ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်နာကျနေတဲ့ မနက်ခင်းမှာ စားသင့်တဲ့အစားအစာများ

အရက်နာကျတဲ့ ခံစားချက်က တော်တော်ဆိုးဝါးတယ်ဆိုတာ ကြုံဖူးတဲ့သူတွေပဲ သိကြမှာပါ။ ဒီဘက်ခေတ်ကြီးမှာ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အရက်ေသာက်လာကြပါတယ်။ အပေါင်းအသင်းတွေနဲ့ ဆုံခိုက်၊ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံနေချိန်မှာ အနည်းဆုံးတော့ အရက်လေး ဝင်လိုက်ရမှ အာလေး၊ လျှာလေး သွက်လာပြီး ပိုပျော်ဖို့ကောင်းလာတာပေါ့။ ကျန်းမာရေးအရ အရက်ဆိုတာ မကောင်းတဲ့အရာတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေဆိုတော့ ဒါတွေကို ဂရုမစိုက်ပဲ သောက်ကြတာပါပဲ။ ညလုံးပေါက် အရက်သောက်ပြီး နောက်နေ့မနက်မှာ အရက်နာကျတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပါပဲ။ အရက်ကို ပမာဏတစ်ခုထိ ကျော်လွန်ပြီး သောက်တာကြောင့်ရော အရက်သောက်နည်း မမှန်တာကြောင့် မနက်နိုးလာတဲ့အခါ အရက်နာကျတဲ့ လက္ခဏာကို ကြုံရပါတယ်။ အရက်နာကျနေမှန်း သိနိုင်မယ့် လက္ခဏာများ မောပန်းတာ၊ အားနည်းတာ ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ ခေါင်းမူး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။

အမဲသား ဆိုတာ အသားတွေထဲမှာ စားလို့အကောင်းဆုံး အားအရှိဆုံး အသားလို့ လူတိုင်းက လက်ခံထားကြတဲ့အရာတစ်ခုပါ။ မြန်မာနိုင်ငံက လူတချို့ကသာ ရှောင်စားကြပေမယ့် အနောက်နိုင်ငံတွေ မှာတော့ အမဲသားကို အဓိကထား စားသုံးကြပါတယ်။ တချို့လူတွေကလည်း အမဲသားဟာ အနီရောင်အသားအုပ်စုဝင်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပြောကြသလို အမဲသားဟာ အားအင်ပြည့်စေဖို့ အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်လို့လည်း ပြောကြပါတယ်။ ဒီဆောင်ပါးလေးထဲမှာတော့ အမဲသား စားခြင်းရဲ့ အကျိုးကျေးဇူး ၇ ချက် အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း အမဲကြော်ဆို သိပ်ကြိုက်တာဆိုတော့ ။ ။ အမဲသားကနေရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ချက် ။ ။ ၁ - L-carnitine ပါဝင်မှု အများဆုံးပါ။ ။ L-carnitine ဆိုတာ အသားတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တရုတ်အစားအစာတွေမှာ အမြဲလိုလိုပါလေ့ရှိတဲ့ ကြက်သွန်မြိတ်

တရုတ်ဆိုင်တွေ သွားစားရင် အရံဟင်းရည်ထဲ အမြဲပါတယ်၊ ကြက်သွန်မြိတ်။ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်စားမလား ကြက်သွန်မြိတ်ပါတယ်။ ကြက်သားဆန်ပြုတ် ဘာညာဆိုလည်း ကြက်သွန်မြိတ် ခတ်တယ်။ ဆီချက်ဆိုလည်း ကြက်သွန်မြိတ်ပါမှ၊ ဖက်ထုပ်စားမလား ကြက်သွန်မြိတ်နဲ့ အသားနဲ့ ထုပ်တာ။ တရုတ်အစားအစာတင်လား ဆိုတော့မဟုတ်ဘူး။ ရှမ်းအစားအစာတွေမှာလည်း ကြက်သွန်မြိတ်အသုံးများပါတယ်။ ရှမ်းအစားအစာ ဟင်းထုပ်လေးတွေမှာလည်း ကြက်သွန်မြိတ်နဲ့လေ။ ဒါဆို အနံရော အရသာရော အရမ်းထူးမသွားဘဲ ဘာလို့ ဒီလောက်သုံးကြတာလဲ။ ပရိသတ် အယောက်တစ်ရာရဲ့အဖြေက ... ကြက်သွန်မြိတ် ရဲ့ ကျန်းမာရေး ကောင်းကျိုး အစာကြေစေတယ် သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက ကြက်သွန်ဖြူလိုပဲ အလားတူအာနိသင်တွေ ပေးနိုင်ပါတယ်။ အစာမကြေဖြစ်တာတွေကို သက်သာစေနိုင်တယ်လေ။ ပြီးတော့ ကြက်သွန်မြိတ် ရဲ့ ရောဂါပိုးသေစေနိုင်တဲ့ အာနိသင်ကြောင့် ဘက်တီးရီးယား အတော်များများကို ရှင်းလင်းနိုင်တယ်ဆိုတော့ အစာအိမ်အူလမ်းကြောင်းစနစ်ကို ဒုက္ခပေးနိုင်တဲ့ salmonella ဘက်တီးရီးယားနွယ်ဝင်တွေ ကာကွယ်နိုင်တာပေါ့။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

ဟင်းထုပ် ၊ ဟင်းထုပ်ဆိုပြီး ရှမ်းဆိုင်တွေမှာ ဝယ်စားကြပါတယ်။ နာမည်အရသာ ဟင်းထုပ်လို့ခေါ်တာပါ။ ဆန်မှုန့်ရယ်၊ ကြက်သွန်မြိတ်ရယ် ရောစပ်ပြီး ပြုလုပ်တဲ့ ရှမ်းအစားအစာတစ်မျိုးပါ။ ရှမ်းပြည်နယ်ရဲ့ နေရာဒေသအမျိုးမျိုးမှာ ဟင်းထုပ်ပါဝင်ပစ္စည်းတွေ၊ ပြုလုပ်နည်းတွေ နည်းနည်းစီ ကွဲပြားကြပေမယ့် အခြေခံအားဖြင့်တော့ ဒီနှစ်မျိုးကအဓိကပါ။ ကြက်သွန်မြိတ်နဲ့ ဆန်(ထမင်း) ရဲ့ အာဟာရတန်ဖိုးတွေကြောင့် ရှမ်းပြည်ရဲ့ ဝိသေသဆောင်တဲ့ အင်းလေး ဟင်းထုပ် က အာဟာရလည်းဖြစ်၊ ဆေးဖက်လည်း ဝင်တာ ဖြစ်ပါတယ်။ ဆန်မှုန့်ကနေ ကယ်လိုရီ လုံလောက်စေမှာဖြစ်လို့ ခွန်အားလည်း ပြည့်မယ်၊ ဘေးလည်းမရှိဘူး၊ ကြက်သွန်မြိတ်အစွမ်းနဲ့ အစာကြေလွယ်စေမယ်၊ အသားဓာတ် ထပ်လိုချင်ရင် ငါး သို့မဟုတ် ကြက်/ဝက်တစ်မျိုးမျိုးထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။ အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ ကြက်သွန်မြိတ်က - အစာကြေစေတယ် နှလုံးအတွက် ကောင်းတယ် ကိုယ်ခံအားကောင်းစေတယ် အရိုးကျန်းမာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချတဲ့အခါ သွေးအမျိုးအစားအလိုက် စားပေးသင့်သည်များ

လေဒီေတာ်တော်များများရဲ့ စိတ်ကူးက ကျစ်လျစ်သွယ်လျလှပတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့မြင်သူငေးလောက်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာများပါတယ်နော်။ အခုနောက်ပိုင်းမှာ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက်လေဒီလေးတွေက Diet လုပ်တာ၊ Gymဆော့တာတွေကိုလုပ်လာကြပါတယ်။ ဒီလိုတွေလုပ်တဲ့အခါမှာလည်း သူများတွေကျ ပိန်သွားလိုက်တာ ငါ့ကျမှဘာလို့ မပိန်ရတာလဲလို့တွေးနေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိနေလား။ ဒါဆိုရင် ဒီနည်းလေးက အသုံးတည့်မယ်ထင်ပါတယ်။ သွေးအမျိုးအစားအလိုက် Diet လုပ်ကြမယ် သွေးအမျိုးအစားအလိုက်လုပ်ရတဲ့ Diet ဆိုလို့ နည်းနည်းများထူးဆန်းသွားလား။ ဒီနည်းလမ်းကို ၁၉၉၆ ခုနှစ်ကPeter D’Adamo ဆိုတဲ့ ဆရာဝန်တစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့သွေးအမျိုးအစားနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို စားသုံးတာက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို ဝိတ်ကျချင်သူတွေအတွက်လည်း အသုံးတည့်တယ်၊လို့တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သူများတွေပိန်ပေမယ့် ကိုယ်မပိန်တာက အများပြောသလို ငါကရေသောက်လည်း ဝ၊လေရှုလည်း ဝဖြစ်နေတာမဟုတ်ပါဘူး။ ကိုက်ညီတဲ့ ဓါတ်စာကို မစားမိသေးတာလည်းဖြစ်နိုင်တာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် […]


အဝလွန်ခြင်း

ဗိုက်အဆီအန္တရာယ် သတိပြုရန်

ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုကြည့်လိုက်ရင် ဗိုက်ခေါက်ထူထူလေးတွေရှိကြတယ်နော်။ အထိုင်များလို့ထူတဲ့ဗိုက်ခေါက်၊ အစားများလို့ထူတဲ့ဗိုက်ခေါက်၊ ဘီယာကြောင့်ထူလာတဲ့ဗိုက်ခေါက်ဆိုပြီး အစုံပါပဲ။တော်တော်များများထင်ထားတာက ဗိုက်ခေါက်ထူလာရင် ကြည့်ရရုပ်ဆိုးတယ်၊လို့ပဲထင်ထားကြတာပါ။ တကယ်တော့ ဗိုက်ခေါက်ထူလာတာကြည့်ရဆိုးတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းသွားတယ်ဆိုတာထက်ကို ပိုပါတယ်။ ဗိုက်ခေါက်ထူလာတာက ဘာတွေများဖြစ်စေနိုင်လို့လဲ ခန္ဓာကိုယ်မှာ အဆီများတဲ့အခါ ဝတ်ရတာအဆင်မပြေသလို လှုပ်ရှားရတာလည်း ပင်ပန်းတယ်လို့ခံစားရပါတယ်။ ခန္ဓာကိုယ်မှာ အဆီများလာတာက ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဗိုက်မှာ အဆီများလာတာက ဘာတွေကြောင့်လဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါနော်။ ဝမ်းဗိုက်နေရာမှာ အဆီထူလာတဲ့အခါ ဝမ်းဗိုက်အပေါ်ဘက်ကြွက်သားအောက်ဘက်မှာ အဆီစုတာမျိုးဖြစ်နိုင်သလို ဝမ်းဗိုက်ကြွက်သားအတွင်းဘက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေနားမှာ အဆီစုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲအဆီစုစုနှစ်ခုစလုံးကတော့ မကောင်းပါဘူး။ ဝမ်းဗိုက်မှာ အဆီစုတာ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ ရှိသင့်တဲ့အရွယ်အစား ပုံမှန်လူတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ခါးဆိုဒ်ထက်ပိုများနေတာက စိုးရိမ်ဖို့ကောင်းပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ခါးဆိုဒ်က ၃၅ လက်မ ဒါမှမဟုတ် ၃၅ လက်မ နဲ့အထက်ဖြစ်နေမယ်ဆိုရင် စိုးရိမ်စရာကောင်းနေပါပြီ။ အမျိုးသားတစ်ယောက်အနေနဲ့ဆိုရင်တော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသားတွေထဲမှာ ဝက်သား ကိုအကြိုက်ဆုံးလား ။ ။

အသီးမှာသရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာ ဝက်လို့တောင် တင်စားရလောက်အောင် အသားတွေထဲမှာ ဝက်သား က မြန်မာလူမျိုးတွေ အကြိုက်ဆုံး အသားတစ်ခုပါ။ သီချင်းထဲတောင်ထည့်ဆိုရတဲ့ ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍန်က အလှူလုပ်ပြီဆို မပါလို့ကို မဖြစ်အောင်တို့မြန်မာတွေက ဝက်သားဆို သိပ်ကြိုက်ကြပါတယ်။ အသားချည်းဆိုလို့ကတော့ စိတ်မဝင်စားဘဲ သုံးထပ်သားလေးမှ ရင်ခုန်တာမျိုး။ ဝက်သားတုတ်ထိုးဆိုလည်း ၁၀၀၀၀ ဖိုးတောင်မလောက်ချင်တဲ့ ကိုကိုမမတို့ ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဝက်သားက ကျန်းမာရေးအတွက် တကယ်ရော ကောင်းရဲ့လား။ တော်တော်များများကတော့ဝက်သားက စားကောင်းတာမှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ဖူးလို့ လက်ခံထားကြပါတယ်။ ကဲ စာဖတ်ပရိသတ်ကြီးရော ဘယ်လိုထင်လဲ။ ဆက်ပြီး လေ့လာကြည့်ရအောင်နော်။ ။ ဝက်သားမှာ ပါဝင်တဲ့ အာဟာရဓါတ်များ ။ ။ Calories 297 Water 53% Protein 7g Carbs […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

ပဲစောင်းလျားသီး ကို မြန်မာ့ထမင်းဝိုင်းမှာ ဟင်းချိုထဲ ခတ်ထားတာ ဒါမှမဟုတ် အတို့အမြှုပ်အဖြစ် တွေ့ရလေ့ရှိပါတယ်။ ပဲစောင်းလျားသီးနုနုလေးတွေကို ရေနွေးဖျော၊ ပါးပါးလှီးပြီး သံပရာသီးလေး၊ ပုဇွန်ခြောက်လေးနဲ့ သုပ်စားတာကလည်း လက်ဖက်သုပ်လိုပဲ ရေနွေးကြမ်းနဲ့ လိုက်ဖက်တဲ့ မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့ အသီးအရွက်တို့စရာပါဝင်စေတာ၊ သရေစာစားချိန်မှာ အသီးအရွက်တစ်မျိုးမျိုးကို သုပ်စားတာတွေဟာ နေ့စဉ်အစားအသောက်တွေထဲမှာ အသီးအရွက်တွေကို အမြဲပါဝင်စေဖို့ ရည်ရွယ်ခဲ့ပုံရတဲ့ ချစ်စရာမြန်မာဓလေ့ပါ။ ပဲစောင်းလျားသီးဆိုတာ ဈေးမှာ အမြဲရှိပေမယ့် အမြဲဝယ်မစားဖြစ်တဲ့အထဲမှာလည်း ပါဝင်ပါတယ်။ တစ်ခါတလေမှ စားဖြစ်တတ်တယ်ပေါ့။ တခုတ်တရဝယ်စားတာမျိုး သိပ်မရှိတတ်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကျိုးကျေးဇူးလေးတွေကို သိလိုက်ရရင် အမြဲမဟုတ်တောင် မကြာမကြာစားမိတော့မှာပဲ။ ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု (၁) အရွယ်တင်နုပျိုစေတယ် ပဲစောင်းလျားသီး မှာ ဗီတာမင် C နဲ့ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ရှမ်းနံနံ သာပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ်မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်း ပါတယ်၊ ရခိုင်ဟင်းတွေမှာလည်း ပါတယ်၊ မြန်မာဟင်းတွေမှာလည်း ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံ တွေ နိုင်းချင်းထည့်စားကြတာ တွေ့ဖူးတယ်။ ရှမ်းနံနံ က အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။ အစကတော့ မြန်မာမှာပဲ သုံးကြတယ် ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့် သူ့အကြောင်း ရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာ သိလိုက်ရတယ်။ ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ်၊ အစာကြေတယ် စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ

ကြက်ဥတစ်လုံးမှာ ကြက်ဥအကာ နဲ့ အနှစ်ဆိုပြီး ၂ မျိုးရှိကြတာ သိကြမှာပါ။ နှစ်မျိုးလုံးက အာဟာရကိုယ်စီရှိကြပြီး ကျန်းမာရေးနဲ့ ညီညွတ်တာချည်းပါပဲ။ ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီးတော့သာ ကွဲသွားကြတာပါ။ ကြက်ဥအကာမှာက ပရိုတင်း တွေ ပိုပါပြီး ကြက်ဥ အနှစ်မှာကျ အဆီတွေ ပိုပါပါတယ်။ ဒီနေ့ပြောချင်တဲ့ ဆောင်းပါးလေးကတော့ ကြက်ဥအကာရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ဒီကြည်ကြည် အရည်လေးထဲမှာ ဘယ်လို စူပါ စွမ်းအားတွေ ရှိတာပါလိမ့်။ ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ ကိုလက်စရော ( အဆီဓာတ် ) လုံးဝကို မပါပါဘူး။  ကြက်ဥထဲက အနှစ်ကိုဖယ်လိုက်ပြီဆိုတာနဲ့ ကျန်ခဲ့တဲ့ အကာမှာ ကိုလက်စရော အဆီဓာတ်လုံးဝကို မရှိတော့ပါဘူး. ဒါကြောင့် သွေးတွင်း အဆီ များရင် ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း