ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပဲနို့ ကနေရမယ့် အကျိုးကျေးဇူး (၅) ချက်

ပဲနို့ က ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး သောက်တော့သောက်နေကြတာပဲ၊ ဒါပေမယ့် ဗီတာမင်တွေပါတယ်ဆိုတာကလွဲလို့ ဘာအတွက်ကောင်းတာလဲဆိုတာ သိပ်မသိကြပါဘူး။ ပဲပိစပ်ကနေရတဲ့ ပဲနို့ဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး နွားနို့အစားထိုး သောက်သုံးလို့လည်း ရပါတယ်။ ပဲနို့မှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော်စဖရပ်စ်နဲ့ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေအပြင် folate၊ thiamin၊ riboflavin၊ niacin ၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် K တို့ပါဝင်ပါသေးတယ်။ ပဲနို့ က ဘာအတွက်ကောင်းတာလဲ နှလုံးကျန်းမာရေး ကောင်းစေတယ် ပဲနို့ရဲ့ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ပရိုတင်းဆိုတာ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones ပါဝင်မှုကြောင့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီချ Diet နဲ့ပတ်သက်ပြီး မှားသိထားတဲ့အရာ (၉) ခု

အဆီချဖို့ Diet လုပ်တယ်ဆိုတာ အစားရှောင်မယ်၊ အစားလျှော့မယ်ပေါ့။ အဓိကတော့ ထမင်းမစားတော့ဘူး၊ အဆီတွေမစားဘူး၊ ကာဗိုဟိုက်ဒရိတ်ဖြတ်၊ အချိုဖြတ်ကြတယ်။ အသီးအရွက်၊ အသီးအနှံ၊ အသားတွေ ပုံစံချ စားတယ်၊ရေသောက်တယ်။ ဒါ Diet ပဲ။ ဒါပေမယ့် ဒီလိုလုပ်နေကြရင်းနဲ့ သိထားတာ မှားတတ်ကြတဲ့အချက်တွေရှိတယ်။ ဒီအချက်တွေက တကယ်လည်းအရေးပါနေတယ်။ ဘာလို့ဆို မှားပြီးလုပ်မိနေရင် အဆီကျမယ့်စီမံကိန်းမှာ အကုန်သဲထဲရေသွန်ဖြစ်ကုန်မှာပေါ့။ အများအားဖြင့် ကိုယ်သိထားတာ ဘာတွေမှားနေတတ်လဲ ဖတ်ကြည့်လိုက်ဦးနော်။ (၁) ညဘက်အစားစားရင် ဝတယ် ညဘက်အစားစားတာက ကိုယ်အလေးချိန်တက်စေတယ်ဆိုတဲ့ခိုင်မာတဲ့ သက်သေပြချက်မရှိပါဘူး။ တကယ်က ကယ်လိုရီအများကြီးစားရင် ကိုယ်အလေးချိန်တက်နိုင်တယ်၊ ညဘက်စားတဲ့သူတွေက စားတာများသွားတတ်တယ်၊ ကယ်လိုရီများတာကိုရွေးမိတတ်တယ် ဆိုတာပဲပြဿနာပါ။ ညဘက်စားလို့ ဝတာမဟုတ်ဘဲ အဲဒီအချက်တွေနဲ့ ငြိလို့ပါ။နောက်ပြီး အိပ်ရာဝင်ခါနီးကျမှ စားတာက ရင်ပူနာနဲ့ အစာမကြေခြင်းကိုဖြစ်စေနိုင်တယ်။ ဒါ့ကြောင့်ဖြစ်နိုင်ရင်တော့ အစာစားချိန်ကိုပုံမှန်လေးသတ်မှတ်ပြီးစောစားပါ။ (၂) တချို့အချိုတွေက ပိုဆိုးတယ် သကြား၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားစားချိန်မှန် ဖို့လိုအပ်ရတဲ့ အကြောင်းအရင်း

လူတစ်ယောက် ကျန်းမာနေစေဖို့ အဓိကလိုအပ်တဲ့အရာ ၃ ခုရှိပါတယ်။ ဒါကတော့ အစာအာဟာရ၊ သန့်စင်တဲ့လေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတို့ပါ။ ဒီလိုဆိုတာနဲ့ ဒီအချက် ၃ ခုပြည့်ရင်ပြီးရောလို့ဆိုပြီးလုပ်လို့လည်းမဖြစ်ပြန်ပါဘူး။ အရာရာကို ချိန်သားကိုက်လုပ်နိုင်မှ ခန္ဓါကိုယ်က ကျန်းမာတော့မပေါ့။ ဒီတစ်ခေါက်တော့ ခပ်ပေါ့ပေါ့လေးလို့တွေးနေကြတဲ့ အစားစားချိန်မမှန်တဲ့အချက်လေး နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ တစ်နေ့က ဘယ်နှနပ်စားလဲ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို ၃ နပ်ကလုံလောက်တဲ့ အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် အစားတွေ အများကြီးမစားနိုင်သေးတဲ့ ကလေးလေးတွေအတွက်တော့ တစ်နေ့ကို ၅ နပ်လောက်အထိ နည်းနည်းချင်းစီနဲ့စားဖို့လိုမှာပါ။ ဒီအချက်က ကလေးတွေနဲ့ပဲ သက်ဆိုင်တယ်တော့မဟုတ်ပါဘူး။ ဖေဖေမေမေ ဖိုးဖိုးဖွားဖွား တွေအတွက်လည်း အကျုံးဝင်ပါတယ်။ လူကြီးတွေက အသက်အရွယ်ရလာတဲ့အခါ အစားတွေကို တစ်ခါတည်းအများကြီး မစားနိုင်ကြတော့ပါဘူး။ ဒီအချိန်မှ လိုအပ်တဲ့ အာဟာရပြည့်မီစေဖို့က နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားရတာပါ။ ဒီလို အကြိမ်ရေတွေ ဘယ်လောက်ကွာကွာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် အေ များများရရှိစေမယ့် အစားအစာ (၈) မျိုး

ဗီတာမင် အေက မျက်စိအမြင်အာရုံကျန်းမာရေးအတွက် အရေးပါတယ်လို့သိကြပါတယ်။ ဗီတာမင် အေ က ဆဲလ်တွေကြီးထွားဖို့ထောက်ပံ့ပေးသလိုနှလုံး၊အဆုတ်နဲ့ အခြားသောအရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ ဒီလိုအရေးကြီးတဲ့ ဗီတာမင် အေ ကိုခန္ဓါကိုယ်က မထုတ်ပေးနိုင်တာကြောင့် အစားအစာတွေကနေတဆင့် ရယူရပါတယ်။ အားဆေးလွယ်လွယ်ဝယ်သောက်လိုက်မယ့်အစား အစားအသောက်ကနေ များများရနိုင်တော့ မကောင်းဘူးလား။ ဒါ့ကြောင့် ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေပြောပြလိုက်မယ်နော်။ (၁) ငရုတ်ပွအနီ ဗီတာမင်အေဆိုတာရက်တီးနွိုက်လို့ခေါ်တဲ့ ဓါတ်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ ငရုတ်ပွအနီဟာ အရသာချိုပြီး အနံ့မွှေးတာမို့ ဟင်းထဲထည့်ချက်တာအဆင်ပြေပါတယ်။ ဒီငရုတ်ပွမှာ ဗီတာမင်အေ ကြွယ်ဝလို့ တစ်လုံးလောက်ချက်စားရင်ပဲ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အေပမာဏကို တဝက်လောက်ပြည့်ဝစေပါတယ်။ (၂) ဟင်းနုနွယ် ဗီတာမင်အေ မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။Preformed vitamin A လို့ခေါ်တဲ့ ပထမတစ်မျိုးမှာ ကြက်၊ဝက်၊အသား၊ငါးနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲမှာ ဗီတာမင်အေအဖြစ်ပြောင်းလဲချက်လုပ်ဖို့မလိုတဲ့ အရံသင့်အမျိုးအစားဖြစ်ပါတယ်။ ဒုတိယအမျိုးအစားprovitamin A မှာတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲရောက်မှ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ

မာလကာသီးလေး အချိုတည်းရင် ကြွပ်နေမှ ၊ ချိုအေးနေမှ အမောပြေတာနော်။ ဒီအရသာလေးကို နှစ်သက်လို့စားကြပေမယ့် သူ့ကိုစားလို့ ကျန်းမာရေးမှာ အကျိုးရှိစေနိုင်တာတွေလည်းရှိတာကို သိနေလို့လည်းစားကြတာပါ။ မာလကာသီးထဲမှာကို အတွင်းသား ပန်းရောင်သမ်းနေတဲ့ အူနီလေးတွေက ပိုဆေးဖက်ဝင်တယ်လို့ရှေးလူကြီးတွေပြောလေ့ရှိပါတယ်။အပေါ်ယံအမြင်နဲ့ကြည့်ရင်လည်း ပန်းရောင်အူနီသီးတွေက အသားပိုမွမွလေးဖြစ်တယ်၊ စားလို့ကောင်းတယ်၊ နူးညံ့တယ်လေ။ သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကိုလေ့လာပြန်တော့လည်း ဒီအတိုင်းလေးတွေတွေ့ရပါတယ်။ (၁) သွေးတွင်းသကြားဓါတ်ကျစေတယ် မာလကာသီးဟာ သွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်စွမ်းပိုကောင်းစေတဲ့အာနိသင်ရှိတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဆီးချိုရှိတဲ့ဖေဖေမေမေတို့အတွက်လည်း မကြာမကြာ စားသင့်တဲ့သီးနှံတစ်မျိုးပါပဲ။ ဆီးချိုမရှိသူတွေမှာလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ (၂) နှလုံးကျန်းမာစေတယ် မာလကာသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဗီတာမင်တွေကြောင့် နှလုံးကိုfree radicalsတွေရန်က ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့ အမျှင်ဓါတ်တွေလည်းပါဝင်မှုများလို့ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ မာလကာသီးက သွေးတိုးကိုကျစေ၊ မကောင်းတဲ့ကိုလက်စထရောတွေကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရောတွေကိုမြင့်တက်စေတဲ့အတွက် နှလုံးကျန်းမာရေးကိုစောင့်ရှောက်ပေးနိုင်တာပါ။ (၃) ရာသီလာချိန် ကိုက်ခဲမှုတွေကို သက်သာစေတယ် လူကြီးတွေပြောလေ့ရှိတာက ရာသီလာချိန် ချုပ်စာတွေမစားရဘူးဆိုပြီးရှောင်ခိုင်းတဲ့အထဲမှာ မာလကာသီးလည်းပါပါတယ်။ ရာသီလာချိန် ကိုက်ခဲတာကprostaglandins လို့ခေါ်တဲ့ သားအိမ်နံရံမှာရှိတဲ့ဟော်မုန်းလိုဓါတ်ပစ္စည်းတွေကြောင့်ဖြစ်ရတာမို့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချနေတဲ့သူတွေ အုန်းစိမ်းရည်သောက်လို့ရတယ်နော်

ဝိတ်ချမယ်ဆို အစားလျှော့ Diet Planတွေ မျိုးစုံလုပ်ကြပါတယ်။ ထမင်းမစားတော့ဘဲ အသီးအရွက်ပဲစားတာမျိုး၊ အသီးဖျော်ရည်တွေသောက်တာမျိုး၊ Detox waterတွေသောက်တာမျိုး စုံလို့ပါပဲ။ အဓိကကတော့ ကယ်လိုရီလျှော့၊ အချိုလျှော့ဖို့ဆိုတော့ ဘယ်နည်းသုံးသုံး အစားကရှောင်ရပြီပေါ့။ ဒီလို ကိုယ်စားချင်တာတွေအငတ်ခံနေရချိန်မှာ အထောက်အကူပေးနိုင်တဲ့သောက်စရာလေးတစ်ခုရှိတယ်။ အုန်းစိမ်းရည်ပါ။ အမျှင်ဓာတ်ပါဝင်မှုများတော့ ဗိုက်ဆာနေချိန်တောင့်ခံနိုင်အောင် အားဖြည့်ပေးနိုင်တယ်၊ ကယ်လိုရီနဲ့အဆီနည်းတော့ အဆင်လည်းပြေတယ်။ တစ်နေ့ နှစ်ခွက်သုံးခွက်သောက်လို့ရတယ်။ တစ်ခုပဲသတိထားရမှာက သူ့မှာ ပိုတက်စီယမ်နဲ့ သကြားဓာတ်ပါဝင်မှုလည်း မနည်းတဲ့အချက်ပါ။ ဒီနှစ်မျိုးက လွန်ကဲသွားရင်ဘေးဖြစ်စေနိုင်လို့ အလွန်အကျွံတော့ လှိမ့်မသောက်ပါနဲ့။ အုန်းစိမ်းရည်က ဘယ်လိုအထောက်အကူပြုလဲ (၁) ကယ်လိုရီနည်းတယ် ဝိတ်ချနေတဲ့အချိန်မှာ ကျန်းမာရေးနဲ့ညီတဲ့ သရေစာနဲ့သောက်စရာကိုရွေးချယ်တာက အရေးကြီးပါတယ်။ အုန်းစိမ်းရည်က ကယ်လိုရီများများမတက်စေဘဲ လိုအပ်တဲ့အာဟာရဓာတ်တွေကိုရရှိစေနိုင်ပါတယ်။ အုန်းစိမ်းရည်တစ်ခွက်မှာ ၄၄ ကနေ ၄၆ ကယ်လိုရီလောက်ရှိပါတယ်။ ၁၁၇ ကယ်လိုရီလောက်ရှိနိုင်တဲ့ လိမ္မော်ရည်တစ်ခွက်နဲ့ယှဉ်ရင် အုန်းစိမ်းက ကယ်လိုရီအတော်လျှော့ဖို့ကူညီနိုင်တာပေါ့။ သဘာဝအသီးအနှံတွေနဲ့ ဝိတ်ချနည်းသုံးမယ်ဆိုရင်တော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘက်စမာတီဆန် ရဲ့ အကျိုးအာနိသင် (၁၀) မျိုး

ဒံပေါက်ဆန်လို့လည်း သိထားကြတဲ့ ဘက်စမာတီဆန် (basmati rice) ဆိုတာကို ဆီးချိုဆန်လို့ အမည်တပ်ပြီး ဈေးဝယ်စင်တာတစ်ခုမှာ ရောင်းချနေတာတွေ့လိုက်တယ်။ တလောကလည်း ဖေ့စ်ဘုတ်က အဆီကျကျစ်လျစ်လိုသူတွေရဲ့ဂရုတစ်ခုမှာ diet အဖြစ်ပါဝင်နေတာလည်းတွေ့လိုက်ရတယ်။ အဆီမတက် ၊ ကယ်လိုရီမတက်တဲ့ ဆန်တဲ့။ ဒါနဲ့ ဆေးပညာအထောက်အထားတွေရှာကြည့်တော့ ဒီလိုတွေ့ရပါတယ်။ ဘက်စမာတီဆန်က အဖြူနဲ့ အညိုနှစ်မျိုးရှိတယ်။ သူ့ရဲ့အပေါ်ယံလွှာကနေ အညိုရောင်ဖြစ်စေတာပါ။ သူ့ရဲ့အာဟာရဓာတ်တွေအများစုက အဲဒီအလွှာထဲမှာပါ။ ဘက်စမာတီဆန်လုံးညိုက အဖြူထက် အမျှင်ဓာတ် ၂၀ ရာခိုင်နှုန်းပိုများလို့ အဆီကျချင်သူတွေအတွက် ပိုကိုက်ညီပါတယ်။ ဒါပေမယ့် တခြားဆန်တွေနဲ့ယှဉ်ရင်တော့ ဘက်စမာတီဆန်လုံးဖြူကလည်း ပိုကောင်းပါတယ်။ ဘာလို့ဆို ဘက်စမာတီဆန်က ကယ်လိုရီပိုနည်းပြီး အဆီနဲ့ ကိုလက်စထရောနည်းတဲ့အပြင် တခြားအာဟာရဓာတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချချင်ရင် diet plan မှာထည့်သွင်း စားကြတာပေါ့။ ဘက်စမာတီဆန် မှာပါဝင်တဲ့ အာဟာရတန်ဖိုး ထမင်း တစ်ပန်းကန်လုံးစာမှာ - […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ

လူတစ်ယောက် ကျန်းမာဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့ အစာခြေစနစ် က ကောင်းစွာ အလုပ်လုပ်နေဖို့ လိုပါတယ်။ ဒီလို ကိုယ်ခန္ဓာအတွက် အကျိုးပြုတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ အစာခြေစနစ်ကိုလည်း ချန်ထားခဲ့လို့ မဖြစ်ပါဘူးနော်။ ကျွန်တော်တို့ ကိုယ်ခန္ဓာက အစာကောင်းစွာချေဖျက်နိုင်မှ ကိုယ်စားလိုက်တဲ့ အစာတွေဆီကနေ အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်မယ်။ ဝမ်းမှန်ပြီး ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်မယ်။ အားအင်တွေ ပြည့်ဖြိုးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာပါ။ ခုခေတ်မှာ ကျန်းမာရေးကို အလေးထားလာကြပေမယ့် အစာခြေစနစ်နဲ့ ပတ်သက်ပြီး လူတော်တော်များများက ဂရုစိုက်ဖို့ မေ့နေကြတုန်းပါပဲ။ အစာစားချိန်မမှန်တာ၊ ညနောက်ကျမှ အစာစားတာ၊ အာဟာရမဖြစ်တာတွေ စားလွန်းတဲ့အခါ တကယ်တမ်းဒုက္ခရောက်မှာက ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ဆေးဝါးမလို၊ ကုသမှုမလိုအပ်ဘဲ သဘာဝအတိုင်း ကိုယ့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။ အစာခြေစနစ် ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

သစ်တိုသီး ဆိုရင် သစ်တိုသီးငပိချက်ပဲ ပြေးမြင်ကြမှာပဲ။ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်လည်း ဖြစ်တယ်။ ဒါ့ထက်ပိုပြီး ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး တွေအများကြီးရှိတယ်ဆိုတာရော သိကြပြီးပြီလား။ သစ်တိုသီးမှာ ဗီတာမင် ဘီနဲ့ စီ ကြွယ်ဝလို့ ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းစေတယ်။ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ သံဓာတ် ၊ဖော့စဖရပ်စ်တို့လည်း ထိုက်သင့်သလောက်ပါဝင်တယ်။ သစ်တိုသီးကို အိန္ဒိယ၊ ထိုင်း၊ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အစိမ်းပဲဖြစ်ဖြစ်၊ ချက်ပြုတ်ပြီးပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြပါတယ်။ အရေးကြီးတာက အစေ့ကို ဖယ်ဖို့ပါပဲ။ သူက အတွင်းသားကို အဓိကစားသုံးရတဲ့အသီးဖြစ်ပါတယ်။ သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက် (၁) ကြွက်သားနဲ့ အာရုံကြော ကျန်းမာစေတယ် သစ်တိုသီးမှာ ပိုတက်စီယမ်ပါဝင်မှုများလို့ ကြွက်သားနဲ့ အာရုံကြောစနစ်အတွက် အရမ်းကိုကောင်းပါတယ်။ ပိုတက်စီယမ်က ကြွက်သားနဲ့အာရုံကြောစနစ်ရဲ့လုပ်ဆောင်ချက်တွေကို အထောက်အကူပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို လည်း အားပေးပါတယ်။ (၂) သွေးတွင်းသကြားဓာတ်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများ ။ ။

ဒီလို ပူပြင်းတဲ့ေနွရာသီ လမ်းမပေါ်မှာ အုန်းရည်ေရာင်းတဲ့ လှည်းလေးတွေ အများကြီးတွေ့ရတတ်တယ်နော်။ ကိုယ်ဝယ်မှ အုန်းသီးကို ခုတ်ပေးပြီး အရည်ထုတ် အဖတ်လေးပါ ရောင်းပေးတယ်လေ။ နွေလိုမျိုး ပူပြင်းတဲ့ ရာသီဥတုမှ အုန်းစိမ်းရည်ေလး သောက်လိုက်ရရင် အမောကိုပြေလို့။ ပြီးတော့ ခြစ်ထားတဲ့ အုန်းသီးဖတ် နုနုလေးတွေကို ထန်းလျက်လေးနဲ့ ရောစားလိုက်လို့က ဘာပြောကောင်းမလဲ။ အရသာကိုရှိလို့။ ဒီဆောင်းပါးထဲမှာ စားလို့လည်း အရသာရှိ၊ ထုတ်ထုတ် ထုတ်ထုတ် နဲ့ ဝါးလို့လည်းကောင်းတဲ့ အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့် ရနိုင်တဲ့ကောင်းကျိုးတွေ ပြောပြပေးတော့မှာပါ။ အုန်းသီးဖတ်မှာပါတဲ့ အဆီဓါတ် ။ ။ အုန်းသီးဖတ် တစ်ခွက်မှာ ပါတဲ့ ကယ်လိုရီ ၂၈၃ ပမာဏက ြပည့်ဝဆီ တွေက ရတာပါ။ အခြား အသီးတွေက ပြည့်ဝဆီ နည်းနည်းပဲ ပါပေမယ့် အုန်းသီးဖတ်တစ်ခွက်မှာတော့ ပြည့်ဝဆီ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း