ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် C နဲ့ ပက်သက်ပြီး သိထားသင့်တာလေး အချို့။

ဗီတာမင် C ဆိုတာဘာလဲ ။ ။ ဗီတာမင် C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး သူကို ascorbic acid လို့လည်း လူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓါက အလွယ်တကူစုပ်ယူနိုင်ပြီး ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ ဗီတာမင် C လုံလောက်နေဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ ။ ကိုယ်ခန္ဓါမှာ ဗီတာမင် C ရဲ့ အခန်းကဏ္ဍ တွေ အများကြီးရှိပါတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ရာသီပေါ်တုပ်ကွေး ရောဂါ နဲ့ အခြား ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။ အသားအရေကို တင်းရင်းစိုပြေစေတယ် သွားဖုံးသွေးယိုတဲ့ ပြဿနာတွေကလည်းကာကွယ်ပေးတယ် ကိုလက်စရောကို ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ လူတွေရဲ့စိတ်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

လူသိနည်းတဲ့ ဆိတ်နို့ရဲ့ကောင်းကျိုးတွေ

ဆိတ်နို့ကို နွားနို့လောက်သောက်သုံးလေ့မရှိကြပေမယ့် အခုနောက်ပိုင်းမှာ အနောက်နိုင်ငံတွေအထိ လူကြိုက်များမှုတဖြည်းဖြည်းပျံ့နှံ့လာတာ ဘာကြောင့်လို့ထင်ပါသလဲ။ ဆိတ်နို့မှာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးေကျးဇူးတွေအများကြီးရှိနေလို့ပေါ့။တော်တော်များများက နွားနို့သောက်တာလည်း အရိုးနဲ့သွားကြံ့ခိုင်ကျန်းမာစေမယ့် ကယ်လ်စီယမ်ကြွယ်ဝတယ်ဆိုပြီးတော့လေ။ ဒါပေမယ့် ဆိတ်နို့က ကလေးငယ်တွေအတွက်တောင် နွားနို့ထက်ပိုပြီး အစာကြေလွယ်တယ်၊ အာဟာရဓါတ်ပါဝင်မှုများတယ်ဆိုတာ လူသိနည်းပါသေးတယ်။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ကော့ပါးနဲ့ ဇင့်ဓါတ်တွေအပြင် ဗီတာမင်အေ၊ ဘီ၊ စီ စတာတွေပါ ကြွယ်ဝတာဖြစ်ပါတယ်။ ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီက နွားနို့မှာထက် ပိုနူးညံ့လို့ အစာခြေဖျက်ရပိုလွယ်ကူပြီး အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းပိုမြန်ပါတယ်။ သူ့ရဲ့လူသိနည်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ဆက်ပြီးကြည့်ရအောင် - အရိုးတွေကြံ့ခိုင်စေတယ်– ကယ်လ်ဆီယမ်ပါဝင်မှုများတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလိုအရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီးဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။ ဦးနှောက်ဖွံ့ဖြိုးစေတယ် -ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေကြောင့် ဦးနှောက်အာရုံကြောအတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်းကိုပါကောင်းမွန်စေပါတယ်။ အာဟာရပြည့်ဝစေနိုင်တယ်– ဆိတ်နို့ရဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့သောက်မယ်ဆို ဆိတ်နို့ကို ဘာ့ကြောင့် ရွေးချယ်သင့်တာလဲ ။ ။

နို့တွေအများကြီးရှိပါတယ်။ ဆိတ်နို့၊ နွားနို့၊ အုန်းနို့ ၊ ပိုးဟပ်နို့၊ ပဲနို့ စတာတွေပေါ့။ အဲဒီ အထဲမှာ နာမည်အကြီးဆုံးကတော့ နွားနို့ပေ့ါ။ သူ့နောက်မှာ လိုက်နေတာကတော့ ပဲနို့ပါ။ နို့ထဲမှာ ဒီနှစ်ခုကတော့ လူသိများပြီးသား နို့တွေပါ။ ဒါပေမယ့် နာမည်ကြီး နွားနို့နဲ့ ပဲနို့နေရာမှာ ဆိတ်နို့က အစားထိုးအနိုင်ယူတော့မယ် ဆိုရင် သင်အံ့သြသွားမလား။ ဆိတ်နို့ဟာ နွားနို့နဲ့ ပဲနို့ထက်ပိုကောင်းတယ်ဆိုပြီး ရှာဖွေတွေ့ရှိထားတာမကြာသေးပေမယ့် တဟုန်ထိုးဘာ့ကြောင့် နာမည်ကြီးလာတာလဲနဲ့ နို့သောက်မယ်ဆိုတိုင်း ဘာ့ကြောင့်ဆိတ်နို့ကို ဦးစားပေး ရွေးချယ်သင့်လဲဆိုတဲ့အကြောင်းလေးတွေ ဆက်ကြည့်လိုက်ရအောင် ။ ။ ( ၁ ) ဆိတ်နို့ဟာ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကို မဖြစ်စေပါဘူး။ ။ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကိုဖြစ်စေတဲ့ Lactose ဟာ နွားနို့ထက်စာရင် ဆိတ်နို့မှာ ၁၀ ရာခိုင်နှုန်းလျော့ပြီး ပါဝင်တဲ့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ။

လူတော်တော်များများက ခန္ဓါကိုယ်ကျန်းမာအောင် နို့သောက်ပါလို့ပြောလိုက်ရင် နွားနို့ သောက်ရမယ်ဆိုတဲ့ စိတ်ကူးက အရင်ဖြစ်လာတာပါ။ တကယ်တော့ ခန္ဓါကိုယ်မှာ အားပြည့်အောင် သောက်သုံးလို့ရတဲ့နို့က နွားနို့တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ဆိတ်နို့ လည်းရှိပါတယ်။ ဆိတ်နို့ကလည်း ခန္ဓါကိုယ်အတွက် အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဆိတ်နို့မှာ သဘာဝအာဟာရဓါတ်တွေ နွားနို့ထက် ပိုမိုပါဝင်ပါတယ်။ ရှေးလူကြီးတွေ ပြောပြချက်အရ ဆိတ်နို့က နွားနို့ထက် ပိုပြီးအာဟာရဓါတ်တွေ ပိုကြွယ်ဝတယ် ပိုအားရှိတယ်လို့ ပြောကြပါတယ်။ ဆိတ်နို့ဆိုတာ ဆိတ်နို့ ဆိုတာက ဆိတ်ကနေရတဲ့ နို့အမျိုးအစားတစ်မျိုးပေါ့။ ဆိတ်နို့မှာ ကယ်လ်ဆီယမ်၊ဖော့စဖရပ်စ်၊ riboflavin တို့လိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်တဲ့ Fatty Acid ပါဝင်နေပါတယ်။ ကလေးလေးတွေကနေစလို့ လူကြီးတွေအထိသောက်လို့ရပါတယ်။ ခြုံပြီးပြောပြရရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာနို့တစ်မျိုးပါ။ ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေ ပရိုတင်း အဆီ ဗီတာမင် A […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုယ်ခန္ဓါအတွက် မရှိမဖြစ် ကော်လာဂျင်။ ။

ကော်လာဂျင် လို့ဆိုလိုက်တာနဲ့ နုပျိုချင်ရင်၊အသားအရေတင်းရင်းချင်ရင် ကော်လာဂျင်သောက်၊ အသက်ကြီးလာရင်ကော်လာဂျင်ရှိဖို့လိုအပ်တယ်ဆိုတဲ့ စကားသံတွေ မကြာခဏ ကြားဖူးကြမှာပါ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကော်လာဂျင်ဆိုတာ အသားအရေ အတွက်ကောင်းစေတဲ့ ဓါတ်စာတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။ ဒါပေမယ့် ကော်လာဂျင်ဟာ အသားအရေအတွက်တစ်ခုပဲ ကောင်းစေတာမဟုတ်ပါဘူး။ အသားအရေအပြင် ကိုယ်ခန္ဓါမှာ ကော်လာဂျင်ရဲ့ အခြား အခန်းကဏ္ဍ တွေ အများကြီးရှိပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ ကော်လာဂျင်ဆိုတာဘာလဲ ။ ။ Collagenကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက်ထုတ်လုပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ သုံးပင်လိမ် သဏ္ဍာန်ရှိတဲ့ ရှည်လျားပြီး အမျှင်ပုံစံရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ကျုံနိုင် ဆန့်နိုင်အား အလွန်ကောင်းမွန်ပြီး ကိုယ်တွင်းဆဲလ်တွေနဲ့ တစ်ရှူးတွေကို ထောက်ပံ့ပေးတဲ့ ပရိုတင်းတစ်မျိုးပါ။ ပရိုတင်းဆိုတော့ Amino acid တစ်မျိုးဖြစ်တဲ့ Collagen ကို Amine နဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ့်ကိုယ်ကိုယ်ရော အဆီချဖို့လိုတယ်လို့ ထင်နေပြီလား

ဒီဘတ်ခေတ်မှာ မိန်းကလေးတွေ တော်တော်များများ ဘာလို့ အဆီချဖို့ အပြင်းအထန်ကြိုးစားနေကြတာလဲ။ အဓိကကတော့ လှချင်လို့ပဲပေါ့။ ပိန်မှလှမယ်လို့ ထင်နေတဲ့ လူပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သူတို့တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးသွားတဲ့အခါ ငါဝနေရင် မလှတော့ဘူးဆိုတဲ့ အားငယ်စိတ်ေတွ ဝင်လာတတ်တာ သဘာဝပါပဲ။ အဲ့တော့ ဒီနေ့ဆောင်းပါးမှာ သင် အဆီချဖို့ လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ပျမ်းမျှ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲ။ ကိုယ်အလေးချိန် လူတစ်ယောက် ဝတယ်၊ မဝဘူး၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိလားဆိုတာကို Body Mass Index – BMI နဲ့ တွက်ဆလို့ ရပါတယ်။ ဥပမာအားဖြင့် ပုံမှန်အရပ် ၅ပေ ၉လက်မ ရှိတဲ့ အမျိုးသားတစ်ယောက် ကျန်းမာသော ကိုယ်အလေးချိန် = ၁၂၁ - ၁၆၃ ပေါင်၊ […]


အဝလွန်ခြင်း

ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား

လူလည်းသိပ်မဝပါဘဲ ဗိုက်ခေါက်လေး ပဲထွက်နေတာ အလှအပနဲ့ပတ်သက်ပြီး ပျိုမေတို့အကြောက်ဆုံးအရာပါ။ ဗိုက်အဆီမရှိဘဲ ချပ်ရပ်နေတဲ့ကိုယ်အချိုးအစားကို မိန်းကလေးတိုင်းလိုချင်ပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ်ပြည့်ပြည့်ဖောင်းဖောင်းလေးတွေဖြစ်ဖြစ် ဗိုက်လေးချပ်အောင်တော့ ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ ဗိုက်အဆီဆိုတာ အလှအပအတွက်တင်မက လူ့ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုးယူဆောင်လာနိုင်လို့ပါ။ ဗိုက်ခေါက်လေး ကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အကောင်းဆုံးအကြံဉာဏ်ကတော့ - အမျှင်ဓာတ်များများစားပါ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။ သက်သာမယ့်နည်းလမ်းကိုရှောင်ပါ တစ်နေရာသွားမယ်ဆို နီးနီးလေးကို ကားလေးစီးမယ်၊ ဆိုက်ကားစီးမယ်နဲ့ သက်သောင့်သက်သာသွားလာရဖို့ စဉ်းစားတာမျိုးရှောင်ပါ။ လမ်းလျှောက်လို့ရရင် လမ်းလျှောက်လိုက်ပါ။လှေကားနဲ့တက်နိုင်ရင် တက်လိုက်ပါ။ ခန္ဓာကိုယ်ကို သနားပြီး သက်သာအောင်နေတာမျိုး မလုပ်တာကောင်းပါတယ်။ ဒါမှ အဆီတွေလောင်ကျွမ်းစေမှာပါ။ အဆီကို သတိထားပါ အဆီများတဲ့အစားအစာတွေကိုသတိထားချင့်ချိန်ပါ။ ကိုယ်စားမယ့်အစားအသောက်တွေမှာ ကယ်လိုရီနဲ့ အဆီဓာတ်ပမာဏ ဘယ်လောက်ပါလဲတွက်ချက်ပါ။ အစေ့အဆန်၊အသီးအရွက်နဲ့ ငါးတွေကနေရတဲ့ အကျိုးပြုအဆီတွေကို ဦးစားပေးပါ။ ခါးလှည့်ကွင်း […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အသားစားရတာ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ကာနီဗိုး Diet

ကိုယ့်အသိတွေမှာ အသားအရမ်းကြိုက်တဲ့သူရှိလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကရော အသားမှ အသားပဲ စားချင်တဲ့သူတွေထဲမှာပါလား။ ဒါဆို ခုပြောပြပေးမယ့်ဆောင်းပါးကို သင်စိတ်ဝင်စားမိမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ ကာနီဗိုး (Carnivore Diet) ရဲ့ အကျိုးကျေးဇူးတွေ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သိထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကာနီဗိုး Diet ဆိုတာဘာလဲ။ အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုပဲ စားပေးရတာဖြစ်ပြီး တခြားအစားအစာမှန်သမျှ လုံးဝရှောင်ရတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ်အလေးချိန်ကို ကျစေပြီး ကြွက်သားတက်မြန်စေတယ်။ စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး သွေးတွင်းသကြားဓါတ်ကို ပုံမှန်လည်ပတ်စေတယ်လို့ ဆိုကြပါတယ်။ တခြားအစားအစာကနေ ကိုယ်ခန္ဓါအတွက် မကောင်းတဲ့ ကာဗိုဟိုက်ဒြိတ်တွေကို ရှောင်ဖို့နဲ့ ကြွက်သားထု အလျင်အမြန်တက်စေဖို့ ရည်ရွယ်ချက်နဲ့ ကာနီဗိုး Diet ကို တည်ထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ ဒီနည်းလမ်းဟာ ရေတိုအတွက်သာ အဆင်ပြေပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြက်ဥအစိမ်းစားရင် ကျန်းမာရေးအတွက်အကျိုးရှိတာ သေချာလား

ကြက်ဥ၊ ဘဲဥတွေမှာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနဲ့ အာဟာရဓာတ်များစွာ ပါဝင်သလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အကျိုးပြုတဲ့ အစားအစာအဖြစ် လူတိုင်းက လက်ခံထားကြပါတယ်။ ကိုလက်စထရောနဲ့ ကယ်လိုရီဓာတ် အနည်းငယ်ပါဝင်တဲ့အတွက် တန်ဆေး လွန်ဘေး အတော်အသင့်စားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ကြက်ဥတွေက ချက်ရ၊ ပြုတ်ရတာလည်း အဆင်ပြေသလို ဟင်းအမည် တော်တော်များများမှာလည်း ကြက်ဥကို မပါမဖြစ် ထည့်သွင်းကြပါတယ်။ မွှေကြော်မလား၊ ထမင်းနဲ့ တွဲကြော်မလား၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနဲ့ ရောချက်မလား၊ ဆီပြန်ဟင်းချက်မလား၊ ပြုတ်ပြီး၊ ပေါင်းပြီးလည်း စားလို့ရတာမို့ အိမ်ရှင်မတွေအတွက် ချက်ပြုတ်ရတာလည်း အရမ်းလွယ်ကူပါတယ်။ ကြက်ဥအစိမ်းစားခြင်း ခုနောက်ပိုင်းမှာ ကြက်ဥကို အစိမ်းလိုက်စားတဲ့ အလေ့အကျင့်က ပြန်ပြီးခေတ်စားလာပါတယ်။ တချို့ကလည်း အားရှိတယ်၊ ကြွက်သားတက်တယ်၊ ကျန်းမာတယ်ပေါ့။ အစိမ်းမစားရဲတဲ့သူတွေကလည်း ဒီအကျင့်က မကောင်းဘူး၊ ရောဂါပိုးတွေ ပါနိုင်တယ်၊ ချက်ပြီးစားတာပဲ ကောင်းတယ်ပေါ့။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေစားမလဲ

ခန္ဓာကိုယ် ဖွဲ့စည်းမှုအရ လေဒီလေးတွေသာ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒီခန္ဓာကိုယ်အစိတ်အပိုင်းက ငယ်စဉ်မှာ သိပ်အရေးမပါဘူးထင်ရပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သူ့ရဲ့ အရေးပါမှုက များလာပါတယ်။ လစဉ်ရာသီသွေးဆင်းဖို့ လုပ်ဆောင်ပေးသလို မေမေဖြစ်နိုင်မယ့် အခွင့်အရေးအတွက်လည်း စွမ်းစွမ်းတမံစွမ်းဆောင်ပေးတဲ့ အစိတ်အပိုင်းလေးပါ။ သူကတော့ သားအိမ်လေး ပဲ ဖြစ်ပါတယ်၊၊ သားအိမ်လေး ကျန်းမာနေစေဖို့ ဘာတွေစားမလဲ အရွယ်ရောက်လာတဲ့ လေဒီတိုင်းအတွက် သားအိမ်လေးကျန်းမာဖို့က မဖြစ်မနေလိုအပ်ပါတယ်။ သားအိမ်ကျန်းမာမှ ကိုယ်နဲ့ ကိုယ်ချစ်ရသူအတွက် ကိုယ်ပွားလေးတွေ မွေးပေးနိုင်မှာကိုး။ ဒီတော့ ကျန်းမာတဲ့ သားသားမီးမီးလေးတွေကို မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများစားရမလဲ။ ဆက်ကြည့်လိုက်ရအောင်ပါ။ ကြက်ဥအနှစ် ကြက်ဥအနှစ်က အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်ခုပါ။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးသလို သားအိမ်လေးကျန်းမာစေဖို့ လိုအပ်တဲ့ ကိုလင်းကိုလည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သစ်သီးတွေ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတွေဖြစ်ကြတဲ့ လိမ္မော်သီး၊ ရှောက်ချိုသီးစတဲ့ အချဉ်အရသာပါတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း