သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

လာဗင်ဒါ ပန်းလှလှလေးတွေက ပေးတဲ့ကျန်းမာရေး

လာဗင်ဒါ လို့ပြောလိုက်ရင် ခရမ်းရောင် ပန်းခင်းလှလှလေးတွေကို ပြေးမြင်မိမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ လာဗင်ဒါပန်းခင်းလှလှလေးက ဓာတ်ပုံတွဲရိုက်ရင် အလှတိုးစေသလို မျက်လုံးကိုလည်းပသာဒရစေပါတယ်။ အလှကုန်တွေမှာရော မွှေးပျံ့စေဖို့အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာလည်း လာဗင်ဒါဆီကိုအသုံးပြုလေ့ရှိကြပါတယ်။ လာဗင်ဒါဆိုတာက    လာဗင်ဒါ ဆိုတာက မြေထဲပင်လယ်နဲ့အိန္ဒိယမျိုးရင်းအပင်တွေပါ။ စိုက်ပျိုးရလွယ်ကူတဲ့အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကျော်လောက်ကတည်းကပေါက်ရောက်ခဲ့တာပါ။ အာရှဒေသတော်တော်များများမှာ ရှေးယခင်ကာလကတည်းက အနာကျက်စေဖို့အတွက် အသုံးပြုခဲ့ပါတယ်။ လာဗင်ဒါ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေများဖြစ်မလဲ….. ခရမ်းရောင်သန်းတဲ့ လာဗင်ဒါပန်းက အခုလိုအကျိုးကျေးဇူးတွေပေးစွမ်းပါတယ်။ စိတ်ဖိစီးတာ၊ စိတ်ပူပန်တာတွေကို သက်သာစေနိုင်ပါတယ် လေ့လာမှုတစ်ရပ်အရ လာဗင်ဒါ အဆီက စိုးရိမ်မှုကိုဖြစ်စေတဲ့ ကော်တီစောဟော်မုန်းကို ကျဆင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေသက်သာစေဖို့အတွက် လာဗင်ဒါအဆီကို အသုံးပြုလို့ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက်လည်း တော်တော်လေးအသုံးတည့်ပါတယ်။ အမျိုးသမီးတွေမှာ ကလေးမွေးပြီးဖြစ်တဲ့ စိတ်ကျရောဂါ နဲ့ သွေးဆုံးချိန်မှာဖြစ်တဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။ ဆီးချိုသက်သာစေနိုင်တယ် ၁၅ ရက်ကြာလုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လာဗင်ဒါဆီက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာအပါအဝင် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို […]


သဘာဝဆေးဖက်ဝင်

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပျဉ်းမရွက် က corosolic acid၊ lagerstroemia နဲ့ gallotannins တို့ကိုရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုပါ။ Corosolic acid ကသွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ပျဉ်းမရွက်ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါသေးတယ်။ ပျဉ်းမရွက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ........... ပျဉ်းမပင်က အရိပ်အာဝါသတင်ပေးတာမဟုတ်ပါဘူး။ ဒီလိုအကျိုးကျေးဇူးတွေပေးပါသေးတယ်။ ဆီးချိုကျစေနိုင်တယ် ပျဉ်းမရွက်က ဆဲလ်တွေရဲ့ သွေးတွင်းအချိုဓာတ်တုံ့ပြန်နိုင်စွမ်းကို တိုးစေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေအောင် အထောက်အကူပြုပေးပါတယ်။ ပျဉ်းမရွက်က သွေးတွင်းအချိုဓာတ်ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပြီး ဂလူးကို့စ် သိုလှောင်ထားတဲ့ မော်လီကျူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လျော့ကျအောင်လုပ်ဆောင်ပေးပါသေးတယ်။ ကိုယ်အလေးချိန်ကျစေနိုင်တယ် ဆီးချိုရောဂါကြောင့် အရမ်းဝလာတာမျိုးမဖြစ်အောင်လည်း ပျဉ်းမရွက်လုပ်ဆောင်ပေးပါသေးတယ်။ ဆီးချိုဆေးအများစုက သွေးတွင်း သကြားဓာတ်ကိုကျဆင်းစေနိုင်ပေမယ့် အဆီဓာတ်ကိုတော့ ကျဆင်းစေနိုင်ခြင်းမရှိပါဘူး။ ပျဉ်းမရွက်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထိန်းသိမ်း ပေးပြီး အစားစားချင်စိတ်သိပ်မဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ အဆီဆဲလ်တွေဖြစ်ပေါ်မှုကို လျော့ကျစေပြီး သွေးတွင်းကိုလက်စထရောပမာဏ […]


သဘာဝဆေးဖက်ဝင်

ပဒဲကောက ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်

မုန့်တီလေးချက်ချက်၊ တုန်ယမ်းဟင်းချိုလေးချက်ချက်၊ ချဉ်စပ်ဟင်းချိုလေးချက်ချက် အနံ့မွှေးအောင်ဆိုပြီး ထည့်လေ့ရှိကြတဲ့ ရနံ့မွှေးပြီး ခံတွင်းရှင်းစေတဲ့ ပဒဲကောက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ ပဒဲကောဆိုတာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ချင်း(ဂျင်း) လိုမျိုး အတောင့်လေးဖြစ်ပြီး အပေါ်ခွံက ခပ်ဖြူဖြူလေးပါ။ ဟင်းချက်တဲ့အခါ ထုထောင်းပြီးထည့်လို့ရသလို ခပ်ပါးပါးလှီးပြီးထည့်လို့လည်းရပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ…….. ပဒဲကောမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ပရိုတင်း အဆီ ဗီတာမင် C တို့ပါဝင်နေပါတယ်။ ပဒဲကောကပေးတဲ့ ကျန်းမာရေးအာနိသင် ပဒဲကောကို စားသုံးပေးတာက အဆစ်နာတာကို သက်သာစေနိုင်တယ် ပဒဲကောက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် နာကျင်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာ၊ အဆစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေကြောင့် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့အတွက် ပဒဲကောကို စားသုံးပေးလို့ရပါတယ်။ သွေးစီးဆင်းမှုကို ကောင်းစေတယ် ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကို ကောင်းစေသလို အရေပြားတစ်ရှုးတွေကိုလည်း အားဖြည့်ပေးပါတယ်။ […]


သဘာဝဆေးဖက်ဝင်

ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

ငရုတ်ကောင်း နံ့မွှေးမွှေးလေးနဲ့ဆို ဟင်းခါးလေးဖြစ်ဖြစ်၊ မုန့်ဟင်းခါးလေးဖြစ်ဖြစ် အတော်ခံတွင်းမြိန်ကြတယ်မလား။ အရှေ့တိုင်းထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သလို အနောက်တိုင်းအစားအစာ၊ ဥရောပအစားအစာတွေမှာလည်း ငရုတ်ကောင်းလေးဖြူးထားတာ တွေ့ရများပါတယ်။ ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု သည်လို အစားတလိုင်းတွေရဲ့မိတ်ဆွေကြီး ငရုတ်ကောင်းက ခံတွင်းမြိန်စေတယ်၊ အခိုးပွင့်စေတယ်ဆိုတာအပြင် အသားအရေအတွက်အပါအဝင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေသေးတယ်ဆိုတာကို သင်သိပါသလား။ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် - (၁) စိတ်ကျခြင်းကို သက်သာစေခြင်း ငရုတ်ကောင်း မှာပါတဲ့ piperine ဆိုတဲ့ဒြပ်ပေါင်းက စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေအတွက် အရမ်းကိုအကျိုးပြုပါတယ်တဲ့။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်လည်းကောင်းစေပါတယ်။ သုတေသနတွေအရ ငရုတ်ကောင်းနည်းနည်းကို ပုံမှန်စားပေးရင် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာတိုးတက်စေတယ်လို့ဆိုပါတယ်။ (၂) အစာခြေစနစ်ကိုကောင်းစေခြင်း အစာခြေတဲ့စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ hydrochloric acid ဆိုတဲ့အက်စစ်ဓာတ်ကို ခန္ဓာကိုယ်ကထုတ်ပေးပါတယ်။ ငရုတ်ကောင်းက အဲဒီအက်စစ်ဓာတ်ထွက်ရှိမှုကိုအားပေးပြီး အစာချေဖျက်မှုပိုကောင်းစေပါတယ်။ လေလည်စေပြီး ချွေးထွက်ခြင်းနဲ့ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေပါတယ်။ (၃) အာဟာရစုပ်ယူမှုအားကောင်းစေခြင်း ငရုတ်ကောင်းလေးထည့်စားရင် […]


သဘာဝဆေးဖက်ဝင်

သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင်

ငှက်ပျောရွက် က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ဒီတော့ သင်ထင်မထားတဲ့ ငှက်ပျောရွက်က ဘယ်လိုအကျိုးကျေးဇူးတွေများရှိလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင် ငှက်ပျောရွက် က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ချောင်းဆိုးရင်ကြပ် ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုးပေးပါ။ […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ ဆေးခြောက်စေ့

ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ဆေးဝါးအနေနဲ့ အသုံးပြုလို့ရတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဆေးခြောက်ရွက်ကတင် ဆေးဖက်ဝင်တာမဟုတ်ပါဘူး။ ဆေးခြောက်စေ့ ကလည်း ဆေးဖက်ဝင်ပါတယ်။ ဆေးခြောက်စေ့ ရဲ့ ကျန်းမာရေးအာနိသင် ဆေးခြောက်စေ့ မှာ အပင်ကနေရတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေပါ ပါဝင်နေပါတယ်။ ဒါ့အပြင် နာကျင်မှု ကိုသက်သာစေနိုင်တဲ့ gamma-linolenic acid (GLA) လည်းပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာပါတဲ့ အမိုင်နိုအက်ဆစ်က နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို နှလုံးသွေးကြောတွေတောင့်တင်းတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဆေးခြောက်စေ့က အရေပြားပြဿနာတွေနဲ့ နာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါသေးတယ်။ ပရိုတင်းကြွယ်ဝတယ် သက်သတ်လွတ်စားသုံးသူတွေအတွက် ပရိုတင်းကြွယ်ဝစွာထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးခြောက်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၃ ဇွန်းစာလောက်မှာ ပရိုတင်းက ၁၁ ဂရမ်အထိပါဝင်နေတာပါ။ ဒီပမာဏက အမဲသား၊ သိုးသား ၁.၂ […]


သဘာဝဆေးဖက်ဝင်

ဝါစေ့ဆီရဲ့ ကျန်းမာရေးအာနိသင်

ဝါဂွမ်းနုနုလေးတွေကသာ အသားအရေကို နူးညံ့မှုပေးနိုင်တာမဟုတ်ပါဘူး ဝါစေ့ဆီကလည်း အသားအရေကို နူးညံ့မှုပေးနိုင်သလို ခန္ဓာကိုယ်ကို အကျိုးပြုတာတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်တော့ ဝါစေ့ဆီလေးက ဘယ်လိုအကျိုးအာနိသင်တွေရှိနေလဲဆိုတာကို ပြောပြပေးမယ်နော်။ ဝါစေ့ဆီရဲ့ လူသိများတဲ့ အကျိုးအာနိသင်တွေက ဘာတွေများလဲ....... ဝါစေ့ဆီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများတာကတော့ အမှန်ပါ။ ဗီတာမင် E ကြွယ်ဝမှုကလည်း ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ free-radicals တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဝါစေ့ဆီက အရေပြားအတွက်တင်အသုံးဝင်တာမဟုတ်ပါဘူး ကိုလက်စထရောပါဝင်မှုနည်းတဲ့ စားသုံးလို့ရတဲ့ ဆီတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ သွေးတွင်းကိုလက်စထရောကျချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အနာကျက်စေနိုင်ပါတယ် ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပေါ်ကို ဝါစေ့ဆီလေးလူးပေးလိုက်ပါ။ ဗီတာမင် E ပါဝင်နေတာကြောင့် အနာကျက်မြန်စေနိုင်သလို အနာကို ပိုးမဝင်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာ အသေအချာပါ။ ထိခိုက်ဒဏ်ရာတွေအတွက် နေ့စဉ်သုံးပေးလို့ရပါတယ်။ သန့်စင်အောင်ဆေးကြောထားတဲ့ အနာပေါ်မှာ ဝါစေ့ဆီလေးလိမ်းပေးရုံပါ။ ဝါစေ့ဆီမှာပါတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခဝဲသီး ချိုချိုလေးက ပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အရည်သောက်လေးချက်ချက်၊ ပုစွန်လေးနဲ့နှပ်နှပ် စားရတာအရသာရှိပြီး ကလေးကနေစလို့ လူကြီးထိကြိုက်တဲ့ အရသာချိုချိုလေးရှိတဲ့ ခဝဲသီး လေးကို helloဆရာဝန် ပရိသတ်ကြီးရော ကြိုက်လား။ ကြိုက်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးထူးလေးတွေရနိုင်လဲဆိုတာကို ဒီဆောင်းပါးကို ဖတ်ကြည့်နော်။ ခဝဲသီး ဆိုတာ အစိမ်းရောင်အခွံလေးရှိပြီး စောင်းလေးတွေပါတဲ့ အသီးတစ်မျိုးပါ။ အခွံကိုနွှာလိုက်တဲ့အခါ အတွင်းက အဖြူရောင်အသားခပ်ပွပွလေးကို ပါးပါးလေးလှီးလို့ ပုစွန်စိမ်း၊ ပုစွန်ခြောက်တို့နဲ့ အရည်သောက်လေးချက်စားလို့ရပါတယ်။ အရသာက ခပ်ချိုချိုလေးရှိပြီး စားရတာတော်တော်လေး အရသာရှိတာပါ။ အရန်ဟင်းအဖြစ်စားလို့ရပါတယ်။ ခဝဲသီး မှာပါတဲ့ အာဟာရဓါတ်တွေ စားလို့ကောင်းတဲ့ ခဝဲသီးမှာ ဒီဓါတ်လေးတွေပါတယ်နော်။ ကယ်လ်လိုရီ ဖောလိတ် ကယ်လ်ရိုတင်း လူတင် ဗီတာမင် A ဗီတာမင် B ဗီတာမင် C ကယ်လ်ဆီယမ် ဇင့် ပိုတက်ဆီယမ် မဂ္ဂနိ မဂ္ဂနီဆီယမ် သံဓါတ် အမျှင်ဓါတ် ရေဓါတ်တို့ ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲ................. ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ […]


သဘာဝဆေးဖက်ဝင်

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက

ဒီ ပရန္နဝါရွက် လေးတွေ ထွက်တဲ့ ပရန္နဝါဆိုတဲ့ အပင်ကို မတွေ့ဖူးကြပေမယ့် ငယ်ငယ်ကရွတ်ခဲ့ဖူးတဲ့ ချိုပေစွဟင်းချိုကဗျာလေးကြောင့် ရင်းနှီးနေမှာတော့ အသေအချာပါပဲနော်။ ငယ်ငယ်ကကျောင်းတက်ရင်း " အိမ်ကိုပြန်လျှင်၊ အကျွန် ကျွပ်နုပ် ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန် ကျပ်ခိုးခံလို့၊ ပရန္နဝါ ရွက်နုညှာကို၊ ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်၊မွှေလိုက်တယ် ချိုပေစွဟင်းချိုကို စလောင်းတို အခြေပဲ့နှင့် အာခေါင်မှာ၊ ပူအောင်ထည့်လို့ မျိုလှည့်ကွဲ့လေး။" ဆိုတဲ့ စာပိုဒ်လေးကိုရွတ်ရင်း ရင်းနှီးခဲ့ဖူးမယ်ထင်ပါတယ်။ အခုတစ်ခေါက်တော့ ငယ်ငယ်ကတည်းကပါးစပ်မှာ တတွတ်တွတ်ရွတ်ရင်း ရင်းနှီးခဲ့မယ့် ပရန္နဝါရွက်လေးအကြောင်းကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးမယ်နော်။ ပရန္နဝါရွက် ဆိုတာက ပရန္နဝါဆိုတာကမြေလျှောက်အပင်ငယ်လေးတစ်မျိုးဖြစ်ပြီး အရိုးတံကကြွပ်ဆတ်ဆတ်နဲ့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့ အပင်ငယ်လေးတစ်ပင်ပါ။ ပရန္နဝါပင်လေးတွေက အဖြူ၊အပြာ၊အနီဆိုပြီး အမျိုးမျိုးကွဲပြားကြပေမယ့် ဒီကဗျာလေးထဲကပရန္နဝါကတော့ ပန်းရောင်အပွင့်လေးတွေပွင့်တတ်ပြီး စားလို့ရသလိုဆေးဖက်လည်းဝင်ပါတဲ့ ပရန္နဝါပင်လေးကိုပြောထားတာပါ။ မိုးစရွာလာတဲ့အခါမျိုးမျာ လယ်ကွင်းတွေ ကွင်းပြင်တွေမှာပေါက်ရောက်လာတတ်ကြပြီး အများစုကတော့သေးငယ်လွန်းတဲ့မြေလျှောက်ပင်လေးဖြစ်တဲ့ ပရန္နဝါပင်လေးကိုပေါင်းပင်လေးတွေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီး လေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်း အနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ဖောလိတ်ဓါတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓါတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။ အမျှင်ဓါတ်ပါဝင်မှုလည်းမနည်းသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကို အခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက်ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာက အသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။ ကီဝီသီးက ဘာများကောင်းလို့လဲ ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် - (၁) ကိုယ်ခံအားကောင်းစေတယ် ကီဝီသီးက အရွယ်အစားသာသေးတာ၊ ကီဝီတစ်လုံးဆို အနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ဗီတာမင် C က […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း