ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင် မနက်စာ မစားဘဲနေနေပြီလား။ ဒါဆို ဒီရောဂါတွေ ပိုဖြစ်နိုင်တယ်နော်။ ။

မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေး သင်ကြားဖူးမှာပါ။ ဒါပေမယ့် ပိန်ချင်လို့ အစားလျှော့တယ်၊ ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့ သူတွေ အများကြီးပါ။ တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။ မနက်စာကို အလွတ်ခံလိုက်ရင် တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေလည်း ဆုံးရှုံးမယ့်အပြင် မနက်စာ မစားခြင်းက တစ်ခြား ကျန်းမာရေးအပေါ်မှာ သက်ရောက်တဲ့ မကောင်းတဲ့အချက်တွေ လည်း ရှိပါသေးတယ်။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ မနက်စာ ကို မစားဘဲနေရင် ဘာတွေ ဖြစ်နိုင်သလဲ။  အစားတွေ ပိုစားဖြစ်တယ်။  မနက်စာကို မစားဘဲနေလိုက်တာကြောင့် ကိုယ့်ကိုယ်ခန္ဓာရဲ့ စားသောက်မှု ပုံစံ စည်းချက် မူမမှန်တော့မယ့်အပြင် ဦးနှောက်နဲ့ ကြွက်သားတို့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

မေးနှစ်ထပ် ဖြစ်လို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ ။

V- shaped လိုမျိုး သွယ်လျ အချိုးကျတဲ့ မျက်နှာ လေးတစ်ခု ပိုင်ဆိုင်ချင်ကြတာ တို့မိန်းကလေးတိုင်းပါ။ ခက်တာက လောကကြီးမှာ လိုတာမရ ရတာမလိုဖြစ်နေတာတွေကများတော့ လိုချင်တာက သွယ်လျတဲ့မျက်နှာ ဖြစ်နေတာက မေးနှစ်ထပ် နဲ့ တွဲတွဲကြီးဖြစ်နေတော့ မှန်ထဲ ကြည့်လိုက်တိုင်း စိတ်ညစ်ကြတယ်လေ။ ခုလို ပျိုမေတို့ စိတ်ညစ်နေရတဲ့ မေးနှစ်ထပ်ပြဿနာကို အိမ်တွင်းဆေးနည်းလေးတွေနဲ့ သက်သာအောင် လုပ်လို့ရနေပြီဆိုတာ သိပါသလား။ မသိလိုက်ဘူး မဖြစ်ရလေအောင် ခုပဲ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြနော်။ ။ မေးနှစ်ထပ် ကို အပြတ် တိုက်ထုတ်မယ့် အိမ်တွင်းဆေးနည်းလေးများ ။ ။ ကြက်ဥ အကာ ။ ။ ကြက်ဥအနှစ် မပါဘဲ အကာချည်းသက်သက်ကို ပျားရည်၊ သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းဆီနဲ့ ရောခေါက်ပြီး မေးစိနားတစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။ မိနစ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ကြက်စွပ်ပြုတ်

ကလေးတွေ ဖျားနာပြီဆိုရင် လူကြီးတွေ အရင်ဆုံးတိုက်ဖို့ သတိရမိတာ ဆန်ပြုတ်နဲ့ ကြက်စွပ်ပြုတ် ပါပဲ။ ကြက်သားကို အချိန်အကြာကြီး နူးနေအောင် ပြုတ်ပြီး ရလာတဲ့ အရည်ပူပူလေးဟာ အအေးမိတုပ်ကွေးအတွက်တော့ တကယ့် ဆေးစာတစ်လက်ပါပဲ။ အစာကြေလွယ်စေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ အလွယ်တကူ ပြင်ဆင်ချက်ပြုတ်လို့ ရတယ်။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ ဒါဆိုရင် ကြက်စွပ်ပြုတ်က အဖျားပျောက်ဆေး သက်သက်ပဲလား။ သူ့မှာရော တခြား ကိုယ်ခန္ဓာအတွက် အထူးကောင်းမွန်တဲ့ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေမလဲ။ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။ ကြက်စွပ်ပြုတ် ရဲ့ ကျန်းမာရေး ကောင်းကျိုးများ ၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသင့်စားခေါက်ဆွဲခြောက်ဆိုတာ စားတိုင်းကောင်းတဲ့ အရာလား

အသင့်စားခေါက်ဆွဲခြောက်ကို အရှေ့တောင်အာရှနိုင်ငံတွေအပြင် တစ်ကမ္ဘာလုံးမှာပါ အများအပြား စားသုံးနေကြပါပြီ။ ဈေးသက်သာတဲ့အပြင် ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး အချိန်မပေးရတာကြောင့် အသင့်စားခေါက်ဆွဲခြောက်ကို လူမျိုးမရွေး၊ အသက်အရွယ်မရွေး ကြိုက်နှစ်သက်စွာ စားသုံးကြပါတယ်။ အသင့်စားခေါက်ဆွဲခြောက် ဆိုတာဘာလဲ။ ခေါက်ဆွဲကို အနည်းငယ်ချက်ပြုတ်ပြီး အခြောက်ခံကာ တာရှည်ခံအောင် ထုတ်ပိုးပြီး ရောင်းချထားတာဖြစ်ပါတယ်။ အဓိကပါဝင်ပစ္စည်းတွေကတော့ ဂျုံ၊ ဆား၊ အနံ့အရသာအတွက် ဟင်းခတ်မှုန့်နဲ့ ဆီ၊ ဆိုဒီယမ် ဖြစ်ပါတယ်။ စက်ရုံမှာပဲ ပေါင်းပြီး အခြောက်ခံတယ်။ ပြီးမှ တာရှည်ခံပစ္စည်းတွေ ထည့်ပြီး ထုတ်ပိုးရောင်းချတယ်။ အသင့်စားခေါက်ဆွဲခြောက်ကို စားတဲ့အခါမှာ ရေနွေးနဲ့ အရင်ပြုတ်ပြီးမှ စားသုံးရပါတယ်။ ပုံမှန်ခေါက်ဆွဲတွေနဲ့ ယှဉ်လိုက်ရင် အသင့်စားခေါက်ဆွဲခြောက်တွေဟာ အာဟာရဓါတ်နည်းပါးတဲ့အပြင် အလွန်အကျွံစားသုံးတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေက ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်လဲ။ ခေါက်ဆွဲထက်စာရင် အသားဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ ဗီတာမင် C ၊ အမျှင်ဓါတ်၊ ဖော့စရပ်စပ်ဓါတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ် သတ္တုဓါတ် ။ ။

ရှင်သန်နေထိုင်နေတဲ့ လူတိုင်းအတွက် ကယ်လ်ဆီယမ် က မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုပါ။ ကိုယ်ခန္ဓါတစ်ခု ကျန်းမာသန်စွမ်းဖို့၊ အရိုးတွေ ကြံ့ခိုင်စေဖို့၊ အတွက် ကယ်ဆီယမ်က မရှိမဖြစ်လေ။ ဒီလို အရေးကြီးတဲ့ ကယ်လ်ဆီယမ်ကို ကိုယ်နေ့စဉ်စားတဲ့အစားအသောက်တွေကလည်း ရနိုင်တဲ့အပြင် ကယ်လ်ဆီယမ် ဓါတ် ချို့တဲ့တဲ့သူတွေ အတွက် ဖြည့်စွက်သောက်လို့ရတဲ့ သောက်ဆေးပြားတွေ အနေနဲ့ လည်း ရနိုင်ပါတယ်။ ။ ဘာကြောင့် ကယ်လ်ဆီယမ် လုံလုံလောက်လောက်ရှိနေဖို့ လိုအပ်တာလဲ ။ ။ ဘာကြောင့် နေ့တိုင်း လုံလောက်တဲ့ ကယ်လ်ဆီယမ် ပမာဏ ရဖို့လိုတာလဲ ။ ။ ကယ်လ်ဆီယမ်ဟာ အရိုးသန်မာဖို့အတွက် ၊ အရိုးတည်ဆောက်ဖို့အတွက် မရှိမဖြစ်ပါ။ - လူ့ကိုယ်ခန္ဓါရဲ့ အရိုးတွေ နဲ့ သွားတွေမှာ ကယ်လ်ဆီယမ် ၉၉ ရာခိုင်နှုန်း လောက်ကို တွေ့ရှိရပါတယ်။ ဒါဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငှက်ပျောသီးလိုပဲ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ

တော်တော်များများက ပိုတက်ဆီယမ်ဓာတ်ရအောင် ငှက်ပျောသီးစားကြပါတယ်။ ကျောက်ကပ်၊နှလုံးတို့ကအစ ကြွက်သားတွေ၊အာရုံကြောတွေအထိ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါး ပိုတက်ဆီယမ်ကိုလိုအပ်တာကြောင့်ပါ။ ဒါပေမယ့် ငှက်ပျောသီးတစ်မျိုးတည်းကိုပဲ အားကိုးပြီး စားနေဖို့တော့မလိုပါဘူး။ ဒီဓာတ်ကို ရနိုင်တဲ့တခြားအရင်းအမြစ်တွေက အများကြီးရှိနေသေးလို့ပါ။ ပဲစိမ်း နှစ်ပြန်ကြော်တွေထဲမှာပါတတ်တဲ့ ပဲစိမ်းလေးတွေကို သိမှာပါ။ အဲဒီပဲတွေက ပိုတက်ဆီယမ်ကြွယ်ဝတဲ့အပြင် သံဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အချိုဓာတ်နဲ့ အဆီဓာတ်တော့ နည်းပါးပါတယ်။ အာလူး အရွယ်တော် အာလူးလေးတွေမှာ ဗီတာမင်B1၊ B3 နဲ့ B6 တို့လည်းကြွယ်ဝပါသေးတယ်။ အာလူးကြော်စားမယ့်အစား ကျန်းမာရေးနဲ့ညီအောင်လို့ မီးဖုတ်စားတာ၊ ပူတင်းလုပ်စားတာ လိုမျိုး နည်းလမ်းအမျိုးမျိုးကိုစဉ်းစားသင့်ပါတယ်။ ထောပတ်သီး ထောပတ်သီးကို ငှက်ပျောသီးလို တစ်လုံးလုံးစားစရာတောင်မလိုပါဘူး။တော်ရုံစားတာနဲ့တင် ပိုတက်ဆီယမ်အပြင် ဗီတာမင် A၊ C၊ E တို့ပါတော်တော်လေးရနိုင်ပါတယ်။ သူ့မှာပါတဲ့ အကျိုးပြုအဆီဓာတ်တွေကြောင့် ကိုလက်စထရောတောင်ကျနိုင်ပါသေးတယ်။ ဖရဲသီး ဘယ်အချိန်စားစား ရင်အေးစေတဲ့ ဖရဲသီးကရေဓာတ်ပြည့်ဝစေတဲ့အပြင် ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့lycopene လို အာဟာရဓာတ်တွေအများကြီးပေးစွမ်းနိုင်ပါတယ်။ နေကြာစေ့ နေကြာစေ့က စားရတာအလုပ်ရှုပ်လို့ သိပ်မစားဖြစ်တဲ့သူတွေအတွက် အခုဆိုရင် အခွံခွာပြီးသားအစေ့သီးသန့်ဘူးတွေဈေးကွက်မှာရှိနေပါတယ်။နေကြာစေ့က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ ။ ။

မြန်မာနိုင်ငံဆိုတာ ထမင်းကို အဓိကထား စားသုံးတဲ့ နိုင်ငံတစ်ခုပါ။ နေ့တိုင်း စားနေတဲ့ အနပ်တွေထဲမှာ ထမင်းက လုံးဝကို မပါမဖြစ်ပါ။ ဆန်အမျိုးအစားအများကြီးရှိတဲ့အတွက် ထမင်းတွေလည်း အမျိုးမျိုးရှိပါတယ်။ ဒီမှာတော့ ဆန်လုံးညိုနဲ့ ထမင်းဖြူ အကြောင်းကို အဓိက ထားပြောပြပေးမှာဖြစ်ပါတယ်။ ကြားဖူးကြမှာပါ။ ထမင်းဖြူထက်စာရင် ဆန်လုံးညိုက ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာမျိုးပေါ့။ ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ ။ ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူကပိုကောင်းလဲ ။ ကျန်းမာရေးအပေါ်ကို ဘယ်လိုတွေ သက်ရောက်သလဲ ။ ။ ဆန်လုံးညိုပဲ ဖြစ်ဖြစ် ထမင်းဖြူပဲ ဖြစ်ဖြစ် သေချာတာကတော့ နှစ်ခုလုံးက ဗိုက်ပြည့်စေပြီး ကစီဓါတ် တွေ ကြွယ်ဝတယ်ဆိုတာပါပဲ။ တစ်ခြား အချက်တွေ ကြောင့်သာ သူတို့ နှစ်ခုကို နှိုင်းယှဉ်ပြီး ခွဲပြောနေရတာပါ။ အရင်ဆုံး ပါဝင်တဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား

အဆီအဆိမ့်တွေအငန်တွေလျှော့၊အသီးတွေအရွက်တွေ စားရမယ်ဆိုတာက ဟုတ်ပါပြီ။ အသီးအရွက်တွေကို ဘယ်လိုစားနေကြပါသလဲ။ ဘယ်လိုစားရမလဲ ပါးစပ်နဲ့စားတာပေါ့နော်။ ဆိုလိုတာက ဘယ်အသီးအရွက်ကို အစိမ်းစားပြီး ဘယ်အသီးအရွက်ကို ချက်ပြုတ်စားတာကောင်းသလဲဆိုတာ သင်သိပါသလား။ တချို့က ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအာဟာရဓာတ်တွေက အပူနဲ့ထိတွေ့တဲ့အခါ ပျက်ပြယ်သွားတတ်ကြတာမို့ အစိမ်းစားတာပိုကောင်းပါတယ်၊ တချို့ကျတော့ အပူပေးလည်း အာဟာရဓာတ်ဆုံးရှုံးမှုမရှိနိုင်တာကြောင့် ချက်ပြုတ်စားတာကသန့်ရှင်းမှုအတွက် စိတ်ချရပါတယ်။ ဘယ်ဟာတွေကို ဘယ်လိုစားတာ အာဟာရဓာတ်ပိုရနိုင်မလဲ ဆက်ကြည့်ရအောင်။ ကြက်သွန်ဖြူ ဟင်းချက်တိုင်းပါတတ်တဲ့ ကြက်သွန်ဖြူကို အစိမ်းစားတာလည်းကောင်းပါတယ်။ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ သွေးဖိအားကိုထိန်းညှိနိုင်ပြီး ကင်ဆာကာကွယ်နိုင်ပါတယ်။ ချက်စားတာလည်း ဒီဓာတ်တွေရနိုင်ပေမယ့် အစိမ်းထက်တော့ အာဟာရဓာတ်တွေလျော့စေနိုင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ လက်ဖက်သုပ်နဲ့ ကြက်သွန်ဖြူတွဲစားကြတာက ဆေးဖက်ဝင်အာနိသင်ကို ထည့်တွေးထားပုံရပါတယ်။ ခုခေတ်မှာတော့ ကြက်သွန်ဖြူရော၊ အနီရော အစိမ်းစားရင် ခံတွင်းနံမှာကြောက်လို့ သိပ်မစားကြပါဘူး။ ဒီတော့ ကြက်သွန်ဖြူအစိမ်းစားဖို့က အချဉ်ထောင်းစားတာ၊ ငါးပိထောင်းစားတာတွေနဲ့ဆို အိုကေပဲ။ ထိုင်းအစားအစာဆိုပြီး အထောင်းတွေတောင်အမျိုးမျိုး […]


အဝလွန်ခြင်း

အဝလွန်ခြင်းနဲ့ ဦးနှောက်ကျုံ့ခြင်း ဆက်နွှယ်နေ

အဝလွန်တဲ့ သက်လတ်ပိုင်းအရွယ်တွေမှာ ဦးနှောက်တစ်ရှူးတွေ ကျုံ့နေတာတွေ့ရတယ်လို့ဗြိတိန်သုတေသနတစ်ခုကလေ့လာတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဗိုက်မှာအဆီပိုတွေစုနေတဲ့သူတွေမှာပိုဆိုးတယ်လို့ ဆိုပါတယ်။ အဝလွန်သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ယှဉ်ရင် ဦးနှောက်ရဲ့ gray matter အရွယ်အစားကျုံ့နေတာကို အင်္ဂလန် Loughborough University သုတေသနအဖွဲ့က တွေ့ရှိခဲ့တာပါ။Gray matter မှာ ဦးနှောက်ရဲ့အာရုံကြောဆဲလ်အများစုပါဝင်နေတာဖြစ်ပြီး White matter မှာတော့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကိုချိတ်ဆက်ပေးတဲ့အာရုံကြောမျှင်တွေပါရှိပါတယ်။ အရင်သုတေသနမှာတော့gray matter ကျုံ့ခြင်းက dementia (ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ)ဖြစ်နိုင်ခြေပိုများစေတယ်လို့ ဆက်နွှယ်မှုကိုတွေ့ရှိထားပါတယ်။ ဒါပေမယ့် ဒီသုတေသနမှာတော့ ဆက်နွှယ်မှုကိုသာတွေ့ရှိတာဖြစ်ပြီး အချိန်ကြာရှည်လေ့လာထားတာမဟုတ်တဲ့အတွက် အဝလွန်ခြင်းက ဦးနှောက်ကျုံ့စေတယ်လို့ သက်သေမပြနိုင်သေးပါဘူးလို့ ဦးဆောင်တဲ့သုတေသီMark Hamer ကပြောပါတယ်။ အသက် ၅၅ နှစ်အရွယ် လူဦးရေ ၉၆၅၂ ဦးကိုလေ့လာခဲ့တာဖြစ်ပြီး သူတို့ထဲက ၁၉ ရာခိုင်နှုန်းက အဝလွန်နေသူတွေဖြစ်ပါတယ်။ ဦးနှြေက် MRI စကင်န်စစ်ဆေးတဲ့အခါ အဝလွန်နေတဲ့သူတွေမှာ gray matter အရွယ်အစား […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ

ကိုယ်နေ့တိုင်းသောက်နေတဲ့ နွားနို့ မှာ ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုတာကို သင်သိပါသလား။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါတဲ့ ဒီနွားနို့ဟာ သောက်လို့ ကောင်းတဲ့ အပြင် သင့်ကျန်းမာရေး အတွက် အကျိုးပြုပေးတဲ့ အရာတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ သွားနှင့် အရိုးများကို သန်စွမ်း ကြံ့ခိုင်စေတယ်။  နွားနို့မှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေ ပါတာကြောင့် အရိုးနဲ့ သွားသန်မာစေဖို့ သူ့ကို နေ့တိုင်းသောက်သင့်တယ်ဆိုတာ ပြောစရာလိုမယ်တောင် မထင်ပါဘူး။ ငယ်ငယ်လေးထဲက နွားနို့သောက်လာခဲ့တဲ့ ကလေးတစ်ယောက်ဟာ ဖွံဖြိုးမှု အပိုင်းမှာ အခြားသူတွေထက် မြန်ဆန်သလို နွားနို့က အသက်ကြီးရင်ဖြစ်တတ်တဲ့ အရိုးပါးရောဂါ၊ အရိုးပွ ရောဂါတွေကိုလည်း ကာကွယ်ပေးဦးမှာပါ။ နှလုံးကျန်းမာရေးကိုလည်း အားပေးတယ်။  နွားနို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း