ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပိန်းရွက်က စားလို့ရတယ်ဆိုတာ သိပြီးပြီလား ........

ပိန်းပင်တွေကို မြင်လိုက်ရင် ပိန်းရွက်က စားလို့ရတယ်လို့ တွေးမိဖို့ နေနေသာသာ ကိုင်ပြီး ဆော့မိရင်တောင် လက်တွေ ယားမှာစိုးလို့ ပိန်းရိုးပွပွကြီးကို လှီးပြီး ဆော့ချင်တာတောင် စိတ်ကို မနည်း ထိန်းခဲ့ရဖူးပါတယ်။ စာဖတ်သူတွေထဲမှာရော အခုလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရဖူးသူတွေ ရှိလား ..... ဒါဆိုရင်တော့ ပိန်းရွက်က ဆော့ရုံတင် မဟုတ်ဘဲ စားပါ စားလို့ရတယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ပိန်းရွက် ဆိုတာ ပိန်းရွက် ဆိုတာက အလေ့ကျ ပေါက်ရောက်နေတတ်တဲ့ ပိန်းပင်တွေရဲ့ အရွက်ကို ဆိုလိုတာပါ။ အရွက်က အစိမ်းရောင် ခပ်ဖားဖား ရှိပါတယ်။ အရိုးက အစိမ်းရယ် အနီရယ်ဆိုပြီး ကွာပါတယ်။ ဒါကိုမှ ပိန်းစိမ်းရယ် ပိန်းနီရယ်ဆိုပြီး ခွဲခြား ခေါ်ဝေါ်တာပါ။ ပိန်းစိမ်းက ရိုးတံရော ရွက်ကြောလေးတွေပါ အစိမ်းရောင်ပါ။ ပိန်းနီကတော့ ရိုးတံနဲ့ ရွက်ကြောလေးတွေက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေမုန်ညှင်း ရဲ့ ကျန်းမာရေး အာနိသင်

ရေမုန်ညှင်းလို့ ပြောလိုက်ရင် လူတိုင်းနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပါတယ်။ မုန်ညှင်း၊ မုန်လာဆိုတဲ့ စကားလုံးတွေက ရင်းနှီးပြီးသားဖြစ်ပေမယ့် ရေမုန်ညှင်း ကတော့ ကြားဖူးသူတောင် နည်းမယ်ထင်ပါတယ်။ မြန်မာဟင်းလျာတွေထဲမှာ ပါခဲတာကိုး။ ဒါပေမယ့် ဝိတ်ချသူတွေ၊ အသီးအရွက်တွေကို မရောနိစ်နဲ့ သုပ်စားတဲ့အခါ ထည့်စားကြပါတယ်။ ဟင်းလျာ အရသာရော အနံ့ကိုပါ တိုးစေနိုင် ရေမုန်ညှင်းလေးကို စားတဲ့အခါ ဖယ်မထားမိစေဖို့ ကျန်းမာရေးအတွက် ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ရေမုန်ညှင်း ရေမုန်ညှင်း ဆိုတာက သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါ။ ဥရောပ နဲ့ အာရှ ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ ဥရောပ ဟင်းလျာတွေမှာ အများဆုံး တွေ့ရပါတယ်။ အရွက် ဝိုင်းဝိုင်းသေးသေးလေးတွေဖြစ်ပြီး ကြွပ်ဆတ်ပါတယ်။ အရသာက ပူရှိန်းရှိန်း ရှိပြီး အနံ့က လန်းလန်းဆန်းဆန်း ရှိပါတယ်။ အစိမ်းရောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

လိမ္မော်သီးစေ့တွေ လွှင့်မပစ်ပါနဲ့။

လိမ္မော်သီး စားတဲ့အခါ လူတိုင်း လိုလို လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုက လိမ္မော်သီးစေ့တွေ ကို လွှင့်ပစ်တာပါ။ စားလို့ မရသလို မာကျောပြီး ဝါးရခက်တာ၊ အရသာ မရှိတာတွေကြောင့် လွှင့်ပစ်တာပါ။ ဒီတစ်ခေါက်တော့ လိမ္မော်သီး စားတိုင်း လွှင့်ပစ်လေ့ရှိတဲ့ လိမ္မော်သီးစေ့လေးတွေက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ လိမ္မော်သီးစေ့ ဆိုတာ လိမ္မော်သီးစေ့ လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောပြစရာ မလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အဖြူရောင်ရှိပြီး ခပ်မာမာအစေ့ ရှည်ရှည်လေးတွေပါ။ အရသာလည်း လုံးဝမပါတဲ့ အစေ့လေးတွေပါ။ သံပုရာသီးစေ့လိုမျိုး ဝါးစားရတာ သိပ်တော့ မလွယ်လှပါဘူး။ ဒါကြောင့်လည်း လိမ္မော်သီး စားတဲ့အခါတိုင်းလိမ္မော်သီးစေ့တွေ ကို လွှင့်ပစ်ကြတာပါ။ ဒီလို လွှင့်ပစ်လေ့ရှိတဲ့ လိမ္မော်သီးစေ့လေးတွေက ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ လိမ္မော်သီးစေ့တွေ လွှင့်မပစ်ပါနဲ့။ လိမ္မော်သီးစေ့တွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြောင်လျှာပွင့်လေးတွေ ကဆေးဖက်ဝင်လား .....

ကြောင်လျှာသီးကို လူတော်တော်များများက စားကြပေမယ့် ကြောင်လျှာပွင့်လေးတွေ ကိုတော့ စားတဲ့လူက သိပ်မများကြပါဘူး။ တကယ်ကတော့ ကြောင်လျှာသီးက စားကောင်းသလို ကြောင်လျှာပွင့်လေးတွေကလည်း စားလို့ ကောင်းပါတယ်။ အတို့အမြှုပ်အနေနဲ့ စားလို့ကောင်းတဲ့ ကြောင်လျှာပွင့်လေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကြောင်လျှာပွင့် ဆိုတာ ကြောင်လျှာပွင့် ဆိုတာက ကြောင်လျှာပင်ရဲ့ အပွင့်ပါ။ ပန်းပွင့် အတွင်းပိုင်းက အဝါရောင်ဖျော့ဖျော့လေးနဲ့ အပြင်ဘက်ကတော့ အနီရောင် ခပ်ဖျော့ဖျော့လေး ရှိပါတယ်။ အသားထူထူလေးနဲ့ စားလိုက်ရင် ထုတ်ထုတ်နဲ့ စားကောင်းလှပါတယ်။ ပြုတ်ပြီး ငပိရည်နဲ့ တို့လို့ ရသလို ပြုတ်ပြီး ပါးပါးလှီး ဆီချက်၊ မြေပဲထောင်း၊ ကြက်သွန်စိမ်း၊ နှမ်း၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သံပုရာရည်လေး ညှစ်ပြီး သုပ်စားရင်လည်း စားလို့ ကောင်းပါတယ်။ ထမင်းနဲ့ တွဲစားလို့ ရသလို အခါး ကြိုက်သူတွေအတွက်ကတော့ အဆာပြေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း

ရေနွေးကြမ်းက မြန်မာလူမျိုး တော်တော်များများ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိတဲ့ သောက်စရာ တစ်ခုပါ။ ဧည့်သည် လာလာ၊ နေ့ခင်း အပျင်းပြေ တစ်ခုခု စားရင်းဖြစ်ဖြစ်၊ မိသားစု စကားဝိုင်းဖွဲ့ကြတဲ့အခါမှာဖြစ်ဖြစ် ရေနွေးကြမ်းကို သောက်လေ့ရှိပါတယ်။ ဒီလို သောက်လေ့ရှိတဲ့ ရေနွေးကြမ်းက ကျန်းမာရေး အကျိုးကျေးဇူးတွေ အတော်လေးတော့ များတာပါ။ ဒီလို အကျိုးကျေးဇူးများတဲ့ ဆိုတဲ့ ရေနွေးကြမ်းကို အပန်းလည်း မကြီးဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များတယ်ဆိုပြီး အများကြီး သောက်မိနေတဲ့ သူတွေများ ရှိလား ...... ဒါဆိုရင်တော့ တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးကို သတိရစေချင်ပါတယ်။ ဒီတစ်ခေါက်တော့ ရေနွေးကြမ်း အများကြီး သောက်တာက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း  ရေနွေးကြမ်းသောက်တာက အသားအရေကစလို့ ခန္ဓာကိုယ်ကို နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတာကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျွဲခေါင်းသီးလေး စားကြရာဝယ်

ကျွဲခေါင်းသီးကို တော်တော်များများကတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အပြင်ခွံက အပြာရောင် ရင့်ရင့်၊ အမည်းရောင်လိုမျိုးရှိပြီး အတွင်းသားက ဖြူဖြူလေးနဲ့ စားလိုက်ရင် ဆိမ့်ချိုချိုလေးနဲ့ စားလို့ ကောင်းလှပါတယ်။ ကျွဲခေါင်းသီးလေး ကို ပြုတ်ပြီး စားလေ့ရှိပြီး စားရတာလည်း အတော်လေး အရသာရှိလှပါတယ်။ ရေပေါ်မှာပေါ်တဲ့ အပင်ငယ်လေးတွေမှာ သီးတဲ့ ကျွဲခေါင်းသီးလေးတွေက ပုံစံလေး ဆန်းပြီး အရသာ ကောင်းသလို ကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးပါတယ်။ ဒီတစ်ခေါက်တော့ ရာသီစာ ကျွဲခေါင်းသီးလေး က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ...... ကျွဲခေါင်းသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ..... ရာသီစာ ကျွဲခေါင်းသီးလေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ဆိုဒီယမ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြား ပရိုတင်း ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

နာမည် များစွာကို ပိုင်ဆိုင်ထားတဲ့ မန်ကျည်းသီးခွေခွေလေးတွေ ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ငယ်ငယ်က ဆော့ရင်း ပျော်ပျော်ပါးပါး ခူးစားခဲ့ဖူးတဲ့ မန်ကျည်းသီးခွေခွေလေးတွေ က အရောင်ကလည်း ချစ်စရာ ကောင်းသလို အသွင်အပြင်ကလည်း ချစ်စရာ ကောင်းပါတယ်။ ဒီအသီးလေးကို ကုလားမန်ကျည်းသီးလို့ ခေါ်သလို တရုတ်မန်ကျည်းသီးလို့လည်း ခေါ်ကြပါတယ်။ ဒီအသီးလေးက အခွံစိမ်းစိမ်းလေးဖြစ်နိုင်သလို မှည့်သွားတဲ့အခါ အခွံက ခပ်နီနီလေး ဖြစ်သွားပါတယ်။ အတွင်းသားက ဖြူဖြူလေး ဖြစ်နိုင်သလို နီနီလေးလည်း ဖြစ်နိုင်ပါတယ်။ ဒီအသီးလေးက အတွင်းမှာ အမဲရောင် အစေ့လေးတွေ ပါဝင်နေပြီး အစေ့ကိုတော့ ထွေးထုတ်ရပါတယ်။ ဒီစားလို့ကောင်းတဲ့ အသီးလေးရဲ့ နောက်ထပ် နာမည်တစ်ခုကတော့ manila tamarind ပါ။ ဒီအသီးလေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ manila tamarind မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ Manila tamarind မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေ လှဖို့ ရေနွေးကြမ်း သောက်ကြစို့

အသားအရေ ကျန်းမာ ကောင်းမွန်မှုက အလှတိုးစေတဲ့ အချက်တစ်ခုပါ။ အသားအရေ လှပမှုက အများကြားမှား ထင်းခနဲ လှပနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေ လှပဖို့က မိန်းကလေးတွေမှာပဲ လိုအပ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း အသားအရေ လှပကျန်းမာဖို့ လိုပါတယ်။ အသားအရေ လှပဖို့အတွက် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးရမယ် မဟုတ်လား။ ယောကျ်ားလေးတွေအတွက်ကျ တစ်မျိုးကြီးလို့ ထင်နေစရာ ရှိပါတယ်။ တကယ်ကတော့ အသားအရေထိန်းသိမ်းဖို့က လူတိုင်း ကျား၊ မ မရွေး လုပ်ရမယ့် အရာတစ်ခုပါ။ အသားအရေ လှပဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကပဲ လုပ်ဆောင် ပေးနိုင်တာလား ....... အသားအရေ လှပဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကပဲ လုပ်ဆောင် ပေးနိုင်တာလား ....... ဆိုတော့ မဟုတ်ပါဘူး။ အသားအရေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒူးရင်းသီး လည်းဆေးဖက်ဝင်ပါတယ်။

ဒူးရင်းသီး လို့ ဆိုလိုက်ရင် ကြားတာနဲ့ စားချင်လာပြီဆိုတဲ့ သူတွေ ရှိသလို ဒူးရင်းသီးလား အနံ့တောင် မခံနိုင်ဘူးဆိုသူတွေလည်း ရှိပါတယ်။ လူတစ်ကိုယ် အကြိုက် တစ်မျိုးကိုး။ ဒီတစ်ခေါက်တော့ ဒူးရင်းသီး ကြိုက်တဲ့သူတွေအတွက် ဒူးရင်းသီး စားရင် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဒူးရင်းသီးမှာ ဘာတွေပါ။ အနံ့ကိုက အီဆိမ့်ပြီး စားလိုက်ရင် အရသာ လေးလေးပင်ပင်နဲ့ ကြိုက်တဲ့သူတွေအဖို့ ဘယ်လောက်စားစား မဝနိုင်တဲ့ ဒူးရင်းသီးလေးမှာ ကယ်လ်လိုရီ အဆီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ပရိုတင်း ဗီတာမင် C သီရာမင်း မဂ္ဂနိ့ ဗီတာမင် B6 ပိုတက်ဆီယမ် ကယ်လ်ဆီယမ် သံဓာတ် Riboflavin Copper ဖောလိတ် မဂ္ဂနီဆီယမ် နီကာဆင်တို့ ပါဝင်နေသလို ခန္ဓာကိုယ် ကျန်းမာဖို့ အရေးပါတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကော်လာဂျင် သောက်ပြီးရင် ရေများများ သောက်ပေးသင့်လား .......

ကော်လာဂျင် ဆိုတာက အရင်က မကြားဖူးသလောက်ပါ။ အခုနောက်ပိုင်းတော့ လေဒီလေးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားလာသလို ဈေးကွက်ထဲမှာလည်း အမျိုးအစား စုံစုံလင်လင်ကို ရရှိနိုင်နေပါပြီ။ ကော်လာဂျင်က လေဒီ အများစုရဲ့ အလှအပအတွက် အဓိက တာဝန်ယူပေးနေတဲ့အရာလေး တစ်ခုပေါ့။ အခုနောက်ပိုင်း အသားအရေ လှပစေဖို့ဆိုပြီး ကော်လာဂျင် သောက်သုံးသူတွေ အတော်လေး များလာပါတယ်။ ကော်လာဂျင်ဆိုတာကို အတော်များများက သိထားပြီးဖြစ်မှာပါ။ ဒီတော့ ကော်လာဂျင်အကြောင်းထက် ဒီတစ်ခေါက်တော့ ကော်လာဂျင် သောက်ပြီးရင် ဘာကြောင့် ရေများများ သောက်ပေးဖို့ ပြောရလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင် ဆိုတာ ဘာလဲ .... ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း