ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သြဇာသီး ကြိုက်သူလေးတွေ ရှိလား

ငယ်ငယ်က ကျင်းလေးတူးပြီး သြဇာစေ့ တောက်ခဲ့ဖူးတယ် ဆိုရင်တော့သေချာတာက သင်က သင်က သြဇာသီး ကြိုက်တဲ့သူဆိုတာပါ။ သြဇာသီးတွေကို စားပြီးတိုင်း သြဇာစေ့တွေကို သေချာဗူးနဲ့ ထည့်ပြီး စုခဲ့ရတာ အမောနော်။ ကစားဖို့အတွက် တော်တော်လေး အသုံးတည့်တဲ့ သြဇာသီးတွေကို ရဖို့ သြဇာသီးတွေကို စားခဲ့ဖူးမယ်ဆိုရင်တော့ အခုလို အကျိုးကျေးဇူးတွေကို ခံစားနေရလောက်ပါပြီ။ သြဇာသီး ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ........ သြဇာသီး ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်တယ် သြဇာသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အသားအရေပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်သလို အသားအရေကိုလည်း အစိုဓါတ် ထိန်းပေးပါတယ်။ ကိုယ်အလေးချိန်တက်စေနိုင်တယ် ဝချင်သူလေးတွေအတွက် အဆင်ပြေစေမယ့် နည်းတစ်ခုပေါ့။ သြဇာသီးကို ပျားရည်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံတာပါ။ သဘာဝတရားကပေးစွမ်းတဲ့အရာတွေတိုင်းက လူတွေကို တစ်ဖက်တစ်လမ်းကတော့ အကျိုးပြု စမြဲပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်က ဝူခုန်းကားထဲကနေတဆင့် ရင်းနှီးခဲ့တဲ့ မက်မွန်သီးလေးက ဘယ်လိုအကျိုးကျေးဇူးတွေ ပေးလဲဆိုတာ ကြည့်လိုက်ရအောင်လား။ မက်မွန်သီး ဆိုတာ မက်မွန်သီးဆိုတာက အပေါ်ခွံမှာ အမွှေးပွပွလေးတွေပါတဲ့ ပန်းရောင်၊အနီရောင်နဲ့ အဝါရောင်ရောစပ်ထားတဲ့ အခွံရှိတဲ့အသီးပါ။ အသားက အဝါရောင်ရှိပြီး အသီးရဲ့ အလယ်မှာ အစေ့ခပ်ရွယ်ရွယ်တစ်စေ့ပဲပါတတ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အနံ့မွှေးပြီး စားရတဲ့ အရသာကလည်း ချိုပါတယ်။ အဖန်အရသာအနည်းငယ်ပါတာမျိုးလည်းရှိပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့အာဟာရကြွယ်ဝတဲ့ မက်မွန်သီး မက်မွန်သီးမှာ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားအကျိုးပြု ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ မက်မွန်သီး စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက် ကယ်လ်လိုရီ ပရိုတင်း အဆီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓါတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကော်လာဂျင်သောက်ပေးသင့်တဲ့ အကြောင်းအရင်း ၅ ချက်

ဆရာဝန်တွေက အလှအပနဲ့ပတ်သက်လာရင် ဂုရုကြီးဖြစ်တဲ့ကော်လာဂျင်ကိုမေ့မထားနဲ့နော်လို့ပြောတာကြားဖူးလား။ ဒါကတကယ်တော့ လိုကိုလိုအပ်တဲ့အချက်တစ်ခုပါ။ လေဒီတော်တော်များများကအလှအပအတွက်လို့ပြောလိုက်ရင် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေနဲ့ အလှကုန်တွေကိုပဲအဓိက မဲရှာတတ်ကြတယ်လေ။ တကယ်တော့ စစ်မှန်ကျန်းမာတဲ့ လှပမှုကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်ကော်လာဂျင်ကိုမေ့မထားသင့်ပါဘူး။ ကော်လာဂျင်ဆိုတာ ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓါကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှုးတွေကို အားဖြည့်ပေးထားပါတယ်။ ကော်လာဂျင်က အလှအပအတွက်ပဲအရေးပါတာလား...... ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ ခန္ဓါကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။ ခန္ဓါကိုယ်ကကော်လာဂျင်ကို ထုတ်ပေးနိုင်လား.......... ဒီလိုဆိုတာနဲ့ကော်လာဂျင်ကို မဖြစ်မနေသောက်ပေးရမှာလားဆိုတော့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချ တဲ့အခါ အထိမိဆုံး အစားအသောက်အတွဲအစပ် (၁၀) မျိုး

ပိန်ချင်လို့၊ ကျစ်ချင်လို့ အစားလျှော့စားတယ်၊ planတွေလိုက်လုပ်တယ်၊လေ့ကျင့်ခန်းတွေလုပ်တယ်၊ Diet planတွေအသင့်လုပ်ပြီးသား ဝယ်စားတယ်။ ဘယ်နည်းကိုပဲဖြစ်ဖြစ် သေချာကြိုးစားမယ်ဆို ကိုယ်အလေးချိန်က ကျကိုကျပါတယ်။ ဒါပေမယ့် Diet လုပ်နေရင်းနဲ့ ဝိတ်ကျပိုမြန်စေမယ့်၊ ပိုထိရောက်စေမယ့်အတွဲအစပ်တွေနဲ့စားမယ်ဆိုရင် အိုကေပဲပေါ့။ ဘယ်လိုအကျိုးရှိလဲဆိုတော့ ဒီအတွဲအစပ်တွေက ကိုယ့်ကို ပိုအဆာခံစေလိမ့်မယ်၊ အစားရှောင်ရပေမယ့် အာဟာရပြည့်နေစေလိမ့်မယ်၊ အဆီနဲ့ကယ်လိုရီ ပိုလောင်ကျွမ်းစေလိမ့်မယ်ဆိုတာမျိုးတွေ။တော်တော်များများက လူသိများတဲ့ diet planတွေမှာ ပါတတ်တဲ့အတွဲအစပ်တွေပါ။ ဝိတ်ချ Diet plan မှာ ပါသင့်တဲ့ စူပါအတွဲအစပ် (၁၀) တွဲ (၁) ထောပတ်သီးနဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေ ဘိုဆန်တယ်ပဲပြောပြော အစိမ်းရောင်အသီးအရွက်တွေနဲ့ထောပတ်သီးလေးတွေကို မာရိုးနစ်နည်းနည်းနဲ့ saladပြင်ဆင်တာက တကယ်အဆင်ပြေတဲ့အတွဲအဖက်ပါ။မြန်မာလိုပဲစားမယ်ဆို ဟင်းနုနွယ်၊ ကိုက်လံတို့ကို ဆီမပါတပါလေးကြော်ပြီးစား၊ထောပတ်သီးကို အချိုတည်းလို့ရပါတယ်။ အစိမ်းရင့်ရောင်အရွက်တွေက ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတယ်။ထောပတ်သီးက အကျိုးပြုအဆီတွေပါဝင်ပြီး အဆာခံစေတယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတယ်ဆိုတော့ တွဲဖက်လို့အကောင်းဆုံးပါ။ (၂) ကြက်သားနဲ့ ငရုတ်တောင့်ရှည် အဆီချ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

အစားအသောက်တွေဆိုရင် အနံ့အရသာနဲ့ပြည့်စုံမှစားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့အရသာလေးကိုမှ ကြိုက်တယ်ဆိုရင်တော့ဆေးဖြစ်ဝါးဖြစ်အနေနဲ့ အခါးလေးနည်းနည်းလောက်စားပါ၊ လို့ပြောပါရစေနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ....... အခါးစားပေးသင့်တဲ့အကြောင်းအရင်း အခါးကိုနေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ အခါးဓါတ်က ခန္ဓါကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါးစားပေးတဲ့အခါ အစာခြေစနစ်ကျန်းမာမယ် အခါးဓါတ်က အစာခြေစနစ်ထဲမှာရှိတဲ့ အဆိပ်အတော်တွေကိုဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေဖြစ်တဲ့ တံထွေးအပါအဝင် အစာအိမ်ကအက်ဆစ်တွေဖြစ်ပေးအောင်လှုံ့ဆော်ပေးပါတယ်။ သည်းခြေရည်ကိုဖြစ်ပေါ်စေနိုင်ပြီး အသည်းက အဆီတွေချေဖျက်မှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရတာလွယ်ကူစေပြီး ခန္ဓါကိုယ်ကို လိုအပ်တဲ့ အာဟာရတွေပြည့်ပြည့်ဝဝစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အာဟာရစုပ်ယူမှု အားကောင်းစေမယ် အစာခြေအင်ဇိုင်းကို ပိုမိုထုတ်လုပ်နိုင်စေပြီး စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေတာကြောင့် အာဟာရချို့တဲ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် B12၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓါကိုယ်နဲ့သံဓါတ်

အသက်ကို ဉာဏ်စောင့်သတဲ့။နေ့စဉ်စားသောက်မှုကစလို့ အိပ်စက်ချိန်တွေကိုပါသေချာလေးဂရုစိုက်ပေးနိုင်မှ လူတစ်ယောက်က ကျန်းမာမှာပါ။ ဒါ့အပြင်ဂရုစိုက်ရမှာက ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်ကျန်းမာနေစေဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုဖြစ်တဲ့ သံဓါတ်အကြောင်းနည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့်တော့ ဒီဓါတ်ကလေဒီလေးတွေမှာလိုအပ်တာပါ။ သံဓါတ်ရဲ့ အရေးပါမှုအတိုင်းအတာ သံဓါတ်က ခန္ဓါကိုယ်အတွက် အရေးပါဆုံးသော သတ္တုဓါတ်တွေထဲက တစ်မျိုးပါ။ ခန္ဓါကိုယ်မှာ ဖွဲ့စည်းထားတဲ့ ဆဲလ်တွေတိုင်းမှာ သံဓါတ်ပါဝင်နေပါတယ်။သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။နောက်တစ်ချက်က သံဓါတ်က ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ကိုယ်ခံအားကောင်းစေဖို့လည်း တာဝန်ယူထားသေးတယ်နော်။ ဖျားနာမှုကင်းစေဖို့ လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။ ဘယ်သူတွေမှာ အဓိကလိုအပ်တာလဲ..... သံဓါတ်က လူတိုင်းအတွက် အရေးပါတဲ့ ဓါတ်တစ်မျိုးပါ။ အဓိကလိုအပ်သူတွေကတော့လေဒီတွေပေါ့။ အပျိုဖော်ဝင်ပြီးတဲ့လေဒီလေးတိုင်းမှာ သံဓါတ်ပြည့်ဝနေစေဖို့က မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တွေထဲကတစ်ခုပေါ့။ သံဓါတ်ပြည့်ဝနေစေဖို့က သံဓါတ်အားဖြည့်ဆေးတွေသောက်လို့ရသလို အစားအသောက်တွေထဲမှာ သံဓါတ်ပါအောင် စားသုံးပေးလို့လည်းရပါတယ်။ သံဓါတ်က ခန္ဓါကိုယ်အတွက် ဘာလုပ်ပေးလဲ..... ခန္ဓါကိုယ်အတွက် အရေးအပါဆုံး သတ္တုဓါတ်တစ်ခုဖြစ်တာနဲ့အညီ လုပ်ဆောင်ပေးတဲ့ တာဝန်တွေကလည်းတော်တော်လေးတော့များပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးတယ် သွေးအားနည်းတယ်ဆိုတာ တကယ်တော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။

တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ည အိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက်စားရင် ဝိတ်တက်မယ်ဆိုတာလည်းသိတယ် ဗိုက်ကဆာနေတော့ မစားဘဲနေရင်လည်း အိပ်လို့ကမရ၊ ဒီနေ့စားလိုက်ရင် နောက်ရက် ဒီအချိန်ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေစားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက်ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော် ။ အိပ်ခါနီးတိုင်း အစားစားတတ်တဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် နည်းလမ်းတွေ ။ ( ၁ ) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာ ပရိုတင်း အဓိကပါပါစေ။ ပရိုတင်းက ကစီဓာတ်ထက်စာရင် အဆီစုခြင်းကိုလည်း မဖြစ်စေဘူး စားထားရင်လည်း အဆာခံစေတာကြောင့် တစ်နေ့တာလုံး စားထားတဲ့အစားအစာတွေက ပရိုတင်းဓာတ်ကြွယ်ဝနေဖို့ အရေးကြီးပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အနီရောင်အသားတွေ၊ ပဲ အမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ ( ၂ ) အိပ်ချိန်မှန်ပါစေ။ ညဘက်အိပ်ရာဝင်တာနောက်ကျတဲ့အခါ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားလည်း မလျှော့ဘဲနဲ့ မနက်ဆို ဘာ့ကြောင့် ဗိုက်တွေဆာပြီး နိုးလာရတာလဲ ။ ။

အစားလျှော့နေလို့ ညစာမစားလို့ မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတယ်ဆို ထားပါတော့။ ခုဟာက ပုံမှန်လည်းစားနေရက်သားနဲ့ မနက်မျက်လုံး ပွင့်လာတာနဲ့ ဗိုက်ကြီးက ဟာတာတာနဲ့ ဆာနေတယ်ဆိုတာ ဘာတွေကြောင့် ဖြစ်ရတာလဲ။ အစာအိမ်ရောဂါများရနေပြီလား ။ ။ အများအားဖြင့် ပုံမှန် ဗိုက်အဆာဆုံးအချိန်က ညနေခင်းပါ။ ဗိုက်ဆာမှု အနည်းဆုံး အချိန်တွေကတော့ မနက်ခင်းနဲ့ ညပိုင်းအချိန်တွေပါ။ ဒါပေမယ့် တချို့လူတွေအတွက်တော့ ဒီ အနည်းဆုံးဖြစ်တဲ့ ညသန်းခေါင်းကျော်နဲ့ မနက်အစောပိုင်း အချိန်တွေမှာ ဗိုက်ဆာတာမျိုးဖြစ်တတ်တာက ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ( ၁ ) အိပ်ရာမဝင်ခင် အစားတွေ အများကြီးစားထားလို့ပါ။ အိပ်ရာဝင်ခါနီး ၁ နာရီ ၂ နာရီလောက်အလိုမှာ သရေစာဖြစ်ဖြစ်၊ ဗိုက်ပြည့်အောင်ဖြစ်ဖြစ် တင်းနေအောင် စားလိုက်ရင် မနက်နိုးလာတဲ့အချိန် ဗိုက်ဆာနေတော့မှာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချနေတဲ့သင့်ကို လေ့ကျင့်ခန်းနဲ့အတူ ကူညီပေးမယ့် အရာများ ။ ။

လေ့ကျင့်ခန်း တစ်ခုတည်းနဲ့တော့ နည်းမှန်လမ်းမှန် ထိထိရောက်ရောက်နဲ့ ဝိတ်ချနိုင်မှာ မဟုတ်ပါဘူး။ စနစ်ကျတဲ့ ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းနဲ့အတူ မှန်ကန်တဲ့ စားသောက်မှုပုံစံတစ်ခုလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်မယ် အစားအသောက်ကိုလည်း စနစ်တကျစားမယ်ဆိုရင် အောင်မြင်ဖို့ ၈၀ရာခိုင်နှုန်းတောင်ရှိတာကြောင့် ဝိတ်ချနေတဲ့သင့်ကို ခုပြောပြမယ် အချက်တွေက ကူညီနိုင်မှာပါ ။ ။ ( ၁ ) အစားမစားခင် ရေသောက်ပါ။ ရေသောက်ခြင်းဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တစ်နာရီအတွင်း၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်စေတာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ အစားမစားခင် နာရီဝက်လောက်အလိုမှာ ရေဖန်ခွက် တစ်ဝက်လောက်သောက်ပေးရင် အစားစားချင်စိတ်ေလျာ့သွားပြီး ကယ်လိုရီတွေ အများကြီးလည်း မစားဖြစ်တော့ပါဘူး။ ( ၂ ) ကြက်ဥကို မနက်စာအဖြစ်စားပါ။ မနက်ပိုင်းကို ထမင်းတို့ ဂျုံတို့လို ကောက်ပဲသီးနှံအခြေခံတဲ့ အစားအသောက်တွေ စားခြင်းထက် ကြက်ဥ စားပေးတာက ဝိတ်ချနေတဲ့သူတွေ အတွက် ပိုပြီး အကျိုးရှိစေမှာပါ။ ကြက်ဥက […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ပိုကောင်းမွန်သော ကျန်းမာရေးအတွက် ရက် ၃၀ Diet

Diet လုပ်တယ်ဆိုတာ ဘာလဲ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုရောက်အောင် အစာအာဟာရကို သင့်တင့်မျှတစွာ စားသုံးခြင်းကို ခေါ်တာပါ။ ဝတဲ့သူတွေဆိုရင်လည်း ကိုယ်အလေးချိန်ကျအောင်၊ ပိန်တဲ့သူတွေဆိုရင်လည်း ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်အောင် အစရှိသဖြင့်ပေါ့။ ခုပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပအတွက်မဟုတ်ဘဲ ကျန်းမာရေးကောင်းအောင် ကြိုးစားနေသူတွေအတွက် ပြင်ဆင်သင့်တဲ့ Diet plan ပဲဖြစ်ပါတယ်။ ရက် ၃၀ Diet ရဲ့ အကျိုးကျေးဇူးတွေ Whole30 diet လို့အမည်ရတဲ့ ရက် ၃၀ Diet ဟာ ကျန်းမာရေးအတွက်ကို အဓိကရည်ရွယ်တဲ့ Diet ဖြစ်ပြီး ရက် ၃၀လုံး သတ်မှတ်ထားတဲ့ စားသောက်ပုံစံအတိုင်း မပျက်မကွက်လုပ်ဖို့လိုအပ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ေတွကို ပုံမှန်အတိုင်းအလုပ်လုပ်စေပြီး အစာစားချင်စိတ်ကို ဖြစ်စေဖို့၊ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုကို အစာအာဟာရဖြင့် ကူညီပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းတာ မဖြစ်စေဖို့၊ အစာအိမ်အူလမ်းကြောင်း ရှင်းစေဖို့၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း