ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ

ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ခရမ်းသီးက နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်း ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ကောင်းကျိုးတွေထဲက တစ်ချက်ကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ မီးဖုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီချအသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။ ခရမ်းသီးရဲ့ကောင်းကျိုးများ (၁) နှလုံးရဲ့လုပ်ဆောင်ချက် ကောင်းစေတယ် နှလုံးကျန်းမာရေးအတွက် ကိုလက်စထရောပမာဏနဲ့ သွေးဖိအားကို မှန်ကန်တဲ့အဆင့်ရှိမှာထိန်းထားနိုင်ဖို့ လိုပါတယ်။ သည်လိုမှမထိန်းနိင်ရင် ဆိုးရွားတဲ့နှလုံးရောဂါအခြေအနေတွေဖြစ်နိုင်ခြေပိုများစေပါတယ်။ ခရမ်းသီး ဟာ phytonutrients လို့ခေါ်တဲ့ နှလုံးကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေတယ်လို့ သုတေသနတစ်ခုက ဖော်ပြခဲ့ပါတယ်။ ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုပမာဏလည်းနည်းပါးတာကြောင့် နှလုံးသွေးကြောပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ အဆီချေးတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ (၂) ဦးနှောက်ကိုကာကွယ်ပေးတယ် ခရမ်းသီးအခွံမှာပါတဲ့ nasunin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင်ဖြစ်နေတာပါ။ nasunin […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

မက်မန်းသီးဆိုရင် မက်မန်းပေါင်းထုပ်တွေကိုပဲပြေးမမြင်ကြနဲ့ဦး။ အခုဆိုရင် အချဉ်ပေါင်းတင်မကဘူး၊ မှည့်လေချိုလေ မက်မန်းချိုသီးတွေ ခေတ်စားနေပြီ။ လတ်လတ်ဆတ်ဆတ် ချိုအိနေတာ အရသာကောင်းမှကောင်း။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပါ မက်မန်းသီးက ကျန်းမာရေးမှာ ဘာတွေအကျိုးပြုနေသလဲ ကြည့်လိုက်ရအောင်။ အဆီကျစေခြင်း မက်မန်းသီးမှာ အဆီဆဲလ်တွေအပါအဝင် အဝလွန်ခြင်းနဲ့ရောင်ရမ်းမှုကိုတားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုနဲ့နှလုံးသွေးကြောကျဉ်းရောဂါတွေလိုမျိုး အဝလွန်ခြင်းနဲ့ဆက်နွှယ်တဲံပြဿနာတွေ မဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဆီးချိုသွေးချိုထိန်းပေးခြင်း သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါအတွက်အထောက်အကူပြု နိုင်ပါတယ်။ မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်။ အရိုးပွရောဂါကာကွယ်ပေးခြင်း မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ caffeic acid နဲ့ rutin တို့လို flavonoids တွေကြောင့် အရိုးတစ်ရှူးတွေမှာယိုယွင်း ပျက်စီးခြင်းကိုတားဆီးပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။ မက်မန်းသီးခြောက်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ Polyphenols က အရိုးထုထည်ကိုအားဖြည့်ပေးပါတယ်။ အစာခြေစနစ်ကို ကောင်းစေခြင်း အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် sorbitol နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗိုက်ချပ်စေနိုင်တာအပြင် သခွားသီးရဲ့တခြားအစွမ်းအာနိသင်(၅)မျိုး

သခွားသီးဟာ ရေဓါတ်ပါဝင်မှု ၉၅ ရာခိုင်နှုန်းဖြစ်တာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပြီး ဇီဝဖြစ်စဉ်ကိုပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ သခွားသီးက ဗိုက်အဆီကိုကျစေနိုင်ပါတယ်။ သခွားသီးကို သရေစာလိုစားပေးရင် အဆီဓါတ်လုံးဝမပါဘဲ ကယ်လိုရီနည်းတာကြောင့် အသုံးဝင်လှပါတယ်။ လီမွန်၊ ချင်း၊ ရှားစောင်းလက်ပပ် စတာတွေနဲ့ရောပြီး ဖျော်သောက်လည်းရပါတယ်။ သခွားသီးရဲ့ တခြားအစွမ်းအာနိသင်တွေကို ကြည့်ရအောင်။ (၁) ခန္ဓါကိုယ်အဆိပ်အတောက်ဖယ်ရှားသန့်စင်ပြီး ဗိုက်ပွခြင်းကိုသက်သာစေတယ် ဗိုက်ပွနေပြီဆိုရင် ခန္ဓါကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပစ်ဖို့လိုနေပါပြီ။ သခွားသီးစေ့ရဲ့အာနိသင်က အသုံးဝင်ပါပြီ။ ဆီးရွှင်စေတယ်ဆိုတော့ ပိုလျှံနေတဲ့ရေဓါတ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ အစာအိမ်ကြွက်သားတောင့်တင်းခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။ (၂) ဝမ်းချုပ်သက်သာစေတယ် အစာမကြေတာ၊ ဝမ်းချုပ်နေတာတွေဆို သခွားသီးစားပါ။ ရေဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် အူကိုရှင်းစေပြီး ဝမ်းချုပ်သက်သာစေမှာပါ။ (၃) ဗိုက်အောင့်သက်သာစေတယ် အစာအိမ်ရောဂါဖြစ်ရင် ဗိုက်ပွ၊ဗိုက်အောင့်တာတွေဖြစ်စေနိုင်ပါတယ်။ သခွားသီးက ရောင်ရမ်းမှုကို လျာ့ကျစေပြီး အစာအိမ်နံရံတွေနာကျင်မှုကို သက်သာစေပါတယ်။ (၄) အဆီဓါတ်မပါဘဲ ခွန်အားဖြစ်စေတယ် ဝိတ်ချအစီအစဉ်အောင်မအောင်ဆိုတာ အဆီဓါတ်စားသုံးမှုပမာဏကို မူတည်ပါတယ်။ ကယ်လိုရီတွေမများရပါဘူး။ ဝိတ်ချပြီဆိုရင် သခွားသီးကိုလည်း အဆာပြေစားလို့ရပါတယ်။ ခွန်အားဖြစ်စေပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်နီ က အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်

တစ်ခုခုစားရင် ကြက်သွန်နီ မထည့်နဲ့နော်။ ပါးစပ်နံမှာစိုးလို့ မကြိုက်ဘူးဆိုပြီး ပြောနေမိတာ ကိုယ်တိုင်တောင် အစစ်ပါပါတယ်။ ဒါပေမယ့် ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဂမုန်းလို့တောင်တင်စားကြတာပါ။ ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုတာပါ။ ဒီတော့ ကြက်သွန်နီကို မကြိုက်ပေမယ့်လည်း စားသင့်တဲ့အကြောင်းအရင်းလေးတွေကိုပြောပြပေးမယ်နော်။ ကြက်သွန်နီ အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး။ အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။ ကြက်သွန်နီကပေးတဲ့ အာဟာရ ကြက်သွန်နီမှာ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် B ဗီတာမင် C ပိုတက်ဆီယမ် အမျှင်ဓါတ် ပရိုတင်း သကြားဓါတ် မဂ္ဂနိ သံဓါတ် ကယ်လ်ဆီယမ် ကာဗိုဟိုက်ဒရိတ်တို့ ကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားသူတိုင်း သတိထားသင့်တဲ့ အချက်တွေ။

ဝိတ်ချချင်လို့ပဲဖြစ်ဖြစ်၊ အသားစားရတာ ငြီးငွေ့လာလို့ပဲဖြစ်ဖြစ်၊ ဘာသာရေးအယူအဆတစ်ခုကြောင့်ဖြစ်ဖြစ် အသီးအရွက်တွေ ချည်းစားနေတဲ့ သက်သတ်လွတ် သမားတွေ ရှိမှာပါ။ သက်သတ်လွတ်စားရင် အသားအရေလှတယ်။ ကိုယ်အလေးချိန်လည်းထိန်းနိုင်တယ်ဆိုပေမယ့် မျှတတဲ့ အာဟာရတစ်ခုကို အသီးအရွက်ချည်းပဲ ရဖို့ခက်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျန်းမာတဲ့ ကိုယ်ခန္ဓာတစ်ခုပိုင်ဆိုင်ဖို့ဆို အသားငါး၊ အသီးအရွက်၊ ထမင်းစတဲ့ အုပ်စုကြီးတွေ မျှတအောင် စားဖြစ်ဖို့လိုတယ်လေ။ ဒီတော့ သက်သတ်လွတ် အသီးအရွက်ကြီးပဲ စားနေတဲ့ လူတွေ အတွက် သတိထားစရာ ကျန်းမာရေးပြဿနာလေးတွေ ရှိပါတယ်။ သက်သတ်လွတ်စားသူတိုင်း ဘယ်လိုကျန်းမာရေးပြဿနာတွေကို သတိထားရမလဲ။ ( ၁ ) ပဲအစားများခြင်းကနေ လေထိုးလေအောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။ သက်သတ်လွတ်သမားတွေက အသားဓာတ်၊ ပရိုတင်းဓာတ်ရဖို့ ပဲကို အဓိကထား စားရတယ်မလား။ ဒီပဲအမျိုးမျိုးမှာ ပါဝင်တဲ့ lectins နဲ့ phytates ဓာတ်က လေထိုးလေအောင့် လေပွတဲ့ပြဿနာကို အဓိကဖြစ်စေတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto Diet စားပြီး ဝိတ်မကျတာ ဘာကြောင့်လဲ

Keto Diet လို့ခေါ်ကြတဲ့ ကိုယ်အလေးချိန်လျှော့ စားသောက်နည်းက အခုနောက်ပိုင်း အတော်ခေတ်စားလာပါတယ်။ သူကတော့ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ကန့်သတ်လိုက်တဲ့နည်းပါ။ ပုံမှန်ဆို ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကို ဂလူးကို့စ်အဖြစ်ဖြိုခွဲလိုက်ပြီး ခွန်အားအဖြစ်အသုံးပြုပါတယ်။ ခန္ဓါကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်အလုံအလောက်မရှိတဲ့အခါ ketosis ဆိုတဲ့အဆင့်ကိုရောက်လာပါတယ်။Ketosis ဖြစ်နေတဲ့အတွင်းမှာ ခန္ဓါကိုယ်က အဆီလောင်ကျွမ်းမှုမှာ ပိုလုပ်ဆောင်နိုင်လာပြီး ဂလူးကို့စ်အစား အဆီတွေကိုပဲ ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုလာပါတယ်။ ဒီအဆီလောင်ကျွမ်းမှုကြောင့်ပဲ အဆီချလိုတဲ့သူတွေကြား ကီတိုနည်းကို လူကြိုက်များလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကီတိုစားနေပေမယ့် သူများလို ထိထိရောက်ရောက်အဆီမကျဘူး ဆိုတဲ့သူတွေရှိနေပါတယ်။ကီတိုနည်းကိုစားနေပေမယ့် ကိုယ့်မှာဝိတ်မကျရတဲ့တခြားအကြောင်းရင်းတွေက ဘာတွေဖြစ်မလဲဆိုတော့ - (၁) ketosis အဆင့်ကိုမရောက်သေးတာ ပုံမှန်အားဖြင့် ကီတိုနည်းနဲ့ဝိတ်မကျတဲ့သူတွေဟာ ketosis အဆင့်ကို မရောက်သေးတာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာလို့မရောက်ရလဲဆိုတဲ့ အဖြစ်များဆုံးအကြောင်းရင်းက ကာဗိုဟိုက်ဒရိတ်ကို လိုအပ်တဲ့ပမာဏအထိ သေချာမဖြတ်တောက်နိုင်လို့ပဲဖြစ်ပါတယ်။ ကီတိုနည်းနဲ့ စားသုံးနေသူတစ်ယောက်ရဲ့ ကယ်လိုရီစားသုံးမှုမှာ ကာဗိုဟိုက်ဒရိတ်က ၅-၁၀ ရာခိုင်နှုန်းပဲ ပါဝင်သင့်ပါတယ်။ (၂) […]


အာဟာရဆိုင်ရာ အချက်အလက်များ

Oatmeal စားခြင်းရဲ့ အကျိုးကျေးဇူးများ

အခုတလော ကျွန်တော့်တို့ဆီမှာ တော်တော်လေး ခေတ်စားလာကြတဲ့ oatmeal နဲ့ ပတ်သက်ပြီးမျှဝေချင်တာလေး တချို့ ရှိပါတယ်။ (၁) Oatmeal ဟာ ကာဗိုဟိုက်ဒရိတ်၊ နှင့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ ဖြစ်တဲ့အပြင် တခြားသောဓါတ်တွေ ဖြစ်တဲ့ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ သွပ်ဓါတ်၊ ဇင့်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နှင့် ဗီတာမင် B1 နှင့် B5 တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးကို အဖက်ဖက်ကနေ အထောက်အကူပြု နိုင်စွမ်းရှိပါတယ်။ (၂) Oatmeal မှာ ဓါတ်တိုးဆန့်ကျင် (antioxidants) များစွာ ပါဝင်တဲ့ အတွက် ရောင်ရမ်းခြင်း နှင့် အချို့သော ကင်ဆာများကို လည်း ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကိုပါ တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ပေးပါတယ်။ (၃) Beta-glucan […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခဝဲသီး ချိုချိုလေးက ပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အရည်သောက်လေးချက်ချက်၊ ပုစွန်လေးနဲ့နှပ်နှပ် စားရတာအရသာရှိပြီး ကလေးကနေစလို့ လူကြီးထိကြိုက်တဲ့ အရသာချိုချိုလေးရှိတဲ့ ခဝဲသီး လေးကို helloဆရာဝန် ပရိသတ်ကြီးရော ကြိုက်လား။ ကြိုက်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးထူးလေးတွေရနိုင်လဲဆိုတာကို ဒီဆောင်းပါးကို ဖတ်ကြည့်နော်။ ခဝဲသီး ဆိုတာ အစိမ်းရောင်အခွံလေးရှိပြီး စောင်းလေးတွေပါတဲ့ အသီးတစ်မျိုးပါ။ အခွံကိုနွှာလိုက်တဲ့အခါ အတွင်းက အဖြူရောင်အသားခပ်ပွပွလေးကို ပါးပါးလေးလှီးလို့ ပုစွန်စိမ်း၊ ပုစွန်ခြောက်တို့နဲ့ အရည်သောက်လေးချက်စားလို့ရပါတယ်။ အရသာက ခပ်ချိုချိုလေးရှိပြီး စားရတာတော်တော်လေး အရသာရှိတာပါ။ အရန်ဟင်းအဖြစ်စားလို့ရပါတယ်။ ခဝဲသီး မှာပါတဲ့ အာဟာရဓါတ်တွေ စားလို့ကောင်းတဲ့ ခဝဲသီးမှာ ဒီဓါတ်လေးတွေပါတယ်နော်။ ကယ်လ်လိုရီ ဖောလိတ် ကယ်လ်ရိုတင်း လူတင် ဗီတာမင် A ဗီတာမင် B ဗီတာမင် C ကယ်လ်ဆီယမ် ဇင့် ပိုတက်ဆီယမ် မဂ္ဂနိ မဂ္ဂနီဆီယမ် သံဓါတ် အမျှင်ဓါတ် ရေဓါတ်တို့ ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲ................. ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

ပုစွန်ခြောက်လေးနဲ့ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်ရင် ချိုချိုလေးလေးအရသာလေးကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အရသာအရမ်းရှိတဲ့ ဗုံလုံသီးလေးကို ကြိုက်ကြတဲ့သူတွေများရှိလား။ ဒီစားကောင်းတဲ့ ဗုံလုံသီးလေးက အရသာတင်ကောင်းတာမဟုတ်ဘဲ စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပေါ့။ ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား .... ဒါဆိုရင် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ ဗုံလုံသီး (ပဲလင်းမြွေသီး) ဆိုတာက သခွား၊ ဗူး၊ ဖရုံအနွယ်ဝင်အပင်တစ်မျိုးပေါ့။ ကျန်းမာရေးအာဟာရများသလို စားရတာလည်း အရသာ ရှိပါတယ်။ အဖြူရောင်ခပ်ရှည်ရှည်အသီးတစ်မျိုးပေါ့။ ဈေးဝယ်တိုင်း နှစ်ပိုင်းချိုးပြီး သယ်လာရတဲ့အသီးလေးပါ။ အပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်လို့ အရွယ်တော်လေးတွေတုံးပြီးရင် အလယ်အူတိုင်ကို ဇွန်းအမြီးနဲ့ ရစ်ထုတ်ပြီး အလယ်မှာအဆာသွတ်လို့ မေမေချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မျိုးပေါ့။ ဗုံလုံသီးက ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကိုဘာတွေစားကြမလဲ

ခန္ဓါကိုယ်ကျန်းမာပြီး အားပြည့်နေစေဖို့က အိပ်ရာကနေနိုးလာပြီး မနက် ၉ နာရီမတိုင်ခင်မှာ မနက်စာစားဖို့လိုပါမယ်။ ဒီလိုမှလည်း ခန္ဓါကိုယ်က တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝစွာနဲ့ လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်။ ဒီတော့ တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကို ဘာတွေများစားကြမလဲ။ မနက်စာကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဖြစ်အောင် ဘာတွေစားမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမျာ ဖတ်ကြည့်လိုက်ပါ။ အကောင်းဆုံးသော မနက်စာ မနက်ကို အကောင်းဆုံးသောအရာတွေနဲ့စတင်ဖို့ဆိုရင် မနက်စာကိုလည်း ကောင်းမွန်ပြည့်ဝစွာ စီစဉ်တတ်ဖို့လိုပါမယ်။ ဒီတော့ မနက်စာကို ဘာတွေစားမလဲ… မုန့်ဟင်းခါး - ငါး၊ ဆန်မှုန့်၊ ပဲမှုန့်တို့နဲ့ အဓိကချက်ထားပြီး ဆန်ကနေလုပ်ထားတဲ့ မုန့်ဖတ်နဲ့တွဲဖက်စားသုံးရတဲ့ မုန့်ဟင်းခါးမှာ ကစီဓါတ်၊ ပရိုတင်း နဲ့ ဗီတာမင်တွေပြည့်ဝစွာပါဝင်နေတာကြောင့် အာဟာရပြည့်ဝစေမှာပါ။ ထမင်းကြော် - ထမင်းက ခန္ဓါကိုယ်အတွက်လိုအပ်မယ့် ကစီဓါတ်ကိုပေးစွမ်းနိုင်သလို ထမင်းကြော်ကို အသား၊ ပဲပြုတ်၊ ကြက်ဥတို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပရိုတင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း