ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိုင်ယာတီကာ အကြောနာ အတွက် မသင့်တော်သော အစားအသောက်များ

စိုင်ယာတီကာ အကြောနာ(Sciatica) ဆိုသည်မှာ ရောဂါအမည်တစ်ခု မဟုတ်ပါ။ ရောဂါအခြေအနေတစ်ခု၏ ရောဂါလက္ခဏာသာဖြစ်ပါသည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟု လည်း ခေါ်ဝေါ်ကြသည်။) အချို့အခြေအနေများတွင် ပြင်းထန်သော ရောဂါတစ်စုံတစ်ခု ဥပမာ။ ကင်ဆာကျိတ်သည် စိုင်ယာတီကာ အကြောနာ ၊ အကြောညပ်ဖြစ်ရခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။ ရောဂါအတွက် ကုသမှုနည်းလမ်းများ ရှာဖွေခြင်း အပြင် ကျန်းမာသော အစားအသောက်သည်လည်း စိုင်ယာတီကာ အကြောနာခြင်းကြောင့် ဖြစ်သော နာကျင်မှုကို သက်သာစေရန် ကူညီပေးပါသည်။ စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းကို ဆိုးရွားစေသည့် အစားအစာများကို အောက်တွင် ဖော်ပြထားပါသည်။ ထပ်တိုးသကြားများ သကြား ထပ်ထည့်ခြင်းသည် အချိုအရသာ နှင့် ကယ်လိုရီဓါတ် တိုးမြှင့်ပေးပါသည်။ သို့သော် အာဟာရ များစွာ မဖြစ်သည့်အပြင် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု များသည်။ သကြားဓါတ်များသော အစားအသောက်များသည် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ

သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့်ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့်ကျန်းမာရေးအတွက် အာဟာရဓါတ်လုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။ အချို့သော အစားအစာများသည် မအီမသာဖြစ်စေသော်လည်း အချို့သောအစားအစာများစားခြင်းဖြင့်လည်း ထိုမအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။ ပန်းသီး ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက်စားလိုက်လျှင် သင့်ကိုပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓါတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။ သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်းမရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့သောက်နိုင်ပါသည်။ ဌက်ပျောသီး သင်သည် မအီမသာဖြစ်ပြီး ရေဓါတ်ခမ်းခြောက်မှုဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများကသင့်အတွက် သက်သာစေပါလိမ့်မည်။ ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။ ဘီစကစ်မုန့် ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာစားချင်စိတ်ကို ဖြစ်ပေါ်စေမယ့် နည်းလမ်း ၁၀ ချက်

သင်ဟာ သင့်အစားအစာတွေကို ကုန်အောင်စားဖို့ အခက်အခဲ ဖြစ်နေပါသလား ? သင် အစာ စားချင်စိတ်ပျောက်နေပြီး အစာ စားချင်စိတ် မြင့်အောင် ဘယ်လို လုပ်ရမလဲ မသိဘဲဖြစ်နေလား ? ဒါကို မကုသဘဲ ထားတဲ့အခါ ကြာလာရင် သင်ဟာ အာဟာရ ချို့တဲ့လာပြီး အလွယ်တကူ မောပန်းတာတွေ ဖြစ်လာပါလိမ့်မယ်။ အခုပြောပြမယ့် အချက် ၁၀ ချက်က သင့် အစာ စားချင်စိတ်ကို မြှင့်တင်ဖို့ ကူညီပါလိမ့်မယ်။ ဂျင်းကနေ ထုတ်လုပ်တဲ့ ဆေးဝါးတွေကို သုံးကြည့်ပါ။ ဂျင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး သူ့မှာ volatile oil ဆိုတဲ့ အရေးပါတဲ့ အဆီတစ်မျိုး ပါဝင်ပါတယ်။ နောက်တစ်ခုက ဂျင်းက သင့်ကို လေလည်စေပါတယ်။ ဂျင်းတွေဟာ အစားအစာတွေကို အရသာ တိုးအောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဖရက်တို့ သကြားဆိုတာ ဘာလဲ

Fructooligosaccharide ဆိုသည်မှာ ဖရက်တို့ သကြားမော်လီကျူး အတိုလေးများ စုပေါင်းထားသော ကာဗိုဟိုက်ဒြိတ်အမျိုးအစား ဖြစ်ပါသည်။ oligo ဆိုသည်မှာ အနည်းငယ်ဟု အဓိပ္ပာယ်ရပြီး saccharide ဆိုသည်မှာ သကြားဟု အဓိပ္ပာယ်ရပါသည်။ Fructooligosaccharide ကို တခါတရံတွင် oligofructose ဟုခေါ်ပါသည်။ ဖရက်တို့ သကြားဓါတ်ကို ဘယ်ကရသလဲ။ ဖရက်တို့ သကြားဓါတ်သည် သဘာ၀ အစားအစာများဖြစ်သော ဌက်ပျောသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ချီကိုရီပင်၊ ဂေါ်ဖီထုပ်၊ ယာကွန်ပင်၊ ဘာလီနှင့် ဂျုံပင် တို့မှ ရရှိပါသည်။ ဂေါ်ဖီထုပ် အနွယ်ဝင်ဖြစ်သော ယာကွန်ပင်တွင် ဖရက်တို့ သကြားဓါတ်အများအပြား ပါဝင်ပါသည်။ သို့သော် အစာအိမ် အကျိုးပြု အစားအစာများ၊ သကြားတုများတွင် ပါဝင်သော ဖရက်တို့ သကြားဓါတ်များမှာ မူ လူတို့ပြုလုပ်ထားသော သဘာဝမဟုတ်သော ဖရက်တို့ သကြားဓါတ်များ ဖြစ်ပါသည်။ အချို့သော ဖရက်တို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့တွင် ပါဝင်သော MCT (အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီ) ၏ အကျိုးအာနိသင်များက ဘာတွေလဲ။

MCT ဟုခေါ်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီများသည် ကျန်းမာရေးအတွက် ကောင်းကျိုးပေးသော ဆီများဖြစ်သောကြောင့် ယနေ့ခေတ်တွင်လူအများစက အာရုံစိုက်လာကြပါသည်။ MCT ဟုခေါ်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီများနှင့် ပတ်သက်သော အခြေခံအချက်များ အများစုသော အဆီဓါတ်များသည် ကာဗွန်အမှတ် ၁၂ မှ ၂၂ အတွင်းရှိကြသည်။ MCT သည် ဓါတုဗေဒအားဖြင့် အစားအစာများတွင် ပါရှိသော ကာဗွန်အမှတ် ၈ မှ ၁၂ အတွင်းပါဝင်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီဖြစ်ပါသည်။ အများစုသော အဆီများကို အစာခြေလမ်းကြောင်းမှ စုပ်ယူပြီး ခန္ဓါကိုယ်တွင် လိုအပ်သော တစ်သျူးများတွင် သိုလှောင်ထားပါသည်။ MCT သည် အခြားဆီများကဲ့သို့ အူလမ်းကြောင်းကို ဖြတ်သန်းခြင်းခြင်းမရှိဘဲ အသည်းကိုတိုကိရိုက်ရောက်ရှိခြင်းကြောင့် ကိုယ်ထဲတွင် စွမ်းအင်ပမာဏကို ကြာရှည်စွာ ပေးစွမ်းနိုင်ပါသည်။ MCT ကိုအောက်ပါအတိုင်း ၃ မျိုးခွဲထားပါသည်။ · ကယ်ပရိုအစ်အက်ဆစ် · ကယ်ပရီအစ်အက်ဆစ် · […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာများ၏ အကျိုးရလဒ်များ

ဥတုရာသီတွေ ပြောင်းလဲတာနဲ့အတူ ကျွန်တော်တို့ရဲ့ အစားအသောက်ပုံစံတွေလည်း ပြောင်းလဲလာကြပါတယ်။ ရာသီစာတွေက အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အရသာကိုပဲ ပေးစွမ်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓါကိုယ်အတွက်လည်း အံ့သြဖို့ကောင်းတဲ့ ကောင်းကျိုးအများအပြား ပါဝင်ပါတယ်။ ရာသီစာ စားသုံးခြင်းရဲ့ သိသာတဲ့ ကောင်းကျိုးအချို့ကို ဖော်ပြထားပါတယ်။ ၁။ အရသာ ပိုကောင်းတဲ့အရသာ၊ ပြည့်စုံတဲ့ ရင့်မှည့်မှုတွေကြောင့် အစားအစာတွေကို သူတို့ရဲ့ ရာသီမှာ စားသုံးရတာ အကောင်းဆုံးပါ။ အရသာအပြင်ကို လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ရာသီမဟုတ်၊ စနစ်တကျစိုက်ပျိုးထားတာတွေထက် ပိုပြီး အဟာရ ပြည့်ဝပါတယ်။ အတွင်းထဲက လာတဲ့အတွက်ကို လတ်ဆတ်ရင့်မှည့်မှု၊ နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ ထူးရှယ်ချိုမြမှုတွေနဲ့ ပြည့်ဝနေတဲ့ ပန်းသီးတစ်လုံးထဲကို သင့်သွားတွေရဲ့ နစ်မြှုပ်ဝင်ရောက်သွားတာကို စိတ်ကူးခံစားကြည့်ပါ။ ၂။ အာဟာရ နေရောင်ခြည်နဲ့ မြေဆီမြေနှစ်တွေက လတ်ဆတ်တဲ့ ထွက်ကုန်တွေအတွက် အဟာရနဲ့ တခြားလိုအပ်တဲ့ အရာတွေဖြစ်တဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ

ကျန်းမာတဲ့ စိတ်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် ပမာဏနဲ့အတူ ကျန်းမာစေမယ့် နေထိုင်စားသောက်မှုပုံစံ လိုအပ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် တချို့လူတွေက ဟင်းသီးဟင်းရွက်တွေရဲ့ အရသာကို သဘောမကျကြပါဘူး။ ဒါ့ကြောင့် သူတို့ဟာ သစ်သီးတွေဖက်ကို စိတ်ရောက်ကြပါတော့တယ်။ တိတိကျကျပြောရရင် သစ်သီးဖျော်ရည်တွေပါ။ ဒီဖျော်ရည်တွေက digestive drain မဖြစ်စေဘဲ အစာချေဖျက်မှုစနစ်ဆီ တိုက်ရိုက်သွားမယ့် probiotics ၊ enzymes ၊ nutrients ပမာဏ အတော်များများ ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ကောင်းကျိုးတွေအပြင် ဆိုးကျိုးတချို့လဲ သစ်သီးဖျော်ရည်တွေမှာ ရှိပါတယ်။ ၁။ ဈေးကြီးခြင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်း စားတာနဲ့ ယှဉ်ရင် ဖျော်ရည်တွေက ဈေးပိုကြီးပါတယ်။ အရည်ညစ်စက်၊ အရည်အသွေးကောင်းတဲ့ ဓါးတွေ၊ သိမ်းဆည်းဖို့ ဘူး၊ ခွက်တွေ စတဲ့ အထူးပြုလုပ်ထားတဲ့ […]


အဝလွန်ခြင်း

မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အိပ်စက်ခြင်းက ကလေးငယ်အဝလွန်ခြင်းနဲ့ သက်ဆိုင်နေသလား

အိပ်စက်ခြင်းဟာ လူသားတွေအတွက် အသက်အရွယ်မရွေး၊ ကျားမမရွေး ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့ အိပ်စက်ခြင်းက ပိုလို့ပိုလို့ အဓိကကျပါတယ်။ ကျန်းမာရေးပြဿနာတော်တော်များများဟာ အိပ်စက်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ အဝလွန်ခြင်းဟာလည်း ဒီထဲက တစ်ခုပါပဲ။ ကလေးငယ်၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအကျော်လောက်ကတည်းက အသက် ၂နှစ်က ၅နှစ်ကြားကလေးတွေမှာ အဝလွန်ခြင်းဟာ ၂ဆလောက်မြင့်တက်လာပါတယ်။ ၆နှစ်က ၁၁နှစ်ကလေးတွေမှာတော့ ၃ဆလောက်နီးနီးဖြစ်လာသလို ၁၂ကနေ ၁၉နှစ်ထိ ဆယ်ကျော်သက်အရွယ်တွေမှာတော့ ၂ဆလောက်ဖြစ်လာပါတယ်။ ၂၀၁၀ခုနှစ်၊ စက်တင်ဘာ ၇ရက်နေ့ကလုပ်တဲ့ လေ့လာမှုတစ်ခုကတော့ ညဘက်မှာ ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် မအိပ်တဲ့ကလေးတွေဟာ သူတို့အရွယ်မရောက်ခင် အချိန်မှာတည်းက အဝလွန်ရောဂါဖြစ်ဖို့ ပိုလွယ်တယ်လို့ဆိုပါတယ။် ဒီလေ့လာမှုကပဲ နေ့လည်ဘက် တစ်ရေးတစ်မောအိပ်ခြင်းဟာ ညဘက်မှာ အိပ်စက်ခြင်းကို အစားမထိုးနိုင်ဘူးရယ်လို့လည်း ဆိုပြန်ပါတယ်။ အိပ်ရေးမဝခြင်းဟာ လူငယ်တွေမှာတော့ အဝလွန်ဖို့ဦးတည်စေပါတယ်။ ကလေးတွေ၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်းကြားက […]


အဝလွန်ခြင်း

အဝလွန်ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

အဝလွန်ခြင်းဟာ ကလေးတွေကြားမှာတော့ အဖြစ်အများဆုံး ပြဿနာတစ်ခုပါပဲ။ အချို့လူတွေကတော့ ကလေးဝဝလေးတစ်ယောက်ဟာ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီးတော့လည်း ပျော်နေနိုင်ကြတာပဲလို့ ဆိုကြပါလိမ့်မယ်။ ဒါပေမဲ့ အဝလွန်နေတဲ့ကလေးတွေအားလုံးမှာတော့ ဒီလိုမခံစားကြရပါဘူး။ သင့်ကလေးလေးက စပြီးဝလာပြီဆိုတာနဲ့ သူတို့တွေမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေကို စပြီးခံစားရတော့တာပါပဲ။ ဒါတင်မကသေးဘဲ ခံစားချက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ တွဲဖက်ခံစားရနိုင်ပါတယ်။ Social stigma Social stigma ဆိုတာကတော့ အဝလွန်ကလေးအများစု အမြဲလိုလိုခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါ။ လူမှုပတ်ဝန်းကျင်ကလည်း ပိန်သွယ်ခြင်းကိုသာ လက်ခံကြတယ်လို့ ဆိုပါတယ်။ အဝလွန်နေတဲ့ကလေးတွေဟာ သူတို့ဒီလိုဝနေတာကြောင့် လူကြီးတွေက တခြားကလေးတွေနဲ့စာရင် သူတို့အပေါ်အချစ်လျော့တယ်လို့ ထင်တေနတတ်ကြပါတယ်။ ဒီခံစားမှုဟာ ကလေးငယ်ရဲ့ ကောင်းမွန်တဲ့ခံစားချက်တွေနဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကလေးတွေရဲ့ ဝမ်းနည်းမှုကို သူတို့မျက်လုံးတွေမှာ မြင်နိုင်ပြီး သူတို့စကားလုံးတွေမှာတော့ သူတို့ရဲ့ စိတ်ဓါတ်ကျဆင်းမှုတွေကို အတိုင်းသားကြားနိုင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းနဲ့ ကျောင်းတွင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်များ အမျိုးအစားခွဲခြင်း (အလုပ်ဖြစ်သလား)

အစားအစာတွေကို အမျိုးအစားခွဲတာ အလုပ်ဖြစ်ပါသလား။ သင့်ကလေးဟာ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အတူ အာဟာရဓါတ်လည်း လိုလာပါတယ်။ ဒါကြောင့် အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်ခြင်းဟာ သင့်ကလေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလှပါတယ်။ အစားအစာတွေ အများအပြားထဲမှာမှ မိမိကျန်းမာရေးနဲ့ ကိုက်ညီမယ့်အစာတွေကို ရွေးချယ်စားသုံးဖို့အတါက် သင့်ကလေးကို ပညာပေးဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။ ပရမ်းပတာစားခြင်းရဲ့ ဆိုးကျိုးများ အစားကို ပရမ်းပတာစားတဲ့ ကလေးများဟာ ခံတွင်းပျက်ခြင်း၊ အစားကို အလွန်အမင်းစားပြီး ကြောက်ရွံ့အားငယ်တတ်တဲ့ စိတ်အခြေအနေ၊ ကျောင်းနဲ့ အိမ်မှာပါ ဖိအားဝင်ခြင်း စတဲ့အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအခြေအနေတွေကနေ ကြွက်သားများ ဆုတ်ယုတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးပြသနာ စတာတွေ ဖြစ်လာတတ်ပါတယ်။ သင့်ကလေးကို ကျန်းမရေးကောင်းပြီး မိမိကိုယ်ကို ယုံကြည်စိတ် မြင့်မားစေဖို့ ရည်မှန်းချက်များ ချမှတ်ပေးပါ။ အစားအစာအမျိုးမျိုးရဲ့ အာဟာရဓါတ်များကို သိနားလည်အောင် သင်ပေးထားပါ။ မကောင်းသော အစားအစာများစာရင်း အောက်ပါအချက်တွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း