ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ ။ ။

ဝိတ်ကျချင်တဲ့သူတိုင်း အသားလျှော့၊ ထမင်းလျှော့ အသီးအရွက်များများစားပေးရမယ် ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ ဒါက မှန်သင့်သလောက်မှန်ပါတယ်။ အသီးအရွက်တွေထဲမှာမှခုပြောပြမယ့် အသီးအနှံတွေက အဆီလောင်ကျွမ်းခြင်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းခြင်းကို အားပေးလို့ ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ အသီးအနှံတွေပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ဝိတ်ကျစေမယ့် အသီးအနှံများ ။ ။ ( ၁ ) ဘယ်ရီသီးများ။ ။ ဘလူးဘယ်ရီ။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ အမျှင်ဓာတ်တွေ ပြည့်ဝနေပြီး ငှက်ပျောသီး သရက်သီးတို့ထက်စာရင် ကယ်လိုရီနည်းပါးပါတယ်။ ဘယ်ရီသီး တစ်ခွက်မှာ ပါဝင်တဲ့ အမျှင်ဓာတ်ကလည်း ၈ ဂရမ်တောင်ရှိတာဆိုတော့ အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ သုံးပုံတစ်ပုံရှိပြီး အမျိုးသားတစ်ယောက် တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခန္ဓာကိုယ်က နာကျင်မှု ကို အထိရောက်ဆုံးသက်သာစေမယ့် အစားအစာ (၅) မျိုး

နာကျင်မှုကြောင့် တစ်နေ့တာမှာ စိတ်ရှုပ်နေရပြီလား။ ရောင်ရမ်းမှုတွေကြောင့် နာကျင်မှုတွေနဲ့ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ကဲ နာကျင်မှုခံစားနေရတဲ့ Helloဆရာဝန်ပရိသတ်ကြီးရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ နာကျင်မှု ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းတာကြောင့် နာကျင်တာ၊ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ နာကျင်တာအပါအဝင် ထိခိုက်မှုတွေကြောင့် နာကျင်တာတွေကို ခံစားရနိုင် ပါတယ်။ နာကျင်မှု တွေ သက်သာစေဖို့ ဘာစားရမလဲ…………….. နာကျင်မှုကို အစားအသောက်ကနေတဆင့် ကုစားလို့ရပါတယ်။ ကဲ…ခံစားနေရတဲ့ ခန္ဓာကိုယ်နာကျင်မှုသက်သာဖို့ ဘာတွေစားပေးရမလဲ ဆက်ကြည့်လိုက်ရအောင်လား။ (၁) လက်ဖက်စိမ်းရေနွေးကြမ်း နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အကောင်းဆုံးသောစားစရာတွေထဲကတစ်ခုပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက နာကျင်တာကိုပဲ သက်သာစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်တာပါ။ နေ့တိုင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ လက်ဖက်စိမ်းရဲ့အခြားကျန်းမာရေး အာနိသင်တွေအနေနဲ့ကတော့ ကင်ဆာ ကာကွယ်ပေးနိုင်တယ်၊ ဗိုက်အဆီကျစေနိုင်တယ်၊ စိတ်ဓာတ်ကျနိုင်ခြေနည်းစေတယ်၊ စသဖြင့် အကျိုးပြုတာတွေရှိပါတယ်။ ဒါကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓါတ်ခမ်းခြောက်နေပြီလားဆိုတာ သင် ဘယ်လိုသိနိုင်မလဲ

တစ်နေ့တာ ရေကိုလုံလောက်စွာ မရတဲ့အခါ ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အသက်ရှူစနစ်၊ အစာခြေစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို ရရှိဖို့လိုအပ်ပါတယ်။ ပူလွန်းတဲ့နေ့မှာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်လွန်းတဲ့အခါ ချွေးထွက်ပြီး ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးပါတယ်။ ဖျားနာေနတဲ့အချိန်၊ အန်နေတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အချိန်မှာလည်း ရေဓါတ်နည်းသွားပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို အမြဲကိုယ့်ဘက်က ပြန်လည်ဖြည့်တင်ပေးနေဖို့ လိုအပ်တယ်နော်။ လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။ ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက် ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = […]


အားကစားသမားများအတွက်အာဟာရ

ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။ ဘယ်လိုအာနိသင်တွေရှိလဲ။

ြကွက်သားတက်ချင်ရင် ပရိုတင်း Shake တွေသောက်၊ ဝိတ်မြန်မြန်ကျဖို့ အဆီတွေ များများလောင်ကျွမ်းဖို့ ပရိုတင်း မှုန့်တွေ၊ ပရိုတင်း shake တွေက ကူညီနိုင်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ။ တကယ်လည်းမှန်ပါတယ်။ ကိုယ်ခန္ဓါ အချိုးအစားကျအောင် တည်ဆောင်နေတဲ့ သူတိုင်းအတွက် ပရိုတင်း shake က အရေးပါတဲ့အပြင် သူ့မှာ အခြား ကျန်းမာရေး အာနိသင်တွေ လည်း အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ( ၁ ) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။. ပရိုတင်းမှုန့်မပြောနဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတွေ ပ ဲတွေ စားပြီးရငိ တစ်ချိန်လုံး အဆာခံတာကြောင့် ပရိုတင်းမှုန့်တွေက ဝိတ်ချတဲ့သူတွေ ကြား နာမည်ကြီးနေရခြင်းပါ။ နောက်ပြီး ပရိုတင်းဆိုတာ ကြွက်သားတစ်ခု တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဝိတ်တက်ပြီး ဗလတောင့်ချင်တဲ့သူတွေအတွက်လည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား

ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ခန္ဓါကိုယ်ကျန်းမာဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်ပေးဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ လိုတာထက်ပိုပြီး ရေများများသောက်မိရင်လည်း ကိုယ်ခန္ဓါအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။ ရေလုံလောက်စွာ သောက်ပေးရင် ခန္ဓါကိုယ်အတွက် ဘာအကျိုးရှိနိုင်လဲ။ အသားအရေကို ကြည်လင်ဝင်းပစေတယ်။ ဖျားနာဝေဒနာကို သက်သာစေပြီး အဖျားတာတိုစေတယ်။ ကိုယ်အလေးချိန်ကို ကျစေတယ်။ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်။ ကြွက်သားတွေကို အားဖြည့်ပေးတယ်။ စိတ်အာရုံကြည်လင်စေတယ်။ လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။ ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက် ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ ၄နှစ်မှ ၈နှစ်အတွင်း […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ

Fruit Diet ဆိုတာ ဘာလဲ ကစီဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လိုရီတွေအကုန်ဖြတ်၊ နို့ထွက်ပစ္စည်းလည်းမပါဘဲ အသီးတွေပဲစား၊ရေပဲသောက်(တစ်ခါတလေ သစ်သီးစိမ်ရေ -detox water ပဲသောက်)တဲ့ အဆီချပလန်တွေပါ။Fruit Diet မှာဆို အသီးအနှံတွေကိုပဲ အဓိကထား စားရတာပါ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်(အရွက်သုပ်)၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကိုတော့ အနည်းအကျဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ပဲ အပါအဝင် အပူပေးချက်ပြုတ်စားရတဲ့အစားအစာမှန်သမျှ လုံးဝရှောင်ရတာဖြစ်ပါတယ်။Fruit Diet သီးသန့်စားသုံးတဲ့သူတွေဟာ အာဟာရချို့တဲ့မှုပြဿနာ ခံစားရနိုင်ခြေများတဲ့အတွက် ကိုယ်ဟာ ဒီပလန်နဲ့သင့်တော်ရဲ့လား ကိုယ့်ကျန်းမာရေးနဲ့အရင်ကိုက်ညှိ ချင့်ချိန်သင့်ပါတယ်။ ဘာလို့လဲ ဒီလိုစားသောက်ပုံကို ကူးပြောင်းတော့မယ်ဆိုရင်ဖြည်းဖြည်းချင်းလုပ်တာကောင်းပါတယ်။ ဆိုလိုတာက ပုံမှန်စားသောက်ပုံမှာ အသီးအနှံတွေကို ထည့်စားရင်း တဖြည်းဖြည်းတိုးသွားပါ။နောက်ဆုံးမှ အသီးအနှံချည်းပြောင်းစားတာကောင်းပါတယ်။ အသီးအနှံတွေက ဗီတာမင်နဲ့သတ္တုဓါတ်တွေကြွယ်ဝပြီး ကျန်းမာရေးအတွက်လည်း တကယ်လိုအပ်တာမှန်ပေမယ့် လူ့ခန္ဓါကိုယ်အတွက် တစ်နေ့တာရသင့်တဲ့ အာဟာရက ဒါနဲ့တင်မလုံလောက်ပါဘူး။ ပရိုတင်းဓါတ်လို အရေးပါတဲ့အာဟာရဓါတ်တွေကို အသီးတွေကနေမရနိုင်ပါဘူး။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကောင်းစေတယ်ဆိုလည်း ပင်မအာဟာရတွေမရှိဘဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကို ဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ ။ ။

ကြွက်သားတက်အောင် ကြိုးစားနေတဲ့သူတိုင်း ပရိုတင်းshake ဆိုတာကို သိကြမှာပါ။ ပိန်ရာကနေ ဘော်ဒီတောင့်အောင်လုပ်ပေးတဲ့နေရာမှာ ပရိုတင်း shake တွေ ကဆရာကြီးလေ။ ဒီလို သောက်လိုက်ရင် ကြွက်သားတက်အောင် လုပ်ပေးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုအချိန်တွေမှာ သောက်ရမယ် ဆိုတာများရှိဦးမလား။ ြကွက်သားတက်ချင်ရင် အသားတွေ စားပေးရင် မရဘူးလား။ ကြွက်သားတက် ဗလတောင့်ချင်ရင် လိုအပ်တဲ့ပရိုတင်းကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ကြွက်သားတက်ချင်ရင် ပရိုတင်းစားပေးဖို့လိုတယ်ဆိုတာ မှန်ပေမယ့် နည်းသွားရင် အကျိုးမရှိတာမျိုး မဖြစ်တော့သလို များလွန်းပြီး အရမ်းကြွက်သားကြီးနေတာမျိုး မဖြစ်ရအောင် မှန်ကန်တဲ့ ပမာဏတော့ ဖြစ်ဖို့လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီလိုမှန်ကန်တဲ့ ပရိုတင်းပမာဏကို စားဖြစ်ဖို့ဆိုတာ အပြောကသာ လွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ကြည့်ရင် မလွယ်ကူလှပါဘူး။ အသားတွေစား ပဲတွေစား ဘယ်လောက့်ပဲ ပြောပြော ချက်လိုက်တာကြောင့် အနည်းငယ်လျော့သွားမယ့်ပရိုတင်းတွေရယ်၊ ချက်ဖို့ပြုတ်ဖို့ မအားလပ်တာရယ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုန်လာဥဖြူကြိုက်တဲ့ သူတွေရှိလား

သုပ်ပဲစားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ အချဉ်တည်ပြီးပဲစားစား၊ ဟင်းချိုပဲချက်ချက် စားကောင်းတဲ့ မုန်လာဥဖြူလေးကို ကြိုက်ကြလား။ ဒါဆိုရင်တော့ ကိုယ်ခံတွင်းတွေ့တဲ့ မုန်လာဥဖြူလေးစားရင်း ရရှိစေမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မနည်းပါဘူး။ မုန်လာဥဖြူမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ......... မုန်လာဥဖြူမှာပါဝင်နေတဲ့ အာဟာရဓါတ်တွေကတော့ ပိုတက်ဆီယမ် ဖောလိတ် riboflavin နီယာဆင် ဗီတာမင် B6 ဗီတာမင် K ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် ဇင့် ဖော့စဖရိတ် ကော့ပါး မဂ္ဂနိစ် ဆိုဒီယမ် တို့ပါဝင်နေပါတယ်။ မုန်လာဥဖြူစားရင်းရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ.............. မုန်လာဥဖြူစားသုံးပေးမှုက ကင်ဆာကာကွယ်ပေးနိုင်တယ် မုန်လာဥဖြူ စားသုံးပေးမှုက ကင်ဆာရောဂါဖြစ်နိုင်ခြေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူမှာပါတဲ့ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ် မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့လည်းစားသုံးပေးလို့ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ မှိုပိုးတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

တရုတ်နံနံဖျော်ရည် သောက်ကြမယ်

ခေါက်ဆွဲကြော်၊ အစိမ်းကြော်နဲ့ ဟင်းချိုတွေစွပ်ပြုတ်တွေမှာပဲ တရုတ်နံနံကို ဟင်းခတ်မွှေးအကြိုင်အနေနဲ့ သုံးလို့ရတာမဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဖျော်သောက်လို့လည်းရပါတယ်။ တရုတ်နံနံဖျော်ရည်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ တရုတ်နံနံကနေရတဲ့ အာဟာရဓါတ် တရုတ်နံနံမှာ ဗီတာမင် K ဗီတာမင် A ဗီတာမင် B2 ဗီတာမင် B6 ဗီတာမင် C ဖောလိတ် ပိုတက်ဆီယမ် မဂ္ဂနိ အမျှင်ဓါတ် နဲ့ pantothenic acid တို့ပါဝင်ပါတယ်။ တရုတ်နံနံဖျော်ရည် ကပေးတဲ့ ကျန်းမာရေး အာနိသင် တရုတ်နံနံကိုရေစင်အောင်ဆေးလို့ ကြိတ်ဖျော်ထားတဲ့ တရုတ်နံနံဖျော်ရည်က ခန္ဓါကိုယ်ကို ကျန်းမာစေဖို့တော်တော်လေးအထောက်အကူပြုပေးတာပါ။ နှလုံးကျန်းမာစေနိုင်တယ် တရုတ်နံနံမှာ သွေးကြောနံရံတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကို ကျန်မာသန်စွမ်းစေနိုင်တဲ့ phthalides ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နှလုံးရောဂါခံစားရတာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာတွေကနေ ကာကွယ်နိုင်မှာပါ။ တရုတ်နံနံဖျော်ရည်သောက်သုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်သလို သွေးတွင်းသကြားဓါတ်၊သွေးတွင်းအဆီဓါတ်နဲ့သွေးပေါင်ချိန်ကို ထိန်းညှိရာလည်းရောက်သလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွေရာသီမှာ သောက်လေ့ရှိကြတဲ့ ဥသျှစ်ရည် ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်

နွေပူနေချိန်မှာ ဥသျှစ်သီး ဖျော်ရည်အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်ကမြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးကသောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့်ပြောပြပေးချင်ပါတယ်။ ဥသျှစ်သီးဆိုတာက ဥသျှစ်သီး ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ပြောင်ချောနေတဲ့ အခွံမာမာအသီးတစ်မျိုးပေါ့။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ချိုတဲ့ အညိုရောင်အသားတွေနဲ့အတူ အစေ့ဖြူဖြူလေးတွေပါတတ်တဲ့ အသီးတစ်မျိုးပါ။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။ ဥသျှစ်ရည် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ.......... အရသာရှိတဲ့ ဥသျှစ်သီး ဖျော်ရည်လေးကိုပုံမှန်သောက်သုံးပေးတာက နှလုံးကျန်းမာစေနိုင်တယ် ဥသျှစ်သီးကို ပုံမှန်စားသုံးပေးတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ မခံစားရအောင်ကာကွယ်ပေးနိုင်သလိုလေဖြတ်တာနဲ့ ရုတ်တရက်နှလုံးရပ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကိုလည်း ၅၄ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် ဥသျှစ်သီးကိ အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစာခြေလမ်းကြောင်းတစ်ခုလုံးကိုကျန်းမာစေပြီး အနာတွေရှိခဲ့ရင်လည်း သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ကိုလက်စထရောထိန်းညှိပေးတယ် ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီးသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ် အရေပြားအပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း