ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပျားသံပုရာရည်လေး သောက်ကြရာဝယ်

သောက်စရာတွေ အများကြီး ရှိတဲ့အထဲကမှ သင့်အကြိုက်ဆုံး သောက်စရာလေးက ပျားသံပုရာရည် များလား ....ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေတဲ့ ပျားသံပုရာရည်လေး က ကျန်းမာရေးကို အထောက်အကူပြုနိုင်လား ....... ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲ ...... ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပျားသံပုရာရည် ဆိုတာ ပျားသံပုရာရည် ဆိုတာက ပျားရည်ရယ်၊ သံပုရာရည်ရယ်ကို ဆား အနည်းငယ် ရေနွေး ဒါမှမဟုတ် ရေအေးလေးနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ပါ။ အမောပြေစေသလို ခေါင်းမူးတာ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားသံပုရာရည် ဒီလို ဖျော်ပါ ပျားသံပုရာရည် ဖျော်ဖို့ဆိုရင် သံပုရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း သဘာဝ ပျားရည် စစ်စစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရေအေး ဒါမှမဟုတ် ရေနွေး တစ်ဖန်ခွက်စာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြင်းခွာရွက် ဘယ်လို ဆေးဖက်ဝင်သလဲ .......

မြင်းခွာရွက် လို့ဆိုလိုက်ရင် မသိသူ၊ မမြင်ဖူးသူရယ်က ခပ်ရှားရှားပါ။ နေ့စဉ် စားသောက်မှုမှာ မပါပေမယ့် တစ်ပတ်ကို ၂ ကြိမ်လောက်တော့ စားမိနိုင်တဲ့ အရွက် တစ်မျိုးပါ။ တို့စရာ အနေနဲ့ တို့တို့၊ ဟင်းခါးပဲ ချက်သောက်သောက်၊ သုပ်ပြီးပဲ စားစား၊ ဖျော်ပဲသောက်သောက်၊ အရွက်ကို အခြောက်ခံပြီး အကျရည်ထဲပဲ ထည့်သောက်သောက် သောက်ဖြစ်ကြတဲ့ မြင်းခွာရွက်လေးက ဆေးဖက်ဝင်တယ်ဆိုတာကိုလည်း သိထားပြီး ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ မြင်းခွာရွက်က ဆေးဖက်ဝင်တယ်လို့တော့ ကြားဖူးတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကို သေသေချာချာ မသိဘူးဆိုသူတွေအတွက် မြင်းခွာရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ မြင်းခွာရွက် ဆိုတာ မြင်းခွာရွက်ဆိုတဲ့နေရာမှာ အရွက်ခပ်ဖားဖား ယပ်တောင်လေးလို ပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက် ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာ ဆိုတာလည်း ရှိပါတယ်။ မြင်းခွာရွက်ကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နှမြောစာ များနဲ့ အဝလွန်ခြင်း

နှမြောစာ ဆိုတာက စားလို့မကုန်တဲ့ အစားအစာတွေပါ။ အထူးသဖြင့် မနက်ဆို တစ်အိုးကြီး ချက်ပြီး ညဆို စားမနိုင်ဘဲ ကျန်နေတာမျိုးပေါ့။ ဒီလိုမျိုး ကျန်နေတဲ့အခါ လွှင့်ပစ်ရမှာလည်း နှမြောတဲ့အတွက် အတင်းသွပ်ပြီး စားမိတာမျိုးပေါ့။ ဒါမျိုးက ရေရှည်မှာ မကောင်းပါဘူး။ နှမြောစာ တွေ ဘယ်ကရ မိုးလင်းပြီဆိုတာနဲ့ အိုးကြီး အိုးငယ်နဲ့ ချက်၊ အိမ်မှာ ရှိတဲ့ သူထက် ပိုပိုသာသာ ချက်မိတဲ့အခါ ညဘက်လောက်ဆို ဟင်းတွေ ပိုလာပါပြီ။ အဓိက အကြောင်းရင်းကတော့ အိမ်ရှိလူထက် ပိုချက်ထားတာ ဟင်းစားတွေ တန်တယ်ဆိုပြီး လိုလိုမလိုလို ဝယ်ပြီး ပိုချက်ထားတာ ဧည့်သည်လာခဲ့ရင်  ကျွေးစရာ မရှိမှာစိုးလို့ ပိုချက်ထားတာ တစ်ခါတလေ ဘာရယ်မဟုတ် ဟင်းနည်းနေတဲ့အခါ သူစားနိုး၊ ကိုယ်စားနိုးနဲ့ အချင်းချင်း ညှာပြီး ညကျ ဟင်းတွေ  […]


အာဟာရဆိုင်ရာ အချက်အလက်များ

ညောင်ရွက် စားလို့ရလား ......

ညောင်ရွက်၊ ညောင်ပင်စတာတွေက မြန်မာလူမျိုးတွေ နဲ့ အိန္ဒိယ လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ အပင်တစ်ခုပါ။ ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တာကြောင့် ဗောဓိညောင်ကို အလေးအမြတ်ထားကြတာပါ။ တကယ်ကတော့ ညောင်ပင်က ဘာသာတရားအရ အရေးပါသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။ ညောင်ရွက်လေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား။ ညောင်ရွက် ဆိုတာ ညောင်ပင်ကတော့ အထူးအထွေ ပြောစရာ မလိုအောင်ကို မြင်ဖူး၊ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ညောင်ပင်ရဲ့ အရွက်ကို ညောင်ရွက်လို့ ခေါ်တာပါ။ ညောင်ပင်တွေက နှစ်ပေါင်း ရာနဲ့ချီပြီး ရှင်သန်နိုင်ပါတယ်။ အမြင့်ပေ ၂၁ မီတာ အထိ မြင့်ပါတယ်။ အလေးအမြတ်ထားရသလို အရိပ်လည်း ရပါတယ်။ ညောင်ပင်က အရွက်တင် မဟုတ်ဘဲ လေရှူမြစ်တွေ၊ အခေါက်၊ အမြစ်၊ အသီး၊ အဖူးတွေကလည်း ဆေးဖက်ဝင်ပါတယ်။ ညောင်ရွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး နဲ့ ကျန်းမာရေး

ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်းနဲ့ပဲ တွဲစားစား၊ ဘဲဥချဉ်ဟင်း နဲ့ ငပိရည်ဖျော်တဲ့အခါ အတို့အမြှုပ်အနေနဲ့ပဲ စားစား စားလို့ကောင်းတဲ့ အတို့အမြှုပ်လေး တစ်ခုရှိပါတယ်။ ဒါကတော့ အရောင်အသွေးက အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အရောင်အသွေး စုံလင်စွာနဲ့ တွေ့ရတတ်တဲ့ ခရမ်းကြွပ်သီးလေးတွေပါ။ ဒီအသီးလေးတွေမှာ ဆေးဖက်ဝင် အာနိသင်တွေ ရှိသလို ခရမ်းကြွပ်သီးပင်ရဲ့ အရွက်အရွက်လေး မှာလည်း ဆေးဖက်ဝင် အာနိသင်တွေလည်း ရှိပါတယ်။ ဘယ်လို ဆေးဖက်ဝင် အာနိသင်တွေများ ရှိတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်လား ........ ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေ ဖြစ်မလဲ ....... ခရမ်းကြွပ်သီးလေးက အာဟာရ ကြွယ်ဝသလို အရွက်လေးမှာလည်း အခုလို  အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် copper Thiamin (ဗီတာမင် B1) ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သီဟိုဠ်သီး စားကြမယ်

သီဟိုဠ်စေ့က စားလို့ သလို သီဟိုဠ်သီး ၊ သီဟိုဠ်ရွက်တွေကလည်း စားလို့ ရပါတယ်။ စားလို့ ရရုံတင် မဟုတ်ပါဘူး။ ဆေးဖက်လည်း ဝင်ပါတယ်။ ဒီတစ်ခေါက်တော့ ငါး၊ ကင်ပွန်းချဉ်ရွက်တို့နဲ့ ချဉ်ဟင်းချက်စားလေ့ရှိတဲ့ သီဟိုဠ်သီးလေး စားရင်း ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်လဲ ဆိုတာ ပြောပြပေးပါမယ်။ သီဟိုဠ်သီး က ဟင်းချက် စားလို့ရသလို သံပုရာသီးလေးနဲ့ ဖျော်သောက်ပေးလို့လည်း ရပါတယ်။ မှည့်လေ အရသာ ကောင်းလေလေပါ။ မမှည့်ရင်တော့ ဖန်တာ၊ လေချုပ်တာတွေ ဖြစ်နိုင်ပါတယ်။ သီဟိုဠ်သီး ဆိုတာ သီဟိုဠ်သီးဆိုတာ သီဟီုဠ်ပင်ရဲ့ အသီးပါ။ အစိမ်းမှာ အရောင်က အစိမ်းရောင် ရင့်ရင့်လေး ဖြစ်ပြီး မှည့်လာရင်တော့ အဝါရောင်လေး ပြောင်းလာပါတယ်။ အနီရဲရဲလေး ဖြစ်တာမျိုးလည်း ရှိပါတယ်။ သီဟိုဠ်သီးရဲ့ ထူးခြားချက်က အစေ့က အပြင်ဘက်မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သီဟိုဠ်ရွက် က ဆေးဖက်ဝင်လား ......

သီဟိုဠ်စေ့ကို ကလေးလူကြီးမရွေး အကုန်လုံး စားကြပေမယ့် သီဟိုဠ်ရွက် ကိုတော့ လူကြီးတွေလောက်ပဲ စားတာ များပါတယ်။ စားလိုက်ရင် ရှိန်းတိန်းတိန်း မွှေးတေးတေးလေး ဖြစ်တဲ့ သီဟိုဠ်ရွက်က ကျန်းမာရေးအတွက် အထောက်အပံ့ပေးလား ...... စားကောင်းရုံ သက်သက်ပဲလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ သီဟိုဠ်ရွက် ကို ဘယ်လို စားကြလဲ ....... သီဟိုဠ်ရွက်ကို အတို့အမြှုပ်အနေနဲ့ စားကြတာ များပေမယ့် ဟင်းချက်စားကြတာမျိုးလည်း ရှိပါတယ်။ ချဉ်ဟင်းတွေထဲမှာ ထည့်ချက်စားတာမျိုးလည်း ရှိပါတယ်။ အရွက် နုနုလေးတွေ ဆိုရင်တော့ အတို့အမြှုပ် လုပ်ပြီး စားတာက အကောင်းဆုံး ဖြစ်မှာပါ။ သီဟိုဠ်ရွက်က တစ်နှစ်ပတ်လုံး ရရှိနိုင်တဲ့ အရွက် တစ်မျိုးပါ။ သီဟိုဠ်ရွက်မှာ အာဟာရတွေ ပါလား ......... သီဟိုဠ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ကပ်ပါးပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အချိန်တိုအတွင်းမှာ မြန်မြန်ဝိတ်ချ တာ ကောင်းသလား။

ဝိတ်ချတဲ့နေရာမှာ အလွယ်လမ်းဆိုတာ မရှိပါဘူး။ အင်တာနက်ပေါ်မှာ တစ်လကို ပေါင်၂၀ ကျစေရမယ်တို့၊ တစ်ပတ်ကို ၁၀ပေါင်ကျစေမယ့် ဆေးဆိုပြီး တွေ့ရတဲ့အခါ အင်မတန် စိတ်မသက်မသာဖြစ်ရပါတယ်။ မြန်မြန်ဝိတ်ချ တာက ဝိတ်ကျကောင်း ကျသွားနိုင်ပေမယ့် ဒါက ကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့်ပါ။ တစ်ပတ်ကို ဘယ်လောက်ပဲ ချသင့်သလဲ။ မြန်မြန်ဝိတ်ချတာက ဘေးထွက်ဆိုးကျိုးများပါတယ်။ ပညာရှင်တွေရဲ့ အကြံပြုချက်က တစ်ပတ်ကို ၁-၂ပေါင်လောက်ပဲ ချတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီထက်မြန်မြန်ချနေရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ တစ်ပတ်ကို ၂ပေါင်လောက်နဲ့ တစ်လကို ၈-၁၀ပေါင်လောက်ချတာက ကျန်းကျန်းမာမာနဲ့ ပိန်သွားစေမှာပါ။ မြန်မြန်ဝိတ်ချ ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး Metabolism ကို နှေးစေတယ်။ Metabolism ဆိုတာ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်ရဖို့ ကယ်လိုရီလောင်ကျွမ်းပေးတဲ့ ဖြစ်စဉ်ပါ။ မြန်မြန်ဝိတ်ချတဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ လိုတာထက် ပိုလောင်နေတယ်လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုန်လာဥနီ အရွက် စားလို့ရလား ......

မုန်လာဥနီ လို့ပြောလိုက်ရင် အများစုက မုန်လာဥနီကိုပဲ စားလို့ရတယ်လို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ မုန်လာဥနီက မုန်လာဥကိုတင် မဟုတ်ဘဲ မုန်လာဥနီ အရွက် ကိုပါ စားလို့ ရပါတယ်။ မုန်လာဥနီက ကျန်းမာရေးအတွက် ကောင်းသလို မုန်လာဥနီ အရွက်ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပေးပါတယ်။ မုန်လာဥနီအရွက်က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ မုန်လာဥနီ အရွက်စားလို့ရလား ...... မုန်လာဥနီ အရွက်က မုန်လာဥဖြူ အရွက်လေးလိုပဲ စားလို့ရပါတယ်။ အရွက်နုနုလေးတွေကို ကြော်စားလို့ရသလို ရေနွေးဖျောပြီး သုတ်စားတာ၊ တို့စားတာတွေ လုပ်လို့ ရပါတယ်။ နောက်တစ်နည်းကတော့ ဟော့ပေါ့ထဲ ထည့်စားတာပါ။ ချဉ်ဟင်းချက်စားလို့လည်း ရပါတယ်။ မုန်လာဥနီ အရွက်က ခါးသက်သက် ဖြစ်တာကြောင့် အဆိပ်အတောက်ရှိတယ်လို့ ယခင်က ယူဆခဲ့ကြပါတယ်။ တကယ်ကတော့ မုန်လာဥနီ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန်းရွက် ကပေးတဲ့ ကျန်းမာရေး

ပိန်းရွက်ကို စားလို့ရတဲ့ အကြောင်းကိုတော့ ဆောင်းပါးလေး တစ်ပုဒ်ရေးပြီး ပြောထားပြီးသားပါ။ ဘေးကင်းအောင် ဘယ်လို စားရမလဲဆိုတာကိုရောပေါ့။ ဒီ တစ်ခေါက်တော့ ပိန်းရွက် က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပိန်းရွက် ဆိုတာက ပိန်းရွက် လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ အကြောင်းကတော့ ပိန်းပင်က အလေ့ကျ ပေါက်ပင် တစ်မျိုးဖြစ်ပြီး တွေရ မြင်ရလွယ်လို့ပါ။ မမြင်ဖူးသူတွေကို မြင်သာအောင် ပြောပြရရင် ပိန်းရွက်ဆိုတာကအရွက်က အစိမ်းရောင် ခပ်ဖားဖား ရှိပါတယ်။ အရိုးက အစိမ်းရယ် အနီရယ်ဆိုပြီး ကွာပါတယ်။ ဒါကိုမှ ပိန်းစိမ်းရယ် ပိန်းနီရယ်ဆိုပြီး ခွဲခြား ခေါ်ဝေါ်တာပါ။ ပိန်းစိမ်းက ရိုးတံရော ရွက်ကြောလေးတွေပါ အစိမ်းရောင်ပါ။ ပိန်းနီကတော့ ရိုးတံနဲ့ ရွက်ကြောလေးတွေက အနီရောင်ပါ။ ခရမ်းရောင်ဘက်တောင် နည်းနည်းလုပါတယ်။ ပိန်းရွက်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း