ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

Morning မှာ Garlic Tea လေး သောက်ပေးပါ။

ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကတော့ ထွေထွေထူးထူး မပြောဘဲတောင် အားလုံးက သိထားပြီး ဖြစ်မှာပါ။ ကြက်သွန်ဖြူကို ဟင်းထဲ ထည့်ချက်တာမျိုး ရှိသလို တို့စားတာလည်း ရှိပါတယ်။ ဟင်းခါးထဲ ထည့်ချက်ရင်လည်း အနံ့ရော အရသာပါ ပြည့်စုံစေတဲ့ ဆေးဖက်ဝင်တဲ့ ဟင်းခတ် တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ ဆေးဖက်ဝင်တဲ့ ကြက်သွန်ဖြူလေးကို ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ နေ့စဉ် စားသုံးမိမယ့် နည်းလမ်းလေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ မနက်ခင်းတိုင်းမှာ သောက်ပေးရမယ့် Garlic Tea လေး ပါ။ Morning မှာ Garlic Teaလေး သောက်ပေးပါ။ လို့ ပြောရတဲ့ အကြောင်းအရင်းကို အတူတူကြည့်လိုက်ရအောင်နော်။ Morning မှာ Garlic Teaလေး သောက်ပေးပါ။ Morning မှာ Garlic Tea လေး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြယ်ပုံစံ ဇီးဖြူသီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ဇီးဖြူသီး အမျိုးအစား တစ်မျိုး ဖြစ်ပြီး ပုံစံလေးက ချစ်စရာကောင်းလွန်းတဲ့ ကြယ်ပုံစံ ဇီးဖြူသီးလေးအကြောင်း ပြောပြပေးချင်ပါတယ်။ ကြယ်ပုံစံ ဇီးဖြူသီးဆိုတာ ကြယ်ပုံစံ ဇီးဖြူသီးဆိုတာက ဇီးဖြူသီး အမျိုးအစား တစ်မျိုးပါပဲ။ အရသာကတော့ မတူပါဘူး။ အာနိသင်ကတော့ အများကြီး ကွာခြားတာမျိုးတော့ မရှိပါဘူး။ အချဉ်စိမ်ပြီး စားရင်တော့ ကြယ်ပုံစံ ဇီးဖြူသီးက ပုံမှန် ဇီးဖြူသီးထက် ပိုစားကောင်းပါတယ်။ ခပ်ကြွပ်ကြွပ်လေးပါ။ ကြယ်ပုံစံ ဇီးဖြူသီးက အသားလေး ခပ်မွမွ ရှိပြီး အရသာက နုစဉ်မှာ ဖန်ပါတယ်။ အသီးရင့်လာတဲ့အခါ ချဉ်ပြီး စားရတာ ခံတွင်းတွေ့လှပါတယ်။ အရောင်က အစိမ်းရောင် နုနုလေး ဖြစ်နိုင်သလို မှည့်လာတဲ့အခါ အဝါရောင်ဖျော့ဖျော့လေး ဖြစ်လာပါတယ်။ အချဉ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီးကို အခွံနွှာ စားနေတုန်းပဲလား .......

ပန်းသီးကို စားခါနီးတိုင်း အခွံနွှာ ပြီးမှ စားတတ်တယ် ဆိုတဲ့ သူလေးတွေ ရှိလား ....... ဒါဆိုရင်တော့ အခုကစပြီး ပန်းသီးကို အခွံနွှာ မစားနဲ့တော့နော်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ပန်းသီးကို အခွံမနွှာဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားမလဲ ....... ပန်းသီးကို အခွံမနွှာဘဲ စားတာက ကျန်းမာရေးအတွက် ပိုပြီး အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ပန်းသီးမှာ ရောင်းပန်းလှအောင်ဆိုပြီး ပြောင်ပြောင်လေး ဖြစ်နေစေဖို့ ဖယောင်းသုတ်ထားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လူအများစုက ပန်းသီးကို အခွံနွှာ စားကြတာပါ။ ပန်းသီးအခွံက ကျန်းမာရေးကို ကောင်းစေတယ်ဆိုတော့ ပန်းသီးအခွံက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အရာတွေကို ဖယ်ရှားဖို့အတွက် ပန်းသီးကို ဆားရည်ထဲမှာ စိမ်ပါ။ စက္ကန့် ၂၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သစ်တော်သီး စားရင်းရမယ့် ကျန်းမာရေး

သစ်တော်သီး ကြွပ်ကြွပ်လေးကို ဆားလေး၊ သကြားလေး၊ ငရုတ်သီးမှုန့် ပါးပါးလေးနဲ့နယ် သံပုရာသီးလေး ညှစ်ပြီး စားတာက တော်တော်လေး စားကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ သစ်တော်သီးလေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ သစ်တော်သီး ဆိုတာ သစ်တော်သီးလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောပြစရာ မလိုအောင်ကို မျက်စိထဲ မြင်မိမယ် ထင်ပါတယ်။ သစ်တော်သီးက အခွံညိုညိုလေးမှာ အညိုရင့်ရင့် အသက်လေးတွေ ပါနေပြီး အလယ်ချက်တိုင်လေးနဲ့ပါ။ အတွင်းသားက ဖြူဖြူကြွပ်ကြွပ်လေးနဲ့ ချိုချိုချဉ်ချဉ်လေးပါ။ သစ်တော်သီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ စားလို့ကောင်းတဲ့ သစ်တော်သီး ကြွပ်ကြွပ်လေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပရိုတင်း အဆီ ကာဗိုဟိုက်ဒရိတ် သကြားဓာတ် ဗီတာမင် C ဗီတာမင် K ပိုတက်ဆီယမ် ကော့ပါး […]


အာဟာရဆိုင်ရာ အချက်အလက်များ

Loquat ရဲ့ ကျန်းမာရေး အာနိသင်

Loquat ဒီနာမည်က ပုံမှန်အားဖြင့်တော့ မရင်းနှီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကာတွန်းကားတွေ ဘေဘီလေးတွေ ဆော့တဲ့ ဂိမ်းတွေထဲမှာတော့ ဒီအသီး နာမည်လေးကို ကြားဖူးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မြန်မာနိုင်ငံမှာ မတွေ့ရပေမယ့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့ Loquatဆိုတဲ့ အသီးလေးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးအကြောင်း ပြောပြပေးချင်ပါတယ်။ Loquats အသီးနဲ့ အရွက်တွေက ကျန်းမာရေးကို အတော်လေး အထောက်အကူ ပြုပါတယ်။ အသက်ရှူ လမ်းကြောင်းကို ကျန်းမာစေသလို ဆီးချိုကို ထိန်းညှိပေးပြီး အရိုးတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကိုလည်း ဖြည့်တင်းပေးပါတယ်။ ကိုယ်ခံအားကိုလည်း အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ သဘာဝ အသီးအနှံတစ်မျိုးပါ။ Loquat ဆိုတာ ဒီအပင်က တရုတ်နိုင်ငံ အလယ်ပိုင်းက မျိုးရင်း အပင်တစ်မျိုးပါ။ အမြဲသိမ်းပင်တစ်မျိုး ဖြစ်ပြီး အပင်ပုတစ်မျိုးပါ။ အစိမ်းရောင်ရင့်ရင့် အရွက်ခပ်ရှည်ရှည်မှာ လိမ္မော်ရောင် အသီးလေးတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရပြည့်ရဲ့လား။

အသားခြောက်တွေ၊ ငါးခြောက်နဲ့ သစ်သီးခြောက်တွေက တာရှည်ခံသလို စားရတာလည်း ခံတွင်းတွေ့လှပါတယ်။ ဒါဆို မေးစရာရှိတာက အသားခြောက်တွေ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ အသီးအရွက်တွေ၊ ငါးခြောက်တွေ၊ ပုစွန်ခြောက်တွေလိုမျိုး အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရတန်ဖိုး ပြည့်ရဲ့လားဆိုတာပါ။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ တာရှည်ခံအောင် အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရ ပြည့်ရဲ့လား ......... တာရှည်ခံအောင် အခြောက်ခံထားတဲ့ ငါးခြောက်၊ အသားခြောက် စတာတွေက ဆားပါဝင်မှု များတာကြောင့် သွေးတိုးတာမျိုး ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ လူအတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒါတွေအပြင် အာဟာရတန်ဖိုးရော လျော့သွားနိုင်သလား။ အခြောက်ခံထားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတော့ အစားအစာတွေကို အခြောက်ခံတာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးလည်း အနည်းငယ်တော့ ရှိပါတယ်။ ကောင်းကျိုးတွေက ဘာတွေများလဲ....... အစားအစာတွေကို အခြောက်ခံတာက အာဟာရဓာတ်တွေကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငန်တာလေးမှ စားချင်နေမိတဲ့ အကြောင်းအရင်း

အချို၊ အချဉ်၊ အဖန်၊ အခါး၊ အစပ်၊ အငန်ဆိုတဲ့ အရသာတွေထဲမှာ အငန်မှ အငန် ဘာစားစား ငန်ငန်လေးမှ စားချင်နေမိတယ် ဆိုတဲ့ သူလေးတွေ ရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ဆိုတာ သေချာနေပါပြီ။ ကဲ ........ ဘာကြောင့်များ ငန်တာလေးကိုမှ စားချင်နေတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အငန်ကို ဘာကြောင့် ခံတွင်းတွေ့ကြတာလဲ..... အငန်ဓာတ်က တော်တော်လေး စွဲလမ်းစေနိုင်တဲ့ အရသာ တစ်ရပ်ပါ။ ဦးနှောက် နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုက အငန်ဓာတ်ကို နှစ်ခြိုက်ကြပါတယ်။ အကြောင်းကတော့ ဆားဓာတ်က သူတို့ကို ရှင်သန်စေနိုင်လို့ပါ။ ဆား၊ အငန်ဓာတ်က  တကယ်တော့ ခန္ဓာကိုယ် ရှင်သန်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာ တစ်ခုပါ။ မရှိမဖြစ် လိုအပ်တဲ့အရာ ဆိုပေမယ့် လူတစ်ယောက်အနေနဲ့ ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား.........

တိုးတက်လာတဲ့ခေတ်မှာ အိမ်နောက်ဖေး ဈေးဆိုင်တည်ပြီး လတ်လတ်ဆတ်ဆတ် စားဖို့ထက် freezer ကောင်းကောင်း တစ်လုံးဝယ်ပြီး တစ်ပတ်စာလောက် အေးခဲ စားကြတာ ပိုများပါတယ်။ တိုးတက်လာတဲ့အလျောက် အိမ်ရှင်မတွေကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အလုပ်တွေ လုပ်လာရတာကြောင့်လည်း ပါပါတယ်။ ဒီလို အေးခဲထားတဲ့ အစားအစာတွေကို ချက်ပြုတ်တဲ့အခါ သိချင်နေနိုင်မယ့် အကြောင်းအရင်း တစ်ခုက အေးခဲထားတဲ့ အသီးအရွက်တွေ အသားငါးတွေက အာဟာရတန်ဖိုး လျော့သွားလား၊ ပျက်သွားလား ဆိုတာပါ။ တကယ်လို့သာ ဒီလိုမျိုး အာဟာရတန်ဖိုး လျော့မယ်၊ ပျက်မယ်ဆိုရင် စားလိုက်ပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးမပြုတာမျိုးတွေ ဖြစ်လာမှာကိုး။ ဒီတော့ ဒီအချက်လေးကို ဆောင်းပါးလေးထဲမှာ သေသေချာချာ ဖတ်ကြည့်လိုက်ရအောင်နော်။ အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား......... အခုပြောပြမယ့် အစားအစာဆိုတဲ့နေရာမှာ အသား၊ ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အေးခဲခြင်းဆိုင်ရာ myths များစွာ

အစားအစာတွေကို တာရှည်ခံအောင် အေးခဲပြီး သိမ်းဆည်းတာနဲ့ ပတ်သက်လို့ သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေလည်း ရှိသလို မှားသိထားတာတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေက မှန်ပြီး ဘာတွေက မှားနေလဲဆိုတာကို အေးခဲခြင်းဆိုင်ရာ myths များစွာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အေးခဲခြင်းဆိုင်ရာ myths များစွာ အစားအစာတွေ အေးခဲခြင်းနဲ့ ပတ်သက်လို့ ဒီအချက်တွေကို မှားသိထားနိုင်ပါတယ်။ Myth #1 - အစားအစာတိုင်းကို အေးခဲလို့ရတယ် ဒီယူဆချက်က များသောအားဖြင့်တော့ မှန်တယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကိုတော့ အေးခဲလို့ မရပါဘူး။ ဥပမာ - ကော်ဖီမှုန့်ကို အေးခဲလို့ မရသလို ကြက်ဥ၊ ဘဲဥတွေကိုလည်း အေးခဲလိုက်ရင် စားလို့ အဆင်မပြေတော့ပါဘူး။ နောက်တစ်ခုကတော့ ဆီသွပ်ဘူးတွေပါ။ ဆီသွပ်ဘူးတွေကို အေးခဲလိုက် မယ်ဆိုရင်လည်း စားဖို့ တော်တော်လေး အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ Myth […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က တကယ်ကောင်းတာလား။

ဝမ်းလျှောတာ၊ အထက်လန်အောက်လျှောဖြစ်တာ၊ အစာအဆိပ်သင့်တာ စသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖျားနာမှု တစ်ခုခု ဖြစ်ပြီးတဲ့နောက်မှာ အစာခြေစနစ်ကို အနားပေးဖို့ လိုပါတယ်။ အနားပေးတယ်ဆိုတာ သူ့ရဲ့ အလုပ်တွေကို လျှော့ချတာမျိုးပါ။ သူ့ရဲ့ အဓိက အလုပ်က အစာခြေတာဆိုတော့ ဖျားတာမှုတွေ အပြီးမှာ အစာခြေရလွယ်တဲ့ အစားအစာကို စားပေးပြီး အူလမ်းကြောင်းကို ဝန်မပိအောင် လုပ်ပေးတာပါ။ ဒီမှာ ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet ဆိုတာ ပေါ်လာပါတယ်။ BRAT diet ဆိုတာ BRAT diet ဆိုတာ ပါဝင်တဲ့ အစားအစာတွေရဲ့ အစစာလုံးလေးတွေပါ။ ပါဝင်တာတွေကတော့ Bananas (ငှက်ပျောသီး) Rice (ထမင်း) Applesauce (ပန်းသီးအနှစ်) Toast (ပေါင်မုန့်မီးကင်) BRAT dietရဲ့ ရည်ရွယ်ချက်က ခပ်ပျော့ပျော့ပြဲပြဲနဲ့ ခြေရလွယ်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း