ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

အုန်းနို့က ကျန်းမာရေးအတွက် ဆိုးကျိုးပေးတယ်ဆိုတာ ဟုတ်ရဲ့လား

အုန်းနို့ခေါက်ဆွဲတွေ အများကြီးမစားနဲ့သွေးတိုးလိမ့်မယ်။ အုန်းနို့ပါတယ်လား။သွေးတိုးတတ်လို့ မစားတော့ဘူးနော်၊ လို့ ပြောနေကြတယ်နော်။ တကယ်ကော အုန်းနို့က စားရင်သွေးတိုးတတ်လား။ အရာရာက တန်ဆေးလွန်ဘေးလို့ပဲ ပြောပါရစေ။ အစားအစာတိုင်းက အသင့်အတင့်စားရင် ခန္ဓါကိုယ်အတွက် အားဖြစ်စေသလို ကျန်းမာရေးကို ဆိုးကျိုးမပေးပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူးတွေတောင် ရရှိနိုင်ပါသေးတယ်။ အုန်းနို့ အုန်းနို့က အုန်းသီးအရင့်ကို ကြိတ်ပြီး အရည်ညှစ်ထားတာပါ။ သဘာဝကရတဲ့ အာဟာရတစ်မျိုးပေါ့။မြန်မာနိုင်ငံ အပါအဝင် ထိုင်း နဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ဟင်းပွဲတွေ။ အချိုပွဲတွေပြင်ဆင်တဲ့အခါ အုန်းနို့ကို အသုံးပြုကြပါတယ်။ ဟာဝိုင်အီ၊ အိန္ဒိယနဲ့ ကာရေဗီယန်နိုင်ငံတွေမှာလည်း အုန်းနို့ကို ကြိုက်နှစ်သက်စွာ စားသုံးနေကြပါတယ်။ အုန်းနို့က အဆီဓါတ်ပါဝင်နေပြီး ရင့်နေတဲ့ အုန်းသီးကနေထုတ်ယူထားတဲ့အဆီအနှစ်ပါ။ အုန်းခွံက အညိုရောင်သန်းသန်းလေလေ အုန်းသီးရင့်လေလေပါ။ ရင့်မှည့်နေတဲ့ အုန်းသီးကို ကြိတ်ထားတဲ့ အုန်းနို့က အဆီပါဝင်မှုများသလို အရသာလည်းရှိပါတယ်။ ဟင်းပွဲတွေရဲ့ အရသာကိုတိုးစေနိုင်တဲ့ အရာတစ်မျိုးပါ။ ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ အုန်းနို့က ကယ်လ်လိုရီ […]


အဝလွန်ခြင်း

အဝလွန်တာကို ခွဲစိတ်ပြီး ကုသလို့ရတယ် ဆိုတာ တကယ်လား။ ။

ကိုယ်အလေးချိန်ကလည်းများနေတယ်။ ချက်ချင်း ဝိတ်မကျတော့ဘူးဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ လုံးဝ မစားဘဲနဲ့လည်း မနေနိုင်ဘူး။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လည်း ခက်နေတယ်ဆိုတဲ့ အဝလွန်တဲ့သူတွေ အတွက် ကိုယ်အလေးချိန်ကျသွားစေဖို့ နည်းပညာအသစ်တွေပေါ်ထွန်းလာပါပြီ။ အစားလျှော့ ရတာလည်းမဟုတ်၊ လေ့ကျင့်ခန်းလုပ်ရတာလည်း မဟုတ်ဘဲ ခွဲစိတ်မှုလုပ်ပြီး ဝိတ်ချတဲ့နည်းပညာတွေ ပေါ်ထွက်လာခဲ့ပါပြီ။ ထူးဆန်းလိုက်တာနော်။ ဘယ်လိုများပါလိမ့်။ ။ ဝိတ်ကျစေဖို့ ခွဲစိတ်လို့ရတယ်ဆိုတာ ဘာကိုပြောတာလဲ ။ ။ အဆီစုပ်ထုတ်တာနဲ့ မတူပါဘူး။ သူက အစာအိမ်ကို သေးသွားအောင် ကြိုးချည်လိုက်တဲ့သဘာပါ။ အစာအိမ်ကို သိမ်အောင် ကြိုးနဲ့ စည်းထားလိုက်တဲ့အခါကျ ဗိုက်မြန်မြန်ပြည့်လွယ်သွားပြီး စိတ်လွတ်ကိုယ်လွတ် မစားမိတော့ပါဘူး။ ဒီလိုနဲ့ တစ်ခါတည်း အများကြီး ပြည့်အင့်နေအောင် မစားဖြစ်တော့လို့ ကိုယ်ထဲဝင်လာမယ့် ကယ်လိုရီတွေ နည်းသွားမှာဖြစ်ပြီး အချိန်တစ်ခုရောက်သွားတဲ့အခါ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားမှာဖြစ်ပါတယ်။ ဒါဆို ခွဲစိတ်နည်း ဘယ်နှစ်မျိုးရှိလဲ ။ ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသီးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးတွေအားလုံးက မှန်လား။

အသီးအနှံတွေဆိုတာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုတာ လူတိုင်းက ယုံကြည်ထားကြပါတယ်။ တစ်ချို့ကြားဖူးတာလည်းရှိမှာပါ။ ဘယ်အသီးဆိုဘယ်လိုစားမှ ပိုကောင်းတာ၊ ဘယ်အချိန်မှာ စားရင် မသင့်တော်တာ၊နဲ့ အခြား ပြောနေကြတဲ့ ယုံတမ်းတွေ အများကြီး ကြားဖူးကြမှာပါ. ဒါတွေအားလုံးက တကယ် အမှန်ပဲလား။ ။ ထမင်းစားပြီးပြီးချင်း အသီးမစားရဘူး။ အစာမကြေဖြစ်တတ်တယ်။ လေအောင့်တတ်တယ်။ ထမင်းစားပြီးပြီးချင်း အသီးစားရင် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်ဖြစ်စေတယ် ဆိုတာမျိုးတွေသင်ကြားဖူးမှာပါ။ တစ်ချို့မှန်တာတွေလည်း ရှိသလို မမှန်တာတွေလည်းရှိပါတယ်။ ထမင်းစားပြီးပြီးချင်း အသီးစားရင် အစာမကြေစေတာမဟုတ်ပါဘူး။ အသီးတွေမှာပါတဲ့အမျှင်ဓါတ်ေကြာင့် အစာခြေတဲ့အချိန်ကြာသွားတာဖြစ်ပါတယ်။ အချိန်တစ်ခုကြာရင်တော့ စားလိုက်တဲ့အစားတွေ အားလုံးကြေသွားမှာဖြစ်ပါတယ်။ အသီးကြောင့်လေထိုးလေအောင့်ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေမှာလေစာတွေပါသွားမှသာ လေထိုးလေအောင့်ဖြစ်တာပါ။ သစ်သီးခြောက်တွေက လတ်လတ်ဆတ်ဆတ်အသီးတွေလောက် အာဟာရမရှိဘူး။ သစ်သီးခြောက်တွေဆိုတာ ရေဓါတ်ကိုပဲထုတ်ထားတာဖြစ်လို့ သူ့မှာရှိသင့်တဲ့ အာဟာရေတွကတော့ အကုန်ရှိနေပါသေးတယ်။ ကျန်းမာရေးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရွယ်တင်နုပျိုချင်ရင် ဒါတွေစားပေးပါ

အရွယ်တင်နုပျိုစေဖို့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးတာတင်မဟုတ်ဘဲ အစားအသောက်တွေစားပြီးတော့လည်း အရွယ်တင်နုပျိုအောင်လုပ်လို့ရပါတယ်။ စိုပြည်လှပတဲ့အသားအရေ၊ အရေးအကြောင်းကင်းပြီး ကျန်းမာတဲ့ အသားအရေလေးပိုင်ဆိုင်ဖို့ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာက ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ။ အရွယ်တင်နုပျိုချင်ရင် ဒီအစားအစာလေးတွေ စားပေးပါ ကဲ..... အရွယ်တင်နုပျိုစေဖို့ ဒီအစားအသောက်လေးတွေစားပေးပါနော်။ ခန္ဓါကိုယ်ကို အကာင်းဆုံးအားဖြည့်ပေးပြီး အရွယ်တင်နုပျိုစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေကတော့- ကန်စွန်းရွက် - ကန်စွန်းရွက်ကရေဓါတ်ရော၊ အာဟာရဓါတ်ပါ အပြည့်အဝပါဝင်နေတဲ့ အစိမ်းရောင် အရွက်တစ်မျိုးပေါ့။ ကန်စွန်းရွက်မှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ၊ဖော့ဖရပ်စ်၊ ဗီတာမင် A၊ C၊ K၊ B1 နဲ့ B2 တို့ပါဝင်နေပါတယ်။ ကန်စွန်းရွက်မှာ အရေပြားအတွင်းပိုင်းကရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်သလို ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကို သတ္တုဓါတ်တွေရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကfree radicalsတွေကြောင့် အရေးအကြောင်းတွေဖြစ်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေ့စဉ် ကန်စွန်းရွက် လက်တစ်ဆုပ်စာ စားပေးပါ။ ငရုတ်ပွ- ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ အစားအသောက်တစ်ခုပေါ့။ ဒါ့အပြင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းရာသီရဲ့ နေ့လည် အပူချိန်ကို အံတုဖို့ အတွက် အသင့်တော်ဆုံး ဖျော်ရည် ၅ မျိုး။

ဆောင်းရာသီဆိုတာ ရေဓါတ်ပြည့်ဝနေဖို့လိုတဲ့ရာသီတစ်ခုပါ။ နဂိုတည်းက အသားခြောက်တဲ့ရာသီဖြစ်တဲ့အပြင် နေ့ခင်းပိုင်းဆိုပိုပူတတ်တဲ့အတွက် အပူဒဏ်ကြောင့် ပင်ပန်းတာကို ပြန်လန်းဆန်းစေဖို့နဲ့ ရေဓါတ်ပြည့်ဝနေဖို့ အရမ်းလိုအပ်ပါတယ်။ ဒါဆို့ ဘာတွေကို ရွေးသောက်ရမှာလဲ။ ကျန်းမာချင်တဲ့သူတွေကတော့တွေ့ရာ တွေ့ရာဖျော်ရည်တွေကို ဝယ်မသောက်ဘဲ ဓါတုပစ္စည်းတွေမပါတဲ့ သဘာဝဖျော်ရည်တွေကိုသာ သောက်ချင်ကြမှာပါ။ ဒါကြောင့် ဆောင်းတွင်းနေ့ခင်း အပူဒဏ်ကို အံတုမယ့် အကောင်းဆုံး ဖျော်ရည်တွေ အကြောင်းပြောပြပေးချင်ပါတယ်။ ၁ ။ ရေအေးအေးလေးတစ်ခွက်။ ။ ကိုယ့်အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ အရိုးရှင်းဆုံး အရာတစ်ခုနဲ့ အရင်စလိုက်ရအောင်။ အေးမြတဲ့ရေတစ်ခွက်ဟာ ရေဓါတ်ကိုလည်းဖြည့်ပေးတယ်၊ လူကိုလည်းလန်းဆန်းစေပါတယ်။ ရိုးရိုးရေအေး သောက်နေရတာ ပျင်းလာရင် ရေထဲကို ခြမ်းထားတဲ့ သံပုရာသီးစိတ်၊ လိမ္မော်သီးစိတ်ေလးတွေထည့်ပြီး သောက်ပေးပါ။ ရေပိုက်ခေါင်းကကျလာတဲ့ရေသောက်ရင်တော့ သန့်စင်ပြီးသားရေဖြစ်နေဖို့ လိုတဲ့အတွက် ရေစစ်တွေကို ဝယ်သုံးတာမျိုးလုပ်ဖို့လိုပါတယ်။ ၂ ။ ရေထဲကို သဘာဝအရသာတွေထည့်ပြီးသောက်ပါ။ ဒီလိုအရသာတွေ ထည့်ထားတဲ့ရေဆိုတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ယုန်လေးတွေ ကြိုက်တဲ့ မုန်လာဥနီရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ

အာဟာရမျှတပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ဆေးစာတွေထဲမှာ မုန်လာဥနီဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဝါးစားလို့ ရပြီး အရသာလည်း ရှိသလို ဗီတာမင်များစွာ ပါဝင်တယ်။ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်အကျိုးပြု antioxidant တွေ ပေါကြွယ်ဝပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို လျှော့ချပေးလို့ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တယ်။ မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အားဆေးတစ်ခွက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ မုန်လာဥနီမှာ ကင်ဆာရောဂါ၊ နှလုံးနဲ့ သွေးတိုးကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေအပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်စီယမ်ဓာတ် အစရှိတဲ့ သတ္တုဓာတ်တွေ ပါဝင်လို့ နေ့စဉ်အာဟာရအတွက် မရှိမဖြစ် ထည့်သွင်းစားပေးဖို့ လိုအပ်ပါတယ်။ မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ။ ၁။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ antioxidant တွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ […]


အားကစားသမားများအတွက်အာဟာရ

ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးဖို့လိုတယ်နော်။ ။

ပိန်ပိန်ပါးပါး LCD ခေတ်က ကုန်သွားပါပြီ။ ခုခေတ်မှာဆို မိန်းကလေးဆို ကိတ်မှ၊ ယောက်ျားလေးဆို တောင့်မှ ကြိုက်ကြတဲ့ခေတ်ကို ရောက်လာပါပြီ။ ဒီလိုနဲ့ြကွက်သားတွေ တောင့်အောင် gym တွေသွားကြ၊ ကြွက်သားတည်ဆောက်ပေးတဲ့ပရိုတင်းတွေ ဝယ်သောက်ကြနဲ့ ပိုက်ဆံ အပိုကုန်ရမယ့် အပေါက်တွေတိုးလာပါတယ်။ gym သွားတာကတော့ ထားပါ။ ကြွက်သားတက်ချင်ရင်လေ့ကျင့်ခန်းကတော့လုပ်ပေးမှရတာကိုး။ ပရိုတင်းတွေဝယ်သောက်တာကျတော့ သပ်သပ် အပိုပိုက်ဆံကုန်သလိုဖြစ်မနေဘူးလား။ ကိုယ့်နေ့စဉ်စားနေတဲ့ သဘာဝ အစားအသောက်တွေကလည်း ကြွက်သားတည်ဆောက်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သူတို့မှာ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အပြင် နေ့စဉ်စားတဲ့ အစားအသောက်တွေနေရာမှာ အဲ့ဒါလေးတွေရွေးစားပေးလိုက်တော့ ပိုက်ဆံလည်း အပိုထပ်မကုန်တော့ဘူပေါ့။ ။ လုံးဝကို ဗလတောင့်စေမယ့် စူပါ အစားအစာ ၆ မျိုး ။ ။ ကြက်သား၊ အမဲသား။ ။ အားလုံးသိကြတဲ့အတိုင်း ကြွက်သားတွေစတင်တည်ဆောက်ဖို့၊ သန်မာကြီးထွားလာဖို့ဆို ပရိုတင်း စားပေးရပါမယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းများများရချင်လား အင်းဆက်တွေသာစားပါ

အင်းဆက်တွေလို့ပြောလိုက်တာနဲ့ အသည်းယားတဲ့အသံနဲ့အော်ကြမှာမြင်ယောင်ပါသေးတယ်။ ရွံစရာကြီးတွေကို စားစရာလားလို့ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ စားစရာပါ။ အင်းဆက်အမျိုးအစားဝင်ဖြစ်တဲ့ ပုရစ်ကြော်က အခုဆို မသေးတဲ့ဈေးနှုန်းနဲ့မြန်မာ့ဈေးကွက်မှာ ရပ်တည်နေပြီမို့ပါ။မြန်မာပြည်မှာက ပုရစ်ရယ်၊ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်တို့ကို ကြိုက်နှစ်သက်ကြတာ ဟိုးအရင်တည်းက။ တရုတ်တန်းက သင်ပေါင်းပိုးကလည်း နာမည်ကြီးရယ်။ ဒါတွေက အင်းဆက်မဟုတ်လို့ ဘာတွေဖြစ်မလဲ။ အင်းဆက်တွေက အာဟာရဓါတ်ကြွယ်ဝပြီး အစာကြေလည်းလွယ်တယ်၊ ဓါတ်မတည့်မှုဆိုတာမရှိသလောက်ကိုနည်းတယ်၊ အဓိက အသားဓါတ်ပြည့်ဝတယ်ဆိုတာ သုတေသနတွေက အထောက်အထားတွေ့ရှိထားတာကြာပေါ့။ အသားဓါတ်အရင်းအမြစ် အင်းဆက်တွေက အသားဓါတ်ကြွယ်ဝပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုးမျိုးလုံးပါဝင်တယ်လို့ သုတေသီတွေကပြောထားပါတယ်။ ဆောင်းရာသီဆို ဒီမှာ တဖွဲဖွဲမြင်နေရတတ်တဲ့ ပိုးကောင်လေးတွေ၊ ဒါးခုတ်ကောင်၊ ကျိုင်းကောင် ၊ပုရစ် စတဲ့ အင်းဆက်တွေကို ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့မှာ စားသုံးသူများတဲ့အပြင် ပင့်ကူ၊ ကင်းမြီးကောက်စတဲ့ အဆိပ်ရှိအကောင်တွေကိုပါ နှစ်ခြိုက်စွာစားသုံးကြပါသေးတယ်။ အခုဆို အင်းဆက်တွေနဲ့ မီနူးအသစ်တွေဖန်တီးပြီး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ

ဝမ်းဗိုက်တစ်ဝိုက် ဗိုက်ပူနေတဲ့သူတွေကို ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်တတ်ကြတာ မကြာခဏ ကြားဖူးကြမှာပါ။ ဝတဲ့သူတွေပဲ ဗိုက်ပူလိမ့်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ ပိန်တဲ့သူတွေမှာလည်း အစာအာဟာရ မမျှတတာကြောင့်ရော၊ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်တာ၊ အရက်သေစာ အလွန်အကျွံသောက်စားတာကြောင့်ပါ ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ခြင်းဟာ ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားသော ကျန်းမာရေးပြဿနာတွေပါ ကြုံလာရနိုင်ပါတယ်။ ဗိုက်ပူနေတာဟာ အမြင်အားဖြင့်လည်း ကြည့်ရဆိုးစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးတာအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူတဲ့ သူတွေအတွက် အချိန်တိုအတွင်း အဆီကျစေနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ အချိုလျှော့စားပါ သကြားအလွန်အကျွံ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဗိုက်ချပ်အဆီကျဖို့ ကြိုးစားတဲ့အခါ မှန်းသလောက် အရာမထင်တာ ဘာကြောင့်လဲ

ဗိုက်အဆီကျြပီး အချိုးကျချပ်ရပ်တဲ့ကိုယ်ဟန်နေထားရနိုင်ဖို့ လူတိုင်းစိတ်ကူးယဉ်ကြမှာပါပဲ။ တကယ်တော့ ဗိုက်ခေါက်လေးတွေကို ဘယ်သူမှမချစ်နိုင်ကြပါဘူး။ ဗိုက်ချပ်အဆီကျဖို့ ကြိုးစားကြတဲ့အခါ အစားလျှော့မယ်၊ အားကစားလုပ်မယ်၊ detoxတွေသောက်မယ်၊ စသည်ဖြင့် နည်းလမ်းကိုစုံနေတာပဲ။ ဒီလိုကြိုးစားတဲ့နေရာမှာ လွဲမှားနေတာရှိရင် ပင်ပန်းပေမယ့်အရာမထင်ဖြစ်နေရနိုင်ပါတယ်။ အစားလျှော့မယ်၊လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီးတာပဲလို့ တွေးမယ့်အစား ဘာတွေမှားတတ်လဲ သိထားရင် ပိုထိရောက်ဖို့အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဗိုက်အဆီချရင်း လုပ်မိတတ်တဲ့အမှား (၆) ခု (၁) အိပ်ရေးဝအောင် မအိပ်တာ ဖုန်းလေးပွတ်လိုက်၊ ဂိမ်းလေးဆော့လိုက်နဲ့ ညဉ့်နက်သွားတာ၊ အလုပ်တွေများပြီး မအိပ်နိုင်တာ၊ အိပ်ခါနီးကော်ဖီသောက်လိုက်မိတာ စတဲ့အကြောင်းရင်းတွေကြောင့် အိပ်ရေးမဝဖြစ်ရတတ်ပါတယ်။နောက်တစ်နေ့မှာ လူကနုံးနေပြီး အားမရှိဖြစ်နေတာကိုသိသာပေမယ့် ညဘက်အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်ထဲမှာ ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုလည်းပါရှိပါတယ်။ အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကို သက်ရောက်နိုင်တဲ့ ghrelin နဲ့ leptinဟော်မုန်းတွေကိုထိန်းညှိနိုင်စွမ်းမရှိတော့ပါဘူး။ ဗိုက်ဆာစေနိုင်တဲ့ghrelin ပမာဏကမြင့်လာပြီး ဗိုက်ပြည့်ခြင်းကိုခံစားရစေတဲ့leptin ပမာဏက ကျဆင်းသွားပါတော့တယ်။ ဒီလိုစားချင်စိတ်ပိုများနေတဲ့အချိန် အဆီချရတာ ပိုပင်ပန်းစေနိုင်လို့ အိပ်ရေးဝအောင်အိပ်ပါ။ (၂) အချိုစားတာ များနေတာ အားကစားတွေလုပ်ရင်းရေဓါတ်ဖြည့်အချိုရည်တွေသောက်မိတာများရင် ဝိတ်ချရပိုခက်စေပါလိမ့်မယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း