ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘူဖေးစားရတာ ကြိုက်တယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

ဒီဘက်ခေတ်မှာ ကြိုက်ရာစား၊ ပုံသေဈေးနှုန်း သတ်မှတ်ထားတဲ့ ဘူဖေးစားသောက်ဆိုင်တွေ တော်တော်များလာပါတယ်။ အထူးသဖြင့် ကုမ္ပဏီညစာစားပွဲတွေ၊ မိသားစု၊ သူငယ်ချင်းလိုက် ပျော်ပျော်ပါးပါး စုပြီး ထွက်စားတော့မယ်ဆိုရင် ဘူဖေးဆိုင်တွေက အကောင်းဆုံးပဲပေါ့။ ဒီတော့ ဘူဖေးစားတော့မယ်ဆိုရင် လူတွေတော်တော်များများ လုပ်မိတတ်တဲ့ အမှားနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ ဘူဖေးမစားခင် အစာအငတ်မခံပါနဲ့။ လူတော်တော်များများက ညဘက် ဘူဖေးစားတော့မယ်ဆိုရင် မနက်စာ၊ နေ့လည်စာတွေကို ရှောင်ပြီး အစာငတ်ခံတတ်တဲ့ အကျင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုစားပြီး ဗိုက်ဝသွားရင် ညကျ ကောင်းကောင်းမစားနိုင်မှာ စိုးကြတာကိုး။ ကိုယ်က ညဘက်မှာ အပြည့်အဝ အစားအစာ အစုံအလင်ကို စားတော့မယ်ဆိုတာ ကြိုသိထားရင် မနက်စာနဲ့ နေ့လည်စာကို လုံးဝရှောင်တာထက် သေချာပြင်ဆင်ပြီး စားသင့်ပါတယ်။ ကစီဓါတ်၊ အဆီဓါတ်များပြီး ရင်ပြည့်လောက်မယ့် အစားအစာတွေထက် ဟင်းသီးဟင်းရွက်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြန်မာလူမျိုးတိုင်း ကြိုက်တဲ့ သရက်သီးရဲ့ အစွမ်း

ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများရဲ့ အိမ်တွေမှာ သရက်သီးကို အမြဲဆောင်ထားတတ်ကြပါတယ်။ ထမင်းစားပြီး အချိုပွဲတည်းတော့မယ်ဆိုလည်း သရက်သီးက မပါမဖြစ်ပဲပေါ့။ အရသာလည်းရှိ၊ ခုဆို မိုးတွင်းထဲလည်း ဝင်လာပြီဆိုတော့ ရာသီစာ သရက်သီးတွေ နေ့တိုင်းစားရတော့မှာပေါ့။ မြန်မာနိုင်ငံမှာတော့ သရက်သီးရဲ့ အရသာ၊ ပုံစံ၊ အရောင်ပေါ် မူတည်ပြီး စိန်တစ်လုံး၊ မချစ်စု၊ ရင်ကွဲ၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ မျောက်ခေါင်း၊ မနော်နွယ်၊ စိုင်သီး၊ ပတ္တမြားငမောက် အစရှိသဖြင့် နေရာဒေသပေါ်မူတည်ပြီး မျိုးစိတ်တွေ ကွဲသွားပါတယ်။ ဘယ်လောက်ပဲ မျိုးစိတ်ကွဲကွဲ သရက်သီးတိုင်းကတော့ အစာကြေရင်ချောင်စေတယ်။ ဝမ်းမှန်စေတယ်။ အမြင်အာရုံကြည်လင်စေတယ်။ ဒါ့အပြင် တချို့ကင်ဆာရောဂါတွေ မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်တယ်ဆိုတော့ ဂွတ်ရှယ်ပဲပေါ့။ ဒီနေ့ဆောင်းပါးမှာ သရက်သီးက ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ၁။ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ပေါကြွယ်ဝတယ်။ ကယ်လိုရီပမာဏနည်းပြီး ကိုယ်ခန္ဓါကျန်းမာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ […]


အဝလွန်ခြင်း

အစားလည်းဆင်ခြင်ရဲ့သားနဲ့ ဝလာတယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ် နှေးတာကြောင့်ဖြစ်နိုင်ပါတယ်။

အစားလည်းထိန်းစားတယ်၊ ကိုယ်လက်လှုပ်ရှားမှုလေးလည်း ရှိရဲ့သားနဲ့ ဘာကြောင့် တရိပ်ရိပ်ထိုးဝလာတာလဲ။ ပြောနေကျ စကားတွေအတိုင်းဆို လေရှူလိုက်တိုင်း ဝနေတာ ဒါမျိုးပေါ့။ ပိန်နေတဲ့သူတွေအတွက်ကတော့ ဒီကိစ္စတွေ ခေါင်းထဲ စဉ်းစားမလိုပေမယ့် ဝနေတဲ့သူတွေအတွက်ကတော့ ဘာမှ မလုပ်ဘဲနဲ့ ဝဝလာတာဟာ တော်တော်ကြီးကို စိတ်ညစ်စရာကောင်းတဲ့ အခြေအနေပါ။ ဒါဘာကြောင့် ဖြစ်ရတာလဲ။ အစားလည်းဆင်ခြင် ကိုယ်လက်လှုပ်ရှားမှုလေးလည်း အနည်းအကျဉ်းရှိရဲ့သားနဲ့ ဝလာတဲ့ပြဿနာမှာ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် ကို အဓိက အပြစ်တင်ရမှာပါ။ ဇီဝကမ္မဖြစ်စဉ် ဆိုတာ ဘာလဲ ။ ။ ဆေးပညာမှာဆို ဇီဝကမ္မဖြစ်စဉ်ကို Metabolism လို့ခေါ်ပါတယ်။ ဒီ ဇီဝကမ္မဖြစ်စဉ်ဟာ အာဟာရဓာတ်တွေကို ဖြိုခွဲပေး၊ ကယ်လိုရီတွေကို လောက်ကျွမ်းပေးပြီး ကိုယ်ခန္ဓာအတွက် စွမ်းအင်ပြန်ထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ ဒီတော့ ဇီဝကမ္မဖြစ်စဉ် နှေးရင် ကယ်လိုရီ လောင်ကျွမ်းတာလည်း နည်းသွားပြီး ကိုယ်ခန္ဓာမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်

အာလူးလေးနဲ့ရောပြီးကြော်စားစား၊ အရွက်တစ်ခုခုနဲ့ရောကြော်ကြော်၊ ဘယာကြော်ထဲမှာပဲထည့်ကြော်ကြော်စားလို့ကောင်းတဲ့ အလေ့ကျပေါက်ပင်လေးတစ်ခုရှိတယ်လေ။ အဲ့ဒါက အခုလိုမိုးလေးကျရင် လယ်ကန်သင်းရိုး၊ ကန်ဘောင်ရိုးတို့မှာ အလေ့ကျပေါက်တတ်တဲ့ ပုစွန်စာရွက် လေးပါ။ ဒီအရွက်လေးက စားကောင်းရုံတင်မကပါဘူး။ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါရရှိစေနိုင်ပါသေးတယ်။ ပုစွန်စာရွက် ပုစွန်စာရွက်ကမြေပြင်မှာကပ်ပေါက်တဲ့အပင်ငယ်တစ်မျိုးပါ။ အရွက်ချွန်ချွန၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေပွင့်ကြပါတယ်။ အာရှဒေသတော်တော်များများမှာပေါက်ရောက်ကြပါတယ်။ အရိုးက အနီရောင်လေးရှိတတ်ပါတယ်။ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့အရွက်လေးတစ်မျိုးပေါ့။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလေးဆေးဖက်ဝင်ပါတယ် အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် အအေးမိတာကြောင့် နှာစေးနှာပိတ် ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ပုစွန်စာရွက်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး ချွဲတွေကို ကင်းစင်စေနိုင်တာကြောင့် အသက်ရှုရတာကို လွယ်ကူစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာ၊လေပြွန်ရောင်ရမ်းတာတွေအတွက်လည်း ပုစွန်စာရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီးသောက်ပေးလို့ရပါတယ်။ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ် ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။free radicalsတွေကြောင့် ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။ ပင်ပန်းတာကို သက်သာစေနိုင်တယ် ပုစွန်စာရွက်က စိတ်ဓါတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓါကိုယ်မှာ ကာလရှည်ကြာခံစားနေရတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။

ဝနေတဲ့သူတိုင်း ဝိတ်ကျချင်တဲ့သူချည်းပါပဲ။ ဒါပေမယ့် ဝိတ်ကျဖို့အတွက်ကလည်း လေ့ကျင့်ခန်းလုပ် အစားလျှော့ ဒီ ၂ နည်းပဲရှိတယ်လေ။ ဒီ ၂ နည်းမှာဆို ဘယ်နည်းကို ရွေးတဲ့သူများမယ်ထင်လဲ။ သေချာတာကတော့ ပင်ပန်းတယ်တဲ့ လေ့ကျင့်ခန်းကို ရွေးမယ့်သူ အများကြီးမရှိဘူးဆိုတာပါပဲ။ လူတိုင်းက လေ့ကျင့်ခန်းနဲ့ အစားလျှော့တာဆို အစားလျှော့တာကို ရွေးကြတယ်လေ။ ဘယ်လောက်ပဲ ဝိတ်ကျဖို့ အစားလျှော့မယ် ပြောပြော အပြောကလွယ်ပြီးလိုက်လုပ်ဖို့ ခက်ပါတယ်။ အစားအသောက်တွေကို မြင်တာကြားတာနဲ့တင် ဗိုက်ဆာလာတဲ့သူတွေက ခပ်များများဆိုတော့ အစားလျှော့လည်း တစ်ရက်နှစ်ရက်ပါပဲ။ တောက်လျှောက်ကြီး လျှော့နိုင်တဲ့သူတွေကလည်း ရှားပါတယ်။ ဘာမှ မစားရလေ ပိုစားချင်လေမလား။ ဒီတော့ အစားလေးလည်းကြိုက်သလိုစားရ ဝိတ်လေးလည်း လျှော့လို့ရမယ့် နည်းရှိတယ်ဆို စိတ်ဝင်စားကြမလား။ ။ Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) ရှိပါတယ်။ Intermittent fasting […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့ အစားအသောက် (၅) မျိုး

ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ကြနော်လို့ပြောကြတယ်။ တချို့ဆေးတွေက မစားခင်သောက်ရတာရှိသလို အစာတခုခုခံပြီးမှသောက်သင့်တာတွေရှိပါတယ်။ အစာနဲ့ဘယ်နှနာရီခြားပါလို့ ဆရာဝန်ကညွှန်ကြားလိုက်တယ်ဆိုရင် လိုက်နာဖို့လိုပါတယ်။ ကိုယ်စားလိုက်၊သောက်လိုက်တဲ့အရာတွေကဆေးဝါးတွေရဲ့အာနိသင်အပေါ် သက်ရောက်မှုတွေရှိလို့ပါပဲ။ ဒါ့ကြောင့်ဆေးဝါးတွေနဲ့ ဓါတ်ပြုသက်ရောက်မှုရှိနိုင်တဲ့ အစားအသောက်တွေအကြောင်းကိုပြောပြချင်ပါတယ်။ (၁) ဂရိတ်ဖရုသီး အချဉ်ဓါတ်ပါတဲ့အရည်ရွှမ်းသီးဖြစ်တဲ့ ဂရိတ်ဖရုသီးက သိပ်မချဉ်ဘူးဆိုပေမယ့် အူလမ်းကြောင်းအတွင်းရောက်လာတဲ့ဆေးဝါးတွေကို ဆဲလ်တွေရဲ့ စုပ်ယူနိုင်စွမ်းနဲ့ရွေ့လျားနိုင်စွမ်းကိုပြောင်းလဲစေနိုင်ပါတယ်။ ဂရိတ်ဖရုသီးကြောင့် ဒီလိုဖြစ်စေနိုင်တာဆေးအမျိုးပေါင်း ၅၀ကျော်ရှိပါတယ်။ (၂) နွားနို့ နေမကောင်းဖြစ်နေတဲ့အချိန် အားလည်းဖြစ်အောင် ရေအစား နွားနို့လေးနဲ့ဆေးသောက်လိုက်တယ်ဆိုတာမျိုး မလုပ်ရပါဘူး။ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ပဋိဇီဝဆေးတွေကို ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်စွမ်းအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေသောက်မယ်ဆို နွားနို့နဲ့ဝေးဖို့ ဂရုစိုက်ပါ။ (၃) ချောကလက် ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး ဒါမှမဟုတ် အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သူက စိတ်ကိုလန်းဆန်းစေတဲ့ဆေးတွေအတွက် အာနိသင်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။နောက်တစ်ချက်က စိတ်ကျရောဂါအတွက်ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိသွေးပေါင်တက်စေနိုင်ပါတယ်။ (၄) အရက်၊ဘီယာ အရက်၊ဘီယာနဲ့ အယ်လ်ကိုဟောပါသမျှတွေဟာဆေးဝါးတွေကို အာနိသင်လျော့စေ၊ ပျက်ပြယ်စေနိုင်ပါတယ်။ အထူးသဖြင့်သွေးပေါင်ကျဆေးနဲ့ နှလုံးဆေးတွေအတွက် […]


အားကစားသမားများအတွက်အာဟာရ

ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ။ ။

ပိန်ချင်တဲ့သူတိုင်း gym သွား လေ့ကျင့်ခန်းလုပ်တဲ့အခါ လူတိုင်း မေးတဲ့ မေးခွန်းတစ်ခုက လေ့ကျင့်ခန်းလုပ်ပြီး ဘာစားရမှာလဲ။ လေ့ကျင့်ခန်းတွေလုပ်ထားတော့ ဗိုက်ဆာ နေတာက တစ်ကြောင်း၊ မသင့်တော်တာတွေ စားလိုက်မိရင်လည်း လုပ်ထားသမျှ အကျိုးမရှိဖြစ်သွားမှာက တစ်ကြောင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပြီး ဘာစားရမလဲဆိုတဲ့ အတွေးက တော်တော်ကို ခေါင်းစားစေပါတယ်။ ကိုယ်ကလည်း ပိန်ချင်နေတဲ့သူဆိုတော့ အစားမှားမခံဘူးလေနော် ။ မြန်မြန်ပိန်စေဖို့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဒါတွေစားပါ။ ။ ( ကာဘိုဟိုက်ဒရိတ်နဲ့ပရိုတင်း) ထမင်းနဲ့အသား ကာဘိုဟိုက်ဒရိတ် က လေ့ကျင့်ခန်းလုပ်ချိန်က ကုန်သွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးမှာ ဖြစ်ပြီး ပရိုတင်းကတော့ ထိခိုက်သွားတဲ့ ကြွက်သားတွေ ပြန်ကောင်းအောင်အတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တွေက ထမင်းစားမယ်ဆိုရင် ထမင်းလေး နည်းနည်းနဲ့ အသားများများစားပေရမှာဖြစ်ပါတယ်။ စားတဲ့အသားကလည်း အဆီမများစေဖို့လိုအပ်တာကြောင့် ကြက်သား ကအကောင်းဆုံးပါ။ ငှက်ပျောသီး နောက်ပြီး […]


အားကစားသမားများအတွက်အာဟာရ

လေ့ကျင့်ခန်း မလုပ်ခင်ဘာတွေစားပေးသင့်လဲ။ ဘယ်အချိန်မှာ စားရမလဲ။ ။

Gym သွားကြတဲ့သူတိုင်း သိချင်နေတဲ့ မေးခွန်းလေးပါ။ လေ့ကျင့်ခန်း မလုပ်ခင် ဘာတွေစားပေးရင် ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းကို ပိုပြီး အကျိုးသက်ရောက်စေမလဲနဲ့ ဘယ်အချိန်တွေမှာ စားပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းလေးတွေပေါ့။ Gym သွားတယ်ဆိုတည်းကိုက အပြောင်းအလဲဖြစ်ချင်လို့ပဲလေ။ ဝနေတဲ့သူပိန်သွားဖို့ ပိန်နေတဲ့သူ ဝိတ်တက်လာဖို့ ရည်ရွယ်ချက်တွေနဲ့သွားကြတာမလား။ ကိုယ်ခန္ဓါတစ်ခု လှပဖွံ့ဖြိုးဖို့ကလည်း လေ့ကျင့်ခန်း တစ်ခုတည်းနဲ့မရဘူးလေ။ ကိုယ်ခန္ဓါတစ်ခု ပိန်ခြင်း ဝခြင်းကို အဓိက ၈၀ ရာခိုင်နှုန်း တာဝန်ယူထားတဲ့ အစားက အရေးအကြီးဆုံးဆိုတော့ ကိုယ်လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမလဲဆိုတာ သိထားမှ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့။ ဒီတော့ ဘာတွေ စားပေးရမလဲ။ ဘယ်အချိန်မှာ စားပေးရမလဲ ။ ။ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးသင့်သလဲ ။ ။ လေ့ကျင့်ခန်း မလုပ်ခင် စားပေးတဲ့ အစားအစာတွေက ကိုယ်ဘယ်လမ်းကြောင်းကို သွားတာလဲ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်။ ။

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီး ဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။ ပင်မှည့်သီး ရဲ့ ကောင်းကျိုးများ ( ၁ ) လူကို လန်းဆန်းစေပါတယ်။ ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။ ( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။ ချဉ်ချိုချို အသီးလေဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။

မှည့်မှည့်၊ စိမ်းစိမ်း သရက်သီးဆိုတာနဲ့ မကြိုက်တဲ့သူရှိမယ်မထင်ပါဘူး။ မှည့်လွန်းရင်လည်း ချိုချိုလေးနဲ့မို့ အစိမ်းကျတော့လည်း ချဉ်မြုံမြုံလေးနဲ့ ခံတွင်းမြိန်စေတယ်ဆိုတော့ သရက်သီး ပေါ်ပြီဆိုတာနဲ့ အပြေးဝယ်ကြတဲ့ သူချည်းပါပဲ။ သရက်သီး အမှည့်ရဲ့ ကောင်းကျိုးတွေက သိထားပြီးသားဖြစ်နေကြတော့ အခု သရက်သီးအစိမ်း လေးရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ဘယ်လိုကောင်ကျိုးတွေများရှိမလဲ ကြည့်ရအောင်။ သရက်သီးအစိမ်း ရဲ့ ကျန်းမာရေး အာနိသင်များ ။ ။ ( ၁ ) ဓာတ်တိုးဆန့်ကျင်ပေးတဲ့ အာနိသင် အပြည့်အဝရှိပါတယ်။ သရက်သီးမှာ zeaxanthin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် ကိုယ်တွင်းက မကောင်းတဲ့ ဓာတု အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သူရဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိက ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးလို့ အသားအရေမှာ အရေးအကြောင်းပေါ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း