ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အေးမြတဲ့ ဆောင်းရာသီမှာ စားပေးသင့်တဲ့ အစားအစာတွေ

ဘာလိုလိုနဲ့ အေးမြတဲ့ ဆောင်းတွင်းကာလကို ရောက်လာခဲ့ပြီနော်။ ကျွန်တော်တို့နိုင်ငံမှာတော့ အရမ်းမအေးဘူးဆိုပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပေါ့ဆလို့ မဖြစ်ပါဘူး။ ကျန်းမာရေးလို့ ဆိုရာမှာ အစားအစာဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို သိမှာပါ။ ဒါကြောင့် ဖျားနာခြင်းကင်းပြီး ကျန်းကျန်းမာမာနဲ့ ဆောင်းရာသီကို ကျော်ဖြတ်ဖို့ စားပေးသင့်တဲ့ အစားအစာတွေကို ပြောပြပေးမယ်နော်။ ၁။ စွပ်ပြုတ် အေးချမ်းတဲ့ ရာသီဥတုအတွက် အသင့်လျော်ဆုံး အစားအစာဖြစ်ပြီး အအေးမိ၊ နှာစေးတာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။ ဖြစ်လာရင်လည်း ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးမျိုးစုံနဲ့ စွပ်ပြုတ်လုပ်သောက်လို့ ရသလို ချင်းပြုတ်ရည်ဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ကိုယ်တွင်းအပူကို အေးမြစေပြီး အပြင်ဘက်က အချမ်းဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေတာကြောင့် စွပ်ပြုတ်ရည်တွေကို ဆောင်းတွင်းမှာ များများသောက်ပေးသင့်ပါတယ်။ ၂။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဆောင်းရာသီမှာမှ မဟုတ်ပါဘူး။ ရာသီတိုင်း၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချချင်တဲ့ မိန်းကလေးတွေ အစားလျှော့စားဖို့ လိုလား

မိန်းကလေးတိုင်းကတော့ လှချင်ကြတာပါပဲ။ အသားအရေတင် မကပါဘူး။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှ လှတယ်လို့ မိန်းကလေးအများစုကတော့ ခံယူထားကြပါတယ်။ ကိုယ်အလေးချိန်ချဖို့ အစားတွေ လျှော့စားရမယ်။ အဲ့ဒါမှ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမယ်ဆိုပြီး မှားယွင်းတဲ့ အယူအဆတွေ ထွက်ပေါ်လာပါတယ်။ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ကိုယ်အလေးချိန် ကျစေဖို့ အစားလျှော့စားပေးစရာ မလိုပါဘူး။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုစနစ်နဲ့ နေ့စဉ် လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးပေးပါ။ အစားလျှော့စားတဲ့အခါမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရရှိနိုင်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေ ကြုံလာရမှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်လည်း ချချင်တယ်၊ အစားလည်း လျှော့စားစရာမလိုတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ရေများများသောက်ပါ ရေဟာ ကိုယ်ခန္ဓာထဲက ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသက်ရှည်ကျန်းမာဖို့ ပန်းသီး တစ်နေ့ တစ်လုံး စားပေးကြစို့

“ပန်းသီး တစ်နေ့ တစ်လုံး စားပေးမယ်ဆိုရင် ဆေးခန်းပြဖို့ မလိုလောက်အောင် အသက်ရှည်ကျန်းမာစေတယ်” ဆိုပြီး ဆရာဝန်တွေ မကြာခဏ ပြောတတ်ကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ သစ်သီးဝလံေတွ၊ ဟင်းသီးဟင်းရွက်ေတွဟာ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို လုံလောက်စွာ ပေးစွမ်းနိုင်တဲ့အပြင် အာဟာရလည်း ဖြစ်၊ ရောဂါတွေကိုလည်း ကင်းဝေးစေလို့ နေ့စဉ်အစာအာဟာရထဲမှာ မရှိမဖြစ် စားပေးသင့်တဲ့ အစားအစာလည်း ဖြစ်ပါတယ်။ ပန်းသီးဟာ တကယ်ပဲ ဆရာဝန်တွေ ပြောကြသလို အစွမ်းထက်တဲ့ သစ်သီးလား။ ဒါဆိုရင် ပန်းသီးမှာ ဘယ်လိုအာဟာရဓါတ်တွေ ပါဝင်နေလဲ။ ပန်းသီးက ဘယ်လိုရောဂါတွေကို မဖြစ်လာအောင် ကာကွယ်တားဆီးပေးနိုင်လဲဆိုတာ ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေ။ ပန်းသီးဟာ နေ့စဉ်ပုံမှန်စားပေးသင့်ပြီး လူတွေကို ကျန်းမာအသက်ရှည်စေတဲ့ အစားအစာ ၁၀ မျိုးထဲမှာ ပါဝင်တယ်လို့ ကမ္ဘာတစ်ဝှမ်းက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကန်စွန်းဥ စားသုံးရင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရနိုင်တယ်ဆိုတာ သင်သိပါသလား

ကန်စွန်းဥကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်၊ သာကူနဲ့ ကျိုစားတာဖြစ်ဖြစ်စားလို့ရပါတယ်။ ဒီလိုအမျိုးမျိုးလုပ်စားလို့ရတဲ့ ကန်စွန်းဥက စားကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်းတော်ေ်တာ်လေးအထောက်အကူပြုပေးပါသေးတယ်။ ကန်စွန်းဥ ဆိုတာ ကန်စွန်းဥလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ ကန်စွန်းကြီးပင်ရဲ့ အမြစ်ဥတွေပါ။ အပြင်ခွံက ပန်းရောင်ရင့်ရင့်လေးပါ။ အတွင်းသားက လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ အရသာက ချိုပြီး အသားက ခပ်မွမွလေးပါ။ အာလူးလို မဟုတ်ဘဲ ရှည်မြောမြောပါ။ အရွယ်အသားကတော့ ခပ်ရွယ်ရွယ်ကနေ အကြီးကြီးအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ကန်စွန်းဥမှာ ပါတဲ့ အာဟာရဓာတ်တွေ စားရတာ အရသာရှိတဲ့ ကန်စွန်းဥမှာ ပရိုတင်း အဆီဓာတ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သံဓာတ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် Phosphorus ပိုတက်ဆီယမ် ဆိုဒီယန် ဆီလီနီယမ် ဗီတာမင် C ဖောလိတ် ခိုလင်း ဗီတာမင် […]


အဝလွန်ခြင်း

ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ။ ။

အဝလွန် တယ်ဆိုတာ သက်ကြီးပိုင်းလူတွေ တော်တော်များများဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခုနောက်ပိုင်းလူနေမှု ပုံစံတွေ အရဆို လူကြီးတွေတင်မဟုတ်ပါဘူး။ အဝလွန် တာဟာ အရွယ်တိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ပြီးရင် အဝလွန်တဲ့ ပြဿနာကလည်း တစ်ခြားနာမည်ကြီး နှလုံး၊ သွေးတိုး၊ ဆီးချိုတို့ရဲ မြစ်ဖျားခံတစ်ခုဖြစ်တာကြောင့် သူ့ကို အရင်ဆုံး ဖြေရှင်းမှ ရမှာပါ။ ကိုယ်အဝလွန်တယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ. ။ ။ ရိုးရိုးလေးပဲပြောမယ်ဆိုရင်တော့ ဝတ်နေကျ အင်္ကျီတွေ ကြပ်သွားမယ်။ ဗိုက်နဲ့ ခါးမှာအဆီပိုတွေ စုနေမယ်။ ဒူးတွေနာနေပြီး အထိုင်အထလည်း မကောင်းတော့ဘူးဆိုရင် သင်ဝနေပါပြီ။ အချက်အလက်နဲ့ သေချာပြောရမယ်ဆိုရင်တော့ BMI (Body Mass Index) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို ပြန်ချိန်ဆတဲ့အခါ BMI ရဲ့ တန်ဖိုးက ၃၀ ထက်ကျော်နေပြီဆိုရင် ဝနေပြီလို့ပြောလို့ရပါပြီ။ ဝခြင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသည်းအတွက်လိုအပ်မယ့် ဗီတာမင်တွေက

တစ်နေ့တာမှာ အရေးကြီးတဲ့လုပ်ငန်းတာဝန်ပေါင်း ၄၀၀ကျော်လုပ်ပေးရင်း ခန္ဓါကိုယ်ကို ကျန်းမာနေအောင်လုပ်ဆောင်ပေးနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ ဒီလိုမျိုးခန္ဓါကိုယ် ကျန်းမာနေအောင် မနားမနေလုပ်ဆောင်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းလေးက ဘယ်အင်္ဂါအစိတ်အပိုင်းလို့ထင်လဲ။ ဒီအင်္ဂါအစိတ်အပိုင်းလေးကသွေးတွင်းပရိုတင်းတွေကိုထုတ်ပေးတယ်။ ကိုယ်ခံအားကောင်းအောင်လုပ်ပေးတယ်။ အကျိုးပြုကိုလက်စထရောထုတ်ပေးတယ်။ သည်းခြေရည်ထုတ်ပေးတယ်၊သွေးနီဥဆဲလ်တွေအတွက် သံဓါတ်ကိုထုတ်ပေးတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားပေးတယ်။ ဒီလောက်ဆိုရင်တော့ တစ်ကိုယ်လုံးရဲ့ အလုပ်အရှုပ်ဆုံးအင်္ဂါအစိတ်အပိုင်းက ဘာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ အသည်းလေ။ ဒီတော့ ကျန်းမာပျော်ရွှင်ချင်တယ်ဆိုရင် အသည်းကိုကျန်းမာအောင်ဂရုစိုက်ဖို့လိုပါမယ်။ ဒီတော့မေးစရာရှိလာတာက အသည်းကျန်းမာအောင် ဘာတွေလိုအပ်မလဲ။ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာပေါ့။ အဖြကတော့ ရိုးရှင်းပါတယ်။ အသည်းကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွြေပည့်ဝအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါမယ်။ အသည်းကျန်းမာစေဖို့အတွက် လိုအပ်မယ့် ဗီတာမင်တွေက ဗီတာမင် B-12 - ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို ထုတ်ပေးပါတယ်။ အသည်းရောဂါတွေကို ကာကွယ်ရာမှာအရေးပါတဲ့ ဓါတ်တွေကို အသည်းကနေထုတ်လုပ်ပေးနိုင်ဖို့အတွက်လည်း ဗီတာမင် B-12 ကလုပ်ဆောင်ပေးပါတယ်။ ဗီတာမင် မင် B-12 ကို အပင်တွေဆီကနေမရရှိနိုင်ပါဘူး။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်နာမကျအောင် ဘယ်လိုအထာကျကျ အရက်သောက်မလဲ

ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီတော့ မရှောင်နိုင်ဘူးဆိုရင် အရက်နာကျခြင်း ညလုံးပေါက် အပြတ်ကဲပြီးလို့ မနက်နိုးလာပြီဆိုရင် အရင်ဆုံးကြုံရတဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ လူတိုင်းမဟုတ်တောင် လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်မိတာကြောင့်ရော၊ အရက်သောက်နည်း မမှန်ကန်တာကြောင့် မနက်ခင်းမှာ အရက်နာကျတဲ့ ပြဿနာတွေ့ရတာပါ။ အရက်နာကျတဲ့ လက္ခဏာတွေကတော့ မောပန်းတာ၊ အားနည်းတာ ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား ကိုက်ခဲတာ မူးဝေတာ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လမ်းဘေးစာများ စားသင့်သလား

လမ်းဘေးစာဆိုတာကတော့ လှုပ်ရှားသွားလာသူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်အောင် ချက်ပြုတ်ကြော်လှော်ရောင်းချနေတဲ့ အစားအစာများကို အလွယ်ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြမယ့် လမ်းဘေးစာဆိုတဲ့ အသုံးအနှုန်းဟာလည်း အဆင့်အတန်းခွဲခြားတဲ့သဘောနဲ့ သုံးနှုန်းခြင်းမဟုတ်ဘဲ မြင်လွယ်အောင်သာ ဖော်ပြခြင်းသက်သက်ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Street food လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံသာမက နိုင်ငံအသီးသီးမှာ တွေ့ရတတ်တဲ့ ရောင်းဝယ်ဖောက်ကားမှုပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ပိုးပြင်ဆင်မှု၊ ကျန်းမာရေးနဲ့ညီညွတ်မှု၊ သန့်ရှင်းလတ်ဆတ်မှု စတာတွေမှာတော့ ဆိုင်ရာလူမှုပတ်ဝန်းကျင်အလိုက် ကွာခြားသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လမ်းဘေးစာများရဲ့ အကျိုးသက်ရောက်မှုများကို စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။   လမ်းဘေးစာဆိုတာ ရှိသင့်သလား အဖြေကတော့ ရှိသင့်ပါတယ်။ လမ်းပေါ်မှာလှုပ်ရှားသွားလာပြီး စားသောက်ဆိုင်ကောင်းကောင်းတွေမှာ ဝယ်စားဖို့ ငွေကြေးမလုံလောက်တဲ့အခါ၊ အချိန်မရတဲ့အခါ လမ်းဘေးစာများဟာ အားကိုးရာတခုဖြစ်ပါတယ်။ ဆိုင်ကြီးတွေမှာလို ကိန်းကြီးခန်းကြီးမနိုင်ဘဲ ချက်ချင်းမှာယူ စားသုံးနိုင်၊ ထုတ်ပိုးသယ်ဆောင်သွားနိုင်ပါတယ်။ တခါတရံမှာ လမ်းဘေးစာရောင်းချတဲ့ ဆိုင်တွေမှာတောင် […]


အဝလွန်ခြင်း

ကိုယ့်ကလေး အဝမလွန်အောင် ဘယ်လိုပြုစုစောင့်ရှောက်မလဲ

အဝလွန်တယ်ဆိုတာ ဘယ်အရွယ်အတွက်မဆို ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကလေးဟာ တခြားကလေးတွေထက် ပိုဝနေပြီဆိုတာ သံသယရှိလာပြီဆိုရင် မိဘတွေအနေနဲ့ သူတို့ရဲ့ နေထိုင်စားသောက်ပုံတွေကို ပြန်ပြီးလေ့လာကြည့်ဖို့ လိုအပ်လာပါပြီ။ အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အသက်အရွယ်မရွေး အဝလွန်ြခင်းကြောင့် ကျန်းမာရေးမှာ ထိခိုက်လာနိုင်တာတွေ အများကြီးပါပဲ။ ဖြစ်နိုင်ခြေများတဲ့ ရောဂါတွေကတော့ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ ဖြစ်ပြီး ညဘက်ကောင်းစွာ မအိပ်စက်နိုင်တာ၊ ကိုလက်စ်ထရောများတာ၊ ပန်းနာရင်ကြပ်၊ ကျောက်ကပ်ရောဂါတွေ၊ သည်းခြေကျောက်တည်တာ အစရှိတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက အဝမလွန်အောင် မိဘတွေအနေနဲ့ ဘယ်လိုကာကွယ်ပေးလို့ရမလဲဆိုတာ ပြောပြပေးမယ်နော်။ ၁။ အစာအာဟာရမျှတအောင် ကျွေးပါ။ ကလေးတွေကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့အတွက် နေ့စဉ်လိုအပ်တဲ့ အစာအာဟာရကို သေချာချက်ပြုတ်ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေအပြင် […]


ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း