံခဲတံလေးတွေနဲ့ လျှောက်ခြစ်တတ်ပါတယ်။ ဘောလုံးပစ်တာ၊ ပြေးတာ၊ လှေကားတက်တာစသဖြင့် လုပ်နိုင်ပါတယ်။ […]


ကလေးငယ်ပထမနှစ်

16 လအရွယ်ကလေးငယ်

သင့်ရဲ့ ၁၆လအရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိဖို့လိုအပ်လဲ။ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူ ကလေးဟာဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ ဆူညံသံတွေကိုကြောက်လန့်တတ်ခြင်းကိုလည်းတစ်ခါတလေမှာမထင်မှတ်ဘဲတွေ့ရတတ်ပါတယ်။ သင့်ရဲ့ ၁၆လအရွယ်ကလေးဟာ ဖုန်စုပ်စက်တွေ မိုးကြိုးမုန်တိုင်းတွေ ဥသြဆွဲသံတွေ မီးရှူးမီးပန်းဖောက်သံတွေ နဲ့ ဘောလုံးပေါက်သံတွေကြားရင် ကြောက်လန့်ပြီးနံရံမှာကပ်နေတာမျိုးငိုတာမျိုးနဲ့ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့သွားတတ်ပါတယ်။ တစ်ခါတရံ ၁၅လနှင့် ၁၈လကြားထဲမှာ သင့်ကလေးဟာမနက်ပိုင်းခဏအိပ်ချိန်မှာမအိပ်တော့ပါဘူး။ နေ့လည်ပိုင်းတစ်ရေးတမောအိပ်တာနဲ့တင်လုံလောက်ပါတယ်။ အရင်ဆုံးတော့ နေ့လည်ပိုင်းတစ်ခေါက်တည်းအိပ်တဲ့အခါမှာပုံမှန်အိပ်ချိန်ထက်ပိုပြီးကြာတတ်ပါတယ်။ အရမ်းနောက်ကျသွားအောင်တော့မအိပ်ခိုင်းပါနဲ့။ ညဘက်အိပ်ချိန်ကျရင် မအိပ်ချင်ဘဲဖြစ်တတ်လို့ပါ။ ဒီလိုပြောင်းလဲနေတဲ့အချိန်အတွင်းမှာနေ့လည်ပိုင်းအိပ်ချိန်အရမ်းကြာတာမျိုးမဖြစ်အောင် သတိထားထိန်းသိမ်းဖို့လိုပါတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့မလဲ။ သင့်ကလေးဟာအကြောက်တရားပိုကြီးလာပြီးအလွယ်တကူလန့်နေတတ်ပါတယ်။ အကေင်းဆုံးနည်းလမ်းကတော့ သူ့ကိုစိတ်အေးချမ်းသာစွာစိတ်ချလက်ချနေနိုင်အောင်လုပ်ပေးတာပါပဲ။ ထွေးပွေ့ထားပြီးသူ့ခံစားချက်လေးတွေကိုအသိအမှတ်ပြုပေးပါ။ “ ဝိုး အဲ့ဒါအရမ်း ကြောက်ဖို့ကောင်းတာပဲ ဟုတ်တယ်မလား”ဆိုတာမျိုးလောက်ဆိုရင်ကိုလုံလောက်ပါပြီ။ သူ့ကိုပြန်ထိန်းနိုင်ဖို့ သူ့နားတွေကိုဘယ်လိုအုပ်ထားရမယ်ဆိုတာလေး ပြပေးပါ။ သင့်ကလေးဟာဆူညံသံတွေဘယ်ကထွက်လာတယ်ဆိုတာသိပြီးသူတို့ဟာ အန္တရာယ်မဖြစ်စေဘူးဆိုတာသိရင် သူ့အကြောက်တရားတွေ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမှာပါ။ သင့်ကလေးလိုက်လုပ်နိုင်တဲ့ အလုပ်လေးတွေနဲ့ ဇယားချထားတဲ့ အိပ်ရာဝင်ချိန်တွေဟာ ပိုပြီးချောချောမွေ့မွေ့ဖြစ်လာမှာပါ။ ညအိပ်ရာဝင်တဲ့လုပ်ငန်းစဉ်တွေကိုစီစဉ်တာကောင်းမယ်ဆိုရင်သင့်ကလေးကိုအေးဆေးသက်သာစွာအနားယူနိုင်တဲ့အခြေအနေရောက်ဖို့ လုံလောက်တဲ့အချိန်ရှိပါတယ်။ ဒီအချိန်အတိုင်းအတာဟာသင့်အတွက်ရောကလေးထိန်းအတွက်ရောရှုပ်ထွေးပြီးရှည်ကြာတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မိနစ် ၂၀ ကနေ ၃၀အထိဟာတကယ်ကောင်းမွန်လုံလောက်တဲ့အချိန်အတိုင်းအတာပါပဲ။ သင့်ကလေးဟာသူမနက်အိပ်နေကျအချိန်ကိုအစားထိုးဖို့အတွက် နားချိန်နည်းနည်းတော့လိုအပ်ပါဦးမယ်။ အဲ့ဒီအချိန်မှာသွားရည်စာမုန့်ကျွေးပြီးဆိတ်ငြိမ်တဲ့အလုပ်လေးတွေကိုစီစဉ်ပေးပါ။ ဥပမာသီချင်းအေးအေးလေးတွေကိုနားထောင်ခိုင်းတာမျိုး၊ […]


ကလေးငယ်ပထမနှစ်

17 လအရွယ်ကလေး

၁၇လအရွယ်ကလေးအကြောင်းသင်ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးကြီးထွားလာမှုနဲ့ အပြုအမူများ ကလေးဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ သင့်ကလေးဟာခုဆို ၁၇လရှိပါပြီ။ သင့်ကလေးဆီကအသံတချို့ထွက်လာတာသင်သတိထားမိမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာကြောက်ကြောက်လန့်လန့်အော်လိုက်တဲ့အသံပါ။ သင့်မှာအော်ဟစ်တတ်တဲ့ကလေးမရှိတဲ့အတွက် သင်ကံကောင်းတယ်လို့ ခုတော့သင်ထင်နေမှာပဲ။ စဉ်းစားကြည့်ပါ။ သင်ဟာအခုအော်တတ်တဲ့ကလေးရဲ့မိဘတစ်ယောက်ဆိုရင်ရော။ ဒီအချိန်တွေဟာသိပ်ကြာမှာမဟုတ်တဲ့အတွက်စိတ်ပူဖို့တော့မလိုအပ်ပါဘူး။ သင့်ကလေးဟာသူအသံထွက်နိုင်မှန်းသိပြီးတဲ့နောက် သူ့အသံဘယ်လောက်ထိကျယ်နိုင်လဲလို့ စမ်းသပ်နေတာပါ။ ဒါကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ လျစ်လျူရှုထားခြင်းပါပဲ။ သင်ဂရုစိုက်နေလေလေသူကပိုပြီးအော်ချင်လေလေဖြစ်မှာပါ။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးရမလဲ။ သင့်ကလေးဟာ လျှာနဲ့ ပါးစပ်ကြွက်သားတွေ သန်မာလာတဲ့အလျောက် အသံထွက်ကလည်းပိုပြီးတိုးတက်လာပါလိမ့်မယ်။ သူပြောတဲ့စကားကိုထပ်ခါထပ်ခါ ပြန်ပြောခိုင်းပါ။ ဒီလိုလုပ်ခြင်းဟာအသံထွက်မှန်ကန်လာစေပြီးဖခင်နဲ့အခြားသူတွေကိုနားလည်သွားအောင်လုပ်ပေးနိုင်မှာပါ။ အချိန်နဲ့ စိတ်ရှည်သည်းခံမှုတွေနဲ့အတူကလေးတွေဟာအမြဲတမ်းဒီအခြေအနေကနေ ကြီးလာကြတာပါ။ သင့်ကလေးဟာသင့်နားနားကပ်ပြီးအော်ဟစ်ပစ်နိုင်ပါတယ်။ အဲ့လိုအော်ဟစ်ခြင်းဟာသင့်နားကိုနာကျင်စေတယ်ဆိုတာသူတို့ကိုရှင်းပြပါ။ ပြီးတော့ သူပုံမှန်အသံနဲ့ မပြောမချင်းသူ့ကိုတုံ့ပြန်မှာမဟုတ်ဘူးဆိုတာပြောပြပါ။ သူ့ကိုအဲ့ဒါတွေပြောနေတဲ့အချိန်မှာလည်းမအော်မိပါစေနဲ့။ “ ဒါကသားရဲ့ အပြင်အသံလေဒီအသံကိုပန်းခြံထဲမှာကစားကွင်းထဲမှာကစားတအဲ့ခါ သုံးကြတာပေါ့” လို့ပြောပါ။ ကလေးစကားနားထောင်တာအာရုံစိုက်တာကိုသင်တကယ်လိုချင်တယ်ဆိုရင်တော့ သူ့ကိုစကားပြောတဲ့အချိန်မှာလေသံကိုလျှော့ပြီးတိုးတိုးလေးပြောပါ။ အစာကျွေးချိန်တိုင်းမှာ မျှတတဲ့ပေါင်းစပ်မှုပုံစံနဲ့ကျွေးကြည့်ပါ။ တကယ်လို့သင်ကကျန်းမာရေးနဲ့သင့်တော်တဲ့ အစာအုပ်စုပေါင်းစုံကအစာတွေကိုများများကျွေးမယ်ဆိုရင် သူကတစ်ချိန်မှာအသီးအရွက်ကြီးပဲစားပြီးနောက်တစ်ချိန်မှာ အနှံတွေကြီးပဲစားမယ်ဆိုရင်တောင် သူလိုအပ်တဲ့အာဟာရတွေကပြည့်စုံနေမှာပါ။ တစ်ပတ်လုံးမှာသူဘာတွေကိုအများဆုံးစားသလဲဆိုတာကသင့်ရဲ့အာဟာရပြည့်ဝတဲ့အရောအနှောတွေကို တစ်ရက်တည်းမှာသို့မဟုတ် အစာကျွေးချိန်တိုင်းမှာကျွေးနေတာထက်ပိုပြီးအရေးပါပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေကိုရွေးချယ်တဲ့နေရာမှာသူတို့လိုအပ်တဲ့အာဟာရတွေနဲ့ လိုအပ်တဲ့ပမာဏကကလေးငယ်တွေက သဘာဝတရားအရကို ကောင်းမွန်စွာရွေးချယ်နိုင်ပါတယ်။   ကျန်းမာရေးနဲ့ […]


ကလေးငယ်ပထမနှစ်

18 လအရွယ်ကလေးငယ်

၁၈လအရွယ်ကလေးကို ဂရုစိုက်ပြုစုဖို့ သင်ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ ဒီလထဲမှာသင့်ကလေးအလျင်အမြန်ဖွံ့ဖြိုးလာတာကိုတွေ့ရမှာပါ။ ယေဘုယျအားဖြင့် သင့်ကလေးရဲ့အတိုင်းအတာတွေကအောက်ပါအတိုင်းရှိသင့်ပါတယ်။ အလေးချိန် : 10kg မှ 14kg (ကျား), 9kg မှ 13kg (မ) အရပ်အမြင့် :77cm မှ 87cm (ကျား), 74cm မှ 86cm (မ) ဦးခေါင်းအရွယ်အစား : 46cm မှ 50cm(ကျား), 44cmမှ 49cm (မ) တကယ်လို့ သင့်ကလေးကဒီအတိုင်းအတာတွေအတိုင်းမဖြစ်လည်းစိတ်မပူပါနဲ့။ ဒါကယေဘုယျတိုင်းတာထားတာပါ။ သင့်ကလေးပုံမှန်ကြီးထွားနေပြီးသွက်လက်နေဖို့ပဲအရေးကြီးတာပါ။ သင်စိတ်ပူနေသမျှအရာအားလုံးကို ဆရာဝန်ကိုမေးပါ။ သင့်ကလေးဟာသူ့ခြေထောက်ပေါ်သူမတ်မတ်ရပ်နိုင်ပါပြီ။ ဘောလုံးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးသင့်ထံလည်းပစ်ပေးနိုင်ပါပြီ။ သူ့မျက်စိရှေ့မှာမရှိတဲ့ပစ္စည်းတွေကိုဘယ်လိုခေါ်သလဲဆိုတာကိုတောင် သူမှတ်မိနေပါပြီ။ သူအကြိုက်ဆုံးပစ္စည်းတွေနဲ့ တူတူပုန်းတမ်းဆော့ဖို့ အကောင်းဆုံးအချိန်ပါ။ အရောင်တွေနဲ့ အထိအတွေ့ကိုအသုံးပြုပြီးတော့ သူ့ရဲ့အာရုံခံစားနိုင်စွမ်းပိုကောင်းလာဖို့လည်းလုပ်ပေးနိုင်ပါသေးတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ရမလဲ။ တစ်ခါတလေမှာကိုယ့်ဖာသာလမ်းလျှောက်နိုင်တဲ့ကလေးကိုလည်းပွေ့ချီခေါ်သွားဖို့လိုအပ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ပါ။ လူတွေကြားထဲမှာသင့်ကလေးဟာပျောက်သွားမှာကိုကြောက်နေတတ်ပြီးကိုယ့်ကိုကိုယ်လည်းသိမ်ငယ်နေတတ်ပါတယ်။ သူတကယ်ကိုပင်ပန်းနေတာပါ။ သူ့ကိုအာရုံစိုက်ပြီးဂရုစိုက်ဖို့ တကယ်ကိုလိုအပ်နေတာပါ။ သင်ပွေ့သွားမယ်ဆိုပြီးပွေ့ပြီးခေါ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင့်အိမ်ကိုသို့မဟုတ် […]


ကလေးငယ်ပထမနှစ်

19 လအရွယ်ကလေးငယ်

ကလေးကိုဂရုစိုက်ပြုစုဖို့ ဘာတွေသိဖို့လိုအပ်သလဲ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူ ကလေးဟာဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ သင့်ကလေးရဲ့ ဝေါဟာရတွေဟာ ခုချိန်တွေမှာအလျင်အမြန်ကိုတိုးတက်လာတော့မှာပါ။ ပထမမှာသူကတစ်လုံးတည်းရှိတဲ့စကားတွေ အမည်တွေပြောနေပေမဲ့ သိပ်မကြာခင်မှာတော့ အဲ့ဒီစကားလုံးတွေနဲ့တွဲသုံးလို့ရတဲ့ စကားလုံးတွဲတွေကိုပါပြောတတ်လာတော့မှာပါ။ ခုချိန်မှာသင့်ရဲ့ ၁၉လ ကလေးလေးဟာမျက်လုံးနဲ့လက်လှုပ်ရှားမှုတွေတစ်ထပ်တည်းကျလာမယ်။ ခြေထောက်နဲ့လက်မောင်းကြွက်သားတွေသန်မာလာပြီးတော့ လှုပ်ရှားနိုင်တဲ့စွမ်းရည်တွေကိုလှေကားအတက်အဆင်းပြုလုပ်ခြင်းကနေရလာပါလိမ့်မယ်။ ဒီလှုပ်ရှားနိုင်တဲ့စွမ်းအားကိုသူဘယ်လိုအသုံးပြုလဲဆိုတာကတော့ သူ့ရဲ့ပင်ကိုယ်အရည်အချင်းပေါ်မှာမူတည်ပါတယ်။ တက်ရခက်ခဲတဲ့နေရာတွေမှာဘယ်နေရာလေးပဲခြေကုပ်ရရရအောင်နေတတ်ကြတဲ့ တောင်ဆိတ်တွေလိုမျိုးသူ့ခုံပေါ်ကနေခုတင်ပေါ်ကို ၊ သူ့အတွက်ခြံဝင်းလေးထဲကနေ မီးဖိုထဲကိုဘယ်လိုသွားရသလဲဆိုတာကိုသူသေချာလေ့လာနေနိုင်ပါတယ်။ အဲ့လိုတွေ တက်တတ်နေတာကောင်းပေမဲ့ အန္တရာယ်ကင်းဖို့လိုပါတယ်။ သင့်ကလေးဟာ ရုတ်တရက်အိပ်ရာဝင်ရမှာကိုငြင်းဆန်တတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာကသူမပါဘဲနဲ့ ကမ္ဘာကြီးဟာပိုပျော်စရာကောင်းတယ်လို့သူထင်နေလို့ပါ။ သူကပျင်းစရာကောင်းတဲ့အိပ်ရာထဲမှာတစ်ယောက်တည်းနေနေရချိန်မှာဖေဖေနဲ့မေမေကပျော်စရာတွေအများကြီးနဲ့ အရမ်းပျော်နေကြမှာပဲလို့ ထင်နေပါတယ်။ အထူးသဖြင့် လူတွေစကားပြောတာနဲ့ TVထဲကအသံတွေကို ကြားနေရတဲ့ကလေးတွေမှာဒီလိုဖြစ်ရပ်မျိုးပိုဖြစ်တတ်ပါတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။ ဒီအချိန်ဟာ ရေအိမ်ဝင်တတ်အောင်သင်ပေးတာကို အရှိန်မြှင့်ပေးဖို့ အကောင်းဆုံးအချိန်ပါ။ ခြေထောက်ထောက်ထားလို့ရပြီးအိုးပါတဲ့ထိုင်ခုံလေးတွေနဲ့သင်ပေးတာကအလွယ်ကူဆုံးနည်းလမ်းဖြစ်မှာပါ။ တပ်ထားတဲ့ ရေအိမ်ထိုင်ခုံကအနည်းငယ်တော့ ဆန်းကြယ်နေပါမယ်။ ဒီရေအိမ်ကိုသုံးတတ်ဖို့အတွက် သင့်ကလေးဟာခြေနင်းခုံတွေကိုအသုံးပြုပြီးရေအိမ်ပေါ် သူကိုယ်တိုင် တစ်ယောက်တည်းတက်သွားနိုင်တဲ့ အသက်အရွယ်ရှိရမှာဖြစ်ပြီးနာခံတတ်ဖို့လည်းလိုပါတယ်။ အရမ်းကိုနာခံတတ်ပြီးပျော်ရွှင်နေတတ်တဲ့ကလေးတွေတောင်မှ တစ်ခါတလေမှာငိုတတ်၊ အီတတ်ပြီးတစ်ခုခုကိုအကြောက်အကန် ကိုင်ထားတတ်ကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူစိတ်တိုင်းမကျတာစိတ်ညစ်နေတာတွေကိုသင်သိနေကြောင်းပြောပြပါ။ သူ့ခံစားချက်လေးတွေကိုအသိအမှတ်ပြုပေးပါ။ ဒါပေမဲ့ ဒီလိုအခြေအနေကနေလွတ်ရင်ပြီးရောဆိုပြီးမလုပ်ပါနဲ့။ တကယ်လို့သူကငိုနေမယ်၊အကြောက်အကန်ငြင်းနေမယ်ဆိုရင် […]


ကလေးငယ်ပထမနှစ်

20 လအရွယ်ကလေးငယ်

လ၂၀ အရွယ်ကလေးငယ် လ၂၀အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ လ၂၀အရွယ်မှာ သင့်ကလေးဟာ ဝါကျတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်တော့ပြောနိုင်နေပါပြီ။ သူဟာစာအုပ်တွေကိုအရမ်းစိတ်ဝင်စားပါလိမ့်မယ်။ ဒါဟာစာဖတ်ခြင်းကိုအားပေးဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ သင့်ကိုဖတ်ပြခိုင်းစေချင်တဲ့ သူအနှစ်သက်ဆုံးစာအုပ်လည်းရှိနေနိုင်ပါတယ်။ စာအုပ်ထဲကမတူညီတဲ့ ပုံတွေကိုလည်းသူပြပေးနိုင်ပါလိမ့်မယ်။ ဒါဟာသူ့ရဲ့ ပြောဆိုဆက်သွယ်ခြင်းနဲ့ နားလည်သိတတ်မှုစွမ်းရည်တွေ တိုးတက်လာတဲ့ သင်္ကေတပါ။ စာအုပ်ကိုသူကိုယ်တိုင်ကိုင်ထားတာ ကြည့်ခြင်းအားဖြင့် သူ့ရဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တိုးတက်လာတာကိုလည်း မြင်နိုင်ပါတယ်။ ဒါကတကယ်ကောင်းပါတယ်။ စာရွက်တွေကိုလည်းသူကိုယ်တိုင် လှန်ကောင်းလှန်နိုင်ပါလိမ့်မယ်။ ဒီအချက်ကောင်းလေးတွေကို ကြည့်ခြင်းအားဖြင့် သင့်ကလေးဟာပုံမှန်ဖွံ့ဖြိုးတိုးတက်လာတာကိုသိနိုင်ပါတယ်။ သူဟာဘောလုံးကိုပစ်နိုင် ကန်နိုင်တဲ့အခြေအနေမှာလည်းရှိနေနိုင်ပါတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။ အကောင်းဆုံးနည်းလမ်းကတော့ စာဖတ်ချိန်မှာစာဖတ်ဖို့ စာအုပ်တွေဝယ်ပေးတာပါ။ အိပ်ရာမဝင်ခင်မှာ စာဖတ်ချိန်ဆိုပြီးစီစဉ်ထားရှိပေးနိုင်ပါတယ်။ ဒါကသင့်ကလေးအိပ်ရာမဝင်ခင်မှာ အေးအေးချမ်းချမ်းအနားယူနိုင်ဖို့အတွက် တကယ်ကောင်းတဲ့နည်းလမ်းပါ။ အခြားအချိန်တွေမှာလည်းစာဖတ်ချိန်တွေ ထပ်ထည့်ပေးနိုင်ပါတယ်။ ဥပမာ ကစားချိန်အတွင်းမှာ၊ နေ့လည်မအိပ်ခင်အချိန်မှာနဲ့ ရေအိမ်ဝင်တဲ့အချိန်မှာရောပေါ့။ ပုံအမည်ပေးစာအုပ် ကဗျာစာအုပ် စသဖြင့်လည်းစာအုပ်အမျိုးမျိုးကိုသင်ရွေးချယ်နိုင်ပါသေးတယ်။ သင့်ကလေးကိုစာအုပ်ဆိုင်ခေါ်သွားပြီးသူဘယ်စာအုပ်အမျိုးအစားကို စိတ်ဝင်စားလဲဆိုတာ သိအောင်လုပ်နိုင်ပါတယ်။ စာအုပ်ရွေးချယ်ရာမှာသင့်ကလေးပါ ပါပါစေ။ ဒါကသူ့ကိုစိတ်လှုပ်ရှားပျော်ရွှင်စေမှာပါ။ သင့်ကလေးဟာသူတစ်ယောက်တည်းပိုပြီးရပ်တည်နိုင်လာပါပြီ။ “ကိုယ့်ဖာသာလုပ်မယ်”ဆိုတဲ့စကားတွေကိုစပြောလာပါတော့မယ်။ သင့်ကလေးတွေကိုအလုပ်သေးသေးလေးတွေ […]


ကလေးငယ်ပထမနှစ်

21 လအရွယ်ကလေးငယ်

၂၁လအရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ သင့်ကလေးကခုဆိုရင် ၂၁လရှိနေပါပြီ။ သင့်ကလေးကအရမ်းကိုသွက်လက်ပြီးဘယ်လိုပြေးတယ်ဆိုတာလေ့လာနေတဲ့အရွယ်လေးပေါ့။ သူတို့ဟာနောက်ပြန်လျှောက်ဖို့နဲ့ လှေကားတက်ဖို့တောင် ကြိုးစားနေချင်ကြပါသေးတယ်။ ကောင်းပါတယ်။ သူ့ရဲ့ကြွက်သားတွေ သန်မာလာပြီးနဲ့ မျက်လုံးနဲ့လက်လှုပ်ရှားမှု အံဝင်ခွင်ကျဖြစ်လာတာပေါ့။ တကယ်လို့သင့်ကလေးကတိတ်တိတ်လေးထိုင်နေတယ်ဆိုရင်လည်းသိပ်စိတ်မပူပါနဲ့။ တစ်ခါတလေမှာသင့်ကလေးက သူ့ပတ်ဝန်းကျင်ကို လေ့လာဖို့နဲ့ နားလည်ဖို့ အချိန်ယူရပါတယ်။ ကလေးအများစုဟာတစ်ရက်တာရဲ့ ၂၀%ကို ဒီလိုလုပ်ခြင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ သင့်ကလေးက လုံးဝတက်တက်ကြွကြွမရှိတော့ဘူးဆိုရင်တော့ ဆရာဝန်ကိုပြောပြပါ။ သင့်ကလေးဟာဘလော့တုံးတွေနဲ့ တာဝါတိုင်ဆောက်တဲ့ ကစားနည်းတွေတတ်နေနိုင်ပြီးစာရွက်ပေါ်မှာဒါမှမဟုတ် နံရံပေါ်မှာလျှောက်ခြစ်နေတတ်ပါပြီ။ ဒါကသူ့ရဲ့ လှုပ်ရှားနိုင်စွမ်းတိုးတက်လာပါ။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးရမလဲ။ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကိုလွပ်လွပ်လပ်လပ်ပြေးခိုင်းပြီးလဲကျခိုင်းလိုက်ပါ။ အမေတစ်ယောက်အနေနဲ့ ဒီလိုကြီးလက်လွှတ်လိုက်ရမှာတကယ်ခက်ခဲမှာပါ။ သင့်ကလေးနာကျင်မှာကိုသင်ဘယ်ကြည့်ရက်ပါ့မလဲ။ ဒါပေမဲ့ သင့်ကလေးဟာလဲကျလေလေ ပြန်လည်ထူထောင်နိုင်လာလေလေပါပဲ။ ဒါဟာသင့်ကလေးလေ့လာသင်ယူဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ သင့်ကလေးဟာပုံတွေဆွဲချင်ပြီးလျှောက်ခြစ်ချင်နေပါလိမ့်မယ်။ သင့်ကလေးကိုစာရွက်လွတ်နဲ့ ရောင်စုံခဲတံတွေပေးပြီးတော့သာဆွဲခိုင်းလိုက်ပါ။ တကယ်လို့များသင်က ကလေးကို marker pen ပေးချင်တယ်ဆိုရင် ဖျက်လို့ရတဲ့ဟာဖြစ်နေပါစေ။ သင့်ကလေးတီထွင်ဖန်တီးမှု ဉာဏ်ရည်ကွန့်မြူးမှု အားကောင်းလာဖို့ ဒီနည်းလမ်းတွေနဲ့ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

22 လအရွယ်ကလေးငယ်

၂၂လအရွယ်ကလေးကိုပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိထားဖို့ လိုအပ်သလဲ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ ကလေးကဘယ်လိုဖွံ့ဖြိုးတိုးတက်လာသင့်သလဲ။ သင့်ကလေးဟာခုဆိုရင် အသက်၂၂လရှိနေပါပြီ။ သူဟာဘီးပါတဲ့ကစားစရာလေးတွေကိုလျှောက်လမ်းတစ်လျှောက်တွန်းချင်နေတာမျိုးဒါမှမဟုတ် သူလုပ်ချင်တာတွေ အများကြီးရှိနေမှာပါ။ သင်ကသူတွေးနေတာတွေကိုနှောက်ယှက်မယ် ဒါမှမဟုတ် သူလုပ်ချင်တာတွေကိုပိတ်ထားမယ်ဆိုရင် သူအမူအရာတွေ ချက်ချင်းပြောင်းလဲသွားတာကိုတွေ့ရမှာပါ။ ဒီအရွယ်ကလေးတွေဟာအရမ်းကိုထိခိုက်ခံစားလွယ်ပါတယ်။ သူလိုချင်တာရတဲ့အခါမှာပျော်ရွှင်သွားတာနဲ့ စိတ်တိုင်းမကျတဲ့အပြုအမူတွေကိုသိသိသာသာပြတတ်လာပါတယ်။ ဒါတွေဟာသူ့ရဲ့လွတ်လပ်ခွင့်ကိုသူရဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အာရုံပြောင်းခြင်းဟာအဓိကသော့ချက်ပါပဲ။ သင့်ကလေးရဲ့အာရုံစိုက်နိုင်စွမ်းဟာအကြာဆုံးမှ ၁၀မိနစ်ပဲရှိတာပါ။ အာရုံလွှဲခြင်းနဲ့ မဖြစ်နိုင်တာတဲ့အရာတွေ လျှောက်လုပ်ခြင်းကိုတားဆီးလိုက်တာဟာသူ့ရဲ့ထိန်းချုပ်ရခက်တဲ့ အတွေးတွေကိုမေ့သွားစေနိုင်ပါတယ်။ ဒေါသတကြီးအော်ဟစ်မနေတော့ဘဲတခြားအရာတစ်ခုကိုအာရုံရောက်သွားစေနိုင်ပါတယ်။ တစ်ခါတလေသင့်ကလေးကိုပွေ့ပြီးအခြားအခန်းတစ်ခန်းကိုခေါ်သွားတာမျိုးအထူးသဖြင့် အပြင်ထွက်တာမျိုးတွေဟာသူစိတ်ပြေစေနိုင်တဲ့နည်းလမ်းတွေပါ။ သင့်ကလေးဟာသင့်ရဲ့အာရုံစိုက်မှုကိုရဖို့ သူလုပ်နေတာတွေကိုရပ်ထားလိုက်ပါလိမ့်မယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။ အလုပ်တစ်ခုကိုအောင်မြင်မှချိးကျူးပေးတာမျိုးမဟုတ်ဘဲခက်ခက်ခဲခဲလုပ်နေရတဲ့အချိန်မှာအားပေးချီးမြှောက်တာကလည်းစိတ်ပျက်ခြင်းတွေကြားထဲမှာစိတ်ဓါတ်တက်ကြွလာစေပြီးအခက်အခဲတွေဖြေရှင်းနိုင်မှာပါ။ တကယ်လို့သူကငိုယိုပြီးမဖြစ်ဖြစ်အောင်ကြိုးစားနေရင် သင်က “ သားအတွက်ဖိနပ်စီးရတာခက်ခဲနေမယ်မှန်းမေမေသိတယ်။ ဒါပေမဲ့ သားကတကယ်ကြိုးစားနေတာပဲ” “ အိုသားစိတ်ဆိုးနေတာလား။ မေမေဘာလုပ်ပေးရမလဲ” စသဖြင့် သင်ပြောပေးလို့ရပါတယ်။ လေးလံတဲ့ဘလော့တုံးတွေကိုနေရာတကျပြန်စီတာမျိုးနဲ့ အပင်တွေကိုရေကူလောင်းပေးတာမျိုးလိုခက်ခဲပြီးစိန်ခေါ်မှုတွေပြည့်နေတဲ့ အလုပ်တွေဟာသင့်ကလေးရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့စိတ်ကိုပိုပြီးလျင်မြန်စွာတိုးတက်စေနိုင်ပါတယ်။ သူနည်းနည်းအခက်တွေ့နေတယ်လို့ထင်ရင် ချက်ချင်းပြေးပြီးကူညီတာမျိုးမလုပ်မိအောင်ထိန်းပါ။ အဲ့ဒီလိုလုပ်ပေးလိုက်တာဟာ သူ့ကိုမှီခိုတတ်တဲ့စိတ်တွေဝင်သွားစေပြီး ယုံကြည်မှုတွေ ယိုင်နဲ့သွားစေပါတယ်။ သင့်ကလေးအလုပ်အသစ်တွေကိုစတင်လုပ်တဲ့အခါမှာသင့်ရဲ့မိခင်စိတ်နဲ့ ဝင်ရောက်ကူညီပြီး ကလေးကိုကာကွယ်ချင်တဲ့စိတ်ကသင့်အတွက်တော့ တကယ့်စိန်ခေါ်မှုကြီးပါပဲ။ ကလေးကိုသင့်ထံမှအကူအညီတောင်းခံလာအောင်လုပ်နေတာကသိပ်ပြီးအကျိုးမရှိပါဘူး။ သင့်ကလေးအိပ်ပျော်သွားတာမျိုးကစားနည်းထဲမှာ အာရုံဝင်စားနေတာမျိုး […]


ကလေးပြုစုစောင့်ရှောက်ခြင်း

သန်းများကိုမြန်မြန်သေစေမည့် ကုထုံးသစ်

သင့်ကလေးဒါမှမဟုတ် သင့်ကလေး၏အတန်းဖော်တွင် သန်းများရှိကြောင်းတင်ပြသည့်စာကိုကလေးကျောပိုးအိတ်ထဲမှာတွေ့လိုက်ရင်လျှင် မိဘများကြောက်သွားတတ်ကြပါသည်။ အခုတော့ ဆေးနည်းအသစ်တစ်ခုကကြောက်ရွံ့ရမှုကိုလျော့နည်းသွားစေနိုင်ပါပြီ။ ခေါင်းသန်းများသည် ခြေရှစ်ချောင်းပါသည့်အင်းဆက်များဖြစ်ပြီးဦးရေပြားနှင့်လည်ပင်းကိုကုပ်တွယ်ကလူသွေးစုပ်သည့်အကောင်များပင်ဖြစ်သည်။ သန်းတစ်ကောင်စီ၏အရွယ်သည် နှမ်းစေ့တစ်စေ့လောက်သာရှိပြီးသေချာရှာမှသတိထားမိမှာဖြစ်သည်။ သန်းဥများသည် ဦးရေပြားအနီးဆံစများတွင်ကပ်နေတတ်ပြီးရှာတွေ့ရန်ပိုခက်သေး၏။ အသစ်သောလေ့လာချက်တစ်ခုအရSklice (ivermectin)ဆိုသောလိုးရှင်းဆေးသည် တစ်ကြိမ်လိမ်းရုံနှင့် ၁၀ မိနစ်လောက်အတွင်းသုတ်သင်ပေးနိုင်ပါသည်။ ဆိုတော့ ဘီးစိတ်တွေမလိုတော့ပါ။ လေ့လာတွေ့ရှိချက်များအားနယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြပြီးဖြစ်သည်။ သန်းကူးစက်ခံရခြင်းသည် လူမှုရေးရာတွင်အရှက်ရဖွယ်ဖြစ်နေပြီးမိုးဦးစကျောင်းဖွင့်ကာလတွင် ပိုပေါက်ပွားလေ့ရှိသည်။ ယနေ့ခေတ်တွင်သန်းသတ်ဆေးအများအပြားကိုရရှိနိုင်ပြီးလိုးရှင်းပုံစံခေါင်းလျှော်ရည်ပုံစံတို့ဖြင့် အလွယ်တကူဝယ်ယူနိုင်ပါသည်။ သို့သော်ထိုအရာများသည်သန်းကောင်ကိုသာသတ်နိုင်ပြီးဥများကိုတော့မသတ်နိုင်ပါ။ ထို့ကြောင့် နောက်ထပ်အသစ်ပေါက်မည့်သန်းများကိုပါ ထပ်သတ်ဖို့လိုပါသေးသည်။ အိမ်တိုင်ရာရောက်ဆလွန်းဝန်ဆောင်မှုများက ဒီလိုညစ်ပတ်တဲ့အရာတွေအတွက် သင့်ကိုအကူအညီပေးနိုင်ပါသည်။   သန်းသေဆေးများသော်လည်း အကုန်မစွမ်းပါ ဒီကုသနည်းတွေက ၅၀%လောက်သာ ထိရောက်ပါသည်။ ဆိုလိုသည်မှာမှန်မှန်လေးသုံးစွဲဖို့လို၏။ သုံးလျှင်လဲဆေးမတိုးခြင်းကဖြစ်လာနိုင်သေး၏။ Ivermectinဟာတစ်ကြိမ်းတည်းသုံးရသည့်ကုထုံးဖြစ်ပြီးသုံးပြီးပါကဆံပင်များကိုရှုပ်ထွေးမနေစေပဲပျော့ပျောင်းစေသည်။ လိုရှင်းကို ဆရာဝန်ညွှန်ကြားချက်နှင့်ဝယ်ယူနိုင်ပြီးအာမခံမရှိပါကဒေါ်လာ ၃၀၀ ခန့်ကျသင့်မှာဖြစ်သည်။ လေ့လာမှုအရဘေးထွက်ဆိုးကျိုးအနည်းငယ်အဖြစ် အသားနီခြင်းယားယံခြင်းများရှိနိုင်ပါသည်။ ထို့အပြင် Skliceကိုလဲတခြားသောကုထုံးများနှင့် နှိုင်းယှဉ်၍လဲမရပါ။ သန်းရှိသူအသက်ခြောက်လမှစပြီးကလေးငယ် ၇၆၅ ကိုလိုးရှင်းအသစ်သုံးခိုင်းရာ အစွမ်းထက်ပါဝင်ပစ္စည်းကိုဖယ်သုံးခိုင်းသူများထက် ၂ရက် ၈ ရက် ၁၅ ရက်ခန့် သန်းမရှိသည့်နေ့များကိုပိုရရှိထားပါသည်။ ထပ်မံလေ့လာချက်များအရလိုးရှင်းအသစ်သည် လက်ရှိကုထုံးများနှင့်နှိုင်းယှဉ်လျှင် နောက်ဆုံးမှရွေးချယ်သင့်သည်ဟုသုတေသီများမှ ဆိုထားသည်။ Sklice သန်းကူးစက်ခံရခြင်းသည် ဘယ်သူမှထုတ်မပြောချင်သည့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးရဲ့ ချက်ကြိုးအတွက် ဂရုစိုက်ပြုစုခြင်း

ချက်ကြိုးဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက်လုံးအတွင်း ကလေးငယ်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အရေးအကြီးဆုံးအခန်းကဏ္ဍတွေထဲက တစ်ခုပါပဲ။ ချက်ကြိုးက အောက်ဆီဂျင်တွေ၊ antibodies တွေနဲ့ အာဟာရရင်းမြစ်တွေကို မိခင်နဲ့ သန္ဓေသားကြားမှာ သယ်ယူပို့ဆောင်ပေးပါတယ်။ ဒါပေမယ့် ကလေးမွေးဖွားပြီးတာနဲ့ ချက်ကြိုးကို ညှပ်ပြီးဖြတ်ပစ်ရပါတယ်။ ဒါမှသာ ကလေးငယ်တွေမှာ ချက်ဖြစ်ပေါ်နိုင်မှာပါ။ ချက်ကြိုးကိုညှပ်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မွေးဖွားပြီးအနည်းဆုံး၂မိနစ်ကြာတဲ့အချိန်မှာပါပဲ။ ဒါမှသာ ကလေးငယ်က ချက်ကြိုးထဲမှာကျန်နေတဲ့ အောက်ဆီဂျင်နဲ့သွေးတွေကို လက်ခံရရှိနိုင်မှာပါ။ ဒီလိုလုပ်ခြင်းဟာ သွေးအားနည်းရောဂါ (anaemia)နဲ့အခြားသော ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒီလိုချက်ကြိုးဖြတ်တဲ့လုပ်ငန်းစဉ်ဟာ ကလေးငယ်ရဲ့ဗိုက်ပေါ်မှာ (၂စင်တီမီတာမှ ၃စင်တီမီတာထိရှည်နိုင်တဲ့) ချက်ငုတ်ကို ကျန်ထားစေနိုင်ပါတယ်။ ၅ရက်မှ ၁၅ရက်ထိကြာပြီးနောက်မှာတော့ ၎င်းကခြောက်ပြီးကြွေကျသွားမှာပါ။ ကလေးငယ်တွေမှာ ပြီးပြည့်စုံတဲ့ချက်တစ်ခုဖြစ်ပေါ်ဖို့ အချိန်က ၁ပတ် သို့မဟုတ် ၁ပတ်နဲ့အထက်ကြာလေ့ရှိပါတယ်။ ကလေးရဲ့ချက်ငုတ်ကို ဂရုမစိုက်တာဟာ ဝမ်းဗိုက်နံရံမှာ Omphalitis-bacterial inflammation လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ရောင်ယမ်းခြင်းတွေကိုဖြစ်နိုင်ပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း