အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Femur shaft fractures (ပေါင်ရိုးတိုင်ကျိုးခြင်း) ကဘာလဲ။ ပေါင်ရိုးသည်ခန္ဓါကိုယ်တွင် အသန်မာဆုံးအရှည်ဆုံးအရိုးဖြစ်သည်။ ပေါင်ရိုးသည်သန်မာလွန်း၍ကျိုးရန်အားအများကြီးလိုအပ်သည်။ ကားတိုက်မှုဥပမာ သည် အများဆုံးဖြစ်စေသောအကြောင်းဖြစ်သည်။ ရှည်ပြီး ဖြောင့်သောအပိုင်းကို ပေါင်ရိုးတိုင်ဟုခေါ်သည်။ ထိုနေရာတွင်ကျိုးပါက ပေါင်ရိုးတိုင်ကျိုးခြင်းဟုခေါ်သည်။ ပေါင်ရိုးကျိုးခြင်းသည် များသောအားဖြင့် ဖြစ်စေသောအားအပေါ်မူတည်သည်။ အရိုးများက တညီတည်းသို့မဟုတ် လွဲသွားခြင်း နှင့် အရေပြားအပိတ် သို့မဟုတ် အဖွင့်( အရိုးကအရေပြားကိုဖောက်ထွက်) တို့ဖြစ်နိုငသည်။ ခွဲခြားစနစ်ကိုသုံး၍ဆရာဝန်မှ ကျိုးခြင်းအဆင့်ကိုသတ်မှတ်သည်။ ပေါင်ရိုးကျိုးခြင်းတွင် ကျိုးသောနေရာ( ပေါင်ရိုးတိုင်တွင်သုံးပိုင်းရှိသည်။ အဝေး အလယ် အနီး) အရိုးကျိုးသည့်ပုံစံ (ဥပမာ လားရာမျိုးစုံကျိုးနိုင်သည် ဥပမာ အလျားလိုက် အရှည်လိုက်သို့မဟုတ် အလယ်) ထိခိုက်မှုကြောင့်ကျိုးပါက အရေပြားနှင့်ကြွက်သားသည် အရိုးအပေါ်တွင်ရှိမရှိ။ ပေါင်ရိုးတိုင်ကျိုးခြင်း အဓိကပုံစံများမှာ ကန့်လတ်ဖြတ်ကျိုးခြင်း။ ထိုကျိုးခြင်းတွင် ပေါင်ရိုးတိုင်၏ ရေပြင်ညီအတိုင်းအဖြောင့်လိုက်ကျိုးသည်။။ စောင်းကျိုးခြင်း။ ထိုကျိုးခြင်းတွင် ပေါင်ရိုးတိုင်တွင် ထောင့်တခုပေါ်ကျိုးသည်။ ရစ်ပြီးကျိုးခြင်း။ အရိုးကျိုးရာသည်သိကြားလုံးအပေါ် ဝိုင်းထားသကဲ့လို့ ဖြစ်နေသည်။ လိမ်သွားစေသောအားပါသည့်အချိန်တွင်ထိုသို့ကျိုးခြင်းမျိုးဖြစ်နိုင်သည်။ တစ်စဆီကျိုးခြင်း။ ဒီကျိုးခြင်းတွင် အရိုးသည် သုံးလေးပိုင်းမကကြေသွားသည်။ များသောအားဖြင့် အရိုးအစများအရေအတွက်သည် […]


အရိုးကျိုးခြင်း

Cervical fracture (လည်ပင်းရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical fracture (လည်ပင်းရိုးကျိုးခြင်း) ကဘာလဲ။ လည်ပင်းမှာရှိတဲ့ အရိုးခုနှစ်ခုဟာ လည်ပင်းကျောရိုးဆစ်တွေဖြစ်ကြပါတယ်။ ဒီကျောရိုးမထဲက လည်ပင်းရိုးတွေဟာခေါင်းကို အထောက်အကူပြ ုပြီး ပုခုံနဲ့ ခန္ဓါကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ လည်ပင်းကျောရိုးဆစ်တွေတစ်ခု ကျိုးတာပဲ့တာမျိုးဖြစ်ခဲ့ရင် များသောအားဖြင့် ဇက်ကျိုးခြင်းလု့ိခေါ်ပါတယ်။ ကျောရိုးမကြီးကို ထိခိုက်ဒဏ်ရာရခဲ့ပါက နောက်ဆက်တွဲဆိုးကျိ ုးတွေအများကြီးရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာရုံကြောမ စနစ်က ဦးနှောက်ရယ် ခန္ဓါကိုယ်ရယ်ကို ဆက်သွယ်ထားပြီး ကျောရိုးဆစ်တွေ ကြားကနေဖြတ်သွားရ တာကြောင့်ဖြစ်ပါတယ်။ အာရုံကြောမကြီးကို ထိခိုက်မိပါကလေဖြတ်ခြင်းဖြစ်နိုင်ပြီး သေတဲ့အထိဖြစ်နိုင်ပါတယ်။ လည်ပင်းကျောရိုးဆစ်တွေထဲက တစ်နေရာရာကို ထိခိုက်မိပါက လည်ပင်းအောက်ကစပြီး ခန္ဓါကိုယ်တစ်ခုလုံး ယာယီ သို့မဟုတ် အမြဲတမ်း အကြောသေတာမျိုးဖြစ်နိုင်ပါတယ်။ Cervical fracture (လည်ပင်းရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အတွေ့ရများပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာတွေ့ရတတ်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများCervical fracture (လည်ပင်းရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လည်ပင်းက အရိုးဆစ်တစ်ခုကျိုးသွားပါက ပထမဆုံးတွေ့ရမယ့်လက္ခဏာကတော့ လည်ပင်းနာခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ် တာကအာရုံကြောတွေကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ကဘာလဲ။ တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါဆိုသည်မှာ တင်ပဆုံကြားကြွက်သားသည် မပျော့ပျောင်းတော့ပဲအလွန်အမင်း တင်းမာနေခြင်းကိုဆိုလိုသည်။ ထိုတင်ပဆုံကြားကြွက်သားလွှာ သည် စအိုလမ်းကြောင်းနှင့် ဆီးပြွန်တို့ကို ထောက်ကန်ပေးထား သည်။ အမျိုးသမီးများတွင် သားအိမ်နှင့် မိန်းမကိုယ်ကိုပါ ထောက်ကန်ပေးသည်။ ထိုရောဂါသည် နာတာရှည်ရောဂါတခုဖြစ်ပြီး ကာလရှည်အတွင်း စအိုလမ်းကြောင်းနှင့်စအိုဝတွင် ပျောက်လိုက်နာလိုက်ဖြစ်နေတတ်သည်။ Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ Levator syndrome (သို့) levator ani spasm syndrome ဟုလည်းခေါ်ကြသည်။ ယေဘုယျ ပျမ်းမျှ လူဦးရေတွင် 7.4ရာခိုင်နှုန်းသောအမျိုးသမီးများနှင့်5.7 ရာခိုင်နှုန်းသောအမျိုး သားများတွင် ဖြစ်ပွားနေသည်ဟုခန့်မှန်းသိရှိရသည်။ ထိုရောဂါစု၏ လက္ခဏာများပြနေသောဝေဒနာရှင်တဝက်ကျော်ကျော်သည် အသက်30မှ 60အတွင်းရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLevator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ကိုက်ခဲမှု ဝေဒနာရှင်များသည် အူလှုပ်ရှားမှုနှင့်မဆိုင်သော စအိုလမ်းကြောင်း နာကျင်မှုကိုခံစားရနိုင်ပြီး ခဏတာမျှ(သို့)ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး နာရီပေါင်းများစွာနှင့် ရက်ပေါင်းများစွာကြာခံစားရနိုင်ပါသည်။ ထိုင်လိုက်သောအခါ (သို့) လှဲအိပ်သောအခါ နာကျင်မှုသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ကဘာလဲ။ Degenerative disc disease ဆိုတာ ရောဂါ အစစ်တစ်ခု မဟုတ်ပါ။ အသက်ကြီးလာသည်နှင့် အမျှ သင့်ရဲ့ ကျောရိုးများကြားရှိ အရွတ်ပြားများ တွင် ခံစားရမည့် သာမာန်ပြောင်းလဲမှုများ ပဲဖြစ်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ ကျောရိုးများကြားရှိ အရွတ်ပြားများသည် ရေဓါတ်နည်းပါးလာပြီး ပါးလာကာ ကျောရိုးနှစ်ခုကို ပူးသွားစေပါတယ်။ ထိုအခါ ကျောရိုးရှိ အာရုံကြောများ ဖြတ်သန်းရာ အပေါက်များ ပါကျဉ်းသွားကာ အထူးသဖြင့် သင်လမ်းလျှောက်စဉ်၊ ပြေးစဉ်၊ ခုန်စဉ်တွင် ထိုအရွတ်ပြားက ကောင်းကောင်း မထိန်းထားနိုင်တော့ပေ။ ဒီအခြေအနေဟာ ကျောရိုးတစ်လျှောက် အဆစ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ခါးရိုးပိုင်း နဲ့ လည်ပင်းပိုင်း အရွတ်များမှာ အဖြစ်များပါတယ်။ ထိုသို့ဖြစ်ပါက -လည်ပင်း/ခါး နာခြင်း -အဆစ်များကြား ရှိ အရိုးနုများပါ ပါးလာကာ အရိုးနဲ့ အဆစ်များရောင်ရမ်းခြင်း -ကျောရိုး အရွတ်ပြား ကျွံထွက်လာခြင်း -အာရုံကြောမကြီး […]


အရိုးကျိုးခြင်း

Broken Finger (လက်ချောင်းရိုးများကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Finger (လက်ချောင်းရိုးများကျိုးခြင်း) ကဘာလဲ။ သင့်လက်ချောင်းများရှိအရိုးများကို အရိုးဆစ်များphalangesများဟုခေါ်သည်။ လက်ချောင်းတခုတွင် အရိုးဆစ်သုံးခုရှိသည်။ ခြွင်းချက်အနေဖြင့် လက်မတွင် အရိုးဆစ်နှစ်ခုရှိသည်။ တခု(သို့)တခုထက်ပိုသောထိုလက်ရိုးဆစ်များကျိုးပါကလက်ချောင်းရိုးကျိုးခြင်းကိုဖြစ်ပွားစေသည်။ လက်ကျိုးခြင်းသည် လက်အားထိခိုက်ဒဏ်ရာရခြင်း၏ရလဒ်ဖြစ်သည်။ မည်သည့်အရိုးဆစ်မဆိုကျိုးနိုင်သည်။ သင့်၏လက်သီးဖုများသည်လည်း သင့်လက်ချောင်းရိုးများဆုံရာနေရာဖြစ်ပြီး ထိုနေရာတွင်လည်း ကျိုးနိုင်သည်။ Broken Finger (လက်ချောင်းရိုးများကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများBroken Finger (လက်ချောင်းရိုးများကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ချောင်းရိုးများကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာကျင်ကိုက်ခဲခြင်း ရောင်ရမ်းခြင်း ထိလိုက်လျှင်နာကျင်ခြင်း နဂိုပမာဏအတိုင်းလှုပ်ရှား၍မရခြင်း သင့်လက်ချောင်းသည်ပုံလည်းပျက်နေနိုင်ပါသည်။ ကျိုးထားသော လက်ချောင်းများသည် အလွန်နာကျင်နိုင်ပြီး အထူးသဖြင့် သင့်လက်ချောင်းများကို လှုပ်ရန်ကြိုးစားသောအခါတွင်ဖြစ်သည်။ သို့သော်တခါတရံတွင် နာကျင်မှုသည် စူးစူးဝါးဝါးမဟုတ်ပဲ ထိုနာကျင်မှုကို ခံနိုင်ရည်ရှိနေနိုင်တတ်သည်။ ဆိုးဆိုးဝါးဝါးနာကျင်မှုမရှိသော်လည်း ဆေးကုသမှုမလိုအပ်ဟုမဆိုလိုပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် […]


အရိုးကျိုးခြင်း

Broken Foot (ခြေထောက်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Foot (ခြေထောက်ကျိုးခြင်း) ကဘာလဲ။ မတော်တဆမှုတခုခု(သို့)ချော်လဲပြုတ်ကျခြင်းတခုခုမှ သင့်ခြေထောက်ကျိုးနိုင်ပါသည်။ ထိုအဖြစ်များလှသော ထိခိုက်မှုသည်ဆေးဘက်ဆိုင်ရာစစ်ဆေးကုသမှုချက်ချင်းလိုအပ်ပြီး ပြင်းထန်နိုင်ပါသည်။ ခြေထောက်ကျိုးခြင်း၏ပြင်းထန်မှုမှာ ကွဲပြားနိုင်သောကြောင့် အကယ်၍သင့်ခြေထောက်ကျိုးသွားသည်ဟုသံသယရှိပါကသင်၏ဆရာဝန်ကိုပြသရန်လိုအပ်သည်။ သင်လုံးဝပြန်ကောင်းနိုင်ရန် ကုသမှုအစီအစဉ်ကို ဆရာဝန်မှ စီစဉ်ပေးနိုင်ပါသည်။ Broken Foot (ခြေထောက်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေထောက်အရိုးများကျိုးသွားခြင်းသည် အရမ်းအဖြစ်များပါသည်။ အမှန်ဆိုရလျှင် အရိုး10ခုကျိုးတိုင်း ခြေအရိုး1ခု ကျိုးခြင်းဖြစ်လေ့ရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ PasteTextHere လက္ခဏာများBroken Foot (ခြေထောက်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေထောက်ကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာကျင်ကိုက်ခဲခြင်း သွေးခြေဥသကဲ့သို့ညိုမည်းစွဲသွားခြင်း ထိတွေ့လိုက်လျှင်နာကျင်ခြင်း ရောင်ရမ်းဖုဖောင်းလာခြင်း လမ်းလျှောက်ရအဆင်မပြေခြင်း(သို့) ခြေထောက်ပေါ်တွင် အလေးချိန်များနေခြင်း ကျိုးသွားသောအရိုးသည် ငေါထွက်နေခြင်း (သို့) ခြေထောက်သည် ပုံမှန်အနေအထားမဟုတ်ပဲ လွဲချော်ပျက်ယွင်းနေခြင်း စသည့်ဖြင့် ခြေထောက်တွင် ပုံပျက်သွားခြင်း။ သင်၏လက္ခဏာများသည်ကွဲပြားနိုင် သော်လည်း နာကျင်ကိုက်ခဲမှု၊ညိုမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းတို့မှာ အဖြစ်များသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက […]


အရိုးကျိုးခြင်း

Broken Hand (လက်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Hand (လက်ကျိုးခြင်း) ကဘာလဲ။ သင့်၏လက်ကောက်ဝတ်(သို့)လက်ရှိအရိုးများတခု(သို့)တခုထက်ပို၍ကျိုးသွားခြင်း(သို့)အက်သွားခြင်းကို လက်ကျိုးခြင်းဟုခေါ်သည် ။ ချော်လဲကျသောအခါ မိမိကိုယ်ကိုထိန်း၍ ဆန့်ထားသောလက်ဖြင့်မြေပြင်ကို ထောက်မိသောအခါ ထိုကဲ့သို့သောထိခိုက်မှုအများစုသည် လက်ကောက်ဝတ်တွင်ဖြစ် ပွားလေ့ရှိသည်။ ထိုကဲ့သို့သောလက်ကောက်ဝတ်(သို့)လက်ကျိုး ခြင်းကို တတ်နိုင်သမျှမြန်မြန်ကုသရန်အရေးကြီးသည်။ မကုသပါက အရိုးမျှသည် ပုံပန်းမကျ ဆက်သွားပြီး သင့်၏နေ့စဉ်လုပ်ငန်းများ ဥပမာစာရေးခြင်း (သို့)ကြယ်သီးတပ်ခြင်း စသည်တို့ကိုထိခိုက် သွားစေနိုင်ပါသည်။ စောစီးစွာကုသခြင်းသည် နာကျင်မှုနှင့် တောင့်ခဲနေမှုတို့ကို သက်သာစေသည်။   Broken Hand (လက်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBroken Hand (လက်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်အားထိခိုက်အနာတရဖြစ်ခြင်းသည် သိသာလှပါသည်။ လက်ကျိုးခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့ ရောင်ရမ်းခြင်း ညိုမည်းစွဲခြင်း နာကျင်ခြင်း လက်ချောင်းများပုံပန်းမကျဖြစ်ခြင်း အားနည်းခြင်း လက်မှ ကောင်းစွာမဆုပ်ကိုင်နိုင်ခြင်း လက်ချောင်းများ၏လှုပ်ရှားမှုပမာဏလျော့နည်းသွားခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်လက်များသည် ပုံမှန်အတိုင်းလုပ်ဆောင်နိုင်စွမ်းရှိနေစေရန် အလွန်အရေးကြီးပြီး မည်သည့်ပြုပြင်မရတော့သည့်ထိခိုက်မှုမျှမရှိ စေရန်သေချာအောင်စစ်ဆေးထားသင့်ပါသည်။ အဘယ်ကြောင့်ဆို သော်သင့်လက်များသည် အလွန်အရေးကြီးသောကြောင့် ဆရာဝန်တစ်ဦးသည် အလွန်အရေးမကြီးလှသောထိခိုက်မှုမှလွဲ၍ ကျန်သည့်လက်၏ထိခိုက်မှုများကို ကြည့်ရှူစစ်ဆေးကာ […]


အရိုးကျိုးခြင်း

Broken Forearm (လက်ဖျံရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ကဘာလဲ။ လက်ဖျံရိုးဆိုတာက တံတောင်ဆစ်နဲ့လက်ကောက်ဝတ်ကြား မှာရှိတဲ့နေရာကိုဆိုလိုပါတယ်။၎င်းနေရာကိုအရိုးနှစ်ခုနဲ့ ပြ ုလုပ်ထားပါတယ်။ ulna နဲ့ radius အရိုးနှစ်ခုပါ။Ulna အရိုး က တံတောင်ဆစ်ထိပ်ကနေ လက်ကောက်ဝတ်ရိုးရဲ့ လက်သန်းဘေးဘက်ထိသွားပါတယ်။radius အရိုးကတော့ နည်းနည်းပိုကြီးတဲ့အရိုးဖြစ်ပြီးတံအောင်ဆစ်ကနေလက်မအောက်ခြေနားအထိသွားပါတယ်။ လက်ဖျံရိုးတွေဟာနည်းမျိုးစုံနဲ့ကျိုးနိုင်ပါတယ်။ သာသာလေး ကျိုးတာပဲဖြစ်ဖြစ် အစိတ်စိတ်အမွှာမွှာကျိုးတာပဲဖြစ်ဖြစ် ကျိုး နိုင်ပါတယ်။ ကျိုးနေတဲ့အရိုးအစတွေကတည့်တည့်လေးဖြစ် နေတာဖြစ်နိုင်သလိုနေရာတွေမမှန်ပဲ ဖြစ်နေတာလည်း ဖြစ် တတ်ပါတယ်။ တစ်ချို့အခြေအနေတွေမှာတော့ အရိုးကနေအရိုးစတွေကွဲ ထွက်ပြီးအရေပြားမှာလာပေါက်ထွက်တာဒါမှမဟုတ် ကျိုးနေတဲ့အရိုးကနေပေါက်ထွက်လာပြီးအနာဖြစ်တာတို့ ရှိ နိုင်ပါတယ်။၎င်းကို ပွင့်ထွက်သောကျိုးခြင်းလို့ခေါ်ပြီး ပိုးဝင် မှာကြောက်ရတာကြောင့် ချက်ခြင်းဆေးကုသမှုခံယူဖို့လိုပါ တယ်။ လက်ဖျံရိုးတစ်ဝက်ကနေ radius and ulna အရိုးတွေကျိုး ဖို့ဆိုတာဟာ ပြင်းထန်တဲ့အားသက်ရောက်မှုရှိမှဖြစ်နိုင်မှာမို့ လက်ဖျံရိုးဒဏ်ရာရတဲ့အခါမှာအရိုးနှစ်ခုလုံးကျိုးခြင်းဟာလူ ရွယ်တွေမှာပဲပိုအတွေ့ရများပါတယ်။ အရိုးကတစ်ခုတည်းကျိုးခဲ့တယ်ဆိုပါကအများအားဖြင့် ulnaအရိုးပဲ ဖြစ်တတ်ပြီး ၎င်းကတော့ သင်ကသင့်ကိုယ်ကိုခုခံကာကွယ်တဲ့အနေနဲ့ လက်နဲ့ ကာတဲ့အခါ ရတဲ့ ကျိုးခြင်းပဲဖြစ်ပါတယ်။ Broken Forearm (လက်ဖျံရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ လက်ဖျံရိုးကျိုးခြင်းဟာခြေလက်ကျိုးခြင်းတွေမှာတော့ အများဆုံးထဲမှာပါပါတယ်။ လက်ကောက်ဝတ်ကျိုးခြင်းကတော့ အဖြစ်အများဆုံးလက်ဖျံရိုးကျိုးခြင်းပါပဲ။ အခြားအချက်အလက်တွေ သေချာသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBroken Forearm (လက်ဖျံရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ဖျံရိုးကျိုးခြင်းရဲ့ အတွေ့ရများတဲ့လက္ခဏာတွေကတော့ -လက်ကောက်ဝတ် […]


အရိုးကျိုးခြင်း

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ကဘာလဲ။ ပခုံးအရိုးပြား (သို့)လက်ပြင်ရိုးပြား ဆိုသည်မှာ ကျောအထက်ပိုင်းတွင် ရှိသည့် လက်မောင်းနှင့် ရင်ဘတ်ကို ဆက်သွယ်ပေးထားသော အရိုးဖြစ်သည်။ ပခုံးဆစ်၏ လက်မောင်းနှင့် ခွက်နေသောလက်မောင်းအိမ်အခေါင်းကိုဆက်သွယ်ပေးထားသည့်ခွက်နေသောလက်မောင်းအိမ်အခေါင်းအဖြစ်လည်း ရှိပေးသည်။Acromion နှင့် Coracoid processesများဆိုသည်မှာ လက်ပြင်ရိုးပြား အပေါ်ပိုင်းရှိ အရိုးဖုများဖြစ်ပြီး လက်ပြင်ရိုးပြားနှင့် ညှပ်ရိုးတို့ကိုဆက်သွယ်ပေးသည်။ လက်ပြင်ရိုးပြားကို ပခုံးဆစ်၏ ပျော့ပျောင်းသောလှုပ်ရှားမှုပြုလုပ်ပေးသည့် ကြွက်သားအထူလွှာများဖြင့် ကာရံထားသည်။ လက်ပြင်ရိုးအားကျိုးစေရန်အလွန်ပြင်းထန်သောအားတခုကို လိုအပ်တတ်သောကြောင့် ဆရာဝန်သည် လက်ပြင်ရိုးပြား ကျိုးလာသူတွင် အခြားသောထိခိုက်ဒဏ်ရာများရှိမရှိကို လေ့လာရတတ်သည်။ ပခုံးလက်ပြင်ရိုးပြားအပါအဝင်အရိုးနေရာများစွာ ကျိုးနေကြောင်းကို တွေ့ရှိရသည်။ Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ပခုံးလက်ပြင်ရိုးပြားသည် ကျိုးရန်ခဲယဉ်းပြီး ကျိုးသောအရိုးများအားလုံးတွင် လက်ပြင်ရိုးကျိုးခြင်းသည် 1ရာခိုင်နှုန်းအောက်တွင် သာရှိကြောင်းသိရသည်။ […]


အရိုးကျိုးခြင်း

Stress fractures (ဖိအားကြောင့်အရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stress fractures (ဖိအားကြောင့်အရိုးကျိုးခြင်း) ကဘာလဲ။ ဖိအားကြောင့်အရိုးကျိုးခြင်းသည် အရိုးတွင် ကွဲကြောင်းအသေးဖြစ်ခြင်းဖြစ်သည်။ သူတို့သည် ခဏခဏ ထိခိုက်မိခြင်း အသုံးပြုမှုများခြင်း- ခုန်ခြင်း နှင့် အဝေးပြေးခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ဖိအားကြောင့်အရိုးကျိုးခြင်းသည် ပုံမှန်အသုံးပြုနေသော်လည်း အရိုးအားနည်းသော ဥပမာ အရိုးပွခြင်းရှိနေသူများတွင်ပိုဖြစ်တတ်သည်။ ဖိအားကြောင့်အရိုးကျိုးခြင်းသည် အလေးချိန်ကိုခံရသော ခြေထောက် ခြေဖဝါးတို့တွင်ပိုဖြစ်တတ်သည်။ အားကစားသမားများ အလေးချိန်များသောအထုတ်များကို အဝေးကြီးသယ်ရသောစစ်သားများတွင်ပိုဖြစ်တတ်သော်လည်း လူတိုင်းတွင်ဖြစိနိုင်သည်။ အကယ်၍ သင် လေ့ကျင့်ခန်းအသစ်စလုပ်ပါက ဥပမာ စစခြင်းအများကြီးလုပ်မိပါကဖြစ်နိုင်သည်။   Stress fractures (ဖိအားကြောင့်အရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဖိအားကြောင့်အရိုးကျိုးခြင်းသည် များသောအားဖြင့် အားကစား သမား ဂျင်ဆော့သူများ အကသမားများ တန်းနစ်ကစားသမား ဘေ့ဘောသမားများတွင်ပိုဖြစ်တတ်သည်။ ထိုလှုပ်ရှားမှုများသောသူများတွင်ဖြစ်သောပြသာနာရယ်လို့မဟုတ်ပါ။ အရိုးအားနည်းသူ သို့မဟုတ် အာဟာရချို့တဲ့သူများတွင်လဲဖြစ်နိုင်ပြီး ခြေထောက်လက် ကျောရိုးနံရိုး နှင့် အခြားအရိုးရှိသောနေရာများတွင်ဖြစ်နိုင်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများStress fractures (ဖိအားကြောင့်အရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖိအားကြောင့်အရိုးကျိုးခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ခြေထောက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း