သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အများစုက  ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကို  ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။ ဖရဲသီးအခွံမှာ ဘာတွေပါလို့လဲ ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သည် လိုရေဓါတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓါတ်အလုံအလောက်ရရှိ မှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။ ဖရဲခွံသားက ဗီတာမင်C ၊ B6  နဲ့   A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။ ဗီတာမင် စီပါဝင်လို့ free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။ ဖရဲသီးအခွံသားကို စားရင်ရရှိနိုင် မယ့် အကျိုးကျေးဇူး ၁ ။ ကျောက်ကပ်မှာ ကျောက်ကြေစေတယ် ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေး တာ […]


သဘာဝဆေးဖက်ဝင်

ဖက်ယားရွက်ရဲ့ ဆေးဖက်ဝင်မှု

ဖက်ယားရွက်ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိနေနိုင်ပါတယ်။ ဆေးဖက်ဝင်တဲ့ဖက်ယားပင်ရဲ့ အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့် လေ့လာကြည့်ဖို့ပြောပါရစေ။ ဖက်ယားရွက် အရွက်နဲ့ပင်စည်မှာ အဆူးမွှေးသေးသေးေးလတွေရှိနေနိုင်ပါတယ်။မြောက်အမေရိက၊ ဥရောပနဲ့ အာဖရိကဒေသတွေမှာပေါက်ရောက်တတ်ကြပြီး လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကဆေးဖက်ဝင်အပင်တစ်ခုအဖြစ်အသုံးပြုလာခဲ့ကြတာပါ။ အရွက်နဲ့ပင်စည်ပေါ်က ဆူးလေးတွေကိုထိမိရင်ဖြစ်တဲ့ ခံစားမှုကို အစွဲပြုလို့ ဖက်ယားပင်လို့ခေါ်ဆိုခဲ့ကြတာပါ။ ဘယ်လိုဆေးဖက်ဝင်တာလဲ....... ဖက်ယားပင်က သတိလက်လွတ်ကိုင်မိရင် လက်မှာ ယားတာ၊ ဆူးတာမျိုးဖြစ်နိုင်ပေမယ့်ဆေးဖက်ဝင်တဲ့ အာနိသင်တော့ရှိနေပါတယ်။ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တယ်ဖက်ယားရွက်က ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိသလို ဆီးကျိတ်ကြီးတာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ ဆီူသွားရခက်တဲ့ပြဿနာကိုလည်း အကောင်းဆုံးသက်သာစေနိုင်ပါတယ်။ဓါတ်မတည့်တာကို သက်သာစေနိုင်တယ်ဖက်ယားရွက်က ဝတ်မှုန်ကြောင့်ဖြစ်တဲ့ အဖျားရောဂါကို သက်သာစေနိုင်သလို ပတ်ဝန်းကျင်ကအရာတွေကြောင့် ဓါတ်မတည့်မှုဖြစ်ပြီး နှာချေတာ၊ နှာစေးတာ၊ မျက်လုံးယားတာလိုမျိုး ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်ပါတယ်။အဆစ်နာတာတွေကို သက်သာစေနိုင်တယ် အဆစ်နာတာကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဖက်ယားရွက်ကိုရေနွေးဖျောလို့ နာတဲ့အဆစ်တွေပေါ်မှာ ပွတ်ခြေပေးရင် အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ သွေးတိုးကျစေနိုင်တယ် ဖက်ယားရွက်ရဲ့နောက်ထပ်အာနိသင်တစ်ခုကသွေးတိုးကျစေနိုင်တာပါ။သွေးတိုးရောဂါကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး […]


သဘာဝဆေးဖက်ဝင်

ငယ်ငယ်က မေမေလူးပေးတဲ့မုန်ညှင်းဆီ

မုန်ညှင်းဆီက လူတိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက လေနာမှာ၊ဗိုက်ပွမှာစိုးလို့ဆိုပြီး မေမေက အမြဲလိုလိုလူးပေးခဲ့ပါတယ်။ အရေပြားကျန်းမာအောင်ဆိုပြီး မုန်ညှင်းဆီလူးလို့လည်း နှိပ်ပေးခဲ့ဖူးမှာပါ။ မုန်ညှင်းဆီက ဘေဘီလေးတုန်းကပဲ အကျိုးများတာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးဖြစ်သူတွေအတွက်လည်း အကျိုးများပါသတဲ့။ မုန်ညှင်းဆီ မုန်ညှင်းစေ့ကိုကြိတ်ပြီး ရလာတဲ့အဆီပါ။ အရေပြားမှာလူးပေးလို့ရသလို ချက်တဲ့ပြုတ်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။ မြေထဲပင်လယ်ဒေသမှာ အဓိကပေါက်ရောက်ပြီး ကျန်းမာရေးအတွက်အကျိုးများတာကြောင့် ကမ္ဘာတလွှားမှာ တော်တော်များများ အသုံးပြုကြပါတယ်။ မုန်ညှင်းဆီလူးပေးတာက အရေပြးတင်ကျန်းမာစေတာမဟုတ်ပါဘူး။ အတွင်းပိုင်းက တစ်ရှုးတွေကိုပါ ကျန်းမာစေနိုင်တာပါ။ မုန်ညှင်းဆီရဲ့ အသုံးဝင်မှု မုန်ညှင်းဆီက ဒီလိုအသုံးဝင်ပါတယ်။ အဆစ်ရောင်ရောဂါကို သက်သာစေနိုင်တယ် မုန်ညှင်းဆီက အဆသ်အမြစ်တွေရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ အဆစ်နာတတ်သူတွေ၊ လေးဖက်နာရောဂါရှိသူတွေနဲ့ အခြားအရိုးအဆစ်ဝေဒနာခံစားနေရသူတွေအနေနဲ့ နာနေတဲ့နေရာကို မုန်ညှင်းဆီလေးလူးပြီး ခပ်ဖွဖွလေးနှိပ်ပေးရုံပါ။ ဆံပင်ကျွတ်သက်သာစေတယ် ဆံပင်သန်စွမ်းကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဆံပင်တွေကျွတ်လွန်းလို့ စိတ်ညစ်နေတယ် ဆိုရင် ဆံသားနဲ့ဦးရေပြားကို မုန်ညှင်းဆီလေးလူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဦးရေပြားမှာ သွေးစီးဆင်းမှုကောင်းစေပြီး ဆံပင်ကျွတ်တာသကသာစေလို့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။ မှိုပိုးသက်သာစေနိုင်တယ် အရေပြားမှာ မှိုပိုးကူးစက်တာ၊ သဲဝဲစားတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုန်လာဥဖြူကြိုက်တဲ့ သူတွေရှိလား

သုပ်ပဲစားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ အချဉ်တည်ပြီးပဲစားစား၊ ဟင်းချိုပဲချက်ချက် စားကောင်းတဲ့ မုန်လာဥဖြူလေးကို ကြိုက်ကြလား။ ဒါဆိုရင်တော့ ကိုယ်ခံတွင်းတွေ့တဲ့ မုန်လာဥဖြူလေးစားရင်း ရရှိစေမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မနည်းပါဘူး။ မုန်လာဥဖြူမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ......... မုန်လာဥဖြူမှာပါဝင်နေတဲ့ အာဟာရဓါတ်တွေကတော့ ပိုတက်ဆီယမ် ဖောလိတ် riboflavin နီယာဆင် ဗီတာမင် B6 ဗီတာမင် K ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် ဇင့် ဖော့စဖရိတ် ကော့ပါး မဂ္ဂနိစ် ဆိုဒီယမ် တို့ပါဝင်နေပါတယ်။ မုန်လာဥဖြူစားရင်းရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ.............. မုန်လာဥဖြူစားသုံးပေးမှုက ကင်ဆာကာကွယ်ပေးနိုင်တယ် မုန်လာဥဖြူ စားသုံးပေးမှုက ကင်ဆာရောဂါဖြစ်နိုင်ခြေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူမှာပါတဲ့ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ် မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့လည်းစားသုံးပေးလို့ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ မှိုပိုးတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံတာပါ။ သဘာဝတရားကပေးစွမ်းတဲ့အရာတွေတိုင်းက လူတွေကို တစ်ဖက်တစ်လမ်းကတော့ အကျိုးပြု စမြဲပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်က ဝူခုန်းကားထဲကနေတဆင့် ရင်းနှီးခဲ့တဲ့ မက်မွန်သီးလေးက ဘယ်လိုအကျိုးကျေးဇူးတွေ ပေးလဲဆိုတာ ကြည့်လိုက်ရအောင်လား။ မက်မွန်သီး ဆိုတာ မက်မွန်သီးဆိုတာက အပေါ်ခွံမှာ အမွှေးပွပွလေးတွေပါတဲ့ ပန်းရောင်၊အနီရောင်နဲ့ အဝါရောင်ရောစပ်ထားတဲ့ အခွံရှိတဲ့အသီးပါ။ အသားက အဝါရောင်ရှိပြီး အသီးရဲ့ အလယ်မှာ အစေ့ခပ်ရွယ်ရွယ်တစ်စေ့ပဲပါတတ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အနံ့မွှေးပြီး စားရတဲ့ အရသာကလည်း ချိုပါတယ်။ အဖန်အရသာအနည်းငယ်ပါတာမျိုးလည်းရှိပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့အာဟာရကြွယ်ဝတဲ့ မက်မွန်သီး မက်မွန်သီးမှာ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားအကျိုးပြု ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ မက်မွန်သီး စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက် ကယ်လ်လိုရီ ပရိုတင်း အဆီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓါတ် […]


သဘာဝဆေးဖက်ဝင်

ကုက္ကိုက အရိပ်ရရုံပဲလား........

ကုက္ကိုလ်ဆိုရင်နွေရာသီမှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အပင်တစ်ပင်လို့ပြေးမြင်မယ်ထင်ပါတယ်။နွေပူပူမှာ ကုက္ကိုလ်ရိပ်ကအေးမြမှုပေးတာတွေအမှန်ပါ။ ခရီးသွားရင် လမ်းမှာ တစ်ထောက်နားပြီး ထမင်းစားမိတာကလည်း ကုက္ကိုလ်ရိပ်အောက်မှာပဲများတယ်နော်။ ကုက္ကိုလ်ပန်းလေးတွေကလည်း အဖြူလေးနဲ့ ပန်းရောင်လေးစပ်ထားတာဖြစ်ပြီး ချစ်ဖို့ကောင်းတာအမှန်ပါ။ ကုက္ကိုလ်ဆိုတာ ကုက္ကိုလ်က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်းအပင်ပါ။ အပင်ကြီးဖြစ်လို့ အရိပ်ရစေနိုင်ပါတယ်။ ကုက္ကိုလ်ပင်က အာဖရိက၊ အာရှ၊ မက်ဒါဂါစကာ၊ အမေရိက နဲ့ သြစတြေးလျတို့မှာပေါက်ရောက်တဲ့ မျိုးရင်းပင်တစ်မျိုးပါ။ အရွက်စိမ်းစိမ်းစိုစု၊ အညိုရင့်ရင့် အသီးရှည်ရှည်လေးတွေနဲ့ ပန်းရောင်နဲ့ အဖြူရောင်စပ်တဲ့ အပွင့်လေးတွေ ပွင့်ပါတယ်။မြင်လွယ်တဲ့အပင်တစ်မျိုးပေါ့။ ကုက္ကိုလ်က အရိပ်ရရုံပဲလား.... ကုက္ကိုလ်ပင်က အရိပ်ရတယ်ဆိုတာထက်ပိုပါတယ်။ ကုက္ကိုလ်ပင်ကိုဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုကြသလို အခြားအရာတွေအတွက်လည်း သုံးကြပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ် ကုက္ကိုလ်မှာquercetin၊isoquercetin၊ saponins နဲ့ polyphenols တို့လိုဒြပ်ပေါင်းတွေပါဝင်နေတာကြောင့်ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပြီး စိုးရိမ်မှုတွေကိုပြေလျောံစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အိပ်ပျော်စေနိုင်တဲ့ အာနိသင်ရှိပြီး ညဘက် အိပ်မပျော်သူတွေအတွက်လည်း အသုံးတည့်မှာပါ။ စိတ်ဓါတ်ကျတာကို […]


သဘာဝဆေးဖက်ဝင်

ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ သစ်ကြားသီး ။ ။

စိတ်ကူးထဲက လှပသွယ်ကျတဲ့ ကိုယ်ခန္ဓာ လေးပိုင်ဆိုင်နိုင်ဖို့အတွက် အစားအသောက်တွေ ဆင်ခြင်ကြ၊ အဆီတွေ ကယ်လိုရီ တွေ လောင်ကျွမ်းအောင် စားပေးရမယ့် အစားအသောက်တွေ ဘာတွေ လဲလို့ လိုက်ရှာကြတယ်မလား။ အဲဒီမှာ ရေးထားတာတွေ ဖတ်ဖူးကြမှာပါ။ ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ရော၊ ဗိုက်အဆာခံဖို့အတွက်ရော အစေ့အဆံ တွေ စားရမယ်ဆိုတာမျိုးတွေကိုပေါ့။ ဒါတွေက တကယ်မှန်တဲ့ အဆိုပြုချက်တွေပါ။ အစေ့အဆံတွေ တစ်နေ့ကို လက်တစ်ဆုပ်လောက်စားပေးရင် ကျန်းမာရေး အတွက် တကယ်ကို အထောက်အကူပြုပါတယ်။ ဝိတ်ချချင်တဲ့ သူတွေအတွက်လည်း အစေ့အဆံတွေက တကယ်ကို ကူညီပေးမယ့် အရာတွေပါ။ ဒီတော့ အစေ့အဆံတွေထဲကမှ ဝိတ်ချချင်တဲ့သူတိုင်း စားပေးသင့်ဆုံးကတော့ သစ်ကြားသီးဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ အစေ့အဆံတွေ အားလုံးထဲကမှ ဘာ့ကြောင့် သစ်ကြားသီးကို ရွေးချယ်ခိုင်းတာလဲ ။ ။ သစ်ကြားသီးမှာ ဗီတာမင် တွေ၊ အမျှင်ဓာတ်တွေ၊ […]


သဘာဝဆေးဖက်ဝင်

အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့ အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ ရှောက်ဘီလူးသီးလေးက ဘယ်လို ဆေးဖက်ဝင်တာလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။ ရှောက်ဘီလူး ဆိုတာ သံပုရာသီး အရွယ်အစားလောက်ပဲ ရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေး မဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ် အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးလို့ ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမှာ ထည့်သုံးကြတာ များပါတယ်။ မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်း ဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက် ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။ ရှောက်ဘီလူးသီးကနေ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ ရှောက်ဘီလူးသီး စားသုံးမှုက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ခံတွင်းကျန်းမာစေနိုင်တယ် အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ […]


သဘာဝဆေးဖက်ဝင်

အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ်

အာတာလွတ်ဥလေးကိုပြုတ်၊ ဆီလေးဆားလေးနဲ့ စားရတာ အရသာဆိမ့်ဆိမ့်လေးရယ်။မြန်မာ့အစားအစာတွေထဲမှာနေရာတစ်နေရာယူထားတဲ့ အာတာလွတ်ကဆေးဖက်ဝင်တယ်လို့လည်း လူကြီးတွေပြောဖူးပါတယ်။ အာတာလွတ်မှာပါဝင်တဲ့ အာဟာရဓါတ်တွေနဲ့ ဆေးဖက်ဝင်အာနိသင်တွေကိုသိပ္ပံပညာလေ့လာမှုအထောက်အထားတွေလည်းတွေ့ရှိထားပါတယ်။ အာတာလွတ်မှာ ကာဗိုဟိုက်ဒရိတ်၊ဗီတာမင်ဘီတွေ အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ဖော့စ်ဖရပ်စ်တို့လိုသတ္တုဓါတ်တွေကြွယ်ဝတယ်။ အမျှင်ဓါတ်နဲ့ ပရိုတင်းဓါတ်တွေလည်း ပါဝင်တော့ အာဟာရအတော်ပြည့်စုံပါတယ်။ ဆေးဖက်ဝင်အကျိုးကျေးဇူးတွေက ဘာတွေလဲ အစာကြေတယ် အစာခြေစနစ်မှာ အမျှင်ဓါတ်က အရေးပါဆုံးထဲပါဝင်ပါတယ်။ အမျှင်ဓါတ်က အူလမ်းကြောင်းထဲမှာ အစာတွေရွေ့လျားမှုကောင်းမွန်စေပြီး အာဟာရဓါတ်တွေစုပ်ယူနိုင်အောင်နှိုးဆွပေးပါတယ်။ သူက ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကိုပျောက်ကင်းစေပြီးသွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အမျှင်ဓါတ်ကြောင့်ပဲ ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ရှင်းလင်းပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ နှလုံးကျန်းမာရေးအတွက်ကောင်းတယ် ပိုတက်စီယမ်ပါဝင်မှုပမာဏများလို့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေရန်က အကာအကွယ်ဖြစ်စေပါတယ်။ ပိုတက်စီယမ်က နှလုံးသွေးလွှတ်ကြောတွေနဲ့သွေးပြန်ကြောတွေကိုပြေလျော့စေပြီးသွေးဖိအားကိုကျစေတယ်၊ နှလုံးရောဂါနဲ့လေဖြတ်ခြင်း အန္တရာယ်ကိုလျော့နည်းစေပါတယ်။ သန္ဓေသားအတွက်ကောင်းတယ် ဖောလိတ်ဓါတ်ပါဝင်မှုများလို့ ကိုယ်ဝန်ဆောင်တွေစားရင်မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေပါတယ်။ဖောလိတ်ဓါတ်က ဒီအင်န်အေဖြစ်တည်မှုနဲ့ ဆဲလ်ကျန်းမာရေးတွေမှာအရေးကြီးတဲ့ဓါတ်ဖြစ်ပြီး ဖွံ့ဖြိုးမှုကိုလည်းမြှင့်တင်ပေးပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတယ် အာတာလွတ်ဥမှာ ပရိုတင်းက ထိုက်သင့်သလောက်ပါရှိပါတယ်။ အသားကရတဲ့ပရိုတင်းတွေထက် အသီးအနှံ၊သစ်ဥသစ်ဖုကရတဲ့ ပရိုတင်းကို ခန္ဓါကိုယ်က စုပ်ယူချက်လုပ်ရတာပိုလွယ်တာမို့ အဆင်ပြေပါတယ်။ ဒါ့ကြောင့် […]


သဘာဝဆေးဖက်ဝင်

ဆေးမြင်းခွာ ဘာကြောင့်စားသင့်သလဲ

အိမ်မှာဆို ပန်းအိုးထဲထည့်စိုက်ထားလို့ရတယ်၊ ဘယ်နားစိုက်စိုက် အလွယ်တကူပေါက်နိုင်တဲ့ဆေးမြင်းခွာလေးတွေက ဘယ်လိုတွေဆေးဖက်ဝင်လဲဆိုတာ သိပြီးပြီလား။ သုပ်စားလို့ရတယ်၊ တို့စရာအဖြစ်လည်းစားကြတဲ့မြင်းခွာသေးသေးလေးတွေပါ။ ရိုးရိုးမြင်းခွာလို ဟင်းချိုချက်တာမျိုး လုပ်မစားကြဘဲ အစိမ်းပဲစားတာများပါတယ်။ သူ့ရဲ့ဆေးစွမ်းကတော့ - ဆံပင်ကျွတ်သက်သာတယ် ဆေးမြင်းခွာက ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းခံတွေဖြစ်တဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်၊free radicalsတွေရန်က ကာကွယ်ပေးတယ်။ အနာကျက်မြန်စေတယ် ဆေးမြင်းခွာမှာပါတဲ့Saponins နဲ့ တခြားအော်ဂင်းနစ်ဒြပ်ပေါင်းတွေကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကိုမြန်အောင် နှိုးဆွပေးပါတယ်။ ဆဲလ်တွေဆီကိုသွေးပို့လွှတ်မှုကိုအားပေးပြီးရောဂါပိုးတွေရန်ကကာကွယ်ပေးတာကြောင့် အနာကျက်မြန်စေတာဖြစ်ပါတယ်။ အသားလှစေတယ် ဆေးမြင်းခွာမှာ အသားအရေကိုကျန်းမာလှပစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့saponinsတွေ ကြွယ်ဝပါတယ်။ အထူးသဖြင့် အမာရွတ်တစ်ရှူးတွေကိုဟန့်တားပေးလို့ ခွဲစိတ်မှုအမာရွတ်တွေကိုတောင်ပျောက်ကင်းသက်သာစေတဲ့အထိ အသားအရေကိုအကျိုးပြုပါတယ်။ အရေးအကြောင်းတွေနဲ့ရင့်ရော်မှုလက္ခဏာတွေကိုလည်းလျော့ပါးစေတယ်လို့ဆိုပါတယ်။ သွေးလည်ပတ်မှုကောင်းစေတယ် ဆေးမြင်းခွာကသွေးလည်ပတ်မှုစနစ်မှာ အရေးပါတဲ့နေရာနှစ်ခုကနေ ပါဝင်နေပါတယ်။ တစ်ခုကသွေးကြောနဲ့ဆံချည်မျှင်သွေးကြောနံရံတွေကို ကျန်းမာစေပြီးသွေးကြောပိတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒုတိယတစ်ခုကသွေးလည်ပတ်မှုကိုနှိုးဆွပေးလို့ ခန္ဓါကိုယ်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတွေကိုအောက်ဆီဂျင်ပို့ပေးနိုင်စွမ်းကောင်းစေပါတယ်။ ဒါ့ကြောင့်သွေးလည်ပတ်မှုမကောင်းတဲ့အခါဖြစ်လာနိုင်တဲ့ခြေထောက်ဖောရောင်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စတဲေ့ဝဒနာတွေကိုလျော့ပါးသက်သာစေနိုင်တယ်။ အစာအိမ်အနာကို သက်သာစေတယ် ဆေးမြင်းခွာမှာပါတဲ့Asiaticoside က အစာအိမ်အနာအတွက်ဆေးတစ်လက်လို အာနိသင်ရှိပါတယ်။ သူက ဆဲလ်တွေကို ကုသပေးနိုင်စွမ်းရှိပြီး အနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ပူပန်သောကနဲ့ စိတ်ကျဝေဒနာ ဆေးမြင်းခွာအပါအဝင်မြင်းခွာရွက်တွေမှာ စိတ်ဖိစီးမှုဟော်မုန်းcortisol ကိုလျော့စေပြီးစိတ်ခံစားချက်နဲ့ပျော်ရွှင်မှုတို့အတွက်အရေးပါတဲ့serotonin နဲ့ dopamineဟော်မုန်းတွေကိုမြင့်တက်စေပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း