ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

နို့နှင့်နို့ထွက်ထုတ်ကုန်များ မသောက်သုံးမီ သိထားသင့်သည့် အချက်များ

ဇွန်လ (၁) ရက်ကို World Milk Day အဖြစ်သတ်မှတ်ထားကြပါတယ်။ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ နိုင်ငံပေါင်းတစ်ရာကျော်ဟာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအရင်းအမြစ်ဖြစ်တဲ့အပြင် အာဟာရတွေနဲ့ ပရိုတင်းဓါတ်အပြည့်ပါတဲ့ နို့ရဲ့ကောင်းကျိုးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ World Milk Day ရောက်တိုင်း နို့သောက်ခြင်း၊ နို့ဘူးတွေ လက်ဆောင်ပေးခြင်းဖြင့်ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ ဒါပေမယ့် ကိုယ်တိုင်သောက်နေတဲ့ နို့ ဒါမှမဟုတ် ချစ်ခင်ရသူတွေသောက်ဖို့အတွက် လက်ဆောင်ပေးလိုက်တဲ့ နို့တွေဟာ အာဟာရဓါတ်တွေအပြည့်အဝပါဝင်ပြီး သောက်သုံးဖို့ စိတ်ချရတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ အစားအသောက် ဘေးဥပါဒ်ကင်းရှင်းမှုအပေါ် ဂရုပြုမှုနည်းပါးခြင်းဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီး တစ်ခုဖြစ်နေဆဲပါ။ တစ်ခါတလေ ဘယ်ကမှန်းမသိရတဲ့ အရောအနှောပါတဲ့အစားအသောက်တွေ၊ ထုပ်ပိုးမှု သေချာ မပြုလုပ်ထားတဲ့ အစားအသောက်တွေဟာ ဘေးဥပါဒ်မကင်းဘဲ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေ သူတို့မှာ အများပါဝင်နေတတ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိဖို့၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အက်စထရိုဂျင်ဟော်မုန်းနည်းတယ် ဘာစားရမလဲ

လူတစ်ယောက်ကျန်းမာတက်ကြွနေတယ်ဆိုတာ ကိုယ်တွင်းမှာဟော်မုန်းတွေ ညီမျှနေလို့ပါ။ ကိုယ်တွင်းဟော်မုန်းတွေညီမျှနေစေဖို့ အစားအသောက်နဲ့ သက်ဆိုင်သလို တစ်နေ့တာလှုပ်ရှားနေထိုင်တဲ့ လူနေမှုပုံစံနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓါတ်ကျနေမယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ စိုးရိမ်စိတ်များနေမယ်၊ အသားအရေတွေခြောက်နေမယ်ဆိုရင်တော့ ခန္ဓါကိုယ်ထဲမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပါပြီ။ အက်စရိုဂျင်ဟော်မုန်းနည်းနေပြီဆိုရင်............ ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပြီဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ ရာသီသွေးဆင်းတာနည်းတာ၊ ရက်တိုတာ၊ရာသီသွေးမမှန်တာ၊ ရာသီသွေးရပ်သွားတာမျိုး ရာသီသွေးအရမ်းဆင်းတာမျိုး ပူစပ်ပူလောင်ဖြစ်တာ ညဘက်မှာချွေးစေးပြန်တာ ရင်သားနဲ့ သားအိမ်မှာ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဖြစ်တာ အိပ်မပျော်တာ စိတ်ခံစားမှု အပြောင်းအလဲမြန်တာ ကိုယ်အလေးချိန်တက်လာတာ (အထူးသဖြင့် တင်ပါး၊ပေါင်နဲ့ ခါးနေရာတွေမှာပါ) လိင်စိတ်ကုန်ခမ်းတာ ခြေကုန်လက်ပမ်းကျတာ စိုးရိမ်စိတ်များတာ စိတ်ဓါတ်ကျတာ အသားအရေတွေခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ အက်စထရိုဂျင်နည်းနေတယ် ဘာတွေစားမလဲ ခန္ဓါကိုယ်မှာ အက်စထရိုဂျင်နည်းနေတာကို အစားအသောက်နဲ့ထိန်းညှိလို့ရပါတယ်။ အက်စထရိုဂျင်နည်းတဲ့လက္ခဏာတွေတွေ့နေရပြီဆိုရင်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဒီအစားအစာလေးတွေ ပါအောင်စားပေးပါ။ ဝိုင်အနီရောင် ဝိုင်အနီလိုမျိုးphytoestrogenဒြပ်ပေါင်းကြွယ်ဝတဲ့ အစားအစာတွေသောက်စရာတွေကို နည်းနည်းလောက်သောက်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ရင်သားကင်ဆြာဖစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် ဝိုင်အနီတစ်ခွက်လောက်သောက်ပေးပါ။ ဝိုင်မကြိုက်ဘူးဆိုရင်လည်း အနီရောင် စပျစ်သီး၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်ချိန်လုံးဗိုက်ဆာနေသူလေးတွေရှိလား

ခုနကပဲ ထမင်းစားလိုက်တယ်နော်။ ခု..ဆာလာပြန်ပြီ။ တစ်ခုခုစားချင်သလိုပဲဆိုပြီးဖြစ်နေတဲ့ဘော်ဘော်လေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ဗိုက်ခဏခဏဆာရတာဒီအကြောင်းတွေကြောင့်ပါ လူတစ်ယောက်ဟာ တစ်နေ့ကို မနက်စာ၊နေ့လယ်စာ၊ညစာအပြင်တစ်ချိန်လုံးတသွတ်သွတ်စားနေတာမျိုးဆိုရင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်လို့ဆိုရပါမယ်။ ဝိတ်ချနေတာ ခန္ဓါကိုယ်မှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များနေတာကြောင့် အစားလျော့နေတာမျိုးဖြစ်တဲ့အခါမှာလည်း ခန္ဓါကိုယ်က လုံလောက်တဲ့ အာဟာရဓါတ်တွေကို မရရှိတာကြောင့် ဆာလောင်တာမျိုးဖြစ်နိုင်ပါတယ်။ အချိုအများကြီးစားမိတာ အချိုအစားများတာကလည်း လူတစ်ယောက်ရဲ့ စားချင်စိတ်ကိုတိုးစေနိုင်ပါတယ်။ အချိုဓါတ်များတဲ့ အစားအစာတွေက ခန္ဓါကိုယ်တွင်းမှာghrelinဟော်မုန်းထွက်ရှိမှုကိုတိုးစေနိုင်ပြီး ခဏခစဗိုက်ဆာတယ်လို့ ခံစားရစေပါတယ်။ ပရိုတင်းစားတာနည်းနေတာ စားလိုက်တဲ့အစားအစာတွေထဲမှာ ပရိုတင်းပါဝင်မှုနည်းတာကလည်း ခဏခဏဗိုက်ဆာစေရတဲ့ အချက်တစ်ခုပါ။ မနက်စာကနေစလို့ ညစာအထိစားသုံးတဲ့ အစားအစာတွေထဲမှာ ပရိုတင်းလုံလောက်စွာပါရှိနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်တာမျိုးမဖြစ်နိုင်သလို ခဏခဏဆာလောင်မှုကနေလည်း ကင်းဝေးမှာပါ။ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်လိုအပ်ပါတယ်။ ရေဓါတ်မပြည့်ဝခြင်း ရေဓါတ်မပြည့်တာကလည်း ခဏခဏဗိုက်ဆာစေနိုင်ပါတယ်နော်။ မနက်စာမစားခင် နာရီဝက်အလိုမှာ ရေ ဝ.၅ လီတာ၊နေ့လယ်စာမစားခင် နာရီဝက်အလိုမှာရေ ဝ.၅ လီတာ၊ ညနေစာမစားခင်နာရီဝက်အလိုမှာ ရေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Glucose , Sucrose, နဲ့ fructose သူတို့ ၃ မျိုး ဘာကွာလဲ ။ ။

ကိုယ်က ဝိတ်ချဖို့လုပ်နေပြီး သကြားလျှော့ဖို့လုပ်နေတဲ့အခါ Sucrose,Glucose နဲ့ fructose ဆိုတဲံ သကြားဓါတ်ပေါင်း ၃ မျိုးအကြောင်း သိထားဖို့လိုပါလိမ့်မယ်။ ဒီ ၃ မျိုးထဲမှာ ဘယ်ဟာက ကျန်းမာရေးကို အထိခိုက်ဆုံးလဲက ပိုအရေးကြီးတာပေါ့။ Sucrose,Glucose နဲ့ fructose တို့ဟာ သကြား ဓါတ်ပေါင်း ၃ မျိုးဖြစ်ပြီး အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ကောက်ပဲသီးနှံတွေမှာ ဒီ သကြားဓါတ်ပေါင်း ၃ မျိုးကို သဘာဝအတိုင်း တွေ့ရတတ်ပါတယ်။ သူတို့ ၃ မျိုးကိုကွာခြားသွားစေတာကတော့ သူတို့ရဲ့တည်ဆောက်ပုံ၊ ကိုယ်ခန္ဓါက ချေဖျက်ပုံ၊ စုပ်ယူပုံတွေနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတို့ပဲ ဖြစ်ပါတယ်။ ဒီထပ် သူတို့ တစ်ခုချင်းစီကို အသေးစိတ်တဲ့ လေ့လာမှုတွေနဲ့ ဆက်ကြည့်ရအောင် ။ Sucrose မှာ Glucose ရော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ

စိတ်ကူးယဉ်ဆန်တဲ့ သဘာဝအလှတရားကို ခံစားနိုင်မယ့် မိုးရာသီလေး ရောက်လာပါပြီ။ ဒီရာသီလေးကို ကျန်းကျန်းမာမာဖြတ်သန်းပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ မုတ်သုံမှာ ကျန်းမာအောင် ဘာတွေစားပေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ မုတ်သုံမှာ ကျန်းမာနေစေဖို့ မုတ်သုံမှာကျန်းမာနေစေဖို့ ဒါလေးတွေစားပေးပါ။ ကြက်သွန်ဖြူ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကြက်သွန်ဖြူလေးတွေက ကိုယ်ခံအားကိုကောင်းပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မိုးတွင်းမှာ ဘာစားစား ကြက်သွန်ဖြူလေးထည့်စားပေးတာ အအေးမိ၊ ဖျားနာကင်းစေမယ့် နည်းလမ်းတစ်ခုပါ။ ချင်း (ဂျင်း) ချင်းက စိတ်ခံစားမှုကိုကောင်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဖျားနာမှုကင်းစေမယ့်အစားအစာတစ်ခုပါ။ မိုးရာသီရဲ့ မနက်ခင်းတိုင်းမှာ ရေနွေးပူပူတစ်ခွက်ထဲကို ချင်း တစ်ပြားလောက်ထည့်၊ ပျားရည်နည်းနည်း၊ သံပုရာရည်နည်းနည်းနဲ့ ရောစပ်လို့သောက်ပေးပါ။ သစ်တော်သီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် အဖျားကင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာနေစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မသိမသာနဲ့ သက်တမ်းကိုလျော့စေတဲ့ အစားအသောက်တွေ

တစ်နေ့တာမှာ စားလိုက်တဲ့အစားအစာတွေက အာဟာရြဖစ်ရဲ့လားလို့တွေးမိဖူးလား။ တစ်နေ့တာမှာ စားလိုက်တဲ့အစားအစာတိုင်း ကအာဟာရမဖြစ်ပါဘူး။ ကြိုက်လို့ဆိုပြီးနေ့တိုင်းလိုလိုစားမိနေတဲ့ အချို့အစားအစာတွေက လူ့သက်တမ်းကိုတောင် တိုစေနိုင်ပါတယ်။ ဒီအစားအစာတွေကို ကိုယ်တိုင်လည်း စားမိနေနိုင်တာကြောင့် သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။ မသိမသာနဲ့ လူ့သက်တမ်းကိုလျော့စေနိုင်တဲ့ အစားအသောက်တွေက ဘာတွေများလဲ အာလူးကြော် အကြာကြီးကြော်ထားတဲ့ အစားအသောက်တွေမှာacrylamide လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။ ဒီဓါတ်က အာလူးကြော်မှာလည်း ပါပါတယ်။ ဒီဓါတ်တွေကိုနေ့စဉ်နဲ့အမျှစားမိတဲ့အခါ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် အာလူးကြော်ကို ကြိုက်ရင်တောင် အိမ်မှာပဲကြော်စားပေးပါ။ Hot Dogs တာရှည်ခံပစ္စည်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် တကယ်ကိုမညီညွတ်တဲ့ အစားအစာတစ်ခုပါ။ Hot dogs ကိုစားသုံးတာကဆေးလိပ် သောက်သလိုပဲ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ အငန်ကဲတာနဲ့ တာရှည်ခံပစ္စည်းပါဝင်တာကြောင့်Hot dogs စားသုံးမှုက ကင်ဆြာဖစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ မာဂျရင်း မနက်ခင်းတိုင်းပေါင်မုန့်ကို မာဂျရင်းလေးသုတ်ပြီး စားရတာကိုသဘောကျနေလား။ ဒါကတကယ်ရောကျန်းမာရေးအတွက်ကောင်းရဲ့လား။ မာဂျရင်းမှာ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ အသွင်ပြောင်းအဆီတွေပါဝင်နေတာကြောင့်သွေးတွင်းကိုလက်စထရောကိုများစေနိုင်သလိုသွေးကြောတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြေစာဥ ဆိုတာ ဘယ်လိုဆေးဖက်ဝင်တာလဲ

အိမ်က လူကြီးတွေ သိပ်ကြိုက်ကြတဲ့ မြေစာဥ ဆိုတာ တကယ်တော့ စိမ်းစားဥတို့လိုပဲနော်။ အစိမ်းစားလို့ ရတယ်။ ဝက်မြေစာဥလို့လည်း ခေါ်ကြတယ်။ ဆေးဖက်ဝင်တယ်၊ အရသာအရမ်းကောင်းတယ်လို့ ညွှန်းကြလွန်းလို့ စားကြည့်တော့ ချိုချိုလေးနဲ့ စားကောင်းသား။ ဘယ်လိုဆေးဖက်ဝင်လဲလို့ လေ့လာကြည့်ပြန်တော့ ကာဗိုဟိုက်ဒရိတ်၊ ကစီနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ရေဓာတ်လည်း ပါဝင်မှုမနည်းပါဘူး။ ဒီလိုတွေပါတော့ ဘာအတွက်အကျိုးပြုတာလဲ ဆက်ပြီးကြည့်ရအောင်။ မြေစာဥ ရဲ့ ကျန်းမာရေး ကောင်းကျိုးများ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတယ် catechin gallate ၊ epicatechingallate နဲ့ gallocatechin gallate တို့လို phenolic ဒြပ်ပေါင်းတွေနဲ့ flavonoidsတွေ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေမယ့်ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေရန်က ကာကွယ်တားဆီးပြီး နာတာရှည်ရောဂါတွေ ဖြစ်မလာအောင် တားဆီးပေးပါတယ်။ သွေးတိုးကျစေတယ် ပိုတက်စီယမ်ပါဝင်မှုများလို့ သွေးဖိအားကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

ကျန်းမာတယ်ဆိုပြီး တစ်နေ့ကို တစ်ခွက်လောက် ပုံမှန်သောက်ဖြစ်နေတဲ့ နွားနို့ ကို သောက်နေပေမယ့် ဒါတွေရောသိပြီးရဲ့လား Hello ဆရာဝန်ပရိသတ်ကြီးရေ...... ကြိုက်လို့ပဲသောက်သောက်၊ ကျန်းမာအောင်ဆိုပြီးပဲသောက်သောက် နွားနို့သောက်မယ်ဆိုရင် ဒီအချက်လေးတွေတော့ သိထားပေးပါ။ နွားနို့ တစ်ခွက်မှာပါတဲ့ အာဟာရတွေက ဘာတွေများလဲ နွားနို့တစ်ခွက် သောက်လိုက်တိုင်း အခုပြောတဲ့ အာဟာရဓာတ်တွေကို အပြည့်အဝရရှိနေမှာပါ။ အဆီဓာတ် ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း ကယ်လ်ဆီယမ် ဗီတာမင် ဒီ ဖော့စဖောရပ်စ် ရေဓာတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဗီတာမင် အေ ဗီတာမင် B2 နီယာဆင်တို့ပါဝင်နေပါတယ်။ နွားနို့ ကြိုက်သူတိုင်းသိထားသင့်တဲ့ အချက်တွေက ဘာတွေများလဲ နွားနို့ကို ဘယ်အချိန်သောက်တာအကောင်းဆုံးလဲ မနက်လား၊နေ့လယ်လား။ ညနေလား ဒါမှမဟုတ် ညအိပ်ခါနီးလား။ မနက်ခင်းအစောပိုင်းကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ နွားနို့သောက်လို့ရပါတယ်။ မနက်ခင်းသောက်ရင် ..... အစာကြေခဲပြီး အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။ နေ့လယ်ခင်းသောက်ရင် ....... ဆီးလမ်းကြောင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

ဂေါ်ရခါးသီး လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ ဘဲဥတွေနဲ့ ရောကြော်ပြီး စားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်း ချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲ တို့စားစား၊ ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။ ဂေါ်ရခါးသီး အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။ ဘာဓာတ်တွေပါလဲ ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဗီတာမင် ဘီ ဗီတာမင် စီ ဖောလိတ် ဗီတာမင် နီကာဆင် သီရာမင်း ရေဓာတ် အမျှင်ဓာတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အလေ့ကျပေါက်တဲ့ သကြားသီး လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

ဒီ သကြားသီး ဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီး မဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေ သီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။ သကြားသီး ဆိုတာ သကြားသီး ဆိုတာက အရွက်မှာ ခပ်စူးစူး အမွှေးပါးပါးလေး ပါပြီး အဖြူရောင်အပွင့်လေးတွေ ပွင့်တတ်တဲ့ အပင်ကနေ သီးတဲ့ အနီရောင် သကြားသီးလေးတွေပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ပါတယ်။ သကြားသီး နီနီလေးကပေးတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း