သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Arginine

အသုံးပြုပုံများ ဘာအတွက်အသုံးပြုကြသလဲ Arginine ဟာ အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ ဓါတုပစ္စည်းပဲ ဖြစ်ပါတယ်။ အစားအစာကနေရရှိပြီး ကိုယ်ခန္ဓါအတွက် ပရိုတိန်းတည်ဆောက်ဖို့ လိုအပ်ပါတယ်။ နီတဲ့အသား၊ ကြက်ဘဲ၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ ဓါတ်ခွဲခန်းမှာလည်း ထုတ်လုပ်နိုင်ပြီး အောက်ပါရောဂါတွေအတွက် သုံးပါတယ်။ – နှလုံးရောင်ပြီး အလုပ်မလုပ်တော့တဲ့ရောဂါ၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးသွေးလွှတ်ကြောရောဂါ – နှာစေးအအေးမိခြင်း – ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း Arginine ကို ဆေးညွှန်းမလိုဘဲ မိမိဖာသာသုံးစွဲနိုင်တဲ့ ဆေးများစွာနဲ့ရော အညွှန်းပါတဲ့ ဆေးပေါင်းများစွာနဲ့ပါ တွဲဖက်သောက်သုံးနိုင်ပါတယ်။ ကျောက်ကပ်လဲလှယ် ထားပြီးချိန်မှာ ကျောက်ကပ်စနစ်ပိုကောင်းလာအောင် ကူညီပါတယ်။ အားကစားသမားတွေ စွမ်းဆောင်ရည်ကို တက်လာစေပါတယ်။ ကိုယ်ခံအားကို မြှင့်ပေးပါတယ်။ လမပြည့်ဘဲမွေးတဲ့ကလေးတွေမှာ အစာလမ်းကြောင်း ရောင်ရမ်းတာကို ကာကွယ်ပေးပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးနှင့်ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် လေ့လာချက်တချို့အရ – နှလုံးနဲ့သွေးကြောဆိုင်ရာ […]


သဘာဝဆေးဖက်ဝင်

Spirulina (စိမ်းပြာရေညှိ)

အသုံးပြုပုံများစိမ်းပြာရေညှိ ကို ဘာအတွက်အသုံးပြုကြသလဲ စိမ်းပြာရေညှိ ကို အောက်ပါရောဂါဝေဒနာတွေအတွက် သုံးတတ်ကြပါတယ်။ သွေးကင်ဆာ မူမမှန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်ခြင်း(Blepharospasm) အာရုံမစူးစိုက်နိုင်တဲ့တက်ကြွလွန်ရောဂါ(ADHD) ဆီးချိုရောဂါ သွေးဆုံးအကြိုလက္ခဏာများ(PMS) ဓာတ်မတည့်မှုများ စိတ်ဖိစီးမှု ပင်ပန်းနွမ်းလျမှု အစာချေဖျက်ခြင်းကိုအထောက်အကူပြု အနာကျက်ခြင်း ကိုယ်ခံအားစနစ်ပိုကောင်းစေခြင်း   ဘယ်လိုအလုပ်လုပ်သလဲ။ စိမ်းပြာရေညှိ မှာ စားသုံးလိုက်တဲ့အခါ စုပ်ယူရလွယ်တဲ့ ပရိုတင်းဓာတ်၊သံဓာတ်၊နဲ့ တခြားသတ္ထုဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ စိမ်းပြာရေညှိ ကိုကိုယ်ခံအားစနစ်မှာ ကောင်းကျိုးသက်ရောက်မှု၊ ဖောရောင်ခြင်းနဲ့ ရောဂါပိုး ကူးစက်ခြင်းတို့အတွက် သုတေသနပြုလျက်ရှိကြပါတယ်။ ထပ်မံသိရှိလိုပါက ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။   ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များစိမ်းပြာရေညှိ အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်တွေ သင့်မှာရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်ဖြစ်နေရင် ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေရင် သင်ဟာကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် ကလေးနို့တိုက်ကျွေးနေသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုပဲ သုံးစွဲသင့်ပါတယ်။ တခြားဆေးဝါးတွေသောက်သုံးနေရသူဆိုရင်။ ဒီအချက်မှာ ဆရာဝန်ဆေးညွှန်းမလိုဘဲ အလွယ်တကူဝယ်လို့ရတဲ့ ဆေးဝါးများနှင့် ဆေးဖက်ဝင် ဘယဆေးများလည်း အကျုံးဝင်ပါတယ်။ စိမ်းပြာရေညှိ ပါဝင်ဓာတ်ပစ္စည်းတစ်ခုခု ဒါမှမဟုတ် တခြားဆေးဝါး/ ဆေးဖက်ဝင်အပင် တွေနဲ့ ဓာတ်မတည့်ရင် တခြားရောဂါတစ်ခုခုရှိနေရင်၊ ဆေးဝါးကုထုံးခံယူနေရသူဖြစ်ရင် အစားအစာ၊ဆိုးဆေး၊တာရှည်ခံဆေး၊တိရစ္ဆာန်၊ နွားနို့ တို့နှင့် ဓာတ်မတည့်တာတွေလို အခြားဓာတ်မတည့် မှုတွေရှိနေရင် ဆေးဖက်ဝင်ဓာတ်စာအားဆေးအတွက်စည်းကမ်း […]


သဘာဝဆေးဖက်ဝင်

Tea tree oil (လက်ဖက်ပင်အဆီ)

အသုံးပြုပုံများလက်ဖက်ပင်အဆီကိုဘယ်လိုသုံးမလဲ လက်ဖက်ပင်အဆီဆိုတာကလက်ဖက်ပင်ရဲ့အရွက်တွေကနေရရှိတဲ့အဆီဖြစ်ပါတယ်။ လက်ဖက်ပင်အဆီကို အပူပိုင်းဒေသတွေမှာဆေးကုသဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။ အသုံးပြုပုံတွေ – • ဝက်ခြံလိုမျိုး ကူးစက်တတ်တဲ့ဝေဒနာ • လက်သည်းခြေသည်းတွေမှိုပိုးဝင်ခြင်း • သန်းကိုက်နာ၊ယားနာနဲ့ ခြေထောက်မှာပွေး • ပွေးရောဂါ • ပြတ်ရှဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာ၊အပူလောင်နာ၊ပိုးမွှားကိုက်နာ၊ သွေးစုနာ၊ အဆိပ်ရှိတဲ့အကောင်ကိုက်လို့ဖြစ်တဲ့အနာနဲ့သွားနာတာတွေအတွက်လည်း ပိုးသတ်ဆေး အဖြစ်အသုံးပြုပါတယ်။ • ပါးစပ်နဲ့နှာခေါင်းမှာဖြစ်တဲ့ကူးစက်ရောဂါတွေနဲ့လည်ချောင်းနာဝေဒနာ • နားတွင်းပိုးဝင်ခြင်း • ချောင်းဆိုးခြင်း၊ လေပြွန်ပိတ်ခြင်းနဲ့ အဆုတ်ရောင်ဝေဒနာတွေကိုကုသဖို့အသုံးပြုပါတယ်။ လက်ဖက်ဆီကို အခြားအခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဆောင်ရန်၊ရှောင်ရန်အချက်များ လက်ဖက်ဆီကိုအသုံးမပြုခင်မှာဘာတွေသိထားသင့်သလဲ။ သင့်မှာ အောက်ပါ အခြေအနေများရှိရင် ဆရာဝန်၊ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ပြောပြဆွေးနွေးသင့်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်နေရင် ဒါမှမဟုတ်နို့်တိုက်မိခင်တစ်ဦးဖြစ်နေခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်ထားသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာသောက်သုံးသင့်ပါတယ်။ အခြားဆေးတွေသောက်သုံးနေရရင်။ ဆရာဝန်ဆေးညွှန်းမပါဘဲ မိမိဖာသာ ဝယ်သောက်နေသော ဆေးများ၊ ဆေးဖက်ဝင်ဘယဆေးများ အပါအဝင်။ သင့်မှာ လက်ဖက်ပင်အဆီ၊အခြားဆေးဝါးတွေ ဒါမှမဟုတ် အခြားသဘာဝ ဆေးပင်တွေနဲ့ဓာတ်မတည့်တာမျိုးရှိနေရင်၊ သင့်မှာအခြားရောဂါတွေ၊ဝေဒနာတွေနဲ့ အခြားဆေးကုသမှုခံယူနေရတာမျိုးရှိနေရင်၊ သင့်မှာ အစားအသောက်၊ဆိုးဆေး၊ တာရှည်ခံဆေး၊ တိရိစ္ဆာန်တို့နှင့် ဓါတ်မတည့်မှုများရှိရင် သဘာ၀ ဆေးဖက်ဝင် […]


သဘာဝဆေးဖက်ဝင်

Barley (ဘာလီ)

အသုံးပြုပုံများဘာလီ ကို ဘာအတွက်အသုံးပြုကြသလဲ Barley ဟာ ပင်မ အစားအသောက်တစ်ခုဖြစ်ပြီး ဘီယာချက်ဖို့အတွက် အသုံးပြုပြီး miso ပြုလုပ်ဖို့လည်း အချဉ်ဖေါက်နိုင်ကာ မုယောသကြားရရှိဖို့ သန့်စင်နိုင်ပါတယ်။ Barley ကို သွေးသကြားဓါတ်နည်းအောင်၊ သွေးပေါင်နဲ့ ကိုလက်စထရောကျအောင်၊ ကိုယ်အလေးချိန်ကျဆင်းအောင် အသုံးပြုကြပါတယ်။ သူ့ကို ဝမ်းလျှောခြင်း၊ အစာအိမ်နာခြင်းနဲ့ အူရောင်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ အချို့သူတွေက Barley ကို အားရှိပြီး ခံနိုင်ရည်မြင့်မားအောင် အသုံးပြုကြပါတယ်။ အခြားအသုံးဝင်ပုံတွေကတော့ ကင်ဆာကာကွယ်ခြင်းနဲ့ အဆုတ် ပြွန်ရောင်ခြင်းကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။ Barley ကို အပူလောင်တာတွေကို ကုသဖို့အတွက်လည်း အရေပြားပေါ်ကို လိမ်းပေးနိုင်ပါတယ်။ ဘာလီက ဘယ်လိုအလုပ်လုပ်လဲ Barley ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် […]


သဘာဝဆေးဖက်ဝင်

Chaulmoogra oil

အသုံးပြုပုံများ Chaulmoogra oilကို ဘာအတွက်အသုံးပြုကြသလဲ လုံခြုံစိတ်ချရမှုနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် Chaulmoogra အမှုန့်၊ အဆီနဲ့ လိမ်းဆေးတွေကို Psoriasis နဲ့ နှင်းခူနာတွေ အစရှိတဲ့ အရေပြားပြဿနာတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Chaulmoogra oil ကို အနာကြီးရောဂါကုသမှုမှာ အကြောထဲထိုးသွင်းပြီး အသုံးပြုကြပါတယ်။ အနာကြီးရောဂါကုသဖို့ ပထမဆုံးအသုံးပြုတဲ့ ဆေးတွေမှာ ပါဝင်တဲ့ပစ္စည်းတွေဟာ Chaulmoogra စေ့တွေမှာ ပါဝင်ပစ္စည်းတွေနဲ့ တူနေတာကြောင့် ဒါဟာ အံ့သြစရာတော့ မရှိပါဘူး။ တိရိစ္ဆာန်တွေမှာ လုပ်ထားတဲ့လေ့လာမှုတွေမှာတော့ သူဟာ အနာကြီးရောဂါ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သတ်ပစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ့မှာ စိတ်တည်ငြိမ်စေပြီး အဖျားကျစေတဲ့ အစွမ်းရှိပါတယ်။ အရေပြားရောဂါတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ Chaulmoogra oilဘယ်လိုအလုပ်လုပ်လဲ Chaulmoogra oil ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ […]


သဘာဝဆေးဖက်ဝင်

Cloves (လေးညှင်း)

အသုံးပြုပုံများလေးညှင်း ကို ဘာအတွက်အသုံးပြုကြသလဲ လေးညှင်းပွင့် ကို ဗိုက်နာခြင်းအတွက် အသုံးပြုပြီး သလိပ်ပျော်ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ သလိပ်ပျော်ဆေးဟာ သလိပ်လို အလွယ်တကူ ခပ်ထုတ်နိုင်စေပါတယ်။ လေးညှင်းပွင့်နဲ့ လေးညှင်းဆီတွေဟာ လေထခြင်း၊ ပျို့အန်ခြင်းတွေ အတွက်လည်း အသုံးပြုကြပါတယ်။ လေးညှင်းပွင့် ကို သွားနာခြင်းအတွက် သွားဖုံးပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပြီး သွားနှုတ်စဉ်မှာလည်း နာကျင်မှုကို သက်သာစေကာ dry socket လို့ ခေါ်တဲ့ သွားနှုတ်အပြီး ဖြစ်တဲ့ ဆိုးကျိုးအတွက်လညး အသုံးပြုနိုင်ပါတယ်။ သူ့ကို ပါးစပ်နဲ့ လည်ချောင်းရောင်ရမ်းခြင်းအတွက်နဲ့ နာကျင်မှုကို သက်သာစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ အခြားပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး လေးညှင်းပွင့် ကို အမျိုးသားတွေ အချိန်မတိုင်မီ သုက်လွှတ်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ လေးညှင်းပွင့် ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ […]


သဘာဝဆေးဖက်ဝင်

Copper (ကြေးနီ)

အသုံးပြုပုံများကြေးနီ ကို ဘာအတွက်အသုံးပြုကြသလဲ Copper ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အစားအစာတွေမှာ၊ အထူးသဖြင့် အသားတွေမှာနဲ့ ပင်လယ်စာတွေမှာ၊ အခွံမာသီးတွေ၊ cocoa ထုတ်ကုန်တွေမှာ တွေ့ရပါတယ်။ ကိုယ်ခန္ဓါဟာ Copper ကို အရိုးတွေနဲ့ ကြွက်သားတွေထဲမှာ များသောအားဖြင့် သိမ်းဆည်းထားပါတယ်။ အသည်းဟာ သွေးထဲမှာ ရှိတဲ့ Copper ပမာကို ထိန်းညှိပေးပါတယ်။ Copper ကို Copper ချို့တဲ့မှုတွေနဲ့ သူ့ကြောင့် ဖြစ်တဲ့ သွေးအားနည်းမှုတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Copper ချို့တဲ့မှုကတော့ ရှားပါတယ်။ Copper ချို့တဲ့မှုတွေဟာ အစားအသောက်ကနေ ဇင့်ဓါတ်များပြားစွာ ရရှိတဲ့သူတွေ၊ အူဖြတ်ထုတ်ထားတဲ့သူတွေနဲ့ အစာပြွန်ကနေ အစာစားရသူတွေမှာ ဖြစ်တတ်ပါတယ်။ အာဟာရချို့တဲ့တဲ့ ကလေးတွေဟာလည်း Copper ချို့တဲ့မှု ဖြစ်နိုင်ပါတယ်။ Copper ကို အနာကျက်ခြင်းကို အားပေးဖို့လည်း […]


သဘာဝဆေးဖက်ဝင်

Cucumber (သခွားသီး)

အသုံးပြုပုံများသခွားသီး ကို ဘာအတွက်အသုံးပြုကြသလဲ မိရိုးဖလာ ဆေးပညာအရ သခွားသီးကို ဆီးဆေးအဖြစ်သုံးပြီး သွေးပေါင်တက်ခြင်းနဲ့ ကျခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ သူ့ကို အရေပြားယားယံခြင်းကို သက်သာစေဖို့လည်း အသုံးပြုပါတယ်။ သခွားသီးစေ့တွေဟာ helminth တွေကို သတ်ပစ်နိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ သခွားသီး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သူ့ကို ဆီးဆေးအပျော့တစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဆီးသွားစေတဲ့အာနိသင်ဟာ သူ့မှာပါတဲ့ cucurbitin ဆိုတဲ့ glycoside တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့အသုံးဝင်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မိရိုးဖလာ ဆေးပညာတွေက တစ်ဆင့် ဆင်းသက်လာပြီး သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ထားခြင်း မရှိပါဘူး။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များသခွားသီး အသုံးမပြုခင် […]


သဘာဝဆေးဖက်ဝင်

Anise (စမုန်စပါး)

အသုံးပြုပုံများစမုန်စပါး ကို ဘာအတွက်အသုံးပြုကြသလဲ စမုန်စပါး ဟာ ချိုတဲ့ နွယ်ချိုလိုမျိုး အရသာရှိပြီး နွယ်ချိုသကြားလုံးမှာ စမုန်စပါးဆီကို ထည့်သွင်းအသုံးပြုကြပါတယ်။ စမုန်စပါးကို အောက်ပါအခြေအနေတွေကို ကုသဖို့ အသုံးပြုပါတယ်။ • ရာသီလာစဉ် နေမထိထိုင်မသာဖြစ်ခြင်း • ပန်းနာရင်ကျပ်ရောဂါ • ဝမ်းပိတ်ခြင်း • သန်း • ဝဲ • Psoriasis • ချောင်းဆိုးခြင်း • ကြွက်သားကျုံ့ခြင်း ထို့အတူ စမုန်စပါးဟာ နို့ထွက်များစေပြီး လိင်စိတ်ကို တိုးမြှင့်ပေးပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ စမုန်စပါး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့ လေ့လာမှုတွေက estrogen နဲ့ တူတဲ့ အာနိသင်နဲ့ ဘက်တီးရီးယားတွေကို သတ်ပစ်နိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ လေ့လာမှုတစ်ခုက စမုန်စပါးကို ရောင်ရမ်းမှု၊ tumour necrotic factor-mediated signalling ကြောင့် ကင်ဆာဖြစ်စေခြင်းတွေကို ပိတ်ပင်ပေးတယ်လို့ ဆိုပါတယ်။ အခြားလေ့လာမှု […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း