ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပရိုတင်း လုံလုံလောက်လောက် မစားကြောင်းပြနေတဲ့ လက္ခဏာ ၅ ချက် ။ ။

ကျန်းမာပြီး ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓါတစ်ခု ရဖို့ဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓါတ် မျှမျှတတနဲ့ လုံလုံလောက်လောက်စားဖို့လိုတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့်လည်း ကိုယ်ကြိုက်တာချည်းပဲ ကိုယ်ရွေးစားတဲ့သူတွေ များနေတော့ အာဟာရဓါတ်တွေ ပိုနေတာက ပို၊ လိုနေတာကလိုတာတွေ ဖြစ်နေတော့တာပေါ့ ။ ဒီနေ့ပြောမယ့် ဆောင်းပါးလေးကတော့ ပရိုတင်း လုံလုံလောက်လောက် မစားထားကြောင်းကို ပြနေတဲ့ အချက် ၅ ချက်အကြောင်းပဲ ရှိပါတယ်။ ကိုယ့်မှာ ဒီ အချက်တွေ ရှိနေပြီဆိုရင်တော့ အသားတွေ၊ ပရိုတင်းတွေ မြန်မြန်သားပြေးစားပေတော့ဗျို့ ။ ။ ပရိုတင်းဓါတ်ချို့တဲ့နေပြီဆိုတာကို ကိုယ်ခန္ဓါက ဘယ်လိုပြနေလဲ ။ ။ ဒီလို ပရိုတင်း ချို့တဲ့တဲ့ ပြဿနာဟာ သတ်သတ်လွတ်စားတဲ့သူတွေနဲ့ အသားစားဖို့ ကြေးများတဲ့သူတွေ မှာ ပိုတွေ့ရတတ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။ ( ၁ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စပျစ်သီး ချိုချိုလေး စားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စပျစ်သီး ချိုချိုလေး စားလိုက်ရတာက ထမင်းစားပြီးချိန်ဆိုရင် စိတ်ကျေနပ်မှုတော်တော်လေးရစေတဲ့အချက်တစ်ခုပါ။ သစ်သီးတွေထဲမှာမှ စပျစ်သီးကိုကြိုက်တတ်တယ်ဆိုရင်တော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရရှိစေမှာပါ။ စပျစ်သီး (Grapes) စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်။ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ်သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီး အစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တိုပထက် ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။ စပျစ်သီး မှာပါတဲ့ ဓာတ်တွေ စပျစ်သီးမှာ ဒီလိုအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီ အမျှင်ဓါတ် ဗီတာမင် C ဗီတာမင် K သီရာမင်း Riboflavin ဗီတာမင် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

ငါးကင်မှ ငါးကင် အရမ်းကြိုက်ကြတာ တီလားပီးယားငါးပါနော်။ ငါးသံပရာပေါင်းလည်း ဒီငါးပါပဲ၊ ငါးချိုချဉ်ဆိုလည်း သူပဲ၊ ငါးကြွပ်ဆော့စ် လည်းသူပဲ။ ငါးနဲ့ပတ်သက်တဲ့ လူကြိုက်များတဲ့ ဆိုင်ဟင်းလျာတွေမှာ တီလားပီးယားငါးကိုပဲသုံးကြပါတယ်။ အသားလည်းနူးညံ့တယ်၊ ချက်ပြုတ်စီမံသမျှအနံ့အရသာလည်းဝင်တယ်၊ အညှီနံ့နည်းတယ်၊ ချက်ရမြန်တယ်၊ အရိုးနည်းတယ် ဆိုတာတွေက သူ့ရဲ့အားသာချက်တွေပါ။ ဒါပေမယ့် သတင်းပြန့်နေတာတစ်ခုက တီလားပီးယားစားရတာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့လေ။ အဆိပ်သင့်မယ် ဘာညာတွေ သတင်းထွက်ခဲ့ပါတယ်။ ကြိုက်နှစ်သက်နေကြတုန်း၊ စားနေကြတုန်းဆိုပေမယ့် စိတ်ထဲလည်း သင်္ကာမကင်းဘဲ စားရမဖြောင့်ဘူးပေါ့။ အခုတော့ ဒီကိစ္စအဖြေထုတ်ဖို့အတွက် တီလားပီးယားက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုလဲဆိုတာ အရင်ပြောကြရအောင်။ ဘာတွေ အကျိုးကျေးဇူးပေးနိုင်လဲ ကြီးထွားဖွံ့ဖြိုးမှု တီလားပီးယားရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက သူ့ရဲ့အလန်းစားပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကိုဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓါတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

သခွားသီးကပေးတဲ့ အာဟာရတန်ဖိုး

Hello ဆရာဝန်ပရိတ်သတ်တွေထဲမှာ ထမင်းစားတိုင်း တို့စရာ သခွားသီးမပါရင် မစားတတ်တဲ့သူတွေရှိလား။ ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက်ဖြစ်မှာပါ။ အလှအပအတွက်သာမက ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်ကိုပါ သခွားသီးက ဘယ်လိုအကျိုးပြုနိုင်လဲဆိုတဲ့အကြောင်းကို ရှင်းပြပေးသွားပါမယ်။ သခွားသီးမှာ ပါတဲ့အာဟာရဓါတ်တွေ ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ် ကြွယ်ဝတယ်။ ကယ်လိုရီနဲ့ အဆီဓါတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓါတ်ပမာဏ ၉၆ ရာခိုင်နှုန်း ပါဝင်လို့ ကိုယ်ခန္ဓါတွင်း ရေဓါတ်ဖြည့်ပေးနိုင်တယ်။ သခွားသီးရဲ့ အာဟာရဓါတ်တွေ အပြည့်အဝရရှိဖို့ အခွံမခွာဘဲ စားပေးရပါမယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ သခွားသီးမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။ နှလုံး၊ အဆုတ်ကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ် ဖောက်လွှဲဖောက်ပြန် မဖြစ်စေဖို့ ကူညီပေးတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ ။ ။

ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ့တင်ပါးလေးကို ဘယ်သူက မလိုချင်ဘဲ ရှိမလဲနော်။ ခုခေတ်က ကိတ်မှ လှတဲ့ခေတ်မလား။ ဒီတော့ တင်ပါးကိတ်လာအောင်လို့ လေ့ကျင့်ခန်းတွေ လုပ်ရတာ လူသာပင်ပန်းပြီး ခရီးသိပ်မရောက်ဘဲ ဖြစ်နေပြီလား။ တကယ်တော့ လှပတဲ့ကိုယ်ခန္ဓါတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ကူမှရမှာပါ။ ဒီတော့ ဘယ်လို အစားအသောက်တွေက တင်ပါးကို ကြီးပြီး ကိတ်လာစေမှာလဲ ။ ။ တင်ပါးအကိတ်တစ်လိုင်းထဲ ရောက်စေမယ့် အစားအသောက်တွေ ။ ။ ( ၁ ) ကြက်ဥ ကိုယ်လိုချင်တဲ့ တင်ပါးပြည့်ပြည့်လေးကို ကြွက်သားတွေနဲ့ တည်ဆောက်မှ ရတော့မှာဆိုတော့ ပရိုတင်းရှိဖို့လိုတယ်လေ။ ကြက်ဥတို့ ဘဲဥတို့ကရတဲ့ ပရိုတင်းလောက် ကျန်းမာရေးကို အထောက်အကူပြုတာ မရှိတဲ့အတွက် ကြက်ဥတွေ ဘဲဥတွေက တင်ပါးကို ကြီးပြီးကိတ်စေမယ့် အစားအသောက်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့။ ( […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲနီလေး စားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ပဲနီလေး လို့ ပြောလိုက်ရင် မျက်လုံးထဲမှာ လိမ္မော်ရောင်ရင့်ရင့် ပဲစိသေးသေးလေးတွေကိုပြေးမြင်မယ်ထင်ပါတယ်နော်။ ကုန်ခြောက်ဆိုင်တွေမှာ အလွယ် တကူဝယ်ယူလို့ရနိုင်သလို ရာသီမရွေးစားသုံးလို့ရတဲ့ ပဲအမျိုးအစားတစ်မျိုးပါ။ ဟင်းရည်ချက်စားကြသလို ပဲနီလေးကို ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့နှပ်စားတာမျိုးလည်းရှိပါတယ်။ စားရတာနူးနူးညံ့ညံ့နဲ့စားကောင်းတဲ့ ဟင်းတစ်မျိုးပါ။ ပဲနီလေးမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ......... ပဲနီလေး စားသုံးပေးရင်းရရှိမယ့် အာဟာရဓာတ်တွေက ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီ အမျှင်ဓာတ် သီရာမင်း နီကာဆင် ဗီတာမင် B6 ဖောလိတ် သံဓာတ် Pantothenic Acid မဂ္ဂနီဆီယမ် ဖော့စဖောရပ်စ် ပိုတက်ဆီယမ် ဇင့် ကော့ပါး မဂ္ဂနိစ် တို့ပါဝင်နေပါတယ်။ ပဲနီလေးစားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ....... ပဲနီလေး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ နှလုံးကျန်းမာစေနိုင်တယ် ပဲနီလေးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်၊ဖောလစ်အက်ဆစ်နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောပမာဏကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

သကြားသီးကြိုက်သူတွေအတွက် သတင်းကောင်း

လူတစ်ကိုယ် အကြိုက်တစ်မျိုးပါ။ ဒီထဲမှာမှ သင်ကသစ်သီးတွေကြိုက်တယ်ဆိုရင် ခန္ဓါကိုယ်အတွက်ကောင်းကျိုးရှိမှာအများကြီးပါ။ ဒီထဲမှာမှ သကြားသီးကြိုက်တတ်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ သကြားသီးဆိုတာ သကြားသီးက အပူပိုင်းအမြဲစိမ်းမျိုးရင်းဝင်အပင်ရဲ့ အသီးတစ်မျိုးပါ။ အရသာရှိပြီး သရက်သီး၊ ငှက်ပျောသီး၊ ပိန္နဲသီးတို့လိုပဲ ကယ်လ်လိုရီကြွယ်ဝစွာပါဝင်နေပါတယ်။ အမေရိကအလယ်ပိုင်း မိုးသစ်တောတွေက သကြားသီးပင်တွေရဲ့ မျိုးရင်းနေရာတွေပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာလည်း သကြားသီးပင်တွေပေါက်ရောက်ကြပါတယ်။ သကြားသီးက ခပ်ဝိုင်းဝိုင်းပုံစံရှိသလို ဘဲဥပုံလေးလည်းဖြစ်နိုင်ပါတယ်။ လုံပတ်က ၁၀ စင်တီမီတာလောက်ရှိပြီး အသီးကတော့ အရမ်းမကြီးပါဘူး။ အသီအလယ်မှာ အမဲရောင် အစေ့တွေပါတတ်ပါတယ်။ သကြားသီးအမှည့်က အခွံအဝါရောင်ရင့်ရင့်လေးဖြစ်ပြီး အတွင်းသားလေးက ညိုတိုတိုလေးပါ။ စားရတာ မွတ်ပြီး ချိုပါတယ်။ သကြားတွေမှာပါသလို ဖရက်စ်တို့ နဲ့ ဆူးခရို့တို့ပါဝင်နေပါတယ်။ သကြားသီးကပေးစွမ်းတဲ့ ကျန်းမာရေးအာနိသင် အရသာရှိတဲ့ သကြားသီးလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အသားအရေကျန်းမာစေနိုင်တယ် သကြားသီးက အသားအရေကို Glowစေနိုင်ပါတယ်။ သကြားသီးမှာ ဗီတာမင် E […]


အာဟာရဆိုင်ရာ အချက်အလက်များ

သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ

အမျိုးသားတစ်ယောက်အတွက်တော့ သုက်ရည်ထဲ သွေးပါလာတဲ့ကိစ္စဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းမှာတော့ အမှန်ပါပဲ။ များသောအားဖြင့် ဒါကိုဘာကြောင့်ဖြစ်တာလဲလို့ မပြောခင် တခြားလက္ခဏာတွေ၊ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာတွေကို သိထားဖို့တော့ လိုပါတယ်။ အသက် ၄၀ မပြည့်သေးတဲ့ အမျိုးသားတွေမှာ သုက်ရည်ထဲသွေးပါလာတာကလွဲပြီး တခြားဘာလက္ခဏာမှ မပြဘူးဆိုရင် သိပ်ပြီး စိတ်ပူဖို့မလိုပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း သုက်ရည်က ပုံမှန်အရောင်အတိုင်းပြန်ဖြစ်သွားမှာပါ။ အသက် ၄၀ အထက် အမျိုးသားတွေဆိုရင်တော့ နည်းနည်းသတိထားဖို့လိုပါတယ်။ အထူးသဖြင့် သုက်လွှတ်တဲ့အခါတိုင်းလိုလို သွေးပါလာတာ၊ ဆီးထဲမှာ သွေးပါလာတာ၊ အချိန်တော်တော်ကြာတဲ့အထိ မပျောက်သွားဘူးဆိုရင် Hematospermia လို့ ခေါ်တဲ့ရောဂါဖြစ်နိုင်ပါတယ်။ သုက်ရည်ထဲ သွေးပါလာတာ တခြားဘာကြောင့်ရော ဖြစ်နိုင်လဲ။ ၁။ ဆီးကျိတ်ဂလင်း၊ သုက်ပို့ပြွန်မှာ ပိုးဝင်ပြီး ရောင်နေတာ ၂။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (ဂနို၊ ခလက်မီးဒီးယား) ၃။ ဆီးကျိတ် အသားစယူပြီးနောက် ယာယီသွေးထွက်ခြင်း ၄။ ဓာတ်ရောင်ခြည်ကုထုံး ၅။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချတဲ့နေရာမှာ အရေးပါတဲ့ food ဒိုင်ယာရီတစ်ခု ဘယ်လိုဖန်တီးကြမလဲ ။ ။

ဝိတ်ချချင်လို့ရှိရင် အစားအသောက်ထိန်းတာ၊ ေလ့ကျင့်ခန်းလုပ်တာတွေအပြင် နောက်ထပ် လုပ်သင်တဲ့ အရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကိုယ်တစ်နေ့တာ ဘာတွေစားလိုက်လဲ ဘယ်လောက်စားလိုက်လဲဆိုတာကို မှတ်ထားတဲ့ မှတ်တမ်းစာအုပ် food diary ပဲဖြစ်ပါတယ်။ ဒါမှ ဒီနေ့ စားလိုက်တာများနေပြီလား၊ လေ့ကျင့်ခန်း ပိုလုပ်ရမှာလား ကယ်လိုရီကရော ဘယ်လောက်ရှိနေပြီလဲဆိုတာတွေ သေချာတွက်ချက်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ စနစ်ကျတဲ့ food ဒိုင်ယာရီတစ်ခုကို ဘယ်လိုဖန်တီးကြမလဲ ။ ။ ခုပြောမယ့် အချက်တွေ အားလုံးက food ဒိုင်ယာရီတစ်ခုမှာ မပါမဖြစ်တွေပဲ ဖြစ်ပါတယ်။ ( ၁ ) ကိုယ်အလေးချိန် - ပေါင်နဲ့ဖြစ်ဖြစ် kg နဲ့ဖြစ်ဖြစ် ( ၂ ) အရပ် - လက်မနဲ့ ရော cm နဲ့ရော ကြိုက်တာနဲ့ မှတ်လို့ရပါတယ်။ ( ၃ ) တစ်နေ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အသားမစားဘဲ အသီးအရွက်ချည်းစားပြီး ဝိတ်ချတော့မယ်ဆို ဒါတွေသိထားဖို့လိုပါတယ် ။

အသားဟင်းတွေ က ကယ်လိုရီ တွေ တက်လွန်းဆိုပြီး အသီးအရွက် တွေချည်းစားပြီး ဝိတ်လျှော့ဖို့ စဉ်စားနေပါသလား။ အသီးအရွက်တွေစားက ကျန်းမာရေးအတွက် သင့်တော်တ,f ဆိုပေမယ့် နည်းလမ်းမမှန်တဲ့အခါ မဖြစ်သင့်တဲ့ ဗီတာမင် ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ သတ်သတ်လွတ်စားတဲ့သူတွေရော၊ အသီးအရွက်ချည်းပဲစားပြီး ဝိတ်ချဖို့ စဉ်းစားထားတဲ့သူတွေ ရော ခုပြောမယ့်အချက်လေးတွေကို သိသင့်တယ်နော်။ ။ ကိုယ်စားမယ့် ထမင်းတစ်နပ်မှာ ဘာတွေပါသင့်လဲ ။ ။ ကာဘိုဟိုက်ဒရိတ်ပါရပါမယ်။ တစ်နေ့လုံး အသီးအရွက်ချည်းစားရုံနဲ့တော့ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အားအင်တွေ ပြည့်မှာ မဟုတ်ပါဘူး။ ဒီတော့ အားရှိဖို့အတွက် ကစီဓါတ်ကြွယ်ဝတဲ့ ထမင်း၊ အာလူး ကန်စွန်းဥတို့ စားပေးသင့်ပါတယ်။ တကယ်တော့ အသီးအရွက်တွေကရတဲ့ အမျှင်ဓါတ်ဆိုတာလည်း ကာဘိုဟိုက်ဒရိတ် တစ်မျိုးပါပဲ။ ဒါပေမယ့် ထမင်းမှာပါတဲ့ ကစီဓါတ်ကိုကျ ကိုယ်ခန္ဓါက ဖြိုခွဲပေမယ့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း