သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး

ငယ်ငယ်က ဆော့ဖို့ အရွက်ကလေးတွေ ခူးတဲ့အခါ အစိမ်းရောင် အရွက် ဖားဖားလေးတွေနဲ့ နှာမောင်းလေးလို အစိမ်းရောင် ရိုးတံရှည်ရှည် ကွေး​ကွေးလေးနဲ့ ထိပ်ပိုင်းမှာ အပွင့် ဖြူဖြူလေးတွေ ပွင့်တဲ့ ဆင်နှာမောင်းပင်ကို မြင်ဖူးကြမယ်ထင်ပါတယ်။ သေချာစိုက်ထားတာ မဟုတ်တာတောင် အကောင်းဆုံး ရှင်သန်နေတဲ့ ဒီအပင်လေးတွေကို ငယ်ငယ်ကတော့ ဆင်နှာမောင်းလေးနဲ့ တူလို့ ချစ်စရာလေးဆိုပြီး ဆော့ဖို့ ခူးကြပေမယ့် ဆေးဖက်ဝင်တယ်ဆိုတာကို မသိခဲ့ပါဘူး။ တကယ်ကတော့ ဒီအပင်လေးက ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆင်နှာမောင်းပင် ဆိုတာ တကယ်ကတော့ ဒီအပင်လေးကို ဆင်နှာမောင်းပင် အကြီးမျိုးလို့ ခေါ်ကြပါတယ်။ အရွက်တွေ ဖြာနေအောင် ထွက်တတ်တဲ့ အပင်ပုလေး တစ်မျိုးပါ။ အရိုးတံက မာမာလေးနဲ့ တောင့်တောင့်တင်းတင်း ရှိပါတယ်။ အမြင့်ကတော့ ၁.၅ မီတာလောက်ပဲ မြင့်ပါတယ်။ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ […]


သဘာဝဆေးဖက်ဝင်

ထိကရုန်းပင် နဲ့ ကျန်းမာရေး

အရွက်လေးတွေက စီစီရီရီနဲ့ အစိမ်းနဲ့ နီမြန်းမြန်းလေး ရောနေပြီး ပန်းရောင် ပန်းလုံးလုံးတွေ ပွင့်တာကြောင့် အမြင်က ချစ်စရာကောင်းသလို ထိခိုက်ရင်လည်း အရွက်လေးတွေက အိပ်သွားတာကြောင့် မြင်တာနဲ့ လက်ချောင်းလေးတွေနဲ့ သွားသွားထိပြီး ဆော့လေ့ရှိတဲ့ ထိကရုန်းပင် လေးကို ငယ်ငယ်က မဆော့ခဲ့ဖူးသူဆိုတာ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ ဒီအပင်လေးက အမြင်အရ ချစ်ဖို့ ကောင်းသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိကရုန်းမှာ ကုန်းထိကရုန်းရယ်၊ ရေထိကရုန်းရယ်ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက ပတ်ဝန်းကျင်မှာ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ ကုန်းထိကရုန်းလေးရဲ့ ဆေးဖက်ဝင်ပုံလေးကို ပြောပြပေးချင်တာပါ။ ထိကရုန်းဆိုတာ ထိကရုန်း ဆိုတာကအရွက် သေးသေးလေးတွေ အများကြီးပါတဲ့ အရွက်လေးတွေ ရှိပါတယ်။ မြေပြင်မှာ ကပ်ပေါက်လေ့ရှိပြီး အရိုးတံလေးတွေက အနီရောင်လေးတွေ ရှိပါတယ်။ အရွက် အပေါ်ပိုင်းက […]


သဘာဝဆေးဖက်ဝင်ပစ္စည်းများ

သဘာဝဆေးဖက်ဝင်အပင်များ နဲ့ ရိုးရာဆေးနည်းများ

အနောက်တိုင်းဆေးပညာကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတဲ့ တခြားတစ်ဖက်မှာ အနောက်တိုင်းဆေးတွေက ပြင်းတယ်။ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး တခြားဆေးနည်း ပြောင်းသုံးကြသူတွေလည်း ရှိပါတယ်။ ဒီနည်းလမ်းတွေထဲမှာ သဘာဝဆေးဖက်ဝင်အပင်များ နဲ့ ရိုးရာဆေးနည်းများကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဘယ်လို နည်းလမ်းနဲ့ပဲဖြစ်ဖြစ် နည်းလမ်းမှန်မှန်၊ ကျွမ်းကျင်သူတွေနဲ့ ကုသမယ်ဆိုရင် သက်သာလာနိုင်ပါတယ်။ သဘာဝဆေးဖက်ဝင်အပင်များ သဘာဝဆေးဖက်ဝင် အပင်များဆိုတာ သဘာဝကရတဲ့ အပင်တွေရဲ့ ပဉ္စငါးပါးကို လိုသလို ပြုတ်ထောင်းပြီး သောက်ကြတာပါ။ ဆေးမြီးတိုလို့ ပြောလို့ရပါတယ်။ တိုင်းရင်းဆေးနဲ့ မတူပါဘူး။ တိုင်းရင်းဆေးက ရိုးရာဆေးနည်း တစ်မျိုးဖြစ်ပြီး သူ့မှာ စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ သဘာဝကရတဲ့ အပင်တွေ၊ အခေါက်တွေကို အနောက်တိုင်း ဆေးဝါးပုံစံ ဆေးတောင့်အနေနဲ့လည်း ထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။ သဘာဝဆေးဖက်ဝင်အပင်များ ကို သုံးစွဲတဲ့အခါ သတိထားရမယ့် အချက်များ တခြားသောက်လက်စဆေးတွေ၊ အနောက်တိုင်းဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဆေးဖက်ဝင်အပင်နဲ့ […]


တိုင်းရင်းဆေးဝါးများ

လူကြိုက်များတဲ့ ရိုးရာဆေးနည်း များ

အရင်က နေမကောင်းဖြစ်ရင် ရိုးရာဆေးနည်း တွေနဲ့ပဲ ကုသလေ့ရှိပါတယ်။ ဒီထဲမှာ တိုင်းရင်းဆေးတွေ ပါမယ်။ အိမ်နားက အရွက်တွေ ထုထောင်းပြီးတိုက်တဲ့ ဆေးမြီးတိုတွေ ပါမယ်။ အပ်စိုက်ကုတွေ ပါမယ် အစုံပါပဲ။ နောက်ပိုင်းကျတော့ ဒါတွေက ခိုင်ခိုင်မာမာ သက်သေပြထားတာမရှိဘူးဆိုပြီး သိပ္ပံနည်းကျ ရှင်းပြနိုင်တဲ့ အနောက်တိုင်း ဆေးတွေနဲ့ ကုလာကြတယ်။ ခုတစ်ခါ ခေတ်ပြန်လည်လာပြန်တော့ အနောက်တိုင်းဆေးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး အရင်က ရိုးရာဆေးနည်းတွေကိုပါ ပူးတွဲသုံးတာ၊ အစားထိုးသုံးတာတွေ ရှိလာပါတယ်။ ရိုးရာဆေးနည်း ဆိုတာ ရိုးရာဆေးနည်း တွေနဲ့ ပတ်သက်လို့ တိကျတဲ့ သတ်မှတ်ချက်မရှိပါဘူး။ လက်ရှိမှာ သိပ္ပံနည်းကျလေ့လာထားတဲ့ ကုသနည်း (တစ်နည်းအားဖြင့် အနောက်တိုင်း ဆေးနည်း)တွေကို အစားထိုးပြီး ဒါမှမဟုတ် ပူးတွဲပြီး သုံးတဲ့နည်းတွေကို ရိုးရာဆေးနည်းတွေလို့ပဲ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ လူကြိုက်များတဲ့ ရိုးရာဆေးနည်းများ ရိုးရာဆေးနည်း က […]


သဘာဝဆေးဖက်ဝင်

သဘာဝဆေးဖက်ဝင် အပင်များ

မြန်မာနိုင်ငံမှာ သဘာဝဆေးဖက်ဝင် အပင်တွေက တော်တော်ခေတ်စားပါတယ်။ အနောက်တိုင်း ဆေးဝါးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဆေးဖက်ဝင်အပင်တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို ပြောပြပေးလိုပါတယ်။ သဘာဝဆေးဖက်ဝင် အပင်ဆိုတာ အပင်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အရွက်၊ အမြစ် စတဲ့ ပဉ္စငါးပါးကို လိုသလိုပြုပြင်ပြီး အသုံးချတာပါ။ ဒါတွေကို ရိုးရာနည်းအရ ပြုတ်သောက်၊ သုပ်စား စတာတွေ လုပ်သလို နောက်ပိုင်းမှာ ဆေးဖော်တဲ့နေရာ၊ အနောက်တိုင်းဆေးတွေလို ဆေးတောင့်တွေအနေနဲ့ သုံးလာကြပါပြီ။ ဒါပေမယ့် ဒီဆေးတွေက တခြားဆေးတွေလိုပါပဲ။ သေသေချာချာ မသုံးဘူးဆိုရင် ခန္ဓာကိုယ်ကို ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ သဘာဝဆေးဖက်ဝင် အပင်တွေကို သုံးစွဲတဲ့အခါ သတိထားရမယ့် အချက်များ တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ တခြားသောက်နေတဲ့ ဆေးတွေရဲ့ အာနိသင်ကို ကျစေ၊ တိုးစေနိုင်တာမျိုး ရှိနိုင်ပါတယ်။ ဒါကနေ […]


သဘာဝဆေးဖက်ဝင်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ သဘာဝတရားကြီးက လူသားတွေကို ကမ္ဘာမြေပြင်ပေါ်မှာ ရှင်သန်နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးပါတယ်။ အစားအစာ ကနေစလို့ ဆေးဝါး၊ အိမ်ဆောက်ဖို့ လိုအပ်မယ့်အရာတွေနဲ့ သောက်ဖို့ ရေ ကအစ အစစအရာရာကို ထောက်ပံ့ပေးထားတာပါ။ ဒီလို ထောက်ပံ့ပေးမှုတွေထဲမှ လူသားတွေ ရှင်သန်စေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာတွေကတော့ အပင်တွေပါပဲ။ အချို့သော အပင်မျိုးစိတ်တွေက လူသားတွေ မဖြစ်လာခင်ကတည်းက ကမ္ဘာမြေပေါ်မှာ ရှိနေခဲ့တာပါ။ ဒီလိုမျိုး ရှေးအစဉ်အဆက် ကာလတွေကတည်းက ရှင်သန်ဖို့အတွက် အသုံးပြုခဲ့ကြတဲ့ အုန်းပင်က ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ အုန်းပင် ဆိုတာ အုန်ပင်ဆိုတာက လူတိုင်းနီးပါး မြင်ဖူးနေမယ့် အပင်ပါ။ ပင်လယ်ကမ်းခြေ ဒေသတွေမှာ အများဆုံး ပေါက်ရောက်ပါတယ်။ အုန်းပင်ရဲ့ အခက်အလက်တွေကို လူသုံးကုန် အဖြစ် […]


တိုင်းရင်းဆေးဝါးများ

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ ဒီကုထုံးကို ရှေးယခင်ကာလတွေက လူမျိုးအလိုက် ကွဲပြားတဲ့နည်းလမ်းတွေနဲ့ အသုံးပြုခဲ့ကြတာပါ။ ဒီကုထုံးအတွက် ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို အသုံးပြုကြပါတယ်။ ပန်းနဲ့ အမွှေးနံ့ရှိတဲ့ သဘာဝပစ္စည်းတွေရဲ့ အဆီအနှစ်တွေကို ကျန်းမာရေးနဲ့ စိတ်ခံစားမှု ကောင်းစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ နီးပါးလောက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ ရနံ့ကုထုံး (Aromatherapy) ဆိုတာ ရနံ့ကုထုံး(Aromatherapy) ကို ပုံမှန်အားဖြင့်ကတော့ ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုကြသလို အရေပြားပေါ်မှာ လိမ်းကျံပြီးတော့လည်း အသုံးပြုပါတယ်။ ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုခြင်း ဒီနည်းလမ်းမှာတော့ ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို ရေနွေးနွေးထဲထည့်ပြီး အခိုးငွေ့ကို ရှူတာ ရှိသလို၊ […]


သဘာဝဆေးဖက်ဝင်

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က နွေရာသီမှာ အတော်လေး အေးမြတဲ့ အရိပ်ကိုပေးပါတယ်။ အညာဒေသတွေမှာဆိုရင် မန်ကျည်းပင် အုံ့အုံ့ဆိုင်းဆိုင်းတွေကို အများဆုံး မြင်တွေ့ရပါတယ်။ မန်ကျည်းလို့ ပြောလိုက်ရင် လူအများစုက မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်နုလေးတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါတွေက စားသုံးလို့ ရသလို ကျန်းမာရေးအတွက်လည်း ကောင်းစေတယ် ဆိုတာကိုး။ တကယ်က မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်တော့ မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးပါမယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံကို အတူတူကြည့်လိုက်ရအောင်နော်။ မန်ကျည်းခေါက်ဆိုတာ မန်ကျည်းခေါက် ဆိုတာက ပင်စည် ဒါမှမဟုတ် အကိုင်းရင့်ရင့်လေးတွေရဲ့ ပင်စည် အပြင်ဘက်ကနေ ကာရံထားတဲ့ အခေါက်လေးတွေပါ။ အညိုပွေး ရှိပါတယ်။ မန်ကျည်းခေါက် က အနီရောင်ထွက်တာ ရှိသလို မန်ကျည်းအဖြူခေါက်လည်း ရှိပါတယ်။ မန်ကျည်းခေါက်လေးရဲ့ […]


သဘာဝဆေးဖက်ဝင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ထောလပတ်ရွက်လို့ ပြောလိုက်ရင် အုန်းဆီထဲထည့်ပြီး လိမ်းရမယ်။ ဆံပင် နက်စေတယ်။ ဆံပင် သန်စေတယ်။ ဆံပင်ကျွတ်တာကို သက်သာစေတယ် ဆိုတဲ့ အကြောင်းအရာတွေကပဲ ခေါင်းထဲကို အရင်ဆုံးရောက်လာတယ်ဟုတ်။ တကယ်ကတော့ ထောလပတ်ရွက်က ဆံပင်ကို သန်စေသလို အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေများလဲ။ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ထောလပတ်ရွက်ရဲ့ လူသိနည်းသေးတဲ့ ကျန်းမာရေးအာနိသင်အချို့ ထောလပတ်ရွက် ဆံပင်တွေကို သန်စွမ်းနက်မှောင်စေသလို အခုလို ကျန်းမာရေး အကျိုးအာနိသင်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အရေပြားပြဿနာတွေကို သက်သာစေတယ်။ ထောလပတ်ရွက်က အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ အရေပြားယားယံတာ၊ နှင်းခူ၊ ဆိုရီရေးစစ်၊ ပွေး စတာတွေ သက်သာစေဖို့ ရေစင်စင်ဆေးထားတဲ့ ထောလပတ်ရွက်ကို ကြိတ်ပြီး လိမ်းပေးလို့ ရပါတယ်။ နနွင်းလေးနဲ့ ရောလူးရင် ပိုထိရောက်ပါတယ်။ ဓာတ်မတည့်မှုကို သက်သာစေတယ်။ ထောလပတ်ရွက်မှာ ဓာတ်မတည့်မှုကို သက်သာစေနိုင်တဲ့ […]


သဘာဝဆေးဖက်ဝင်

ဂျင်ဆင်း..... ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း

သန်စွမ်းကျန်းမာမှုက လူတစ်ယောက်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာပေါ့။ နေကောင်းနေချိန်မှာ နေကောင်းကျန်းမာမှုရဲ့ တန်ဖိုးကို သတိမထားမိကြပေမယ့် နေထိုင်မကောင်းတဲ့အခါ နေမြန်မြန်ကောင်းချင်လိုက်တာဆိုတာက လူတိုင်းပြောမိနေကျစကားပါ။ လူတိုင်းက သန်စွမ်းကျန်းမာတာကို ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုလို့ ယူဆနေကြပေမယ့် သန်စွမ်းကျန်းမာမှုက တန်ဖိုးထားစောင့်ရှောက် ထိန်းသိမ်းသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျန်းမာစွာနေထိုင်ခြင်းအခန်းကဏ္ဍမှာ ဓာတ်စာတွေကလည်း အရေးကြီးတဲ့ နေရာတစ်ခုမှာပါဝင်နေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဂျင်ဆင်းကို ဘာလို့ ခေတ်အဆက်ဆက် ယနေ့တိုင်အောင် ကျန်းမာခြင်းအတွက် အကောင်းဆုံးအကျိုးပြုနိုင်တဲ့ ဓာတ်စာတစ်ခုအဖြစ်ဘာလို့အသုံးပြုခဲ့ကြတာလဲဆိုတာ သေချာဖော်ပြထားပါတယ်။ ဖတ်ကြည့်ပေးပါနော်။ သန်စွမ်းကျန်းမာမှုရဲ့ လျှို့ဝှက်ချက် သန်စွမ်းကျန်းမာစေဖို့ ရှေးယခင်ကာလတွေကတည်းက အာရှဒေသတစ်ခွင်မှာ မှီဝဲခဲ့တဲ့ သဘာဝ ဓာတ်စာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ တရုတ်ကားတွေကနေတဆင့် ရင်းနှီးခဲ့တဲ့ ဂျင်ဆင်းပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံ၊ အာရှဒေသက နိုင်ငံအတော်များများ နဲ့ မြောက်အမေရိကနိုင်ငံတွေမှာ ရောဂါတွေကို ကုသဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် ဂျင်ဆင်းကို အသုံးပြုခဲ့ကြပါသတဲ့။ ဒီလိုနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း