ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးတိုးကိုပါ ထိန်းညှိပေးတဲ့ ဖရဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

အရည်ရွှမ်းတဲ့ ဖရဲသီးကို အနီပဲဖြစ်ဖြစ် အဝါပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြတဲ့သူ များပါတယ်။ ရေဓာတ်ပြည့်ဝစေတဲ့အပြင် ဘီတာကယ်ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ်တွေကြွယ်ဝလို့ သူ့ရဲ့ အာဟာရတန်ဖိုးက မသေးလှပါဘူး။ ဖရဲသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့အော်ဂင်းနစ်ဒြပ်ပေါင်းတွေအပြင် ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် ဘီဆစ်နဲ့ ကာရိုတီးနွိုက်နဲ့ အပင်ထွက်အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။ ဒီလောက် ပါဝင်မှုများတဲ့အသီးက ဘာကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလဲဆိုတာကြည့်ရအောင်။ ၁) ကျောက်ကပ်ရောဂါတွေကို ကုသနိုင်တယ် ဖရဲသီးမှာ ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးရာမှာ အစွမ်းထက်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုများပါတယ။ ဒါ့အပြင် သွေးတွင်း ယူရစ်အက်စစ်ပါဝင်မှုကိုလျော့နည်းစေတာ ကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုုဖြစ်နိုင်ခြေနည်းစေပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားလို့ဆီးရွှင် စေပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကိုကောင်းစေပါတယ်။ ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျောက်ကပ်ကောင်းစေဖို့ အချိန်အတော်ကြာအထောက်အကူပေးနိုင်ပြီး အရေပြားပေါ်က အစက်အပျောက်တွေနဲ့ အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ၂) အပူရှပ်ခြင်းကိုကာကွယ်ပေးတယ် ဖရဲသီးဟာ ခန္ဓာကိုယ်အပူချိန်နဲ့သွေးဖိအားကို လျော့ကျစေနိုင်တဲ့အစွမ်းရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဖိုးတန်နှလုံးလေးကျန်းမာစေဖို့ ဘာတွေစားမလဲ.....

နှလုံးစည်းချက်သံလေးကို မှန်မှန်လေးကြားနေရတာက ရှင်သန်မှုရှိနေတယ်ဆိုတဲ့ လက္ခဏာပါ။ လူတစ်ယောက်ရဲ့ ရှင်သန်မှုအတွက် နှလုံးကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ဒါကြောင့် နှလုံးကျန်းမာရေးကို သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ နှလုံးကျန်းမာစေဖို့ နေ့စဉ်နေထိုင်မှုပုံစံကိုဂရုစိုက်ဖို့လိုသလို အစားအသောက်ကိုလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ဒီတော့ နှလုံးကျန်းမာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ........ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ နှလုံးကျန်းမာစေဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံကို မှန်ကန်စေဖို့အတွက် ဒီအချက်တွေကို အလေ့အထလိုဖြစ်လာအောင် ပျိုးထောင်ဖို့လိုပါမယ်။ ဆေးလိပ်ဖြတ်ပါ သွေးတွင်းကိုလက်စထရောပုံမှန်စစ်ပါ သွေးတိုးထိန်းညှိပါ သွေးချိုထိန်းညှိပါ ကိုယ်အလေးချိန်ထိန်းပါ နေ့စဉ်လှုပ်ရှားမှုရှိပါစေ စိတ်ဖိစီးမှုဖြေလျော့ပါ အာဟာရသင့်တင့်မျှတအောင်စားပါ စတဲ့အလေ့အထတွေကို ပျိုးထောင်ပေးပါ။ နှလုံးကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေ ကျန်းမာတဲ့လူနေမှုပုံစံအတွက်အရေးပါတဲ့ နှလုံးလေးကျန်မးာစေဖို့ဆိုရင်တော့ ကညွတ် ဖောလိတ်ကြွယ်ဝစွာပါဝင်နေတဲ့ သဘာဝဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ကိုယ်တွင်းမှာ နှလုံးထိခိုက်စေနိုင်တဲ့ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေ စုပုံမှုမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ လေဖြတ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကင်းစေဖို့ စားပေးသင့်ပါတယ်။ ပဲအမျိုးမျိုး ပဲအမျိုးမျိုးက သွေးတွင်းကအကျိုးမပြုကိုလက်စထရော (LDL) ကိုကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓါတ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သလဲသီးစားရင် အစေ့ကိုထွေးမပစ်သင့်တဲ့ အကြောင်းရင်း (၁၅) ချက်

နေပူပူမှာ ရင်အေးစေတဲ့ သလဲသီးလေးကို စားတဲ့အခါ အရည်ပဲစုပ်ပြီး အစေ့ကိုပြန်ထွေးပစ်ကြတာလား။ တကယ်တော့ နှမျောဖို့ကောင်းပါတယ်နော်။ အရည်နဲ့အစေ့မှာပါတဲ့ အစွမ်းအာနိသင်တွေကို အကုန်ရနိုင်ဖို့က ဖျော်ရည်အဖြစ် ကြိတ်သောက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ သလဲသီးရဲ့အချိုရည်ထဲမှာ အပင်ထွက်ဓာတုပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော်ပါဝင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ဆေးဖက်ဝင်ပစ္စည်းအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။ ကနေ့ခေတ်မှာလည်း သလဲသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း သုတေသနတွေပြုလုပ်ခဲ့ကြပြီးနောက် ၎င်းက ကင်ဆာကာကွယ်နိုင်၊ ကိုယ်ခံအားကို ကောင်းစေပြီး သားသမီးရရှိနိုင်ဖို့လည်း အထောက်အကူပြုတယ်လို့ တွေ့ရှိရပါတယ်။ သလဲသီးရဲ့ အကျိုးကျေးဇူးတွေကတော့ - ၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ် သလဲသီးရဲ့အစေ့တွေမှာ ပိုလီဖနောဓာတ်တွေပါတာကြောင့် အနီရဲရဲအရောင်ရှိပါတယ်။ သည်ဓာတ်တွေက အစွမ်းထက်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။ သလဲသီးမှာ တခြားသစ်သီးဖျော်ရည်တွေမှာထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုပိုများပြီး ဝိုင်နီနဲ့ လက်ဖက်စိမ်းတို့မှာထက်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း သုံးဆပိုများပါတယ်။ သူ့မှာပါတဲ့ သည်ဓာတ်တွေက free radicals တွေကို ဖယ်ရှားပေးပြီး ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးတဲ့အပြင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ၂) ဗီတာမင် C များတယ် သလဲသီးတစ်လုံးစာ ဖျော်ရည်မှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ဖျော်ရည်တစ်ခု

အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးက ဘာများဖြစ်မလဲ။ ပြန်တွေးကြည့်လိုက်လေ ခန္ဓာကိုယ်မှာ ရှင်သန်မှုကို ဖော်ပြနေတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။ ဒီအစိတ်အပိုင်းလေးကတော့ စည်းချက်မှန်မှန်နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးလေးပါ။ နှလုံးကျန်းမာဖို့ အစားအသောက်ဂရုစိုက်ဖို့သလို အနေအထိုင်ကိုလည်း ဂရုစိုက်ဖို့လိုပါမယ်။ အရောင်အသွေးကျတဲ့ နှလုံးကျန်းမာစေမယ့် ဖျော်ရည်တစ်ခု နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ ဖျော်ရည်လေးတစ်ခုရှိပါတယ်။ ဒါကတော့ အနီရောင်စိုစိုဖျော်ရည်လေးဖြစ်တဲ့ သလဲသီးဖျော်ရည်ပါ။ သလဲသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးမှာ ဗီတာမင် K ပိုတက်ဆီယမ် ဖောလိတ် ဗီတာမင် B6 ဗီတာမင် B5 ဗီတာမင် E ဓာတ်တိုးဆန့်ကျင်အာနိသင် တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ နှလုံးအတွက် သလဲသီးဖျော်ရည်သောက်ပေးသင့်တဲ့ အကြောင်းအရင်း သလဲသီးဖျော်ရည်သောက်ပေးတာကြောင့် သွေးတိုးကျစေနိုင်တယ် သွေးတိုးက သွေးကြောလေးတွေကို ပိတ်ဆို့စေနိုင်သလို သွေး​ကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုသွေးကြောလေးတွေ ပိတ်ဆို့မှုက သွေးစီးဆင်းမှုမကောင်းတာမျိုးဖြစ်ရာကနေတဆင့် လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကို ခံစားရနိုင်ပါတယ်။ သွေးကြောတွေပိတ်ဆို့မှုက သွေးစီးဆင်းရောက်ရှိမှုကိုတင်အဟန့်အတားဖြစ်စေတာမဟုတ်ပါဘူး။ နှလုံးကို ဝန်ပိစေနိုင်ပါတယ်။ ဒီပြဿနာကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖားသားကြိုက်ကြလား

စားလို့ရတဲ့ အသားလို့ပြောလိုက်ရင် တော်တော်များများ ပြေးမြင်ကြမှာက ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတိုပလို့ထင်ပါတယ်။ ဒီအသားတွေက ပရိုတင်းလိုအပ်ချက်ကို ဖြည့်ပေးသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ လူသိပ်မသိသေးတဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတစ်မျိုးအကြောင်းပြောပြပေးပါရစေလား.... လူစားနည်းပေမယ့် ပရိုတင်းကြွယ်ဝတဲ့ ဖားသား ဖားသားကို လူတိုင်းကတော့ မစားကြပါဘူး။ ဖားသားကနူးညံ့သလို အာဟာရဓာတ်လည်း ပြည့်စုံကြွယ်ဝပါတယ်။ ဖားဆတိုင်းကို စားဖို့မရပေမယ့် စားလို့ရတဲ့ ဖားသားကတော့ ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါသတဲ့။ ဖားသားမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ.... ဖားသားမှာ ပရိုတင်း ဗီတာမင် A omega-3 fatty acids ပိုတက်ဆီယမ် ကာဗိုဟိုက်ဒရိတ် အဆီဓာတ် ဇင့် ဗီတာမင် B1 ဗီတာမင် C ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ဖားသားစားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ..... ဖားသားကို ကြော်စားတာ၊ ကင်စားတာ၊ ချက်စားတာဆိုပြီး အမျိုးမျိုးလုပ်စားလို့ရပါတယ်။ ဒီလိုအရသာရှိတဲ့ ဟင်းတစ်ခွက်က […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစားအစာတွေကို ငှက်ပျောရွက်နဲ့ထုပ်ပိုးသင့်တဲ့ အကြောင်းအရင်း

ပလပ်စတစ်အိတ်တွေပေါ်မလာခင်မှာ အစားအစာတွေကိုထုပ်ပိုးဖို့အတွက် အဓိကအသုံးပြုခဲ့ကြတာက ငှက်ပျောရွက်ကိုပါ။ ဒီလိုအသုံးပြုမှုက ပတ်ဝန်းကျင်ကိုတင်သန့်ရှင်းစေတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြု ပေးနိုင်ပါတယ်။ ငှက်ပျောရွက်နဲ့ အစားအစာတွေကို ထုပ်ပိုးတာကြောင့် ဘာတွေထူးခြားသွားလဲသိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံ သက်သက်ပဲလား………….. ငှက်ပျောရွက်က အရွက်ဖားဖားနဲ့ မာကျောမှုမရှိတာကြောင့် ထုပ်ပိုးရတာလွယ်တဲ့အတွက် ထုပ်ပိုးဖို့အသုံးပြုခဲ့ကြပေမယ့် ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံဆိုတာထက် အသုံးဝင်တဲ့ အရွက်တစ်မျိုးပါ။ ငှက်ပျောရွက်မှာ လက်ဖက်စိမ်းမှာတွေ့ရတဲ့ EGCG လို့ခေါ်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးနိုင်တဲ့ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ Free Radical တွေက ခန္ဓာကိုယ်မှာ ကင်ဆာ၊ နှလုံးရောဂါလိုမျိုး ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး free radical တွေကိုတိုက်ထုတ်နိုင်မှုက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို သွေးသန့်စေပြီး အစားစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနာကိုသက်သာစေပြီး ဆီးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကင်းစေနိုင်သလို ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ကျန်းမာရေးကောင်းစေမည့် အစားအသောက်များ

သက်ရှည်ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို သင့်တင့်မျှတစွာ ရွေးချယ်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်အမျိုးမျိုးနဲ့ ပရိုတိန်းစတာတွေ မျှတအောင် လတ်ဆတ်တဲ့ အသီးအရွက်များ၊ သားငါးများ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်များ စတာတွေကို ရွေးချယ်စားသုံး ကျန်းမာရေးကို အထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ပါဝင်ပါတယ်။ ဦးနှောက်ဟာ တခြားသော ကိုယ်တွင်းအင်္ဂါတွေလိုပဲ သင်စားသောက်လိုက်တဲ့အရာတွေအပေါ် တုံ့ပြန်မှု ပြုလုပ်ပါတယ်။ ဦးနှောက်ဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အဝထမ်းဆောင်နိုင်ဖို့ ဗီတာမင်အမျိုးမျိုး၊ သတ္တုဓာတ်နဲ့ တခြားအာဟာရမျိုးစုံ နေ့စဉ်လိုအပ်ပါတယ်။ အဆိုပါအာဟာရဓာတ်တွေ ရသင့်သလောက်မရရင်တော့ ဦးနှောက်ရဲ့လုပ်ငန်းတာဝန်တွေ ချို့ယွင်းပြီး စိတ်ကျန်းမာရေး ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဘာတွေလိုအပ်သလဲ.......... ဗီတာမင်၊ သတ္တုဓာတ်နှင့် ကာဘိုဟိုက်ဒရိတ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ မရှိမဖြစ်အရေးကြီးပါတယ်။ အထူးသဖြင့် ဗီတာမင် စီ၊ ဗီတာမင် ဒီနဲ့ ဗီတာမင် ဘီအုပ်စုတွေ ပါဝင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးမည့် အစားအစာများ

ပထမဆုံး ဆီရိုတိုနင်ဆိုတဲ့ ဟော်မုန်းအကြောင်း ရှင်းပြလိုပါတယ်။ ဆီရိုတိုနင်ဆိုတာဟာ စိတ်ကိုတည်ငြိမ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်ပိုင်းဆိုင်ရာကိုရော အပြုအမူကိုပါ သက်ရောက်မှု ရှိပါတယ်။ ဆီရိုတိုနင်ပမာဏကို မြင့်တက်လာစေပြီး အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tryptophan ကို စားသုံးနိုင်ပါတယ်။ tryptophan ကနေ ဆီရိုတိုနင်ကို ဖွဲ့စည်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအားဖြင့်လည်း ဆီရိုတိုနင်ပမာဏကို မြင့်တက်လာအောင် tryptophan ပါဝင်တဲ့အစာတွေ စားသုံးနိုင်ပါတယ်။ Tryptophan နည်းပါးတဲ့အခါ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုအခြေအနေမှာtryptophan ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီး ဆီရိုတိုနင်ပမာဏကို မြှင့်တင်ပေးသင့်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဆီရိုတိုနင်ဓာတ်ကို ပိုမိုကြွယ်ဝစေမယ့် အစားအစာတွေပဲ ဖြစ်ပါတယ်။ ၁။ ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ပရိုတိန်းဟာ သွေးထဲမှာပါဝင်တဲ့ tryptophan ပမာဏကို မြင့်တက်စေတယ်လို့ သုတေသနစာစောင်တွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘယ်လောက်စားစား ဗိုက်မဝဘဲ အမြဲဆာနေတာ ဘာလို့လဲ

ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကနေ အစာလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ လူက ဗိုက်ဆာလာပြီဆိုရင် ဝမ်းဗိုက်ကထဲကနေ ဂွီဂွီနဲ့ အသံတွေထွက်နေမယ်၊ စိတ်တိုဒေါသဖြစ်မယ်၊ ဘာကိုမှ အာရုံစုစည်းလို့မရတော့ဘဲ ခေါင်းကိုက်နေမှာပေါ့။ ပုံမှန်လူတစ်ယောက်က အစာစားပြီး နောက်တစ်ကြိမ်ထပ်မစားခင်အထိ နာရီတော်တော်များများ နေနိုင်တယ်ဆိုပေမဲ့ တချို့လူတွေမှာတော့ ဘယ်လောက်ပဲစားစား ဗိုက်ကဝသွားတယ်လို့ကို မခံစားရဘဲ တစ်ခုမဟုတ် တစ်ခု ရေခဲသေတ္တာထဲကနေ လိုက်ရှာပြီး ပါးစပ်ထဲထည့်ဝါးလိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းရင်းတွေကြောင့် ခဏခဏဗိုက်ဆာတတ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ ပရိုတင်းဓာတ် လုံလောက်စွာ မစားသုံးခြင်း ပရိုတင်းဓာတ်လို့ ခေါ်တဲ့ အသားဓာတ်ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြွက်သားထုတည်ဆောက်ခြင်းနဲ့ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ တစ်နေ့တာကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ဗိုက်ကိုပြည့်ဝစေပြီး အစာခဏခဏ စားချင်စိတ်ကို ဖြစ်စေတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ ဖရဲစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဖရဲသီးစားတဲ့အခါ အစေ့ကိုထွေးပစ်ကြပါတယ်။ နှမျောစရာကောင်းတာက ဖရဲစေ့ဟာ အံ့အားသင့်လောက်စရာ အကျိုးအာနိသင်တွေပါရှိနေပြီး ကျန်းမာရေးကို အကျိုးပြုနိုင်လို့ပါပဲ။ ကျန်းမာရေးအတွက် အစေ့အဆန်တွေစားရမယ်ဆိုပြီး အွန်လိုင်းကတောင် တကူးတကမှာစားကြတာ ဈေးကြီးပေးပြီးတော့လေ။ ကိုယ့်အနီးအနားမှာပဲ လွယ်လွယ်ကူကူရနိုင်နေတဲ့ သမားရိုးကျအစေ့အဆန်တွေကလည်း တန်ဖိုးမသေးဘူးဆိုတာ မသိကြရော့သလား။ ဖရဲစေ့က စားလို့ရလို့လား ကွာစေ့လို့သိကြတာ ဖရဲစေ့ပါပဲ။ ဖရဲသီးအစေ့ကိုစားတာာက လုံးဝကိုအန္တရာယ်ကင်းတဲ့အပြင် အလုံးစုံကျန်းမာရေးအတွက်ပါ အရမ်းကောင်းပါတယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။ ကလေးတွေစားရင် အစေ့တွေမျိုချမိလို့ သီးမှာ နင်မှာကို မိဘတွေကစိုးရိမ်ကြပေမယ့် ဖရဲစေ့ကို ကြိုက်သလောက်စား ဘေးမရှိပါဘူးတဲ့။ ဆေးဖက်ဝင်ဖို့အတွက်ဆိုရင် သည်အတိုင်းမျိုချတာအပြင် ဖရဲစေ့ကိုစားဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဥပမာ- အညှောင့်ဖောက်တာ၊ လှော်တာ၊ အဆီထုတ်တာ တို့ပဲဖြစ်ပါတယ်။ အလွယ်ဆုံးနည်းက လှော်တာဖြစ်ပါတယ်။ ဖရဲစေ့တွေကို ဒယ်အိုးထဲမှာ အပူနည်းနည်းနဲ့ မိနစ် ၃၀ - ၄၅ မိနစ်လောက် ကြွပ်ရွလာတဲ့အထိ လှော်ပါ။ အိုးကို သံလွင်ဆီလေး ဖျန်းပြီးမှလှော်ရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း