ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့် မနက်ခင်းကို ချင်းပြုတ်ရည် လေးနဲ့ ဘာကြောင့်စသင့်သလဲ ။

တစ်နေ့တာ စားတဲ့ ထမင်းအနပ်တွေထဲမှာ အရေးအကြီးဆုံးက မနက်စာပါ။ မနက်စာကို ပြည့်ဝနေအောင်စားမှ တစ်နေ့တာလုံးအတွက် အာဟာရပြည့်နေမှာ ဖြစ်ပါတယ်။ မနက်စာအတွက် ရွေးချယ်စရာ အစားအသောက်တွေကတော့ အများကြီးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တာစားမလား ၊ ကိုယ်ကြိုက်တာစားမလားဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာ ပဲ မူတည်ပါတယ်။ မနက်စာအတွက် ရွေးချယ်စရာတွေ များလွန်းလို့ ကျန်းမာရေးနဲ့ ညီညွတ်တာကို ဘယ်လို ရွေးချယ်ရမလဲလို့ ခေါင်းစားနေကြပြီလား။ ဒီဆောင်းပါးလေးထဲမှာတော့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ချင်းပြုတ်ရည် လေးနဲ့ သင့်မနက်ခင်းကို စတင်သင့်ကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။ ချင်းပြုတ်ရည်က ဘာကြောင့် ကောင်းတာလဲ။ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ အများကြီးရှိတယ်။  ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ချင်းမှာ အများကြီးပါတဲ့အတွက်ကြောင့် ချင်းပြုတ်ရည် ဟာ ကိုယ်တွင်းက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကင်ဆာကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရိုးတွေ သန်မာချင်သလား၊ ဒါတွေစားပေးပါ

အသက်ကြီးတဲ့အထိ သွားလာနိုင်ချင်တယ်၊ အစားတွေကိုကောင်းကောင်းစားနိုင်ချင်ရင် ငယ်ငယ်ကတည်းက အရိုးတွေ၊ သွားတွေကောင်းဖို့လိုပါတယ်။ ကြာကြာဝါးမယ့် သွားအရိုးကြည့်ရှောင်ဖို့ လိုသလို အသက်ကြီးတဲ့အထိ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့ဆိုရင် အစားအစာတွေကို ဂရုစိုက်စားသုံးဖို့လိုပါမယ်။ အစားအစာတစ်ခုတိုင်မျာ သူ့အာဟာရနဲ့သူရှိသလို ခန္ဓါကိုယ်အတွက် တစ်နည်းနည်းနဲ့ အထောက်အပံ့ပေးနေတာပါပဲ။ ဒီတစ်ခေါက်တော့နေ့စဉ်လှုပ်ရှားမှုတွေအတွက် အဓိကဇာတ်လိုက်ဖြစ်တဲ့ အရိုးတွေ သန်မာဖို့ ဘာတွေစားပေးသင့်လဲပြောပြပါရစေနော်။ အရိုးသန်မာဖို့ ဒါတွေစားပေးပါ အာဟာရမျှတတဲ့ အစားအစာတွေက အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ အရိုးအတွက်လုံလောက်တဲ့ အာဟာရတွေ မရရှိတဲ့အခါ အရိုးပွတာ၊ အရိုးပျော့တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် သန်မာကြံ့ခိုင်တဲ့ အရိုးတွေ ပိုင်ဆိုင်နိုင်စေဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှ အခုပြောပြမယ့် အစားအစာလေးတွေကို ပါဝင်အောင် ဂရုစိုက်စားသုံးပေးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ကိုက်လန်၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီအစိမ်း၊ ဟင်းနုနွယ် တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေမှာ အရိုးသန်မာဖို့ လိုအပ်တဲ့ ဓါတ်တွေပါဝင်နေတာကြောင့် တစ်နေ့ကို တစ်ခွက်စာလောက်တော့ စားသုံးပေးပါ။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးက အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးသလို Oxidative […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခရမ်းရောင်သမ်းတဲ့ အာဟာရလေးများ

စာဖတ်ပရိသတ်ထဲမှာ ခရမ်းရောင်ခရေဇီတွေရှိလား။ ကိုယ်တွေဆိုကောက်ညှင်းတောင် ငချိတ်မှ၊ ကန်စွန်းဥဆို ခရမ်းလေးမှကြိုက်တာ။ ခရမ်းရောင်ရှိတဲ့ အသီးအနှံေတွ၊ ဟင်းသီးဟင်းရွက်တွေဆိုတာanthocyanin လို့ခေါ်တဲ့ အာဟာရဓါတ်တစ်မျိုးပါဝင်ပါတယ်။ တခြားအပင်ထွက် အာဟာရဓါတ်တွေလိုပါပဲ သူတို့ကရောဂါတွေကြောင့် ခန္ဓါကိုယ်က ဆဲလ်တွေကို မထိခိုက်အောင်ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်းရောင်လေးတွေက ဘာအာဟာရဓါတ်တွေပါနေသေးလဲ မသိချင်ဘူးလား။ တရုတ်ဆီးသီး ခရမ်းရောင်ရှိတဲ့ တရုတ်ဆီးသီးတွေ(မက်မန်းသီးအကြီးနဲ့ဆင်တူ)မှာ အရောင်ပိုရင့်လေanthocyanins ပါဝင်မှုပိုများလေဖြစ်ပါတယ်။ မှည့်လေ အာဟာရဓါတ်တွေပိုများလေ လည်းဖြစ်စေပါတယ်။ အခွံမှာလည်း ဆီးသီးအသားထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွ အဆ ၂၀ ပိုများနိုင်ပါတယ်။ ဘယ်ရီသီး anthocyanins က ခရမ်းရောင်နဲ့သက်ဆိုင်တယ်ဆိုပေမယ့် အရောင်တွေက အနီကနေ အပြာအထိကွဲပြားနိုင်ပါတယ်။ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊စတော်ဘယ်ရီ စတဲ့ ဘယ်ရီသီးတွေမှာ အာနိသင်ဆင်တူပါတယ်။ သူတို့က ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတဲ့အပြင် ဦးနှောက်စွမ်းရည်နဲ့စိတ်ခွန်အားကိုမြှင့်တင်ပေးနိုင်ပါတယ်။ ချယ်ရီသီး အရောင်ရင့်တဲ့ချယ်ရီသီးတွေရဲ့anthocyanins ကသွေးတိုးကိုကျစေပြီးသွေးကြောတွေကို ကျန်းမာစေပါတယ်။ အဆစ်ရောင်နာ၊နဲ့ဂေါက်ရောဂါတွေကို သက်သာစေပြီး ကင်ဆာ၊နှလုံးနဲ့ဆီးချိုရောဂါတွေကိုကာကွယ်ပေးပါတယ်။ စပျစ်သီး စပျစ်သီးကresveratrol ပါဝင်မှုကြောင့် ဆဲလ်တွေကိုမထိခိုက်စေအောင် ကာကွယ်ပေးတဲ့အာဟာရအုပ်စုထဲမှာပါဝင်ပါတယ်။ အခွံမှာလည်း ဒီဓါတ်ပါနေတာဖြစ်ပါတယ်။ ဂေါ်ဖီထုပ်ခရမ်းရောင် ဂေါ်ဖီခရမ်းရောင်မှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဟင်းချက်ဆီ တွေထဲမှာ ဘယ်ဟင်းချက်ဆီက အကောင်းဆုံးလဲ ။

ဟင်းချက်တယ်ဆိုတဲ့ နေရာမှာ မပါမဖြစ်က ဆီပဲလေ။ ကြော်မလား၊ ချက်မလား၊ သုပ်မလား သူမပါလို့ကို မရဘူး။ ဟင်းတစ်ခွက် အရသာ ကောင်းမွန်ဖို့ အတွက် ဆီက အရေးကြီးဆုံးဖြစ်ပေမယ့် ကျန်းမာရေး ရှုထောင့်ကကြည့်ရင်တော့ သူက တန်ဆေး လွန်ဘေး ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ပြီး ဟင်းချက်ဆီ တွေ ပေါ်လာပါတော့တယ်။ လူတွေ သုံးနေကြတဲ့ နာမည်ကြီး ဟင်းချက်ဆီ တွေ ဘယ်နှစ်မျိုး ရှိလဲ။ သူတို့ထဲမှာ ဘယ်ဆီက ကျန်းမာရေးအတွက် အကောင်းဆုံးလဲ။ တကယ်ရော ကောင်းရဲ့လား။ နာမည်ကြီး ဟင်းချက်ဆီ အမျိုးအစားများ မြေပဲဆီ  မြန်မာနိုင်ငံသားတိုင်း တစ်ညီတစ်ညွတ်တည်း ယုံကြည်ထားကြတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဆီဆို မြေပဲဆီလို့သာ ပြောရပါလိမ့်မယ်။ တကယ်လည်း မြေပဲဆီမှာ မပြည့်ဝဆီ ၅၀ ရာခိုင်နှုန်း၊ ပါပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

မှို စားပေးခြင်းဖြင့် ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ

မှို ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အစားအစာအဖြစ် လူသိများကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant တွေအများအပြား ပါဝင်တဲ့ မှိုဟာ အရေပြားအလှအပအတွက်လည်း အထူးကောင်းတဲ့ ဓာတ်စာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ အများစုက မီးပြင်းပြင်းနဲ့ ချက်ပြုတ်လိုက်တဲ့အခါမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားတတ်ပါတယ်။ မှိုကတော့ များသောအားဖြင့် ဆီနည်းနည်းနဲ့ ကြော်ချက်ပြီး စားတဲ့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝစုံလင်စွာ ရရှိနိုင်ပါတယ်။ မှို ထဲမှာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေ ပေါကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ဗီတာမင် B အုပ်စု၊ အသားအရေအတွက် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ဗီတာမင် D နဲ့ ပိုတက်စီယမ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ မှို စားပေးခြင်းဖြင့် အသားအရေအတွက် ဘာကောင်းကျိုးတွေ ရစေနိုင်လဲ။ ၁။ အသားအရေကို ရေဓာတ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် D အကြောင်းတစေ့တစောင်း

ဗီတာမင် D ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပေးတဲ့ ဗီတာမင် တစ်ခုပေါ့။ နေရောင်ခြည်ကပေးတဲ့ ဗီတာမင်လို့လည်းခေါ်ကြပါတယ်။ ဗီတာမင် D ကို အခြားဗီတာမင်တွေလိုမျိုး အစားအသောက်တွေကနေတဆင့်ရရှိနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ အရေပြားကို နေရောင်နဲ့ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်ပြီး ဗီတာမင် D ထွက်လာတာပါ။ ဗီတာမင် D ဆိုတာ ဗီတာမင် D ကအမည်ကသာ ဗီတာမင် D တကယ်တော့ pro-hormone ပါ။ ဗီတာမင် စစ်စစ်ကြီးမဟုတ်ပါဘူး။ ဗီတာမင်ဆိုတာက အာဟာရဓာတ်တွေပါ။ ခန္ဓာကိုယ်က မထုတ်နိုင်ပါဘူး။ အာဟာရတွေကနေတဆင့် ရယူရတာပါ။ ဗီတာမင် D ကတော့နေရောင်နဲ့ အရေပြားထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ၅ မိနစ်ကနေ ၁၀ မိနစ်လောက်နေရောင်ခြည်နဲ့ထိတွေ့ပေးမယ်ဆိုရင် လုံလောက်တဲ့ ဗီတာမင် D ပမာဏကိုရရှိစေမှာပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကော်ဖီက ကောင်းတယ်၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ ။ ။

ကော်ဖီဆိုတာ လူတိုင်းကြိုက်နှစ်သက်စွာ ၊ စွဲလမ်းစွာသောက်ကြတဲ့ သောက်စရာတစ်ခုပါ။ တချို့တစ်နေ့ကို မှ ကော်ဖီ တစ်ခွက် မသောက်ရရင် တစ်ခုခုလိုနေသလိုမျိုး ကော်ဖီ စွဲနေကြတဲ့သူတွေရှိပါတယ်။ ကော်ဖီသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်၊ တစ်ချို့ကလည်း ကော်ဖီက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုပြီး အုပ်စု နှစ်ခြမ်းကွဲပြီး ငြင်းခုန်လာကြတာ ရာစုနှစ် တစ်ခုကိုချီနေပါပြီ။ ဒီအုပ်စုကြီးနှစ်ခုမှာ ဘယ်သူမှန်လဲ။ ဘယ်သူမှားလဲ။ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။ ကော်ဖီကကောင်းတယ်၊ ကော်ဖီက မကောင်းဘူးဆိုတဲ့ နှစ်ခြမ်းကွဲနေတဲ့ အုပ်စုနှစ်ခုမှာ အရမ်းကြီးမှန်တဲ့သူလည်း မရှိသလို လုံးဝ မှားနေတဲ့သူတွေ လည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကော်ဖီသောက်တာဟာ ကျန်းမာရေးကို အထောက်အကူပြုသလို ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။ ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုးများ ။ ။ ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်က ဦးနှောက်မှာရှိတဲ့ မောပန်းစေတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တို့စရာ အဖြစ်စားကြတဲ့ ဗြုံးမွေးက ဘယ်လိုဆေးဖက်ဝင်နေတာလဲ

အိမ်မှာ အတို့အမြှုပ်အဖြစ်နဲ့ စားသုံးလေ့ရှိကြတဲ့ ဗြုံးမွေးပင်ဟာ အိန္ဒိယ၊ ဩစတြေးလျား၊ ဥရောပ၊ အာဖရိက၊ အာရှနဲ့ မြောက် အမေရိက၊ တောင်အမေရိကတို့မှာ ပေါက်ရောက်လေ့ရှိတဲ့အပင်ဖြစ်ပါတယ်။ ဗြုံးမွှေးကိုလွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းကဆေးဖက်ဝင် အပင်အဖြစ်သုံးခဲ့ကြတာဖြစ်ပြီး မှတ်ဉာဏ်ကောင်းစေတဲ့ေဆးဖက်ဝင်အပင်အဖြစ် လူသိများပါတယ်။ (၁) မှတ်ဉာဏ်ကောင်းစေခြင်း ဗြုံးမွေးကိုမှတ်ဉာဏ်အတွက် အားပေးတဲ့ဆေးဖက်ဝင်အပင်အဖြစ် သိကြပါတယ်။ အသက် ၄၀ ကနေ ၆၅ နှစ်အတွင်းရှိသူ ၇၆ ဦးကို စမ်းသပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ဗြုံးမွေးဟာလောလောလတ်လတ် သိရှိထားတဲ့အကြောင်း အရာတွေကို မေ့လျော့မှုနှုန်းကိုလျော့နည်းစေဖို့  အထောက်အကူပေးတယ်လို့ သိရပါတယ်။ (၂) စိတ်ဖိစီးမှုနဲ့ပူပန်စိတ်ကိုလျော့နည်းစေနိုင်ခြင်း ဗြုံးမွေးကပြင်းထန် တဲ့ကျန်း မာရေးပြဿနာတွေဖြစ်လာစေတတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ် ပူပန်စိတ်တွေကိုလျော့ကျစေနိုင်တယ်လို့လည်း သိကြပါတယ်။ ဗြုံးမွေးက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အာရုံထွေပြားမှုတွေနဲ့ ဂနာမငြိမ်ဖြစ်မှုတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ဆိုပါတယ်။ (၃) စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ အစာချေဖျက်မှြုပဿနာတွေကို ကုသနိုင်ခြင်း ၎င်းက အယ်လ်ဇိုင်းမားရောဂါ၊ အာရုံမစူးစိုက်နိုင်တဲ့ရောဂါနဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပေးပါတယ်။ ဗြုံးမွေးက ဦးနှောက်ထဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာမကြေဖြစ်တတ်သူတွေအတွက် စားပေးသင့်တဲ့အရာတွေ

အစာမကြေတာက ပြောတော့သာဘာမှမဟုတ်တယ်။ တော်တော်လေးတော့ခံရခက်တယ်နော်။ အစာမကြေတိုင်း အစာကြေဆေးတွေ၊ လျက်ဆားတွေ စားပြန်တော့လည်း သွေးကတိုးဦးမယ်နော်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အစားအသောက်လေးတွေရှိပါတယ်။ အစာမကြေတတ်သူတွေ စားပေးသင့်တဲ့ အစားအစာတွေ တကယ်လို့ သင်က အစာကြေခဲတယ်ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးရင် အဆင်ပြေမှာပါ။ ဒိန်ချဉ် နို့ကို အချဉ်ဖောက်ထားတာဖြစ်ပြီး လက်တစ်အက်ဆစ်ဘက်တီးရီးယားတွေပါဝင်နေပါတယ်။ အစာခြေလမ်းကြောင်းတလျှောက်က အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို တိုးစေနိုင်ပါတယ်။ အစာချေဖျက်မှုဖြစ်စဉ်ကိုတိုးစေနိုင်ပါတယ်။ ပန်းသီး ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ အစာခြေလမ်းကြောင်းတလျှောက်မှာ အစာတွေကို အဆင်ပြေပြေစီးဆင်းသွားစေပြီး အူမကြီးရောင်ရမ်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပင်ပွားစေ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ အစာခြေလမ်းကြောင်းတလျှေက်မှာ အကျိုးပြုဘက်တီးရီးယားတွေကို တိုးစေနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကိုကောင်းမွန်စွာလှုပ်ရှားစေပြီး အစာကြေစေနိုင်ပါတယ်။ သင်္ဘောသီး သင်္ဘောသီးမှာ ပါပါအင်လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ အမျှင်ဓာတ်က အစာကြေစေဖို့အထောက်အကူပြုပေးပါတယ်။ ဝမ်းမချုပ်အောင်ကူညီပေးသလို အစာကြေစေဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ချင်း (ဂျင်း) ချင်းက အစာကြေစေသလို မအီမသာဖြစ်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ရင်ပူတာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုးကိုပါ သက်သာစေနိုင်ပါတယ်။ အစာကြေခဲသူတွေအနေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေတဲ့ အာလူး

အာလူးဟာ လူကြိုက်များတဲ့ ဟင်းသီးဟင်းရွက်အုပ်စုထဲမှာ ပါဝင်ပြီး အိမ်တိုင်းမှာ ဆောင်ထားလေ့ရှိကြပါတယ်။ အရသာလည်း ရှိတယ်။ အာဟာရဓါတ်လည်း ပေါကြွယ်ဝတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေတဲ့ အာလူးကို နေ့စဉ် စားသုံးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေကို ပြောပြပေးမယ်နော်။ ၁။ ပေါကြွယ်ဝလွန်းတဲ့ အာဟာရဓါတ်တွေ အာလူးမှာ ပါဝင်ပါတယ်။ လူသားတိုင်း နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ လိုအပ်ပါတယ်။ အာလူးမှာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ ဗီတာမင် B6 ၊ ဗီတာမင် C ၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနိစ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်၊ ဖောလစ်အက်ဆစ်၊ အမျှင်ဓါတ်၊ အသားဓါတ်နဲ့ ကစီဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ အာလူးကို ကြော်ချက်ပြီး ဖြစ်စေ၊ မီးဖုတ်ပြီး ဖြစ်စေ စားလို့ အဆင်ပြေပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း