ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

သင့်ကလေးကိုအစာအမာများမကျွေးခင်သင်သိသင့်သောအချက်များ

သင့်ကလေးကို အစာအမာကျွေးခြင်းသည် သင့်ကလေး၏ အသက်ပထမတစ်နှစ်တွင် စိတ်လှုပ်ရှားစရာကောင်းသောမှတ်တိုင်တစ်ခုဖြစ်သည်။ အစာအမာများ ပထမဆုံးစကျွေးခြင်းသည် ကမ္ဘာပေါ်တွင်ရှိသောအရသာမျိုးစုံကို စတင်စမ်းသပ်ခွင့်ရဖို့ ကနဦးအစပင်ဖြစ်သည်။ မည်သည့်အချိန်တွင်ကလေးကိုအစာအမာ စတင်ကျွေးသင့်သနည်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အမေရိကန်ကလေးဆရာဝန်များ အဖွဲ့အစည်းသည် ကလေးများကို လေးလနှင့်ခြောက်လအတွင်းတွင် အစာအမာများ စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ ထိုအချိန်ကတည်းကပင် ကလေး၏အစာချေစနစ်သည် အစာမျိုးစုံကိုချေရန် လုံလောက်စွာ ဖွံ့ဖြိုးနေပြီဖြစ်သည်။ အချို့ကိစ္စရပ်များတွင် သင်သည် ကလေးကို အနည်းငယ်နောက်ကျပြီးမှ အစာအမာကိုစတင်ကျွေးနိုင်သည်။ (ခုနစ်လ ပတ်ဝန်းကျင်)။ အရမ်းအစောကြီး အစာအမာစတင်ကျွေးခြင်းသည် မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဓါတ်မတည့်ခြင်း တုံ့ပြန်မှုများနှင့်တွေ့ကြုံနိုင်ရသောကြောင့် သို့မဟုတ် အသက်ကြီးလာလျှင် အဝလွန်ခြင်းနှင့် ဆက်စပ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အသက်ရှစ်လ၊ကိုးလအထိ အစာအမာ မကျွေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွယ်တွင် အစာစားသည့် အလေ့အကျင့်ကို ပြောင်းလဲရ ခက်ခဲလာသောကြောင့်ဖြစ်ပါသည်။ သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီး […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ထွက်များခြင်း အကြောင်းသိကောင်းစရာများ

မိခင်နို့လုံလုံလောက်လောက်မထွက်ခြင်းသည် မိခင်များစိတ်ပူသည့်အကြောင်းအချက်တစ်ရပ်ဖြစ်သကဲ့ သို့ နို့ထွက်များခြင်းသည်လည်း ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ ဤဆောင်းပါးတွင် နို့ထွက်များခြင်း အကြောင်းရင်များနှင့် ဘယ်လိုလျော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ ဘာကြောင့် နို့်ထွက်များရသလဲ။ နို့ထွက်များရခြင်းအကြောင်းအရင်းများ စွာရှိပါသည်။ အချို့မိခင်များ၏ခန္ဓါကိုယ်များသည် အစကတည်းကပင် နို့ထွက်များကြသည်။ အချို့ကိစ္စရပ်များတွင်တော့ ဟော်မုန်းမညီမျှခြင်းကြောင့် နို့ထွက်များကြသည်။ အကယ်၍ မိခင်သည် ကလေးနို့စို့နည်းစေရန် နို့မတိုက်မီ ပမာဏများစွာကို ညှစ်ထုတ်ထား လျှင် ဖြစ်တတ်ပါသည်။ နောက်တစ်ချက်အတော့ သူငယ်ချင်းများ၊မိသားစု သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်သူများထံမှ ကြားသိဖူးသော ရှေးရိုးစွဲယုံကြည်မှုကြောင့်ဖြစ်သည်။ နို့တိုက်လျှင်တစ်ဖက်ကို မိနစ် အနည်းငယ်စီမျှတိုက်ခြင်း သို့မဟုတ် ကလေးက နို့တိုက်တိုင်း နှစ်ဖက်လုံးကို စို့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။   နို့ရည်ထွက်နှုန်းကို လျှော့ချပေးနိုင်မည့်နည်းလမ်းများ အကယ်၍သင့်ကလေးသည် နှစ်နာရီအတွင်း နို့ပြန်ဆာပါက ပထမတိုက်ခဲ့သော နို့တစ်ဖက်တည်းကိုပြန်တိုက်ပါ။ ကလေး၏တုံ့ပြန်မှုကိုကြည့်ပါ။ သင့်ကလေး၏လိုအပ်ချက်ကြောင့်နို့ရည်သည် ထွက်သွားသည်နှင့်အမျှ နို့ထုတ်လုပ်နှုန်းလည်းနှေးသွားပါလိမ့်မည်။ နို့ရည်ထုတ်လုပ်နှုန်းသည် ကလေး၏လိုအပ်ချက်နှုန်းနှင့် သက်ဆိုင်ပါသည်။ နို့သောက်နှုန်းမြင့်လေလေ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ကလေး ထိန်းသိမ်းစောင့်ရှောက်နည်း လမ်းညွှန်

ကလေးတယောက်ကို ပြုစုရတယ်ဆိုတာ မလွယ်ပါဖူး။ အော်တစ်ဇင်ကလေးကို ပြုစုစောင့်ရှောက်ရတာပိုလို့တောင်မှ ခက်ခဲပါသေးတယ်။ စိုးရိမ်ပူပန်ရတယ်၊ သောကများရတယ်၊ပင်ပန်းစိတ်ဖိစီးရတယ် အစုံပါပဲ။ တကယ်လို့ သင့်မှာ အော်တစ်ဇင်ရင်သွေးလေးရှိတယ်ဆိုရင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ (၁) အကောင်းမြင်ပါ။ အော်တစ်ဇင်ကလေးငယ်လေးတွေဟာလည်း တခြားလူတွေလိုပဲ အကောင်းမြင်ပြီးဆက်ဆံတာကို သဘောကျပါတယ်။ ကိုယ့်ကလေးရဲ့ အခြေအနေကို အမြဲ အကောင်းဖက်ကပဲတွေးပါ။ သင်ဂရုတစိုက်ပြုစုလေ ကလေးရဲ့ အခြေအနေတိုးတက်လေဆိုတာ စိတ်ထဲမြဲမြဲမှတ်ထားပါ။ ရင်သွေးလေးရဲ့ ချစ်စဖွယ် အပြုအမူ၊အမူအရာလေးတွေကို အမြဲစောင့်ကြည့်ရှာဖွေနေပါ။ တကယ်လို့ သင့်ရင်သွေးလေးဟာ အခြေအနေတိုးတက်လာတယ်၊တခုခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်ဆိုရင် အရုပ်ကလေးပေးတာ၊တခုခု အမှတ်တရဝယ်ပေးတာ၊ချီးမွမ်းတာမျိုးကို အရေးတယူလုပ်ပေးပါ။ တကယ်လို့ ကလေးအနေနဲ့ တခုခု အမှားအယွင်းလုပ်မိတယ်ဆိုရင်လည်း အပြစ်မပေးပါနဲ့။ ဘာကူညီပေးနိုင်မလဲ၊ဘယ်လိုပြုပြင်ပေးနိုင်မလဲ ဆိုတာကိုပဲ အလေးထားပြီး စဉ်းစားပါ။ မေတ္တာသည်သာ အောင်နိုင်ရာဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ (၂) လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ပေးပါ။ သင့်ကလေးမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးနဲ့ဖခင်ကြား ခိုင်မာတဲ့နှောင်ကြိုးတစ်ခု ဖန်တီးနိုင်မယ့်နည်းလမ်းများ

ကျွမ်းကျင်သူတွေပြောပြကြတဲ့ ကလေးနဲ့ဖခင်ကြား နှောင်ကြိုးဆိုတဲ့ အဓိပ္ပာယ်ဟာ သင်နဲ့ သင့်ကလေးကြား နီးစပ်တဲ့နှောင်တွယ်မှုတွေ ကြီးထွားခြင်းပဲဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးကို ချစ်ခြင်းမေတ္တာနဲ့ရေချိုးပေးသလို၊ ကလေးကိုကာကွယ်လိုဇောနဲ့ အရှိန်နဲ့လာတဲ့ ထရပ်ကားရှေ့ပြေးဝင်လိုက်သလို ခံစားမှုမျိုးပါပဲ။ အချို့သော ဖခင်တွေဟာ သူတို့ကလေးနဲ့ နှောင်တွယ်ထားတာမျိုးကို မွေးဖွားပြီးမိနစ်အနည်းငယ်အတွင်းနဲ့ မွေးဖွားပြီးနေ့ရက်တွေမှာခံစားရတတ်ပြီး တစ်ခါတစ်ရံမှာ ဒီလိုခံစားမှုမျိုးရဖို့အချိန်ယူရပါတယ်။ ဒါဟာ လုံးဝသဘာဝကျပါတယ်။ နောက်ဆုံးမှာတော့ မွေးခါစကလေးလေးဟာ သင့်ရဲ့ရင်ခွင်ထဲရောက်လာပါပြီ။ သင့်ဇနီးပြန်ပြီးကျန်းမာလာဖို့ သင်ကူညီချင်သလို တစ်နေကုန်လုံး ၂နာရီလောက်တောင် မအိပ်လိုက်ရတဲ့အဖြစ်မျိုးတွေလည်းကြုံရနိုင်ပါတယ်။ သင့်ကိုယ်သင်ညှာပါ။ ပြီးတော့ ဒီနှောင်ကြိုးဟာ မကြာခင်မှာပဲ ခိုင်မာလာတော့မယ်ဆိုတာ သတိရပါ။ နှောင်ကြိုးတွေအပေါ် သိပ္ပံနည်းကျလေ့လာမှုများ လေ့လာမှုတွေကတော့ ကလေးမွေးဖွားချိန်မှာရှိနေတဲ့ဖခင်တွေဟာ မွေးဖွားပြီးမကြာခင်မှ ကလေးကိုထွေးပွေ့ရတာကြောင့် မိခင်တွေခံစားရတဲ့ နှောင်ကြိုးမျိုးနဲ့တူတဲ့ ခံစားမှုမျိုးကို ရက်သတ္တပတ်အနည်းငယ်လောက်ခံစားရတတ်ပါတယ်။ အစမှာတည်းက ကြိုးစားပြီး အချိန်တိုင်းနီးကပ်အောင်နေရင် နောက်ပိုင်းမှာ သင့်အတွက်အကျိုးရှိလာပါလိမ့်မယ်။ လေ့လာမှုအများစုကတော့ ဒီလိုအစောပိုင်းကာလတွေမှာ နီးနီးကပ်ကပ်နေတာက […]


အခြားကလေးကျန်းမာရေးပြဿနာများ

စမတ်ဖုန်းတွေနှောင့်ယှက်နေတဲ့ မိဘနဲ့ သားသမီးအကြားဆက်ဆံရေး

စမတ်ဖုန်းတွေ တက်ဘလက်တွေဟာ အလုပ်၊အိမ် နဲ့ လူမှုဆက်ဆံရေးတွေကြားက နယ်ပယ်တွေကို ဝေဝါးလာစေတဲ့အတွက် မိဘတွေအနေနဲ့ ဒီအခြေအနေကို မျှခြေတစ်ခုဖြစ်အောင်၊ အဆင်ပြေအောင် ကိုင်တွယ်နိုင်ဖို့ လိုအပ်လာပါတယ်။ လေ့လာမှု အသစ်တစ်ခုရဲ့ အဆိုအရ မိဘတွေအနေနဲ့ နည်းပညာသုံးပစ္စည်းတွေ (ဖုန်း၊တက်ဘလက် စသည်)ကို ငယ်ရွယ်တဲ့ ကလေးတွေအနားမှာ အသုံးပြုမယ်ဆိုရင် စိတ်ဖိအားတွေများတာ၊ ပဋိပက္ခတွေဖြစ်တာ ဒါမှမဟုတ် ကလေးတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေဖြစ်လာစေတယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုခြင်းကြောင့် မိဘနဲ့ သားသမီးကြား ဆက်ဆံရေးမှာ ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိလာနိုင်သလဲ။ ပါဝင်ကူညီခဲ့ကြတဲ့ အစမ်းသပ်ခံ မိဘတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းသုံးတာ၊ အလုပ်နဲ့ ကလေးတွေအကြား တော်တော်ကို ဗျာများရတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ သတင်းအချက်အလက်တွေ၊ ကြည့်ချင်စရာတွေ များလွန်းလှတာက စိတ်ဖိစီးမှုတွေများပြားစေတာကြောင့် မိသားစုတွေနဲ့ တရင်းတနှီးနေချိန် (ဥပမာ ထမင်းစားချိန်)တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ကမ္ဘာလုံးကို ကိုယ့်လက်ဝါးပေါ်တင်ထားရသလိုပဲလို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

တိရစ္ဆာန်မှာသုံးတဲ့ဆေးတွေနဲ့ သင့်ကလေးရဲ့ ကျန်းမာရေး

သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားကောင်း မွေးထားမှာပါ။ ဒါပေမယ့် သင့်မှာ ခွေးလေးကြောင်လေးတွေအပြင် ကလေးတွေပါရှိတယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။ တိရစ္ဆာန်လေးတွေရဲ့ ဆေးတွေကို ထိတွေ့ကိုင်တွယ်စားမိပြီး အရေးပေါ်ရောက်လာတဲ့ ကလေးတွေ တနေ့တခြား ပိုပိုများလာလို့ပါပဲ။ ဒီတော့ ခွေးလေးကြောင်လေးတွေ မွေးထားရင်း ကလေးတွေကိုပါ အန္တရာယ်မဖြစ်စေရအောင် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်လိုက်ပါဦး။ တိရ စ္ဆာန်ဆေးတွေနဲ့ ကလေးတွေ တိရ စ္ဆာန်ဆေးတွေကြောင့် အရေးပေါ်ရောက်လာတဲ့ ကလေးတွေ ပိုပိုများလာနေပါပြီ။ အားလုံးသိတဲ့အတိုင်း ဒီဆေးတွေဟာ တိလေးတွေရဲ့ အသက်ကိုကယ်တင်နိုင်၊ရောဂါပျောက်ကင်းစေနိုင်ပေမယ့် ကလေးတွေအတွက်တော့ အန္တရာယ်ပါ။ သင့်ကလေးတွေဟာ နည်းအမျိုးမျိုးနဲ့ ဒုက္ခရောက်နိုင်ပါတယ်။ တိလေးတွေ မစားဘဲ အန်ထုတ်ထားတဲ့ ဆေးပြားတွေကို ကလေးတွေက ကောက်စားမယ်။ တိလေးတွေအတွက် ဆေးထည့်ထားတဲ့ အစားအသောက်တွေကို ကလေးလေးက ယူစားမယ်။ ကလေးတွေက ခွေးစာ၊ကြောင်စာဟာ အနံ့လေးမွှေးလိုက်တာ၊အရသာရှိလိုက်တာလို့ ထင်ရင်ထင်နေမှာ ဖြစ်ပါတယ်။ ခွေးလေး၊ကြောင်လေးတွေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ငိုနေတဲ့ကလေးအတွက် အလိုအလျောက်တုံ့ပြန်မှု ကုထုံး

ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ငိုကြွေးနိုင်ကြပြီး အငိုတိတ်အောင်ချော့မြှူဖို့က မိဘတွေအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။ ကလေးတွေက သူတို့မှာဘာတွေဖြစ်နေတယ်ဆိုတာ မပြောပြတတ်ပါဘူး။ ဗိုက်နာနေတာ၊ ဝမ်းချုပ်နေတာ၊ ချမ်းနေတာ၊ သွားလေးတွေပေါက်လာလို့ သွားယားနေတာ စသည်ဖြင့် နေထိုင်လို့မကောင်းတာအမျိုးမျိုးရှိနိုင်ပါတယ်။ အငိုတိတ်စေဖို့စမ်းသပ်ကြည့်သင့်တဲ့ အန္တရာယ်ကင်းတဲ့နည်းကောင်းတစ်မျိုးကတော့ အလိုအလျောက်တုံ့ပြန်မှုကုထုံးပါပဲ။ ဘယ်လိုအကူအညီရနိုင်လဲ ထိုအလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ကလေးတွေမှာ လျင်မြန်ကောင်းမွန်တဲ့ ရလဒ်ကိုပေးပါတယ်။ ကလေးတွေ စိတ်မကြည်ရင် ငိုနေရင် နေထိုင်လို့မကောင်းရင် လက်လေး ခြေလေးတွေကိုပွတ်သပ်ပေးလိုက်ခြင်းအားဖြင့် ကလေးအများစုအတွက် အသုံးဝင်တဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။ အလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ခြေလက်တွေမှာရှိတဲ့ တုံ့ပြန်တဲ့အမှတ်လေးတွေနဲ့ အရေးကြီးကိုယ်တွင်းအင်္ဂါ၊ ကြွက်သား၊ အရိုး၊ ခန္တာကိုယ်ရဲ့စနစ်တွေ ဆက်စပ်လုပ်ဆောင်မှုပေါ်မူတည်ထားတဲ့ ကုထုံးတစ်ခုပါ။ ထိုနည်းဟာအကျိုးရှိပြီး ဘေးလည်းကင်းပါတယ်။ ကလေးငယ်လေးတွေရဲ့နုနယ်သေးတဲ့ခြေလက်လေးတွေ၊ နူးညံ့သေးတဲ့ အရေပြားနဲ့ အရိုးလေးတွေကြောင့် အလိုအလောက်တုံ့ပြန်မှုကုထုံးဟာ ပိုထိရောက်ပြီး လျင်မြန်တဲ့နည်းတစ်ခုလည်းဖြစ်တယ်။ ခြေထောက်မှာရှိတဲ့ ပိတ်နေတဲ့နေရာကို အသာအယာဖိနှိပ်ပေးခြင်းဖြင့် တကိုယ်လုံးကို စွမ်းအင်တွေပို့လွှတ်ပေးနိုင်ပါတယ်။ ဗိုက်နာနေတဲ့ ဒါမှမဟုတ်ဝမ်းချုပ်နေတဲ့ ကလေးတွေကို နာကျင်မှုချက်ခြင်းလျော့သွားစေတာ၊ စိတ်မကြည်တဲ့ကလေးတွေကို စိတ်သာရာရသွားစေတာမျိုး […]


ကလေးငယ်ပထမနှစ်

12 လအရွယ်ကလေးငယ်

၁၂လသား ကလေးငယ်လေးကို စောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူကိုယ့်ကလေးဟာ ဒီအရွယ်မှာ ဘယ်လိုမျိုး ကြီးထွားနေသင့်သလဲ။ ယခုသင့်ကလေးဟာ ၁နှစ်တင်းတင်းပြည့်သွားပါပြီ။ သင်ဟာ ပထမဆုံးတစ်နှစ်ကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့ပြီ။ သင့်ကလးဟာ သူ့ရဲ့ပထမဆုံးခြေလှမ်းကိုလှမ်းရင်း တစ်ကိုယ်တည်းရပ်တည်စပြုလာပါပြီ။ ကလေးအတော်များများဟာ ၉လနဲ့၁၂လကြားမှာ လမ်းလျှောက်ခြင်းကို အစပျိုးသင်ကြားကြပါတယ်။ ၁၄လ နဲ့ ၁၅လကြားမှာတော့ သေချာကောင်းမွန်စွာလမ်းလျှောက်နိုင်ကြပါပြီ။ တကယ်လို့သင့်ကလေးဟာ စားပွဲတွေကို မလွှတ်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့ဦး။ ကလေးတွေ ၁၅လ ၁၆လအရွယ်ထိ လမ်းလျှောက်စမပြုသေးဘူးဆိုတာကလည်း သာမန်ဖြစ်နေကျကိစ္စတစ်ရပ်ပါ။ လုံး၀ Normal ပါပဲ။ တစ်ခါတလေ ဒီထက်တောင် နောက်ကျနိုင်ပါသေးတယ်။ ဝူးဝူးဝါးဝါးပြောနေတဲ့လပေါင်းများစွာအပြီးမှာတော့ သင့်ကလေးဟာ စကားလုံးတွေကို စတင်မှတ်သားတတ်လာပါပြီ။ ဒါဟာတစ်နေ့တည်း တစ်ညတည်းမှာဖြစ်လာမဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကလေးတစ်ယောက်နဲ့ တစ်ယောက် မှတ်သားနိုင်တဲ့ အချိန်ချင်းကလည်း တူညီမှာတော့မဟုတ်ပါဘူး။ သေချာတဲ့အချက်တစ်ခုကတော့ ကလေးငယ်ဟာသူပြောနိုင်တာထက် အများကြီးပိုပြီးနားလည်နေပါပြီ။   ကလေးကို ဘယ်လို အကူအညီပေးမလဲ။ သင့်ကလေးကို ထူခြင်းပွေ့ခေါ်ခြင်းများ မလုပ်ဘဲ အကူအညီမပါဘဲတစ်ယောက်တည်း […]


ကလေးငယ်ပထမနှစ်

13 လအရွယ်ကလေးငယ်

သင့်ရဲ့၁၃လအရွယ်ကလေးကို ဂရုစိုက်ပြုစုဖို့ ဘာတွေသိဖို့လိုအပ်လဲ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူများ ကလေးဟာဘယ်လိုဖွံ့ဖြိုးသင့်သလဲ။ အသက်၁၃လမှာ သင့်ကလေးဟာစားသောက်ပုံတွေပြောင်းလဲနေနိုင်ပါပြီ။ သူဟာရုတ်တရက်ကြီး အစားအသောက်ရွေးသူတစ်ယောက်လည်းဖြစ်သွားနိုင်ပါတယ်။ ဒါဟာကြည့်လိုက်ရင်တော့ ထူးဆန်းသလိုထင်ရပေမဲ့ ပုံမှန်ပါပဲ။ ဒီအချိန်ဟာ အစားအစာမျိုးစုံကို စတင်စမ်းသပ်ကြည့်ဖို့နဲ့ သူအရင်ကမကြိုက်ခဲ့တဲ့ စားစရာတွေကို ပြန်လည်ကျွေးကြည့်ဖို့အတွက် အချိန်ကောင်းပါ။ ဒါက သူ့ရဲ့အရသာခံအာရုံဖွံ့ဖြိုးတိုးတက်ခြင်းပါပဲ။ သူ့ကို စားစရာအမျိုးမျိုးနဲ့ ဟင်းအမျိုးမျိုးကို စမ်းပြီးကျွေးကြည့်နိုင်ပါတယ်။ သူ့မှာ အလေးချိန်ကျဆင်းခြင်းနဲ့ ဖျားနာခြင်း (သို့) ဝမ်းပျက်ခြင်းတွေဖြစ်လာမှသာလျှင် သင်စိုးရိမ်ရမှာပါ။ ဒီအခြေအနေဟာ သူ့မှာကူးစက်ရောဂါတစ်ခုခုဖြစ်နေတာကြောင့် အစာစားချင်စိတ်တွေမရှိတာလို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သင်ဆရာဝန်ခေါ်သင့်ပါပြီ။ အစားအသောက်ပုံစံပဲပြောင်းလဲတာမဟုတ်ပါဘူး။ အိပ်စက်တဲ့အလေ့အထလည်းပြောင်းလဲလာပါတယ်။ သူဟာအရင်က အအိပ်ကြီးအိပ်တဲ့ ကလေးတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ညသန်းခေါင်မှာရုတ်တရက်ကြီးနိုးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ၁၂လကနေ ၁၄လအအတွင်း ကလေးတွေဟာအိပ်မက်မက်တတ်လာကြပါပြီ။ အိပ်မက်တွေဟာ ကလေးတွေ အော်ဟစ်ပြီးနိုးလာသည်အထိ ခြောက်လှန့်တတ်ပါတယ်။ သူအိပ်ပျော်သွားတဲ့ထိ သူနဲ့အိပ်ပေးခြင်းအားဖြင့် သူ့စိတ်ကို သက်သာရာရစေမှာပါ။ ဒါဟာလည်း မကြာခင်ပြီးသွားပါလိမ့်မယ်။ ကလေးကိုဘယ်လိုထောက်ပံ့ရမလဲ။ တစ်ခါတလေ အစားအသောက်ဂျီးများတဲ့ကလေးတစ်ယောက်ရှိတာဟာ […]


ကလေးငယ်ပထမနှစ်

14 လအရွယ်ကလေးငယ်

သင့်ရဲ့၁၄လအရွယ်ကလေးကို ဂရုစိုက်ဖို့ သင်ဘာတွေသိရမလဲ။ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူများ ကလေးဟာဘယ်လိုဖွံ့ဖြိုးသင့်သလဲ။ သင့်ကလေးလေးဟာ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတယ်ဆိုတာကို သင်သတိပြုမိပါလိမ့်မယ်။ သင့်ကလေးဟာ သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်မှုပိုများလာပြီး တစ်ခုခုဆို သတိထားကြည့်ပြီး ပြင်ဆင်ထားတတ်လာပါပြီ။ အသားကြိတ်စက်ကအသံတွေ အဝတ်လျှော်စက်ကအသံတွေကိုလည်း သူကြောက်ကောင်းကြောက်နေနိုင်ပါတယ်။ သင်ကဒါကိုသတိပြုမိဖို့လိုပြီး သင့်ကလေးစိတ်ကိုအဆင်ပြေစေဖို့ နည်းလမ်းတွေကို ကြိုတင်ရှာထားသင့်ပါတယ်။ သူတို့တွေဟာ ရေချိုးကန်ကိုလည်း ကြောက်ရွံ့နေတတ်ပြန်ပါသေးတယ်။ အရင်ကသင့်ကလေးက ရေချိုးရတာ နှစ်သက်ကောင်းနှစ်သက်မှာဖြစ်ပေမဲ့ အခုအချိန်မှာသူဟာ ရေချိုးခန်းကို ကြောက်စရာနေရာကြီးအဖြစ်မြင်ကောင်းမြင်နေနိုင်ပါတယ်။ ရက်အနည်းငယ်လောက်သူ့ကို ရေချိုးရာမှာသုံးတဲ့ ဖော့လေးတွေနဲ့ ရေချိုးခိုင်းကြည့်ပါ။ ရေချိုးကန်ထဲမှာ ရေမထည့်ဘဲထိုင်ခိုင်းထားပြီး တဘက်လေးတွေပေးပြီးဆော့ခိုင်းကြည့်ပါ။ မကြာခင်မှာ အဆင်ပြေလာပြီး လုံခြုံစိတ်ချမှုကို သူပြန်ပြီးခံစားလာရပါလိမ့်မယ်။   ကလေးကိုဘယ်လိုထောက်ပံ့သင့်သလဲ။ ဒီအရွယ်ကလေးတွေဟာထိန်းချုပ်ဖို့မလွယ်ကူပါဘူး။ ဒီလိုအချိန်ဟာ အခြေခံအလုပ်လေးတွေကို စည်းကမ်းတကျလုပ်တတ်ဖို့နဲ့ ကလေးအတွက် ကန့်သတ်ချက်အချို့ထားဖို့အတွက် အကောင်းဆုံးအချိန်ပါ။ သင်နဲ့ ကလေးဖေဖေဟာ ကလေးကို ဘာတွေပေးလုပ်မယ် ဆိုတာနဲ့ ကလေးတစ်ခုခုကိုလုပ်လိုက်မိရင် ဘယ်လိုရလဒ်တွေကိုပေးမလဲဆိုတာကို တစ်ညီတည်းဖြစ်နေအောင်တိုင်ပင်ထားရမှာပါ။ ဒါဟာသင့်ကလေးကိုအော်ဟစ်ဆူပူရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း