ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓါကိုယ်အမျိုးအစားအလိုက် diet လုပ်နည်းများ

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်အချိုးအစားတွေမတူကြသလို ဖြစ်ချင်တဲ့ ခန္ဓါကိုယ်ပန်းတိုင်တွေကလည်းမတူကြပါဘူး။ တချို့က ပိန်ချင်တယ်၊ ကြွက်သားတွေနဲ့ကျစ်လျစ်ချင်တယ်၊ တချို့ကျတော့လည်း လက်ရှိကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းထားချင်တယ်၊ ယောက်ျားလေးတွေဆိုရင် ကြွက်သားကြီးချင်တယ် စသဖြင့်ဖြစ်ချင်တာတွေအမျိုးမျိုးပေါ့။ ပန်းတိုင်မတူကြတဲ့အချိန်မှာ သူများလုပ်နေတဲ့လေ့ကျင့်ခန်းမျိုး စားနေတဲ့အစားအသောက်မျိုးကို ကိုယ်ကသေချာမသိဘဲ လိုက်လုပ်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး။ လုပ်နေတဲ့ Diet တွေအောင်မြင်ဖို့ လေ့ကျင့်ခန်းတွေထိရောက်ဖို့အတွက် မိမိခန္ဓါကိုယ်က ဘယ်လိုပုံစံလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ ခန္ဓါကိုယ်အချိုးအစားဟာ အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိပါတယ်။ Ectomorph ပထမတစ်မျိုးကတော့ Ectomorph ပါ။ သူငယ်ချင်းတွေထဲမှာ ဘယ်လောက်စားစားမဝတဲ့သူမျိုး တွေ့ဖူးမှာပေါ့။ ဒီလိုအချိုးအစားပိုင်ရှင်တွေကို လူအများက အားကျကြသလို သူတို့ကိုယ်တိုင်ကလည်း ဝချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိတတ်ကြပါတယ်။ Ectomorph လေးတွေဟာ ပုခုံး၊တင်ပါးတွေကျဉ်းပြီး ခြေတံလက်တံရှည်ပါတယ်။ အရိုးအဆစ်တွေဟာ သေးငယ်ပြီး ခန္ဓါကိုယ်အဆီပမာဏနည်းတဲ့သူတွေဖြစ်ကြပါတယ်။ ဟောလီးဝုဒ်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်၊ မင်းသား ဘရက်ပစ် နဲ့ မော်ဒယ် ကိတ်မော့စ် တို့ကို ectomorph ခန္ဓါကိုယ်အမျိုးအစားအဖြစ်ဥပမာ ပြလို့ရပါတယ်။ Ectomorph လေးတွေဘာစားသင့်လဲ။ ထမင်း၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ

ဖရုံစေ့လှော်က ပိစိလေးမို့ အထင်မသေးလိုက်ပါနဲ့။ ဖရုံစေ့ ဆိုတာ အရွယ်အစားနဲ့မလိုက်အောင် အကျိုးကျေးဇူးများတဲ့ အစားအစာတစ်ခုပါနော်။ သူ့မှာ တန်ဖိုးကြီးတဲ့အာဟာရဓါတ်တွေအပြည့်ပါနေတာပါတဲ့။ နည်းနည်းလောက်ပမာဏကိုပဲ မကြာမကြာစားပေးရင် ကျန်းမာရေးအတွက် အကျိုးပြုအဆီဓါတ်တွေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေကို အတော်များများရရှိနိုင်ပါလိမ့်မယ်။ ဒါက ဥပမာလောက်ပါပဲ၊ နောက်ထပ် ဘယ်လိုတွေဆေးဖက်ဝင်တာလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး... ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ အာဟာရဓါတ်တွေ ကြွယ်ဝတယ် ဖရုံစေ့မှာ အပင်ကရရှိတဲ့မပြည့်ဝဆီ(polyunsaturated fatty acids)တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ်တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကာရိုတီးနွိုက်နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုလည်းများပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ကျန်းမာရေးအတွက်ကောင်းတယ် ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်းကို လက္ခဏာတွေလျော့ပါးသက်သာစေတယ်လို့ သုတေသနတွေ့ရှိချက်တွေ ထွက်ပေါ်ထားပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရလည်း ဖရုံစေ့က ဆီးအိမ်လုပ်ဆောင်ချက်လွန်ကဲခြင်းကို ကုသပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတယ် ဖရုံစေ့မှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရပ်ရှည်ဖို့ ဘာတွေစားမလဲ

လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ သက်ရောက်နေတဲ့အချက်တစ်ခုရှိတယ်။ ဒါကတော့ အရပ်ပေါ့။ အရပ်မြင့်တာကလည်း လူကိုစမတ်ကျစေတဲ့ အချက်တွေထဲက တစ်ခုပါ။ ဒီတော့ အရပ်မြင့်အောင် ကလေးကိုဘာတွေကျွေးရမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အရပ်မြင့်တာက ဗီဇနဲ့ဆိုင်လား........ လူတစ်ယောက်ရဲ့ အရပ်နိမ့်တာ၊ မြင့်တာအပေါ်မှာ မျိုးရိုးကတော်တော်လေး သက်ရောက်မှုရှိတယ်ဆိုပေမယ့် သင့်တင့်တဲ့အရပ်အမြင့်ရရှိစေဖို့အတွက်ကတော့ အာဟာရမျှတမှုရှိဖို့လည်း လိုပါမယ်။ အရပ်မြင့်ဖို့အတွက်အရေးပါတဲ့အချက်တစ်ခုကလည်းရှိပါသေးတယ်။ ဒါကတော့ ကျန်းမာတဲ့အရိုးဖွဲ့စည်းမှုရှိဖို့ပါ။ လူတစ်ယောက်အရပ်မြင့်ဖို့အတွက်က ပရိုတင်း၊ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို သင့်တင့်မျှတစွာရရှိဖို့လိုအပ်ပါမယ်။ အရပ်မြင့်အောင် ဘာတွေစားမလဲ......... အရပ်မြင့်စေဖို့ဆိုရင်တော့ ပရိုတင်း ပရိုတင်းကိုနေ့စဉ်လုံလောက်အောင် စားသုံးမှုက အရပ်မြင့်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်း က နို့နဲ့နို့ထွက်ပစ္စည်းတွေများများကျွေးပေးပါ။ နို့ကနေရတဲ့ ပရိုတင်းက အရပ်မြင့်စေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအရွယ်ကတည်းက ပရိုတင်းပြည့်ဝမှုကို ဂရုစိုက်ပေးပါ။ ဗီတာမင် C အရိုးတွေကျန်းမာစေဖို့နဲ့ အရပ်မြင့်စေဖို့ အရေးပါတဲ့ ဗီတာမင် တစ်ရပ်ပေါ့။ တွယ်ဆက်တစ်ရှုးတွေ၊ အရွတ်နဲ့ အရွတ်တွဲတွေကို […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto Flu ဆိုတာ ဘာလဲ...

ခုတလော ဝိတ်ချတဲ့သူတွေအကြားမှာ ခေတ်စားနေတဲ့ ဝိတ်ချနည်းတစ်ခုရှိပါတယ်။ ဒါကတော့ ကာဗိုဟိုက်ဒရိတ်ကိုရှောင်ပြီးစားတဲ့ keto diet ပါ။ ဒီနည်းလမ်းက သဘာဝအတိုင်း ကိုယ်အလေးချိန်ကျစေပြီး ကျန်းမာစေပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တစ်ခုစီတိုင်းမှာ ကောင်းကျိုးက ဆိုးကျိုးက ဒွန်တွနြေစမြဲပါ။ ဒီတစ်ခေါက်တော့ Keto Diet လုပ်ပြီး ဝိတ်ချနေသူတွေအတွက် သတိထားသင့်တဲ့ Keto Flu လေးအကြောင်းပြောပြပေးချင်ပါတယ်။ Keto Diet ဆိုတာဘာလဲ......... Keto Diet ဆိုတာက ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး ပရိုတင်းပမာဏ အသင့်အတင့်နဲ့အဆီပါဝင်မှုများပါတယ်။ ဒီစားသောက်မှုပုံစံက လူတော်တော်များများအတွက်တော့ စိတ်ချရပါတယ်။ ဒီစားသောက်မှုပုံစံကို ကျင့်သုံးတဲ့အခါ သတိထားရမှာက ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီကို စားသုံးပေးပြီး အမြန်စား၊ အသင့်စားအစားအစာတွေကိုရှောင်ရပါမယ်။ နောက်တစ်ချက်က အချိုမှုန့်ကို ရှောင်ရမှာပါ။ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကိုလည်း လုံးဝစားလို့မရပါဘူး။ Keto Diet စားတဲ့အခါ Keto Diet စားတဲ့အခါ ကြုံရနိုင်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေမကောင်းဖြစ်နေချိန် သောက်သင့်တဲ့ အားဖြည့်ဖျော်ရည်တွေ

ခုလိုရာသီဥတုက လူတော်တော်များများ ဖျားနာနေမကောင်းဖြစ်တတ်ကြတာ သတိထားမိမှာပါ။ လေထဲမှာက ရောဂါပိုးမွှားတွေ အမြဲပျံ့နှံ့နေတာဆိုတော့ ဘယ်လောက်ပဲ ကျန်းမာပြီး ဒေါင်ဒေါင်မြည်နေတဲ့သူပဲဖြစ်ဖြစ် တစ်ခေါက်လောက်ကတော့ ဖျားလိုက်ကြတာပါပဲ။ ဖျားတော့ဘာဖြစ်မလဲ၊ နောက်ဆက်တွဲအနေနဲ့ ကိုယ့်အလုပ်၊ တာဝန်၊ ပညာရေးကို ထိခိုက်လာမယ်၊ ဖျားတဲ့သူရော၊ မိသားစုဝင်တွေပါ စိတ်ရောကိုယ်ပါ ဒုက္ခရောက်ရတယ်နော်။ ဒီလိုမျိုးဖျားနေတဲ့အချိန်မှာ အစာစားချင်စိတ်ကလည်း မရှိဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ဖျားနေတဲ့အချိန်မှာ ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပြီး အဖျားတာတိုစေမယ့် ဖျော်ရည်တွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီဖျော်ရည်တွေကို အိမ်မှာရှိတဲ့ သဘာဝ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနဲ့ အလွယ်တကူကြိတ်ပြီး ဖျော်လို့ရတဲ့အတွက် မိသားစုဝင်တွေအတွက်လည်း ချက်ပြုတ်ပြင်ဆင်ရတာ သက်သာစေတာကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆို စလိုက်ကြရအောင်နော်။ ၁။ ပန်းသီး၊ မုန်လာဥနီ၊ လိမ္မော်သီးဖျော်ရည် မုန်လာဥနီရဲ့ အချိုအရသာ၊ လိမ္မော်သီးရဲ့ အချဉ်အရသာနဲ့ ပန်းသီးရဲ့ ကျန်းမာစေတဲ့ ဂုဏ်သတ္တိဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

မနက်ခင်းကို သူများတွေလို မုန့်ဟင်းခါး၊ အသုပ်တွေစားရတာမကြိုက်ဘဲ Oatmeal လေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲပလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။ ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ........... Oatmealမှာ မဂ္ဂနီဆီယမ် သံဓါတ် ဖော့စဖရိတ်စ် ဇင့် ဖောလိတ် ကော့ပါး ဗီတာမင် B1 ဗီတာမင် B5 အမျှင်ဓါတ်တို့ပါဝင်နေပါတယ်။ Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmealက စားလို့ကောင်းရုံတင်၊ အာဟာရြပည့်စေရုံတင်မဟုတ်ဘဲ။ အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ် ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တစ်ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ် ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။ အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ် Oatmealမှာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။ အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ် Oatmealမှာပါတဲ့beta-glucan က အစာအိမ်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခံတွင်းတွေ့စေမယ့် သပြုသီး ကပေးစွမ်းတဲ့ ကျန်းမာရေးအာနိသင်

သပြုသီး က ကြည့်လိုက်ရင် အရသာရှိမယ်လို့ သိပ်မထင်ရပေမယ့် စားလိုက်တဲ့အခါ သူ့ရဲ့ ချဉ်ပြုံးပြုံးအရသာလေးကတော်တော်လေးစားကောင်းပါတယ်။ ခံတွင်းရှင်းသလို လန်းဆန်းမှုလည်းရစေပါတယ်။ ဟင်းချက်တဲ့အခါ အချဉ်အရသာရအောင် ထည့်ချက်ကြတဲ့ မရမ်းသီး၊ မန်ကျည်းသီးတို့နဲ့မတူဘဲ သပြုသီးချဉ်တဲ့အရသာလေးက စားရတာခံတွင်းတွေ့လှပါတယ်။ သပြုသီး ဆိုတာ သပြုသီးရဲ့ သိပ္ပံနာမည်ကDillenia indicaဖြစ်ပြီး အရှေ့တောင်အာရှဒေသ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နဲ့မြန်မာနိုင်ငံတို့မှာပေါက်ရောက်ကြပါတယ်။ သပြုပင်က ပူနွေးစိုစွတ်သောရာသီဥတုမှာပေါက်ရောက်တတ်ကြပြီး အမြဲစိမ်းအပင်တစ်မျိုးပါ။ အပင်ကြီးတစ်မျိုးဖြစ်ပြီးပေ ၃၀ ကနေ ၈၀ အထိမြင့်တတ်ကြပါတယ်။ သပြုပင်ကအရွက်၊အသီး၊အခေါက်အားလုံးနီးပါးက အသုံးတည့်ကြတာပါ။ သပြုသီးမှာပါတဲ့ အာဟာရဓါတ်တွေက ဘာတွေလဲ........... သပြုသီးမှာ ဘီတာကယ်လ်ရိုတင်း ဗီတာမင် A ဗီတာမင် B ဗီတာမင် C သီရာမင်း ရီဗိုဖလာဗင် ကာဗိုဟိုက်ဒရိတ် ပရိုတင်း သံဓါတ် အမျှင်ဓါတ် […]


အဝလွန်ခြင်း

သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

သွေးတွင်းကိုလက်စထရောများတာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာတွေကို ခံစားရနိုင်ခြေတော်တော်လေးများစေပါတယ်။သွေးတွင်းကိုလက်စထရောများရတဲ့ အဓိကအချက်က အစားအသောက်ပါ။ ဒါကြောင့်သွေးတွင်းကိုလက်စထရောမများရလေအောင် ဘာတွေကို ဘယ်လိုအစားအစာတွေကိုရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေ။ သွေးတွင်းကိုလက်စထရောများစေတဲ့ အစားအစာတွေကဘာတွေလဲ................... ကိုလက်စထရောက ဆဲလ်တွေတိုင်းရဲ့လုပ်ဆောင်မှုအတွက်အရေးပါပါတယ်။ ဒါပေမယ့် ကိုလက်စထရောအရမ်းများသွားရင်တော့ မကောင်းပါဘူး။ ဒါကြောင့် ကိုလက်စထရောကို သင့်တင့်မျှတစွာ စားသုံးမိစေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဥအမျိုးမျိုး အာဟာရဓာတ်ကြွယ်ဝသလို ကိုလက်စထရောပါဝင်မှုလည်းများပါတယ်။ ဒါပေမယ့် ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောကသွေးတွင်းကိုလက်စထရောက် အန္တရာယ်ဖြစ်စေနိုင်တဲ့အထိတော့ မမြင့်တက်စေနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်ဥ ၁ လုံးကနေ ၃ လုံးအထိစားပေးလို့ရပါတယ်။ ကြက်ဥက ကိုလက်စထရောကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် B နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ချိစ် အဆီများတဲ့အစားအစာတစ်ခုဖြစ်သလို ကိုယ်လက်စထရောပါဝင်မှုလည်းအနည်းငယ်တော့များပါတယ်။ ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် B တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင် ကျွဲကောသီး

အချိုအချဉ်လည်းမပြင်းဘဲ အရည်ရွှမ်းတဲ့ ကျွဲကောသီး လေးစားရတာ ရင်အေးစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝလွန်းလို့ဆေးဖက်ဝင်အစွမ်းတွေအများကြီးရှိတယ်လို့ပြောကြပေမယ့် စားကြည့်တော့ ချိုချဉ်လေးရယ်။ အချဉ်တအားမပြင်းဘဲနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တာ ဘယ်လောက်ကောင်းလိုက်လဲ။ပြောကြတာတော့သွေးတိုးကျတယ်၊ အစာကြေတယ်နဲ့၊ တခြားဘာတွေဆေးဖက်ဝင်သေးလဲ ဆက်ပြီးကြည့်ရအောင်... ကျွဲကောသီး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲ ကိုယ်ခံအားကောင်းစေတယ် ကျွဲကောသီး မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ ၆၀၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဗီတာမင်စီက သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ သူ့ကြောင့်ပဲချောင်းဆိုး၊ အအေးမိ၊ နာဖျားတာတွေ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တာတွေကို ကာကွယ်ခုခံနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို အားဖြည့်ပေးတာမို့ အအေးမိ၊တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) အစာခြေစနစ်ကို ကူညီတယ် အသီးအနှံတွေမှာ အမျှင်ဓါတ်ပါဝင်လေ့ရှိသလိုပဲ ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့အမျှင်ဓါတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းပါဝင်လို့ အစာခြေစနစ်ကိုကျန်းမာစေတယ်။ ဝမ်းလျှောတာ၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

ချောင်းဆိုးတာကပြောတော့သာဘာမှမဟုတ်သလိုနဲ့ လူကြားထဲမှာချောင်းဆိုးချင်ရင်တော်တော်လေးတော့နေရခက်တယ်နော်။ချောင်းဆိုးချင်ထားတာအောင့်ထားလို့မရတဲ့ပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့ ဆေးလည်း မသောက်ချင်ဘူးဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးေးလကို ဖတ်ကြည့်စေချင်ပါတယ်။ ချောင်းဆိုးပြီဆိုတာနဲ့ဆေးသောက်ရမှာလား....... ချောင်းဆိုးတိုင်းတော့ဆေးသောက်ဖို့လိုလားဆိုတော့ မလိုပါဘူး။ချောင်းဆိုးတာကိုသက်သာစေမယ့် အိမ်တွင်းကုထုံးတွေအများကြီးရှိပါတယ်။ ဥပမာပြောပြရရင် ရေနွေးငွေ့ခံတာ ကြက်သွန်ဖြူစားတာ ဂျင်း (ချင်း) စားတာ ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းချိုပူပူလေးသောက်တာ ရေနွေးနဲ့ရေချိုးတာ ရေနွေးထဲကို ပျားရည်နဲ့ သံပရာရည်ထည့်ပြီးသောက်တာမျိုးတွေလုပ်ပေးလို့ရပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေထက်စွမ်းတဲ့ နည်းလမ်းတစ်ခု ချောင်းဆိုးတာကိုပျောက်ကင်းစေမယ့်ချောင်းဆိုးပျောက်ဆေးထက်စွမ်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အလုပ်လည်းမရှုပ်ဘဲဆေးသောက်ရမှာကြောက်သူတွေအတွက်လည်း အဆင်ပြေစေနိုင်မယ့် နာနတ်သီးဖျော်ရည်သောက်ပေးခြင်းပါပဲ။ နာနတ်သီးဖျော်ရည်သောက်ပေးခြင်းကြောင့် ချွဲတွေကိုပျော်စေနိုင်တယ် အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် လည်ချောင်းတွင်းက အစိုဓါတ်ကို ထိန်းပေးနိုင်တယ် ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းတလျှောက်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ် ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်တယ် ထိပ်ကပ်နာကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းပြဿနာကို သက်သာစေနိုင်တယ် ဝတ်မှုန်နဲ့ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ နာနတ်သီးဖျော်ရည်ကဘာကြောင့်ချောင်းဆိုးသက်သာစေနိုင်ရတာလဲ......... နာနတ်သီးဖျော်ရည်မှာbromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ချွဲတွေကိုပျော်စေနိုင်ပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း