ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အလှအပနဲ့ ကျန်းမာရေးအတွက် အနက်ရောင်ချောကလက်

ချောကလက်ကို လူအများစု ကြိုက်နှစ်သက်ကြသလို အချိုမကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်။ အဖြူရောင် နို့ချောကလက်၊ အညိုရောင် ချောကလက်နဲ့ အနက်ရောင် အခါးအရသာရှိတဲ့ ချောကလက်ဆိုပြီး မျိုးစုံရှိပါတယ်။ ဒီနေ့မှာတော့ လူတွေ သိပ်မစားတတ်ကြတဲ့ အနက်ရောင် ချောကလက်ခါးခါးရဲ့ အသားအရေနဲ့ အလှအပဆိုင်ရာ ကျန်းမာရေးကောင်းကျိုးတွေကို ဝေမျှပေးချင်ပါတယ်။ အနက်ရောင် ချောကလက်ဆိုတာ ဘာလဲ။ အနက်ရောင် ချောကလက်ကို ကိုကိုးပင်ကနေတစ်ဆင့် ပြုလုပ်ထားတာဖြစ်ပြီး ခါးသက်တဲ့ အရသာရှိပါတယ်။ တခြားချောကလက်နဲ့ မတူတဲ့ အရသာကြောင့် လူတွေ မကြိုက်နှစ်သက်ကြပေမယ့် အနက်ရောင်ချောကလက်ဟာ ဆံသားနဲ့ အရေပြားအလှအပကို ကောင်းကျိုးများစွာ ဖြစ်စေတဲ့အပြင် ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။ အနက်ရောင်ချောကလက်ကို စားပေးလို့ ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ။ ၁။ Antioxidant တွေ ပေါကြွယ်ဝလို့ အသားအရေကို နူးညံ့လှပလာစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အရေပြားကို ဝင်းမွတ်တောက်ပလာစေနိုင်ပါတယ်။ ၂။ နေရောင်ခြည်မှာ ပါဝင်တဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။

သွေးတွင်း အဆီ ဘာကြောင့်များရတာလဲ ။ ။ သွေးတွင်း အဆီဓာတ်များရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်တွေကို မဆင်မခြင်စားမိတာကြောင့်ဖြစ်ရတာပါ။ ဒီလိုနဲ့ အဆီတွေ အနည်ကျလာလို့ သွေးကြောတွေ ကျဉ်းလာပါတော့တယ်။ ဒီလို သွေးကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ ကိုလက်စရောတွေ သွေးထဲမှာ များမနေချင်ဘူးဆိုရင်တော့ ကိုလက်စရော တက်စေတဲ့ အစားအသောက်တွေက ဘာလဲဆိုတာ သင်သိထားဖို့လိုပါတယ်။ ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။ ကော်ဖီ။ ။ Expresso တို့၊ အသင့်ဖျော်ကော်ဖီတို့မှာပါတဲ့ cafestol ဟာ မကောင်းတဲ့ အဆီဓာတ်ဖြစ်တဲ့ LDL ကိုလက်စရောကို မြင့်တက်စေပါတယ်။ ဒါပေမယ့် ခွက်သေးသေးနဲ့ တစ်နေ့ တစ်ခွက်လောက်ပဲ ကော်ဖီ သောက်တတ်ရင်တော့ ကိစ္စမရှိပါဘူး။ နှပ်ကော်ဖီဟာ သွေးတွင်း ကိုလက်စရောကို မြင့်တက်စေခြင်း မရှိတာကြောင့် နှပ်ကော်ဖီကြိုက်တဲ့ သူတွေအတွက်ကတော့ ဝမ်းသာစရာပါပဲ ။ ဆီပြန်အစပ်ဟင်းတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အားဆေးတွေကို ဘယ်အချိန်မှာသောက်သင့်လဲ၊ အစာနဲ့တွဲသောက်ရမှာလား မသောက်ရဘူးလား။ ။

ဖြည့်စွက် အားဆေးတွေကို  သောက်နေကြတယ်။ ကိုယ်သောက်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ဖြည့်စွက် အားဆေးတွေကို ဘယ်အချိန်မှာ သောက်ရင် ဘယ်လိုအာနိသင်ပိုရှိလဲဆိုတာ မသိကြတဲ့သူများပါတယ်။ ဒါကြောင့် ဘယ်အားဆေးဆို ဘယ်လိုအချိန်မှာသောက်ရင် ပိုကောင်းလဲ ဆိုတာလေးတွေ ပြောပြေပေးချင်ပါတယ်။ ။ ဗီတာမင် အားဆေးတွေကို ဘယ်အချိန်မှာ သောက်ရမှာလဲ အားဆေးတော်တော်များများကို မနက်ပိုင်း အစာနဲ့ တွဲသောက်ဖို့ ပြောကြပေမယ့် တချို့ မနက်ပိုင်းမသောက်ရတဲ့ အားဆေးတွေ လည်းရှိပါတယ်။ ဒီတော့ ဗီတာမင် တစ်ခုချင်းစီကို လေ့လာကြည့်ရအောင် ။ ။ ဗီတာမင် A ။ ။ အမြင်အာရုံ အထူးကောင်းမွန်ဖို့၊ အသားအရေ လှပဖို့နဲ့ ဓာတ်တိုးဆန့်ကျင့်တဲ့ အာနိသင်တွေ ပြည့်နေတဲ့ ဒီ ဗီတာမင် A ဟာ fat soluble အဆီမှာပျော်ဝင်တတ်တဲ့ ဗီတာမင် တစ်ခုဖြစ်လို့ အစာနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေတဲ့ အစားအသောက်များ ။ ။

သင့်တစ်ကိုယ်လုံးက ပေးပို့တဲ့ အချက်ပြစနစ်တွေကို တုန့်ပြန်ရတယ်၊ တွေးခေါ် စဉ်းစားရတယ်၊ လေ့လာသင်ယူဖို့အတွက်လည်း ဦးနှောက် ကမရှိမဖြစ်ဆိုတော့ သူက အလုပ်အများဆုံးဖြစ်ပြီး အာရုံကြော သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့အတွက် အရှုပ်ထွေးဆုံး အစိတ်အပိုင်းတစ်ခုပါ။ အသက်ကြီးလာရင် ဦးနှောက်က ဆဲလ်တွေကျုံ့လာတတ်သလို ၊ ကိုယ်စားတဲ့အစားအသောက်တွေ ကိုယ့်အနေအထိုင် အပြုအမူတွေ မဆင်ခြင်တဲ့အခါ ဦးနှောက်ကို ထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းလာကြပါတယ်။ တစ်ခုခုပြောပြီး လုပ်ပြီးတာနဲ့ မေ့လွယ်တာ( dementia)၊ အတိတ်ကို လုံးဝ သတိမရတော့တဲ့ ရောဂါ ( Alzheimer ) တို့ဆိုတာ အဖြစ်များတဲ့၊ လူတိုင်းဖြစ်မှာ ကြောက်ကြတဲ့ ဦးနှောက် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေပါ။ ဒါဆို ဒီလို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ အဖြစ်ဆိုးမျိုး မကြုံတွေ့အောင် ကြိုတင်ကာကွယ်လို့ရလား ။ ။ သင့်မှတ်ဉာဏ်စွမ်းရည်ကို မြင့်တက်စေမယ့် အစားအသောက်များ ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခန္ဓါကိုယ်မှာ ဗီတာမင် A ရဲ့ အခန်းကဏ္ဍ

အာဟာရြပည့်ဝမှ ခန္ဓါကိုယ်ကျန်းမာမှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အာဟာရပြည့်ဝစွာပါဝင်အောင်စားသုံးပြီး ခန္ဓါကိုယ်ကျန်းမာအောင်ဂရုစိုက်ကြပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် A အကြောင်းလေးနည်းနည်းလောက်ပြောပြချင်ပါတယ်။ ဗီတာမင် A ဆိုတာ ဗီတာမင် A ဆိုတာက အဆီပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဗီတာမင် Aက အမြင်အာရုံ၊ အသားအရေ၊ အရိုးနဲ့ ခန္ဓါကိုယ်က အခြားတစ်ရှုးတွေကို ကျန်းမာဖွံ့ဖြိုးစေနိုင်ပါတယ်။ ဗီတာမင် A က ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်အဖြစ်နဲ့ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးသလို အခြားသောကျန်းမာရေး အကိုးကျေးဇူးတွေလည်းထောက်ပံ့ပေးပါတယ်။ ဗီတာမင် A က ဆဲလ်တွေကြီးထွားဖို့ထောက်ပံ့ပေးသလို နှလုံး၊ အဆုတ် နဲ့ အခြားသောအရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကအခြား အာဟာရဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးပါ။ ဗီတာမင် A […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငှက်ပျောအူစားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

မုန့်ဟင်းခါးစားရင် ငှက်ပျောအူတွေ အသည်းအသန်ဖယ်ခိုင်းတဲ့သူတွေရှိလား။ ကိုယ်တွေကတော့ ဟင်းရည်တောင်းရင် ငှက်ပျောအူဖတ်လေးထည့်ပေးပါလို့ကို ထည့်တောင်းတာ။ ငှက်ပျောပင်ဟာ အသီး၊အခွံ၊အရွက်၊ ပင်စည်အထိကို တစ်ပင်လုံးဆေးဘက်ဝင်နေတာ တကယ်အံ့သြဖို့ကောင်းပါတယ်။ ငှက်ပျောသီးက ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တယ်၊ အခွံကလည်း အသားအရေအတွက် အသုံးဝင်တယ်၊ အရွက်ဆိုလည်း ဟိုရှေးတည်းကမြန်မာမုန့်လုပ်တဲေ့နရာမှာ အမြဲထည့်သုံးလေ့ရှိတာ အဆိပ်အတောက်ကင်းတဲ့ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကြောင့်ပါ။ အခုတော့ ပင်စည်ဖြစ်တဲ့ ငှက်ပျောအူရဲ့ဆေးဘက်ဝင်ပုံကိုပြောပြချင်လို့ ဖတ်ကြည့်လိုက်ပါဦး။ သူများနိုင်ငံမှာဆို ငှက်ပျောအူကို ကြိတ်ပြီးအရည်ကိုဖျော်ရည်တောင်လုပ်သောက်တာနော်။ အဆိပ်အတောက်ဖယ်ရှားနိုင်စွမ်း ငှက်ပျောအူဟာ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်ေတွကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဆီးလည်းရွှင်စေသလို အမျှင်ဓါတ်လည်း ကြွယ်ဝပါတယ်။ ဆီးကျောက်ကို ကြေစေပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်စွမ်း ငှက်ပျောအူနဲ့ဖာလာစေ့ ပေါင်းစပ်လိုက်ရင် ဆီးအိမ်ကို ပြေလျော့စေပြီး ဆီးကျောက်တွေကို ကြေစေနိုင်ပါတယ်လို့ ဆိုကြပါတယ်။ ငှက်ပျောအူနဲ့ သံပရာသီး ပေါင်းစပ်ရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဝိတ်ကျစေခြင်း အမျှင်ဓါတ်ကြွယ်ဝလွန်းတဲ့ ငှက်ပျောအူက ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေထဲ သကြားဓါတ်နဲ့အဆီဓါတ်တွေ မစုပုံလာအောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကမ်းခြေသွားမယ် သံပခြုပ်စားမယ်

ကမ်းခြေသွားရင် သံပခြုပ်တွေလာလာရောင်းတာတွေ့ဖူးမှာပေါ့။ ဓါးလေးနဲ့ခွဲ၊ အတွင်းကအနှစ်တွေကို ဖန်ခွက်အသေးလေးထဲခြစ်ထည့်ပြီး သံပရာရည်ညှစ်သောက်ကြတာပါ။ အရမ်းအားရှိတယ်လို့တော့ပြောတာပဲ။ ဘာကြောင့်အားရှိတယ်ပြောတာလဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ပါဦး။ အသား၊ငါးတွေလိုပဲ ပရိုတင်းကြွယ်ဝတယ် သံပခြုပ်တွေက ပရိုတင်းဓါတ်ြကွယ်ဝပါတယ်။ အသား၊ငါးနဲ့ပဲတွေလိုပဲ အသားဓါတ်ရမယ့်အရင်းအမြစ်တစ်ခုအဖြစ်စားသုံးလို့ရတယ်။ ဒါ့ကြောင့် သံပခြုပ်အနှစ်ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း ၃.၂ ဂရမ်ပါဝင်တာပါ။ အုတ်ဂျုံနဲ့ ဂျုံကြမ်းတို့လို အမျှင်ဓါတ်ရစေနိုင်တယ် သံပခြုပ်ကိုစားရင် အုတ်ဂျုံနဲ့ ဂျုံကြမ်းတွေလိုပဲ အမျှင်ဓါတ်များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါတယ်။ သူ့ကိုဆက်တိုက်စားပေးရင် အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။ ဗီတာမင် C ပါဝင်တယ် သံပခြုပ်မှာ ဗီတာမင် C ပါဝင်တာကြောင့် ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီးရောဂါတွေကိုခုခံနိုင်စွမ်းကောင်းမွန်စေနိုင်ပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ အားဆေးတွေ မစားချင်ဘူးဆိုရင် သူ့ကိုစားလို့ရပါတယ်။ ခွန်အားတိုးစေတယ် သံပခြုပ်ကို ကျားခွန်အားတိုးစေတဲ့အာဟာရအဖြစ် ဂျပန်မှာလူသိများတဲ့အပြင် သံပခြုပ်ဆူရှီကိုလည်းလူကြိုက်များပါတယ်။ သံပခြုပ်ကသွေးလည်ပတ်မှုကိုကောင်းစေတယ်၊ လိင်စိတ်ဖြစ်ပေါ်မှုကိုအားပေးပါတယ်။ ဗီတာမင် A ပါဝင်တယ် ဗီတာမင် A […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကင်းမွန်စားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

အကင်ဆိုင်တစ်ဆိုင်ရောက်ရင် မပါမဖြစ်တဲ့ အမျိုးအစားတစ်မျိုးက ကင်းမွန်ကင် ဖြစ်ပါတယ်။ ဆိုင်တွေမှာက ပြည်ကြီးငါးလို့ သုံးကြပေမယ့် တကယ်က ဒီကင်းမွန်တွေပါပဲ။ အကွင်းလေးတွေလှီးပြီးအကြွပ်ကြော်တာစားမလား၊ အစာသွပ်ပြီးကင်တာ စားမလား၊ အချဉ်ထောင်းပြီးသုပ်တာစားမလား၊ မဆလာနဲ့ချက်စားမလား လူကြိုက်များတဲ့မီနူးကလည်းစုံလှပါတယ်။ ရခိုင်ဟင်းချဉ်စပ်လေးနဲ့ ဆိုလည်း ခံတွင်းတွေ့မှတွေ့။ ပြောရင်း ဗိုက်တောင်ဆာလာတယ်။ အဲဒီလို လူကြိုက်များပြီး အစားအသောက်အတော်များများမှာပါဝင်လေ့ရှိတဲ့ ကင်းမွန်ကို ဘာလို့စားသင့်တာလဲဆိုတာ ဆက်ပြောချင်လို့။ လူတွေက ပင်လယ်စာဆို အာဟာရတန်ဖိုးကိုအထင်သေးတတ်ကြလွန်းလို့ပါ။ ကင်းမွန်တွေမှာ တခြားအသားငါးတွေလိုပဲ ပရိုတင်းဆိုတဲ့ အသားဓာတ်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့အပြင် အဆီရော၊ ကယ်လိုရီရော နည်းပါတယ်။ သူ့ရဲ့ ကောင်းကျိုးလေး နည်းနည်းဆက်ပြောပါရစေ။ ဒါမှအကြောင်းပြပြီး စားလို့ကောင်းအောင်ပေါ့။ ကယ်လိုရီနည်းတယ်။ ဆီနဲ့ နှစ်ကြော်ထားတာ မဟုတ်တဲ့ ကင်းမွန် ၁၀၀ ဂရမ် (အကင်ဖြစ်ဖြစ်၊ အပြုတ်၊အချက်ဖြစ်ဖြစ်) တစ်ပွဲမှာ ၇၅ ကယ်လိုရီကနေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ဓါတ်ကျတတ်သူတွေအတွက် ဓါတ်စာ

တစ်နေ့တာမှာပျော်စရာတွေပဲကြုံချင်တယ်လို့ စီစဉ်ထားလို့မရပါဘူး။ ကံဇာတ်ဆရာအလိုကျပျော်တစ်လှည့် ငိုတစ်လှည့်ပဲပေါ့နော်။ စိတ်ပျော်ရတဲ့ အရာလေးတွေတွေ့ကြုံရနိုင်သလို စိတ်ညစ်စရာတွေကိုလည်း Skip လုပ်လို့မရဘဲကို ကြုံရတာပါ။ ဒီလိုဖြစ်တဲ့အခါ အရမ်းကြီးကြီးမားမာစိတ်ထိခိုက်စရာဆိုရင် စိတ်ဓါတ်ကျတာက မခေါ်ရဘဲ အဖော်ပါလာပါတော့တယ်။ ဒီမဖိတ်ခေါ်တဲ့ ဧည့်သည်ကိုယ့်ဆီအလည်မလာအောင် အစားအသောက်လေးနဲ့ ထိန်းကြမယ်နော်။ ကဲ စိတ်ဓါတ်မကျအောင် ဘာတွေစားမလဲ စိတ်ဓါတ်မကျစေဖို့ အတွက်ကတော့နေ့စဉ်စားသုံးတဲ့အခါ ဒါလေးတွေစားသုံးပေးပါ။ သစ်ကြားသီး သစ်ကြားသီးမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို Omega -3 fatty Acid ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ငှက်ပျောသီး ခန္ဓါကိုယ်ထဲမှာပျော်ရွှင်စေတဲ့ဟော်မုန်းလို့ခေါ်တဲ့ ဒိုပါမင်ဟော်မုန်း ကိုထုတ်လုပ်ပေးတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့tyrosine နည်းလာတဲ့အခါ စိတ်ဓါတ်ကျလာတာပါ၊လို့လေ့လာမှုတွေအရသိရပါတယ်။ ငှက်ပျောသီး၊ အယ်လ်မွန်စေ့ နဲ့ ထောပတ်သီးတို့မှာtyrosine ကြွယ်ဝစွာပါဝင်နေတာကြောင့် စိတ်ဓါတ်မကျဖို့အတွက် အထောက်အပံဖြစ်စေမှာပါ။ ဒါကြောင့် ငှက်ပျောသီးကလည်း စားသင့်တဲ့အစားအစာပါ။ ဆယ်လ်မွန် ဆယ်လ်မွန်၊တူနာနဲ့ ဆာဒင်းငါးတို့မှာ Omega-3 Fatty Acid ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် D […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ

၂၁ ရာစု မှာ Fast Food စားတဲ့ အလေ့အထ က လူတော်တော် များများ မှာ ပျံ့နှံ့လာပါတယ်။ အလွယ်တကူ စားလို့ လွယ်တယ်ဆိုပြီးစားတာ များနေတဲ့ ဒီ Fast Foodတွေ က စားရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်း ရောဂါ၊ အဝလွန်ရောဂါ စတာတွေ အဖြစ်များတယ်လို့ အသိများပေမယ့်။ အခု ဖော်ပြမယ့် အချက်တွေကိုတော့ လူတော်တော်များများ သတိမထားမိပါဘူး။ Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ ကတော့ မှတ်ဉာဏ်စွမ်းအား လျှော့နည်းလာခြင်း - အချိုများလွန်းတဲ့ အစားအစာတွေ၊ အဆီ လွန်ကဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း